မြောက်ကိုရီးယားခေါင်းဆောင်က အရည်အချင်းမပြည့်မှီတဲ့အရာရှိတစ်ဦးကို ရာထူးကနေ ထုတ်ပယ်

217

Pika (NP News) - ဇန်နဝါရီ ၂၁
မြောက်ကိုရီးယားရဲ့စီးပွားရေးမူဝါဒပိုင်းကို တာဝန်ယူထားတဲ့ အကြီးတန်းအရာရှိတစ်ဦးကို မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းက ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အဲဒီအကြီးတန်းအရာရှိကို အရည်အချင်းမပြည့်မှီတဲ့ လူတစ်ဦးအဖြစ် ကင်ဂျုံအန်းက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ကင်ဂျုံအန်းဟာ စက်မှုလုပ်ငန်းသုံး စက်ယန္တရားအဆောက်အအုံတစ်ခုဖွင့်ပွဲကို သွားရောက်ကြည့်ရှုစဉ်အချိန် အတွင်း စီမံကိန်းပိုင်းနှောင့်နှေးမှုတွေနဲ့ပတ်သက်ပြီး အရာရှိအများအပြားကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ ကင်ဂျုံအန်းက “တာဝန်မဲ့ပြီး အရည်အချင်းမပြည့်မှီတဲ့ စီးပွားရေးမူဝါဒပိုင်းက အရာရှိတွေကြောင့် စီမံကိန်းရဲ့ပထမအဆင့်က အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နှောင့်နှေးခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အစိုးရအဖွဲ့ဒုဝန်ကြီးချုပ်ယန်ဆောင်ဟိုကို ရာထူးကနေချက်ချင်းထုတ်ပယ်ခဲ့တယ်လို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းက “ယန်ဆောင်ဟိုဟာ ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အရည်အချင်းမပြည့်မှီတဲ့ မသင့်တော်တဲ့လူတစ်ဦးပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားေခါင္းေဆာင္က အရည္အခ်င္းမျပည့္မွီတဲ့အရာရွိတစ္ဦးကို ရာထူးကေန ထုတ္ပယ္
Pika (NP News) - ဇန္နဝါရီ ၂၁
ေျမာက္ကိုရီးယားရဲ႕စီးပြားေရးမူဝါဒပိုင္းကို တာဝန္ယူထားတဲ့ အႀကီးတန္းအရာရွိတစ္ဦးကို ေျမာက္ကိုရီးယား ေခါင္းေဆာင္ကင္ဂ်ဳံအန္းက ရာထူးကေန ထုတ္ပယ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အဲဒီအႀကီးတန္းအရာရွိကို အရည္အခ်င္းမျပည့္မွီတဲ့ လူတစ္ဦးအျဖစ္ ကင္ဂ်ဳံအန္းက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ကင္ဂ်ဳံအန္းဟာ စက္မႈလုပ္ငန္းသုံး စက္ယႏၲရားအေဆာက္အအုံတစ္ခုဖြင့္ပြဲကို သြားေရာက္ၾကည့္ရႈစဥ္အခ်ိန္ အတြင္း စီမံကိန္းပိုင္းေႏွာင့္ေႏွးမႈေတြနဲ႔ပတ္သက္ၿပီး အရာရွိအမ်ားအျပားကို ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ ကင္ဂ်ဳံအန္းက “တာဝန္မဲ့ၿပီး အရည္အခ်င္းမျပည့္မွီတဲ့ စီးပြားေရးမူဝါဒပိုင္းက အရာရွိေတြေၾကာင့္ စီမံကိန္းရဲ႕ပထမအဆင့္က အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ေႏွာင့္ေႏွးခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အစိုးရအဖြဲ႕ဒုဝန္ႀကီးခ်ဳပ္ယန္ေဆာင္ဟိုကို ရာထူးကေနခ်က္ခ်င္းထုတ္ပယ္ခဲ့တယ္လို႔လည္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။ ကင္ဂ်ဳံအန္းက “ယန္ေဆာင္ဟိုဟာ ႀကီးမားတဲ့တာဝန္ေတြကို ထမ္းေဆာင္ဖို႔အတြက္ အရည္အခ်င္းမျပည့္မွီတဲ့ မသင့္ေတာ္တဲ့လူတစ္ဦးပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။