တောင်ကိုရီးယားမှာ Dating app မှတစ်ဆင့် တွေ့ဆုံခဲ့တဲ့ အမျိုးသားတစ်ဦးကို အကြိမ်များစွာ ဓားထိုးမှုနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

332

ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ
တောင်ကိုရီးယားမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ Dating app မှစတွေ့ပြီး ပထမဆုံး အကြိမ် လူချင်းတွေ့ဆုံဖို့ ချိန်းတွေ့တဲ့နေရာမှာ အမျိူးသားကို ဓားနဲ့ထိုးခဲ့မှုနဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ဖမ်းဆီးခံ ရပါတယ်။
တောင်ပိုင်းချုံချုံးပြည်နယ်ရှိ ချွန်နန်ဆိုးဘတ်ရဲစခန်းရဲ့အဆိုအရ ရဲတပ်ဖွဲ့ဟာ ပြင်းထန်ကိုယ်ထိ လက်ရောက်ကျူးလွန်မှုနဲ့ သံသယရှိသူ အမျိုးသမီးကို အရေးပေါ်ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးဟာ ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၁၂ နာရီ ၄၀ မိနစ်ခန့်က ချွန်နန်၊ ဆိုဘတ်ဂူရှိ မော်တီပလက်စ်အိမ်တစ်လုံးမှာ အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဓားနဲ့အကြိမ်ကြိမ်ထိုးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ သူတို့နှစ်ဦးဟာ လူငယ်တွေကြား နာမည်ကြီးတဲ့ Dating app တစ်ခုမှ တဆင့် တွေ့ဆုံ ချိတ်ဆက်မိခဲ့ကြတာဖြစ်ပြီး ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံချိန်မှာ ဒီလိုဖြစ်ရပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဓားထိုးခံရသူ အမျိုးသားဟာ လက်မောင်းနဲ့ မျက်နှာမှာ ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး သမားတွေက အနီးနားရှိ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးသူတွေက CCTV မှတ်တမ်းမှတစ်ဆင့် သံသယရှိသူကို ဖော်ထုတ်နိုင်ခဲ့ပြီး ငါးနာရီခန့်အကြာမှာ ဂျောင်ဂီပြည်နယ်ရှိ နေရာတစ်ခုမှာ သံသယရှိသူ အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်နဲ့အခြေအနေတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားမွာ Dating app မွတစ္ဆင့္ ေတြ႕ဆုံခဲ့တဲ့ အမ်ိဳးသားတစ္ဦးကို အႀကိမ္မ်ားစြာ ဓားထိုးမႈနဲ႔ အမ်ိဳးသမီးတစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ
ေတာင္ကိုရီးယားမွာ အသက္ ၃၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ Dating app မွစေတြ႕ၿပီး ပထမဆုံး အႀကိမ္ လူခ်င္းေတြ႕ဆုံဖို႔ ခ်ိန္းေတြ႕တဲ့ေနရာမွာ အမ်ိဴးသားကို ဓားနဲ႔ထိုးခဲ့မႈနဲ႔ ဇန္နဝါရီ ၁၉ ရက္မွာ ဖမ္းဆီးခံ ရပါတယ္။
ေတာင္ပိုင္းခ်ဳံခ်ဳံးျပည္နယ္ရွိ ခြၽန္နန္ဆိုးဘတ္ရဲစခန္းရဲ႕အဆိုအရ ရဲတပ္ဖြဲ႕ဟာ ျပင္းထန္ကိုယ္ထိ လက္ေရာက္က်ဴးလြန္မႈနဲ႔ သံသယရွိသူ အမ်ိဳးသမီးကို အေရးေပၚဖမ္းဆီးလိုက္တယ္လို႔ ဆိုပါတယ္။ အမ်ိဳးသမီးဟာ ဇန္နဝါရီ ၁၉ ရက္၊ နံနက္ ၁၂ နာရီ ၄၀ မိနစ္ခန႔္က ခြၽန္နန္၊ ဆိုဘတ္ဂူရွိ ေမာ္တီပလက္စ္အိမ္တစ္လုံးမွာ အသက္ ၄ဝ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဓားနဲ႔အႀကိမ္ႀကိမ္ထိုးခဲ့ၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာမွ ထြက္ေျပးသြားခဲ့ တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ သူတို႔ႏွစ္ဦးဟာ လူငယ္ေတြၾကား နာမည္ႀကီးတဲ့ Dating app တစ္ခုမွ တဆင့္ ေတြ႕ဆုံ ခ်ိတ္ဆက္မိခဲ့ၾကတာျဖစ္ၿပီး ပထမဆုံးအႀကိမ္ လူခ်င္းေတြ႕ဆုံခ်ိန္မွာ ဒီလိုျဖစ္ရပ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဓားထိုးခံရသူ အမ်ိဳးသားဟာ လက္ေမာင္းနဲ႔ မ်က္ႏွာမွာ ဒဏ္ရာရရွိခဲ့ၿပီး အေရးေပၚကယ္ဆယ္ေရး သမားေတြက အနီးနားရွိ ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။
စုံစမ္းစစ္ေဆးသူေတြက CCTV မွတ္တမ္းမွတစ္ဆင့္ သံသယရွိသူကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ငါးနာရီခန႔္အၾကာမွာ ေဂ်ာင္ဂီျပည္နယ္ရွိ ေနရာတစ္ခုမွာ သံသယရွိသူ အမ်ိဳးသမီးကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ တိုက္ခိုက္မႈနဲ႔ပတ္သက္တဲ့ရည္႐ြယ္ခ်က္နဲ႔အေျခအေနေတြကို ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။