ဇာတ်စင်ထက်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ် နှင့် ပတ်သက်၍ ဇာတ်မင်းသား အောင်ဇဗ္ဗူ တောင်းပန်

7638

သုတကျော် (NP News) - ဇန်နဝါရီ ၂၁
ပရိသတ်တွင်းမှ ကလေးငယ်တစ်ဦးအား ဇာတ်စင်ပေါ်သို့ ခေါ်ယူပြီး အမြင်မသင့်သော၊ ကလေးသူငယ် ဂုဏ်သိက္ခာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာ ပြုမူခြင်း အပေါ် ဝေဖန်မှုများ ရှိနေခြင်း နှင့် ပတ်သက်၍ ဇာတ်မင်းသား အောင်ဇဗ္ဗူ က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် တောင်းပန်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စုံစမ်းစိစစ်လျက်ရှိကြောင်း နှင့် နောက်ဆက်တွဲ အခြေအနေများအား ဆက်လက် သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
“အောင်ဇမ္ဗူဇာတ်သဘင်တွင်ဖြစ်ပွါးခဲ့သော သတိလက်လွတ်ပြုမိခဲ့တဲ့အမှားတစ်ခုအတွက် အများစိတ်မချမ်း မြေ့ဖြစ်ခဲ့ရခြင်းအပေါ်များစွာစိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ။ ကာယကံရှင်မိသားစုအပေါ် သိက္ခာကျစေလို သော နစ်နာစေလိုသောစိတ်ဖြင့်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါခင်ဗျာ။ ၎င်းဖြစ်ရပ်အပေါ် ကာယကံရှင်မိသားစုမှကြည်ဖြူစွာလက်ခံထားရှိပြီးဖြစ်သော်လည်း ထပ်မံဆက်သွယ်၍တောင်းပန်စကား ပြောထားပြီးကြောင်းပါခင်ဗျာ။ ဖြစ်ရပ်အပေါ် မေတ္တာ စေတနာများရှေ့ထားပြီး သတိပေးလမ်းပြပေးခဲ့ကြသည့် သူများကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အများစိတ်မချမ်းမြေ့ဖြစ်ခဲ့ရခြင်းအပေါ်အားလုံးရဲ့ ကိုယ်စားကျွန်တော်မှအနူးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ” ဟု ဇာတ်မင်းသား အောင်ဇမ္ဗူ က ရေးသားထားသည်။
ယခုပြက်လုံးသည် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ နောင်မဖြစ်စေရ ဟူသော ခံဝန်မျိုး ဖြစ်စေ ဆောင်ရွက်ပေးစေလိုကြောင်း မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး ဦးဒိန်းဒေါင် က အင်တာနက် တွင် ဗွီဒီယိုတင်ကာ တောင်းဆို ပြောကြားထားသည်။
“သူတို့ကိုလည်း အပြင်မှာ မမြင်ဖူးပါဘူး ခင်ဗျာ။ သို့သော်လည်း ဒီကလေးက ရည်ရွယ်ချက် ရှိရှိ လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကြည့်ရင် သိတာပေါ့။။ ဒီပြက်လုံးမျိုးဆိုတာလည်း တစ်ချိန်က ကိုယ်အဖေကြီးတွေ၊ ကိုယ့်ဆရာကြီးတွေလည်း ကြုံရင်၊ ကြုံသလို ပြက်ခဲ့ပါတယ်။ ကျွန်တော်လည်း စင်ပေါ်မှာ တခါတလေ ကြုံရင် ကြုံသလို လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် အဆင့် တာဝန်ရှိသူ လူကြီးမင်းများကို ကျွန်တော် မေတ္တာရပ်ခံ ပြီး တော့ တောင်းပန်ပါတယ်။ ဒီကလေးတွေ နောက်မဖြစ်ရအောင်လည်း ကျွန်တော်တို့ ထိန်းသိမ်းပေးပါမယ်။ တစ်ကြိမ်တစ်ခါ အနေနဲ့ ခွင့်လွှတ်ပေးပါလို့ ကျွန်တော် ဆံဖျားကနေ ခြေဖျားအထိ ကျွန်တော် ဒီကလေးတွေ ကိုယ်စားတောင်းပန်ပါတယ်” ဟု ပြောကြားထားသည်။

Zawgyi Version:
ဇာတ္စင္ထက္တြင္ ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္ ႏွင့္ ပတ္သက္၍ ဇာတ္မင္းသား ေအာင္ဇဗၺဴ ေတာင္းပန္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၁
ပရိသတ္တြင္းမွ ကေလးငယ္တစ္ဦးအား ဇာတ္စင္ေပၚသို႔ ေခၚယူၿပီး အျမင္မသင့္ေသာ၊ ကေလးသူငယ္ ဂုဏ္သိကၡာ ႏွင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေစေသာ မဖြယ္မရာ ျပဳမူျခင္း အေပၚ ေဝဖန္မႈမ်ား ရွိေနျခင္း ႏွင့္ ပတ္သက္၍ ဇာတ္မင္းသား ေအာင္ဇဗၺဴ က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကတဆင့္ ေတာင္းပန္ခဲ့သည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ လိုအပ္သည္မ်ား ေဆာင္႐ြက္ႏိုင္ရန္ စုံစမ္းစိစစ္လ်က္ရွိေၾကာင္း ႏွင့္ ေနာက္ဆက္တြဲ အေျခအေနမ်ားအား ဆက္လက္ သတင္းထုတ္ျပန္ေပးသြားမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို) က ဇန္နဝါရီလ ၂၁ ရက္တြင္ ထုတ္ျပန္ထားသည္။
“ေအာင္ဇမၺဴဇာတ္သဘင္တြင္ျဖစ္ပြါးခဲ့ေသာ သတိလက္လြတ္ျပဳမိခဲ့တဲ့အမွားတစ္ခုအတြက္ အမ်ားစိတ္မခ်မ္း ေျမ့ျဖစ္ခဲ့ရျခင္းအေပၚမ်ားစြာစိတ္မေကာင္းျဖစ္ရပါတယ္ခင္ဗ်ာ။ ကာယကံရွင္မိသားစုအေပၚ သိကၡာက်ေစလို ေသာ နစ္နာေစလိုေသာစိတ္ျဖင့္ရည္႐ြယ္ခ်က္ရွိရွိလုပ္ေဆာင္ခဲ့ျခင္းမဟုတ္ပါခင္ဗ်ာ။ ၎ျဖစ္ရပ္အေပၚ ကာယကံရွင္မိသားစုမွၾကည္ျဖဴစြာလက္ခံထားရွိၿပီးျဖစ္ေသာ္လည္း ထပ္မံဆက္သြယ္၍ေတာင္းပန္စကား ေျပာထားၿပီးေၾကာင္းပါခင္ဗ်ာ။ ျဖစ္ရပ္အေပၚ ေမတၱာ ေစတနာမ်ားေရွ႕ထားၿပီး သတိေပးလမ္းျပေပးခဲ့ၾကသည့္ သူမ်ားကိုလည္းအထူးေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ အမ်ားစိတ္မခ်မ္းေျမ့ျဖစ္ခဲ့ရျခင္းအေပၚအားလုံးရဲ႕ ကိုယ္စားကြၽန္ေတာ္မွအႏူးအၫႊတ္ေတာင္းပန္အပ္ပါတယ္ခင္ဗ်ာ” ဟု ဇာတ္မင္းသား ေအာင္ဇမၺဴ က ေရးသားထားသည္။
ယခုျပက္လုံးသည္ ရည္႐ြယ္ခ်က္ ရွိရွိ ေဆာင္႐ြက္ခဲ့ျခင္း မဟုတ္ေၾကာင္း၊ ေနာင္မျဖစ္ေစရ ဟူေသာ ခံဝန္မ်ိဳး ျဖစ္ေစ ေဆာင္႐ြက္ေပးေစလိုေၾကာင္း ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ား အစည္းအ႐ုံး ဦးဒိန္းေဒါင္ က အင္တာနက္ တြင္ ဗြီဒီယိုတင္ကာ ေတာင္းဆို ေျပာၾကားထားသည္။
“သူတို႔ကိုလည္း အျပင္မွာ မျမင္ဖူးပါဘူး ခင္ဗ်ာ။ သို႔ေသာ္လည္း ဒီကေလးက ရည္႐ြယ္ခ်က္ ရွိရွိ လုပ္တာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ၾကည့္ရင္ သိတာေပါ့။။ ဒီျပက္လုံးမ်ိဳးဆိုတာလည္း တစ္ခ်ိန္က ကိုယ္အေဖႀကီးေတြ၊ ကိုယ့္ဆရာႀကီးေတြလည္း ႀကဳံရင္၊ ႀကဳံသလို ျပက္ခဲ့ပါတယ္။ ကြၽန္ေတာ္လည္း စင္ေပၚမွာ တခါတေလ ႀကဳံရင္ ႀကဳံသလို လုပ္ခဲ့ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္ အဆင့္ တာဝန္ရွိသူ လူႀကီးမင္းမ်ားကို ကြၽန္ေတာ္ ေမတၱာရပ္ခံ ၿပီး ေတာ့ ေတာင္းပန္ပါတယ္။ ဒီကေလးေတြ ေနာက္မျဖစ္ရေအာင္လည္း ကြၽန္ေတာ္တို႔ ထိန္းသိမ္းေပးပါမယ္။ တစ္ႀကိမ္တစ္ခါ အေနနဲ႔ ခြင့္လႊတ္ေပးပါလို႔ ကြၽန္ေတာ္ ဆံဖ်ားကေန ေျခဖ်ားအထိ ကြၽန္ေတာ္ ဒီကေလးေတြ ကိုယ္စားေတာင္းပန္ပါတယ္” ဟု ေျပာၾကားထားသည္။