မူဆယ်မြို့တွင် ငွေကျပ် သိန်း (၁၇၀၀) ကျော် တန်ဖိုး မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

348

ထိုက်စံ(NP News)-ဇန်နဝါရီ ၂၁
မူဆယ်မြို့တွင် ငွေကျပ သိန်း (၁၇၀၀) ကျော် တန်ဖိုး မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ဖော်ပြထားချက်အရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့များပါဝင်သေားပူးပေါင်း်အဖွဲ့မှ ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်)၊ မနက် (၉း၄၀ )အချိန်ခနတွင့်် သတင်းအရ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မူဆယ် - နမ့်ခမ်းသွားကားလမ်းတွင်စောင့်ဆိုင်းကာ နော်ဆိုင်းအောင် မောင်းနှင်ပြီး တန်ဂွန်း လိုက်ပါလာသည့် TOYOTA LANDCRUISER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား (၃၁၅,၉၀၀ ပြား၊ ဘိန်းစိမ်း အလေးချိန် (၁၅) ကီလို၊ မြန်မာငွေကျပ်( ၃) သိန်းနှင့် လက်ကိုင်ဖုန်း( ၂) လုံးအားဖမ်းမိခဲ့ရာ စုစုပေါင်း ငွေကျပ် (၁,၇၁၄ ဒသမ ၅ ) သိန်းတန်ဖိုးရှိကြောင်းသိရသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများသိုဝှက်သယ်ဆောင်လာသော နော်ဆိုင်းအောင်(၂၈)နှစ် နှင့် တန်ဂွန်း(၃၁)နှစ်တို့အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
အလားတူပြီးခဲ့သည့် (ဇန်နဝါရီလ ၁၉ ရက်)၊နေ့ လည် ပိုင်းကလည်း ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် TOYOTA SUCCEED မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာသည့် စုစုပေါင်း ငွေကျပ်သိန်း( ၁,၈၀၀ )တန်ဖိုးရှိသောမူးယစ်ဆေးဝါးများဖမ်းမိခဲ့ကြောင်းသိရသည်။

Zawgyi Version:
မူဆယ္ၿမိဳ႕တြင္ ေငြက်ပ္ သိန္း (၁၇၀၀) ေက်ာ္ တန္ဖိုး မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ
ထိုက္စံ(NP News)-ဇန္နဝါရီ ၂၁
မူဆယ္ၿမိဳ႕တြင္ ေငြက်ပ သိန္း (၁၇၀၀) ေက်ာ္ တန္ဖိုး မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC MYANMAR ၏ေဖာ္ျပထားခ်က္အရ သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕မ်ားပါဝင္ေသားပူးေပါင္း္အဖြဲ႕မွ ယမန္ေန႔(ဇန္နဝါရီ ၂၀ ရက္)၊ မနက္ (၉း၄၀ )အခ်ိန္ခနတြင့္္ သတင္းအရ မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္၊ မူဆယ္ - နမ့္ခမ္းသြားကားလမ္းတြင္ေစာင့္ဆိုင္းကာ ေနာ္ဆိုင္းေအာင္ ေမာင္းႏွင္ၿပီး တန္ဂြန္း လိုက္ပါလာသည့္ TOYOTA LANDCRUISER ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးရွာေဖြရာ ယာဥ္ေပၚတြင္ သိုဝွက္သယ္ေဆာင္လာေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၁၅,၉၀၀ ျပား၊ ဘိန္းစိမ္း အေလးခ်ိန္ (၁၅) ကီလို၊ ျမန္မာေငြက်ပ္( ၃) သိန္းႏွင့္ လက္ကိုင္ဖုန္း( ၂) လုံးအားဖမ္းမိခဲ့ရာ စုစုေပါင္း ေငြက်ပ္ (၁,၇၁၄ ဒသမ ၅ ) သိန္းတန္ဖိုးရွိေၾကာင္းသိရသည္။
လက္ရွိတြင္ မူးယစ္ေဆးဝါးမ်ားသိုဝွက္သယ္ေဆာင္လာေသာ ေနာ္ဆိုင္းေအာင္(၂၈)ႏွစ္ ႏွင့္ တန္ဂြန္း(၃၁)ႏွစ္တို႔အား မူဆယ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားေၾကာင္းသိရသည္။
အလားတူၿပီးခဲ့သည့္ (ဇန္နဝါရီလ ၁၉ ရက္)၊ေန႔ လည္ ပိုင္းကလည္း ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ TOYOTA SUCCEED ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြရာ ယာဥ္ေပၚမွ သိုဝွက္သယ္ေဆာင္လာသည့္ စုစုေပါင္း ေငြက်ပ္သိန္း( ၁,၈၀၀ )တန္ဖိုးရွိေသာမူးယစ္ေဆးဝါးမ်ားဖမ္းမိခဲ့ေၾကာင္းသိရသည္။