ပါကစ္စတန်နိုင်ငံက ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၃)ဦးသေဆုံး

 187

Pika (NP News) - ဇန်နဝါရီ ၂၁

ပါကစ္စတန်နိုင်ငံ ကရာချီမြို့က ဈေးဝယ်စင်တာတစ်ခုမှာ ကြီးမားတဲ့မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့မှုနဲ့အတူ အနည်းဆုံးလူ(၂၃)ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဈေးဝယ်စင်တာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့က ချက်ချင်းရောက်လာကာ မီးငြိမ်းသတ်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ၎င်းတို့ရဲ့အပိုင်းကို အကောင်းဆုံးဆက်လက်လုပ်ဆောင်နေ တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပျောက်ဆုံးနေသူ(၄၆)ဦးကို ရှာဖွေမှုတွေလုပ်ဆောင်နေမှုနဲ့အတူ သေဆုံးသူဦးရေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။ ရဲအရာရှိတစ်ဦးက “မီးလောင်မှုအတွင်း သေဆုံးသွားခဲ့တဲ့ လူ(၂၃)ဦးထဲမှာ (၆)ဦးကိုပဲ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ပါသေးတယ်။ အခြားရုပ်အလောင်းတွေက မီးလောင်မှုကြောင့် ဘယ်သူဆိုတာမမှတ်မိလောက်အောင်ကို ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။ ဒီအန်အေ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးမှပဲ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ပါကစၥတန္ႏိုင္ငံက ေဈးဝယ္စင္တာတစ္ခုမွာ မီးေလာင္ကြၽမ္းမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၂၃)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၁
ပါကစၥတန္ႏိုင္ငံ ကရာခ်ီၿမိဳ႕က ေဈးဝယ္စင္တာတစ္ခုမွာ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈတစ္ခုျဖစ္ပြားခဲ့မႈနဲ႔အတူ အနည္းဆုံးလူ(၂၃)ဦးေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ လူဒါဇင္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔လည္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ေဈးဝယ္စင္တာမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ မီးသတ္တပ္ဖြဲ႕က ခ်က္ခ်င္းေရာက္လာကာ မီးၿငိမ္းသတ္မႈေတြ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက ၎တို႔ရဲ႕အပိုင္းကို အေကာင္းဆုံးဆက္လက္လုပ္ေဆာင္ေန တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေပ်ာက္ဆုံးေနသူ(၄၆)ဦးကို ရွာေဖြမႈေတြလုပ္ေဆာင္ေနမႈနဲ႔အတူ ေသဆုံးသူဦးေရ ျမင့္တက္လာမွာကို စိုးရိမ္မႈေတြရွိေနတယ္လို႔လည္း သိရပါတယ္။ ရဲအရာရွိတစ္ဦးက “မီးေလာင္မႈအတြင္း ေသဆုံးသြားခဲ့တဲ့ လူ(၂၃)ဦးထဲမွာ (၆)ဦးကိုပဲ ဘယ္သူဘယ္ဝါဆိုတာ ေဖာ္ထုတ္ႏိုင္ပါေသးတယ္။ အျခား႐ုပ္အေလာင္းေတြက မီးေလာင္မႈေၾကာင့္ ဘယ္သူဆိုတာမမွတ္မိေလာက္ေအာင္ကို ဆိုးဆိုး႐ြား႐ြား ပ်က္စီးသြားခဲ့ပါတယ္။ ဒီအန္ေအ စစ္ေဆးမႈေတြ လုပ္ေဆာင္ၿပီးမွပဲ ဘယ္သူဘယ္ဝါဆိုတာ ေဖာ္ထုတ္ႏိုင္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.