ရောင်စုံခြေအိတ်အများဆုံးစုဆောင်းမှုအတွက် ဂင်းနစ်စံချိန်ရရှိခဲ့သည့် အမေရိကန်အမျိုးသား

 264

Pika(NP News)-ဇန်နဝါရီ ၁၈
CBS Philadelphia သတင်းဌာန၏ သတင်းတင်ဆက်သူဟောင်း ဂျင်ဒိုနိုဗန်သည် ရောင်စုံခြေအိတ်များကို ကြိုက်နှစ်သက်မှုနှင့်အတူ စုဆောင်းမှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး ခြေအိတ်စုဆောင်းမှုအဖြစ် ဂင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။ဂျင်ဒိုနိုဗန်သည် နေအိမ်တွင်နေကာ သတင်းထုတ်လွှင့်မှုများလုပ်ဆောင်ခဲ့စဉ်အချိန်အတွင်း ၎င်းစုဆောင်းထားသော ရောင်စုံခြေအိတ်များကို ကြည့်ရှုသူများက သတိထားမိခဲ့ကြပြီးနောက် ၎င်း၏စုဆောင်းမှုတွင် ထည့်သွင်းရန် ခြေအိတ်အသစ်များကို ပေးပို့ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ပရိသတ်များက ပေးပို့သော ခြေအိတ်အချို့တွင် ဂျင်ဒိုနိုဗန်၏ မျက်နှာပင် ပါရှိကြောင်းလည်းသိရသည်။နောက်ပိုင်းတွင် ဂျင်ဒိုနိုဗန်သည် ရောင်စုံခြေအိတ်စုစုပေါင်း (၁၅၃၁)စုံအထိ စုဆောင်းနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ တာဝန်ရှိသူများက ရေတွက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး ခြေအိတ်စုဆောင်းမှုအဖြစ် ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဂျင်ဒိုနိုဗန်က”ပြီးခဲ့တဲ့နှစ်တွေအတွင်း လူအများအပြားက ကျွန်တော့်ရဲ့မျက်နှာပါတဲ့ ခြေအိတ်တွေကို ပေးပို့ခဲ့ကြပါတယ်။ဒါက နည်းနည်းတော့ ထူးဆန်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။”ဟုပြောဆိုခဲ့သည်။ထို့ပြင် ဂျင်ဒိုနိုဗန်သည် သတင်းတင်ဆက်သူအဖြစ်မှ တရားဝင်အနားယူခဲ့သည့်အချိန်တွင် အဆိုပါဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ဂျင်ဒိုနိုဗန်က”ကျွန်တော် ရှစ်နှစ်သားအရွယ်တုန်းက မိဘတွေက ဂင်းနစ်စံချိန်မှတ်တမ်းတွေပါတဲ့ စာအုပ်တစ်အုပ်ကို ပေးခဲ့ပါတယ်။တစ်နေ့နေ့မှာ ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်ပြီး ဒီစာအုပ်ထဲမှာ ပါနိုင်ရမယ်ဆိုပြီးတော့ အဲ့ဒီအချိန်တည်းက တွေးထားခဲ့တာပါ။”ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ေရာင္စုံေျခအိတ္အမ်ားဆုံးစုေဆာင္းမႈအတြက္ ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္ အေမရိကန္အမ်ိဳးသား
Pika(NP News)-ဇန္နဝါရီ ၁၈
CBS Philadelphia သတင္းဌာန၏ သတင္းတင္ဆက္သူေဟာင္း ဂ်င္ဒိုႏိုဗန္သည္ ေရာင္စုံေျခအိတ္မ်ားကို ႀကိဳက္ႏွစ္သက္မႈႏွင့္အတူ စုေဆာင္းမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံး ေျခအိတ္စုေဆာင္းမႈအျဖစ္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ေၾကာင္းသိရသည္။ဂ်င္ဒိုႏိုဗန္သည္ ေနအိမ္တြင္ေနကာ သတင္းထုတ္လႊင့္မႈမ်ားလုပ္ေဆာင္ခဲ့စဥ္အခ်ိန္အတြင္း ၎စုေဆာင္းထားေသာ ေရာင္စုံေျခအိတ္မ်ားကို ၾကည့္ရႈသူမ်ားက သတိထားမိခဲ့ၾကၿပီးေနာက္ ၎၏စုေဆာင္းမႈတြင္ ထည့္သြင္းရန္ ေျခအိတ္အသစ္မ်ားကို ေပးပို႔ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ပရိသတ္မ်ားက ေပးပို႔ေသာ ေျခအိတ္အခ်ိဳ႕တြင္ ဂ်င္ဒိုႏိုဗန္၏ မ်က္ႏွာပင္ ပါရွိေၾကာင္းလည္းသိရသည္။ေနာက္ပိုင္းတြင္ ဂ်င္ဒိုႏိုဗန္သည္ ေရာင္စုံေျခအိတ္စုစုေပါင္း (၁၅၃၁)စုံအထိ စုေဆာင္းႏိုင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ တာဝန္ရွိသူမ်ားက ေရတြက္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံး ေျခအိတ္စုေဆာင္းမႈအျဖစ္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ဂ်င္ဒိုႏိုဗန္က”ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း လူအမ်ားအျပားက ကြၽန္ေတာ့္ရဲ႕မ်က္ႏွာပါတဲ့ ေျခအိတ္ေတြကို ေပးပို႔ခဲ့ၾကပါတယ္။ဒါက နည္းနည္းေတာ့ ထူးဆန္းတယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။”ဟုေျပာဆိုခဲ့သည္။ထို႔ျပင္ ဂ်င္ဒိုႏိုဗန္သည္ သတင္းတင္ဆက္သူအျဖစ္မွ တရားဝင္အနားယူခဲ့သည့္အခ်ိန္တြင္ အဆိုပါဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ဂ်င္ဒိုႏိုဗန္က”ကြၽန္ေတာ္ ရွစ္ႏွစ္သားအ႐ြယ္တုန္းက မိဘေတြက ဂင္းနစ္စံခ်ိန္မွတ္တမ္းေတြပါတဲ့ စာအုပ္တစ္အုပ္ကို ေပးခဲ့ပါတယ္။တစ္ေန႔ေန႔မွာ ဂင္းနစ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ၿပီး ဒီစာအုပ္ထဲမွာ ပါႏိုင္ရမယ္ဆိုၿပီးေတာ့ အဲ့ဒီအခ်ိန္တည္းက ေတြးထားခဲ့တာပါ။”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.