အဝေးပြေးယာဉ်လိုင်းအချို့ ခရီးသည်ထက် ကုန်တင်ဆောင်မှုပိုများနေပြီး တန်ပိုသယ်ဆောင်မှုရှိနေ

 74

Pearl (NP News) - ဇန်နဝါရီလ ၂၂

ခရီးသည်တင်ယာဉ်များအနေဖြင့် ယခင် က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ETC (Ele­ctronic toll collection) ဖြင့် အလွယ်တကူ ဖြတ် သန်းသွားလာနိုင်သည့်အတွက် ယာဉ်လိုင်းအချို့က ခရီးသည် (၁)ဦး၊ (၂)ဦးမျှသာတင်ဆောင်ပြီး ကုန်များ၊ တန်ပိုများတင်ဆောင်လာကြသည့်အတွက် လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ခရီးသည်တင်ယာဉ်များကို တန်ချိန်သတ်မှတ်၍ တန်ပို တင်ဆောင်မှုကို ကန့်သတ်ထိန်းချုပ်လိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
" Express တွေက ETC နဲ့ဖြတ်နေတာ။ ဖြတ်နေတဲ့နေရာမှာ အခုနောက်ပိုင်း Express တွေ က လူထက်ကို ကုန်တွေချည်းပဲတင်တာ။ ကုန်တွေ တင်တာများနေတော့လည်း သူက ETC နဲ့ဆိုတော့ တန်းပြီးဖြတ်သွားလို့ရတယ်လေ။ အဲဒီလိုတွေဖြစ်နေ တဲ့ အခါကျတော့ တန်ပိုတွေရော မလိုလားအပ်တဲ့ကန့် သတ်ကုန်တွေရော ဘာတွေရော စစ်ဆေးလို့မရဘူး ဖြစ်သွားတာပေါ့။ Express တွေကျတော့ သူက Box ထဲမှာ ထည့်ချင်တာထည့်ပြီးသွားလို့ရနေတဲ့အနေအ ထားဖြစ်နေတာပေါ့ ။ အဲဒီလိုဖြစ်နေတဲ့အခါကျတော့ ပြဿနာက ကျွန်တော်တို့ လမ်းပိုင်းအနေနဲ့ကျတော့ ဒီတိုးဂိတ်တွေနဲ့က ဘာကို Control လုပ်လဲဆိုတော့ တန်ကို Control လုပ်လိုက်တာ။ သူတို့က ခရီးသည် ကုန်လိုလိုဘာလိုလိုပေါ့ဗျာ။ တကယ်တမ်းကျတော့ တချို့ဆိုရင် လူတောင် တစ်ယောက် နှစ်ယောက်ပါ တယ်။ ကုန်တွေချည်းပဲ အပေါ်ထိုင်ခုံတွေမှာတောင် ကုန်တွေတင်တာ။ အဲဒီလိုမျိုးတွေပေါ့"ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအစမှစတင်၍ ခရီး သည်တင်ယာဉ်များကို တန်ပိုတင်ဆောင်မှုများထိန်း ချုပ်နိုင်ရေးအတွက် ကတ္တားဖြင့် တန်ပိုချိန်ခိုင်းခြင်းဖြစ် ပြီး ထိုသို့ဆောင်ရွက်ရသည့်အတွက် ကားလမ်းကျပ်မှု များ၊ ခရီးစဉ်နှောင့်နှေးကြန့်ကြားမှုများ ဖြစ်ပေါ်သည့် အတွက် ယာဉ်မောင်းအချို့အနေဖြင့်လည်း မကျေ နပ်မှုများ၊ ဝေဖန်မှုများလည်းဖြစ်ပေါ်နေကြောင်းသိရ သည်။
" Express တွေအကုန်းလုံး ကုန်ကားကဲ့ သို့ကတ္တားဖြတ်ပါဆိုပြီးလုပ်တဲ့အချိန်မှာ အဲဒီမှာ နည်း နည်းလေး ကားတွေက Jam ဖြစ်သွားတာပေါ့နော်။ Express တွေစုတဲ့အချိန်လေးမှာ နည်းနည်းလေး ကားတွေစုပြုံသွားတာတော့ရှိတာပေါ့"ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်တွင် နောက်ဝင်ရိုး(၂)တန်းပါသော နထစမနျ ယာဉ်ကြီးများကိုး ယာဉ်ကုန်(၂၃)တန်အထိခွင့်ပြုထား ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် (၁၆၅/ဝ-၁၆၅/၂)ရှိ ဆွာချောင်းဘေလီတံတား၏ခံနိုင်ဝန်မှာ (၂၀)တန်ဖြစ်သဖြင့် နောက်ဝင်ရိုး (၂)တန်းပါသော နထစမနျ ယာဉ်ကြီးများအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်(၁၄၆၆၃) တောင်ငူလမ်းခွဲမှ ရန်ကုန် -မန္တလေးလမ်းဟောင်းအတိုင်းမောင်းနှင်ရမည်ဖြစ်ကြောင်းလည်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့ကအသိပေးထားသည်။
ထိုသို့မောင်းနှင်ပြီး သာဂရလမ်းခွဲ ရန်ကုန် -မန္တလေး အမြန်လမ်း မိုင် (၁၇၃/၁) မှ အမြန်လမ်း ပေါ်သို့ပြန်တက်မောင်းရမည်ဖြစ်ကြောင်းလည်းသိရ သည်။
" နောက်ဝင်ရိုး (၂)တန်းပါတယ်ဆိုတာ (၈)ဘီးကားတွေ၊ (၂၃)တန်အထိ ပါမစ်ပေးလိုက်ပြီ။ ဆွာချောင်းတံတားယာယီတံတားက တန်(၂၀)ပဲ ခံနိုင်ဝန်ရှိလို့ (၆)ဘီးကားကတော့လွတ်တာပေါ့။ အ ရင်က တန်ချိန်က အတိအကျမရှိဘူး။ ဒီဘက်ဂိတ်က ဒီလောက်ပြောရင် နောက်တစ်ဂိတ်က တစ်မျိုးထပ် ပြောတယ်။ မိုင်အားဖြင့် သိပ်မဝေးဘူး။ လမ်းကြောင်း လည်းအဆင်ပြေတယ်"ဟု Express ယာဉ်မောင်း တစ်ဦးကပြောသည်။ နာမည်မကြီးသည့် ခရီးသည် တင်ယာဉ်လိုင်းအချို့အနေဖြင့် ခရီးသည်မရရှိမှု ကြောင့် ဒဏ်ကြေးများပေးဆောင်၍လည်းကောင်း ၊ ရှောင်ကွင်း၍လည်းကောင်း ကုန်တင်မှုများ ရှိနေခြင်း ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version;
အေဝးေျပးယာဥ္လိုင္းအခ်ိဳ႕ ခရီးသည္ထက္ ကုန္တင္ေဆာင္မႈပိုမ်ားေနၿပီး တန္ပိုသယ္ေဆာင္မႈရွိေန
Pearl (NP News) - ဇန္နဝါရီလ ၂၂
ခရီးသည္တင္ယာဥ္မ်ားအေနျဖင့္ ယခင္ က ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ETC (Ele­ctronic toll collection) ျဖင့္ အလြယ္တကူ ျဖတ္ သန္းသြားလာႏိုင္သည့္အတြက္ ယာဥ္လိုင္းအခ်ိဳ႕က ခရီးသည္ (၁)ဦး၊ (၂)ဦးမွ်သာတင္ေဆာင္ၿပီး ကုန္မ်ား၊ တန္ပိုမ်ားတင္ေဆာင္လာၾကသည့္အတြက္ လက္ရွိတြင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ခရီးသည္တင္ယာဥ္မ်ားကို တန္ခ်ိန္သတ္မွတ္၍ တန္ပို တင္ေဆာင္မႈကို ကန႔္သတ္ထိန္းခ်ဳပ္လိုက္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။
" Express ေတြက ETC နဲ႔ျဖတ္ေနတာ။ ျဖတ္ေနတဲ့ေနရာမွာ အခုေနာက္ပိုင္း Express ေတြ က လူထက္ကို ကုန္ေတြခ်ည္းပဲတင္တာ။ ကုန္ေတြ တင္တာမ်ားေနေတာ့လည္း သူက ETC နဲ႔ဆိုေတာ့ တန္းၿပီးျဖတ္သြားလို႔ရတယ္ေလ။ အဲဒီလိုေတြျဖစ္ေန တဲ့ အခါက်ေတာ့ တန္ပိုေတြေရာ မလိုလားအပ္တဲ့ကန႔္ သတ္ကုန္ေတြေရာ ဘာေတြေရာ စစ္ေဆးလို႔မရဘူး ျဖစ္သြားတာေပါ့။ Express ေတြက်ေတာ့ သူက Box ထဲမွာ ထည့္ခ်င္တာထည့္ၿပီးသြားလို႔ရေနတဲ့အေနအ ထားျဖစ္ေနတာေပါ့ ။ အဲဒီလိုျဖစ္ေနတဲ့အခါက်ေတာ့ ျပႆနာက ကြၽန္ေတာ္တို႔ လမ္းပိုင္းအေနနဲ႔က်ေတာ့ ဒီတိုးဂိတ္ေတြနဲ႔က ဘာကို Control လုပ္လဲဆိုေတာ့ တန္ကို Control လုပ္လိုက္တာ။ သူတို႔က ခရီးသည္ ကုန္လိုလိုဘာလိုလိုေပါ့ဗ်ာ။ တကယ္တမ္းက်ေတာ့ တခ်ိဳ႕ဆိုရင္ လူေတာင္ တစ္ေယာက္ ႏွစ္ေယာက္ပါ တယ္။ ကုန္ေတြခ်ည္းပဲ အေပၚထိုင္ခုံေတြမွာေတာင္ ကုန္ေတြတင္တာ။ အဲဒီလိုမ်ိဳးေတြေပါ့"ဟု ၎က ေျပာသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလအစမွစတင္၍ ခရီး သည္တင္ယာဥ္မ်ားကို တန္ပိုတင္ေဆာင္မႈမ်ားထိန္း ခ်ဳပ္ႏိုင္ေရးအတြက္ ကတၱားျဖင့္ တန္ပိုခ်ိန္ခိုင္းျခင္းျဖစ္ ၿပီး ထိုသို႔ေဆာင္႐ြက္ရသည့္အတြက္ ကားလမ္းက်ပ္မႈ မ်ား၊ ခရီးစဥ္ေႏွာင့္ေႏွးၾကန႔္ၾကားမႈမ်ား ျဖစ္ေပၚသည့္ အတြက္ ယာဥ္ေမာင္းအခ်ိဳ႕အေနျဖင့္လည္း မေက် နပ္မႈမ်ား၊ ေဝဖန္မႈမ်ားလည္းျဖစ္ေပၚေနေၾကာင္းသိရ သည္။
" Express ေတြအကုန္းလုံး ကုန္ကားကဲ့ သို႔ကတၱားျဖတ္ပါဆိုၿပီးလုပ္တဲ့အခ်ိန္မွာ အဲဒီမွာ နည္း နည္းေလး ကားေတြက Jam ျဖစ္သြားတာေပါ့ေနာ္။ Express ေတြစုတဲ့အခ်ိန္ေလးမွာ နည္းနည္းေလး ကားေတြစုၿပဳံသြားတာေတာ့ရွိတာေပါ့"ဟု ၎က ဆက္ေျပာသည္။
လက္ရွိတြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း ေပၚတြင္ ေနာက္ဝင္႐ိုး(၂)တန္းပါေသာ နထစမန် ယာဥ္ႀကီးမ်ားကိုး ယာဥ္ကုန္(၂၃)တန္အထိခြင့္ျပဳထား ၿပီး ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္ (၁၆၅/ဝ-၁၆၅/၂)ရွိ ဆြာေခ်ာင္းေဘလီတံတား၏ခံႏိုင္ဝန္မွာ (၂၀)တန္ျဖစ္သျဖင့္ ေနာက္ဝင္႐ိုး (၂)တန္းပါေသာ နထစမန် ယာဥ္ႀကီးမ်ားအေနျဖင့္ ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္(၁၄၆၆၃) ေတာင္ငူလမ္းခြဲမွ ရန္ကုန္ -မႏၲေလးလမ္းေဟာင္းအတိုင္းေမာင္းႏွင္ရမည္ျဖစ္ေၾကာင္းလည္း အျမန္လမ္းမႀကီး ထိန္းသိမ္းျပဳျပင္ေရး ႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕ကအသိေပးထားသည္။
ထိုသို႔ေမာင္းႏွင္ၿပီး သာဂရလမ္းခြဲ ရန္ကုန္ -မႏၲေလး အျမန္လမ္း မိုင္ (၁၇၃/၁) မွ အျမန္လမ္း ေပၚသို႔ျပန္တက္ေမာင္းရမည္ျဖစ္ေၾကာင္းလည္းသိရ သည္။
" ေနာက္ဝင္႐ိုး (၂)တန္းပါတယ္ဆိုတာ (၈)ဘီးကားေတြ၊ (၂၃)တန္အထိ ပါမစ္ေပးလိုက္ၿပီ။ ဆြာေခ်ာင္းတံတားယာယီတံတားက တန္(၂၀)ပဲ ခံႏိုင္ဝန္ရွိလို႔ (၆)ဘီးကားကေတာ့လြတ္တာေပါ့။ အ ရင္က တန္ခ်ိန္က အတိအက်မရွိဘူး။ ဒီဘက္ဂိတ္က ဒီေလာက္ေျပာရင္ ေနာက္တစ္ဂိတ္က တစ္မ်ိဳးထပ္ ေျပာတယ္။ မိုင္အားျဖင့္ သိပ္မေဝးဘူး။ လမ္းေၾကာင္း လည္းအဆင္ေျပတယ္"ဟု Express ယာဥ္ေမာင္း တစ္ဦးကေျပာသည္။ နာမည္မႀကီးသည့္ ခရီးသည္ တင္ယာဥ္လိုင္းအခ်ိဳ႕အေနျဖင့္ ခရီးသည္မရရွိမႈ ေၾကာင့္ ဒဏ္ေၾကးမ်ားေပးေဆာင္၍လည္းေကာင္း ၊ ေရွာင္ကြင္း၍လည္းေကာင္း ကုန္တင္မႈမ်ား ရွိေနျခင္း ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.