အကူအညီလိုအပ်နေသောကလေးများအတွက် ဝမ်(၁၀)သန်းလှူဒါန်းခဲ့သည့် တောင်ကိုရီးယားအဆိုတော်လီဆုတ်ဟွန်း

 246

Pika(NP News)-ဇန်နဝါရီ ၂၁
တောင်ကိုရီးယားအဆိုတော် လီဆုတ်ဟွန်းသည် အကူအညီလိုအပ်နေသောကလေးများအတွက် ဝမ်(၁၀)သန်းလှူဒါန်းပေးခဲ့ပြီး ၎င်း၏(၁၀)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့ကြောင်းသိရသည်။လီဆုတ်ဟွန်း၏အေဂျင်စီ C9 Entertainment က”သူတို့ရဲ့(၁၀)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လီဆုတ်ဟွန်းတို့စုံတွဲက အကူအညီလိုအပ်နေတဲ့ကလေးတွေကို ကူညီဖို့အတွက် Konkukဆေးရုံကို ဝမ်(၁၀)သန်းလှူဒါန်းခဲ့ပါတယ်။”ဟုထုတ်ပြန်ပြောဆိုခဲ့သည်။အဆိုပါလှူဒါန်းမှုကို လီဆုတ်ဟွန်းကလည်း ၎င်း၏အင်စတာဂရမ်အကောင့်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး “(၁၀)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည့်အထိမ်းအမှတ်အဖြစ် အကူအညီလိုအပ်နေတဲ့ကလေးတွေအတွက် ဝမ်(၁၀)သန်းလှူဒါန်းခဲ့ပါတယ်”ဆိုသည့် ပို့စ်တစ်ခုကို ရေးတင်ခဲ့ကြောင်းသိရသည်။လီဆုတ်ဟွန်းက”မေတ္တာတွေရထိုက်တဲ့ ဒီကလေးငယ်တွေအားလုံးဟာ ကျန်းမာစွာကြီးပြင်းလာသင့်ပါတယ်။ဒီအလှူငွေက အကူအညီလိုအပ်နေတဲ့ ကလေးတွေအားလုံးအတွက် အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။”ဟုပြောဆိုခဲ့သည်။ထို့ပြင် လက်ရှိအချိန်အထိ ၎င်းကိုချစ်ခင်အားပေးခဲ့ကြသော ပရိသတ်များအားလုံးကို အထူးပင်ကျေးဇူးတင်ကြောင်း လီဆုတ်ဟွန်းက ထပ်မံပြောကြားခဲ့သည်။၎င်းက”ဒီသေးငယ်တဲ့လှူဒါန်းမှုလေးက တစ်စုံတစ်ယောက်အတွက် တန်ဖိုးရှိတဲ့နေ့ရက်တွေကို ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟုထပ်မံပြောဆိုခဲ့သည်။

Zawgyi Version:
အကူအညီလိုအပ္ေနေသာကေလးမ်ားအတြက္ ဝမ္(၁၀)သန္းလႉဒါန္းခဲ့သည့္ ေတာင္ကိုရီးယားအဆိုေတာ္လီဆုတ္ဟြန္း
Pika(NP News)-ဇန္နဝါရီ ၂၁
ေတာင္ကိုရီးယားအဆိုေတာ္ လီဆုတ္ဟြန္းသည္ အကူအညီလိုအပ္ေနေသာကေလးမ်ားအတြက္ ဝမ္(၁၀)သန္းလႉဒါန္းေပးခဲ့ၿပီး ၎၏(၁၀)ႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္ေန႔ကို ျဖတ္သန္းခဲ့ေၾကာင္းသိရသည္။လီဆုတ္ဟြန္း၏ေအဂ်င္စီ C9 Entertainment က”သူတို႔ရဲ႕(၁၀)ႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အျဖစ္ လီဆုတ္ဟြန္းတို႔စုံတြဲက အကူအညီလိုအပ္ေနတဲ့ကေလးေတြကို ကူညီဖို႔အတြက္ Konkukေဆး႐ုံကို ဝမ္(၁၀)သန္းလႉဒါန္းခဲ့ပါတယ္။”ဟုထုတ္ျပန္ေျပာဆိုခဲ့သည္။အဆိုပါလႉဒါန္းမႈကို လီဆုတ္ဟြန္းကလည္း ၎၏အင္စတာဂရမ္အေကာင့္မွတစ္ဆင့္ ထုတ္ျပန္ေၾကညာခဲ့ၿပီး “(၁၀)ႏွစ္ေျမာက္မဂၤလာႏွစ္ပတ္လည့္အထိမ္းအမွတ္အျဖစ္ အကူအညီလိုအပ္ေနတဲ့ကေလးေတြအတြက္ ဝမ္(၁၀)သန္းလႉဒါန္းခဲ့ပါတယ္”ဆိုသည့္ ပို႔စ္တစ္ခုကို ေရးတင္ခဲ့ေၾကာင္းသိရသည္။လီဆုတ္ဟြန္းက”ေမတၱာေတြရထိုက္တဲ့ ဒီကေလးငယ္ေတြအားလုံးဟာ က်န္းမာစြာႀကီးျပင္းလာသင့္ပါတယ္။ဒီအလႉေငြက အကူအညီလိုအပ္ေနတဲ့ ကေလးေတြအားလုံးအတြက္ အကူအညီျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”ဟုေျပာဆိုခဲ့သည္။ထို႔ျပင္ လက္ရွိအခ်ိန္အထိ ၎ကိုခ်စ္ခင္အားေပးခဲ့ၾကေသာ ပရိသတ္မ်ားအားလုံးကို အထူးပင္ေက်းဇူးတင္ေၾကာင္း လီဆုတ္ဟြန္းက ထပ္မံေျပာၾကားခဲ့သည္။၎က”ဒီေသးငယ္တဲ့လႉဒါန္းမႈေလးက တစ္စုံတစ္ေယာက္အတြက္ တန္ဖိုးရွိတဲ့ေန႔ရက္ေတြကို ယူေဆာင္လာေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”ဟုထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.