Spotifyပလက်ဖောင်းတွင် ထုတ်လွှင့်မှု သန်း(၃၀၀)ကျော်သွားခဲ့သည့် Seventeenအဖွဲ့၏ Son Ogong (Super)သီချင်း

 269

Pika(NP News)-ဇန်နဝါရီ ၁၈
တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Seventeen၏ Son Ogong (Super)သီချင်းသည် Spotifyပလက်ဖောင်းတွင် ထုတ်လွှင့်မှု သန်း(၃၀၀)ကျော်သွားခဲ့ကြောင်းသိရသည်။အဆိုပါအောင်မြင်မှုနှင့်အတူ Son Ogong (Super)သီချင်းသည် Spotifyပလက်ဖောင်းတွင် ထုတ်လွှင့်မှုသန်း(၃၀၀)ကျော်သွားခဲ့သည့် Seventeenအဖွဲ့၏ ပထမဆုံးသီချင်းဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ Spotify၏ နောက်ဆုံးရဒေတာအချက်အလက်များအရ Seventeenအဖွဲ့၏ Son Ogong (Super)သီချင်းသည် စုစုပေါင်းထုတ်လွှင့်မှု(၃၀၀ဒသမသုည၈)သန်းအထိ ရှိခဲ့ကြောင်းသိရသည်။လက်ရှိအချိန်တွင် Seventeenအဖွဲ့သည် ထုတ်လွှင့်မှုသန်း(၁၀၀)ကျော်သွားခဲ့သည့် သီချင်းစုစုပေါင်း(၁၇)ပုဒ်အထိ ပိုင်ဆိုင်ထားပြီဖြစ်ကြောင်းလည်းသိရသည်။ထို့ပြင် Seventeenအဖွဲ့၏ အခြားသီချင်းများဖြစ်သော “Hot” ၊“Don’t Wanna Cry” နှင့် “Very Nice”တို့သည် ထုတ်လွှင့်မှုသန်း(၂၀၀)ကျော်သွားခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။ထုတ်လွှင့်မှုသန်း(၁၀၀)ကျော်သွားခဲ့သော Seventeenအဖွဲ့၏ သီချင်းများမှာ “Rock With You”၊ “Darl+ing”၊ “Left & Right” ၊“Clap”၊ “Pretty U”၊ “WORLD” ၊“Ready to Love” ၊“God of Music” ၊“Home” နှင့် “Maestro”တို့ဖြစ်သည်။Seventeenအဖွဲ့၏ Son Ogong (Super)သီချင်းသည် ထွက်ရှိပြီးနောက်မကြာမီ Melon နှင့် Bugs အပါအဝင် အဓိက ကိုရီးယားဂီတဇယားများတွင် ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ကြောင်းလည်းသိရသည်။အဆိုပါသီချင်းသည် Billboard ၏ Global 200 ဇယားတွင် သီတင်းပတ်(၁၂)ပတ်ကြာရပ်တည်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကြားတွင် ရေပန်းစားသည့်သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ကြောင်းသိရသည်။

Zawgyi Version:

Related news

© 2021. All rights reserved.