အီရန်အစိုးရကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် စစ်ရေးနည်းလမ်းများတင်ပြရန် အမေရိကန်သမ္မတ ညွှန်ကြားထားဟုဆို

 146

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၁

အီရန်နိုင်ငံတဝန်း ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းနေမှုအပေါ် သည်းခံမှုကုန်ဆုံးသွားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်အစိုးရကို အမြစ်ပြတ်ချေမှုန်းနိုင်မည့်အပြတ်အသတ် စစ်ရေးနည်းလမ်းများကို တင်ပြရန် စစ်ဘက်ဆိုင်ရာ အကြံပေးများကို အမိန့်ပေးလိုက်ကြောင်း သိရသည်။
Wall Street Journal (WSJ) သတင်းစာက အမေရိကန်အစိုးရသည် အီရန်ကို သာမန်လက်တုံ့ပြန်မှုမျိုးကို လိုလားခြင်းမရှိတော့ကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ်က လေကြောင်းတိုက်ခိုက်မှုအချို့ကို နောက်ဆုံးမိနစ်တွင် ရပ်တန့်ခဲ့သော်လည်း၊ လက်ရှိအချိန်တွင် အီရန်အစိုးရကို သိသိသာသာ
အင်အားချိနဲ့သွားစေရန် သို့မဟုတ် "အစိုးရအပြောင်းအလဲ ဖြစ်စေသည်အထိ သက်ရောက်မှုရှိမည့် စစ်ရေးနည်းလမ်းများကိုပါ ထည့်သွင်းစဉ်းစားနေပြီဖြစ်သည်။
ပင်တဂွန်စစ်ဌာနချုပ်သည် အရှေ့အလယ်ပိုင်းဒေသသို့ စစ်အင်အား ဖြည့်တင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိနေပြီး USS Abraham Lincoln အပါအဝင် လေယာဉ်တင်သင်္ဘောအုပ်စုများသည် ပစ်မှတ်နေရာများသို့ ဦးတည်ရွေ့လျားနေပြီဖြစ်သည်။
ထို့အပြင် အဆင့်မြင့် တိုက်လေယာဉ်များကိုလည်း ဒေသတွင်း အခြေစိုက်စခန်းများသို့ ပို့ဆောင်ထားပြီး မည်သည့်နည်းလမ်းကိုမဆို သုံးနိုင်သည် ဟူသော အနေအထားတွင် အသင့်ရှိနေကြောင်းသိရသည်။အီရန်တွင် ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများတွင် ပြည်သူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရပြီးနောက် ထရမ့်က အီရန်ပြည်သူများကိုကူညီမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။
အီရန်အဓိပတိ ခါမေနီ ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို မိမိကို လုပ်ကြံရန် ကြိုးစားပါက အီရန်နိုင်ငံကို "ကမ္ဘာ့မြေပုံပေါ်မှ ဖျောက်ဖျက်ပစ်မည်" ဟုလည်း
အမေရိကန်သမ္မတက ခြိမ်းခြောက်ထားသည်။

Zawgyi Version;
အီရန္အစိုးရကို အျမစ္ျပတ္ေခ်မႈန္းႏိုင္မည့္ စစ္ေရးနည္းလမ္းမ်ားတင္ျပရန္ အေမရိကန္သမၼတ ၫႊန္ၾကားထားဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၁
အီရန္ႏိုင္ငံတဝန္း ဆႏၵျပပြဲမ်ားကို အၾကမ္းဖက္ႏွိမ္နင္းေနမႈအေပၚ သည္းခံမႈကုန္ဆုံးသြားသည့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ အီရန္အစိုးရကို အျမစ္ျပတ္ေခ်မႈန္းႏိုင္မည့္အျပတ္အသတ္ စစ္ေရးနည္းလမ္းမ်ားကို တင္ျပရန္ စစ္ဘက္ဆိုင္ရာ အႀကံေပးမ်ားကို အမိန႔္ေပးလိုက္ေၾကာင္း သိရသည္။
Wall Street Journal (WSJ) သတင္းစာက အေမရိကန္အစိုးရသည္ အီရန္ကို သာမန္လက္တုံ႔ျပန္မႈမ်ိဳးကို လိုလားျခင္းမရွိေတာ့ေၾကာင္း လြန္ခဲ့သည့္ရက္သတၱပတ္က ေလေၾကာင္းတိုက္ခိုက္မႈအခ်ိဳ႕ကို ေနာက္ဆုံးမိနစ္တြင္ ရပ္တန႔္ခဲ့ေသာ္လည္း၊ လက္ရွိအခ်ိန္တြင္ အီရန္အစိုးရကို သိသိသာသာ
အင္အားခ်ိနဲ႔သြားေစရန္ သို႔မဟုတ္ "အစိုးရအေျပာင္းအလဲ ျဖစ္ေစသည္အထိ သက္ေရာက္မႈရွိမည့္ စစ္ေရးနည္းလမ္းမ်ားကိုပါ ထည့္သြင္းစဥ္းစားေနၿပီျဖစ္သည္။
ပင္တဂြန္စစ္ဌာနခ်ဳပ္သည္ အေရွ႕အလယ္ပိုင္းေဒသသို႔ စစ္အင္အား ျဖည့္တင္းမႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္လ်က္ရွိေနၿပီး USS Abraham Lincoln အပါအဝင္ ေလယာဥ္တင္သေဘၤာအုပ္စုမ်ားသည္ ပစ္မွတ္ေနရာမ်ားသို႔ ဦးတည္ေ႐ြ႕လ်ားေနၿပီျဖစ္သည္။
ထို႔အျပင္ အဆင့္ျမင့္ တိုက္ေလယာဥ္မ်ားကိုလည္း ေဒသတြင္း အေျခစိုက္စခန္းမ်ားသို႔ ပို႔ေဆာင္ထားၿပီး မည္သည့္နည္းလမ္းကိုမဆို သုံးႏိုင္သည္ ဟူေသာ အေနအထားတြင္ အသင့္ရွိေနေၾကာင္းသိရသည္။အီရန္တြင္ ျဖစ္ေပၚေနေသာ ဆႏၵျပပြဲမ်ားတြင္ ျပည္သူေထာင္ေပါင္းမ်ားစြာ သတ္ျဖတ္ခံရၿပီးေနာက္ ထရမ့္က အီရန္ျပည္သူမ်ားကိုကူညီမည္ဟု လူသိရွင္ၾကား ေၾကညာခဲ့သည္။
အီရန္အဓိပတိ ခါေမနီ ၏ လုပ္ရပ္မ်ားကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့သလို မိမိကို လုပ္ႀကံရန္ ႀကိဳးစားပါက အီရန္ႏိုင္ငံကို "ကမာၻ႔ေျမပုံေပၚမွ ေဖ်ာက္ဖ်က္ပစ္မည္" ဟုလည္း
အေမရိကန္သမၼတက ၿခိမ္းေျခာက္ထားသည္။

Related news

© 2021. All rights reserved.