တောင်ငူ၊ ဖြူး၊ ကညွှတ်ကွင်းနှင့် တောကျွဲအင်းမှ ပြည်သူ့အသံ

193

သုတကျော် (NP News) - ဇန်နဝါရီလ ၂၂
ပြီးခဲ့သည့်ရက်ပိုင်းတွင် တောကျွဲ အင်းမြို့ကို PDF နှင့် KNU ပူးပေါင်း အဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ထို့ပြင် အဆိုပါလက်နက်ကိုင်တို့ စိမ့်ဝင်နေကြောင်းလည်း ဒေသခံအချို့ထံမှ သိရ၏။ ယင်းအပြင် အဖျက်အမှောင့် လုပ် ငန်းများ ဆောင်ရွက်ရန်လည်း တာစူနေကြ သည်။ အဆိုပါ အခြေအနေများနှင့် ပတ် သက်၍ ဒေသခံအချို့ထံ NP News က ဆက်သွယ်မေးမြန်း ထားသည်များအား ကောက်နှုတ်ဖော်ပြအပ်ပါသည်။
မေး - လက်ရှိ တောကျွဲအင်းမှာ ဘာတွေ ဖြစ်နေလဲ။
ဖြေ - လက်ရှိ မြို့မှာကတော့ ကျွန်တော်တို့ ကျီးလန့် စာစားပေါ့ အစ်ကိုရာ။
မေး - ဘယ်လိုမျိုးလဲ။
ဖြေ - သွားရေး၊ လာရေး လုံခြုံမှုမရှိတာ ခံစားရတာ ပေါ့။ အရင်ကတော့ အေးအေးချမ်းချမ်းနဲ့ သွားလာလို့ ရတာပေါ့။ အခုဟာက သူတို့ လာရောက် တိုက်ခိုက်တဲ့ အတွက် နေရ၊ ထိုင်ရတာ မလုံခြုံဘူးပေါ့ အစ်ကို။
မေး - ဖြစ်တဲ့နေ့ကကော မြို့မှာရှိနေလား။
ဖြေ - ကျွန်တော်က အလုပ်ကိစ္စနဲ့ တခြားနေရာ ရောက်နေတာ။
မေး - တစ်ဆင့်ခံ ပြန်သိရမှာပေါ့။ မနက်အစောကြီးက ဘယ်လို စဖြစ်တာလဲ။
ဖြေ - သူတို့ ပြန်ပြောချက်အရ ကားတွေတော့ မီးရှို့နေပြီ။ သေနတ်သံတွေလည်း ကြားနေရတယ် ပေါ့နော်။ တိုက်ပွဲဖြစ်နေပြီ။ ထွေအုပ်ရုံးလည်း မီးရှို့နေပြီဆိုတော့ အိမ်ထဲမှာပဲနေ အပြင်မထွက်နဲ့။ လမ်းပေါ် လျှောက်မထွက်နဲ့။ ပြန်လာခဲ့မယ် လမ်းမှာ ကားတွေ ပိတ်နေလို့ပေါ့။ အဲဒီလိုပဲ ကျွန်တော် ပြောနိုင်တယ်။
မေး - သူတို့ ဝင်လာတော့ကော ဝင်ဝင်ချင်း သိလား။
ဖြေ - မဝင်ခင်တည်းက ဝင်မယ်ဆိုတဲ့ အကြောင်းကို သတင်းတွေ ထွက်တာတော့ ရှိတယ်။ ဘယ်အချိန် ဝင်မလဲ ဆိုတာသာ မသိတာပါ။ လုပ်မယ်၊ ကိုင်မယ် ဆိုတာတော့ ကြိုပြီး သတင်းရနေတာပဲလေ။
မေး - သတင်းကြိုရတော့ကော မြို့သူ၊ မြို့သားတွေရဲ့ စိတ်က ဘယ်လိုရှိလဲ။
ဖြေ - မြို့သူ၊ မြို့သားတွေရဲ့စိတ်ကတော့ မြန်မာ လူမျိုးဆိုတော့ သိတဲ့အတိုင်း ဖြစ်မှပဲ ဖြစ်တယ် လုပ်ကြတာပေါ့နော်။ တစ်နေရာနဲ့ တစ်နေရာ ပြောင်း ဖို့ရွှေ့ဖို့၊ စစ်ဘေးရှောင်ဖို့ကလည်း မလွယ် ဘူးလေနော်။ ငွေကြေးအင်အား တောင့်တင်းတဲ့သူ တွေသာ လွယ်ကူတာ။ အခြေခံလူတန်းစားတွေက တော့ ဘယ်လွယ်မလဲ အစ်ကို။
မေး - ဖြစ်တဲ့အချိန် မြို့သူ၊ မြို့သား အကုန်ပြေးချိန် ရလိုက်လား။
ဖြေ - ပြေးတဲ့ သူကလည်း ပြေးတာပေါ့။ လွတ်တဲ့ လူက ပြေးတာပေါ့။ တော်ရုံ တန်ရုံကတော့ ထွက်မရ တော့ပါဘူး။ ထွက်ချိန်မရှိဘူး။ အိမ်ထဲမှာ နေတဲ့သူက များပါတယ်။
မေး - အိမ်ထဲမှာ နေတဲ့သူတွေကကော ဘယ်လို ပုန်းကြရလဲ။ အပြင်ကော ကြည့်ရဲလား ဘာတွေ ဖြစ်နေလဲ ဆိုတာပေါ့။
ဖြေ - ဘယ်ကြည့်ရဲမလဲ အစ်ကို။ ဒီလောက် ပစ်ခတ်သံတွေ ကြားနေရတာလေ။ ကိုယ့်အိမ်ထဲ ကိုယ် နေရတာပေါ့။ ဘေးအိမ်တွေလည်း လှမ်းအော် အပြင်မထွက်နဲ့ အိမ်ထဲမှာ နေပေါ့။ ဝိုင်းပြီးတော့ ကိုယ်အိမ်ကိုယ် တံခါးတွေ ပိတ်။ ကျည်ကွယ်မျက် ကွယ်ပေါ့။ ကျည်မတိုးနိုင်တဲ့ လုံခြုံတဲ့ နေရာလေးတွေ မှာ နေရတာပေါ့။ ရေချိုးခန်းတို့၊ အိမ်သာတို့ပေါ့။
မေး - ခန့်မှန်းချက်ပေါ့လေ။ တကယ်ဖြစ်ချိန်မှာ မြို့ လူဦးရေရဲ့ ဘယ်လောက် ပမာဏလောက် ပြေးချိန်ရ လိုက်လဲ။
ဖြေ - ကြိုရှောင်တဲ့ သူတချို့တော့ ရှိတယ်။ တော်ရုံ တန်ရုံ အတွင်းသတင်း မသိတဲ့သူကတော့ မပြေးဘူး ပေါ့ အစ်ကိုရာ။ ကျွန်တော်တို့ ဒေသလေးကလည်း ဘာပဲ ဖြစ်ဖြစ် ဘယ်လို ပြောမလဲ သိပ် သွားသွားလာ လာ မရှိကြပါဘူး။
မေး - မြို့လုံခြုံရေးက ဘယ်လိုရှိပါသလဲ။
ဖြေ - အထိုက်အလျောက်တော့ အေးချမ်းသွားပါပြီ။ အသွား၊ အလာ လည်း ပြန်လွှတ်နေပြီ။
မေး - ဘယ်လောက်အကြာမှာ ပြန်တည်ငြိမ်သွားလဲ။
ဖြေ - တစ်ရက်၊ နှစ်ရက်လောက်တော့ ကြာမယ်။
မေး - သူတို့ဘက်က သေတာကို သတင်းမထုတ် ပြန်ဘူး။ မြေပြင်မှာ င်္ဏီ ဘက်က သေဆုံးသူက ကော။
ဖြေ - PDF တွေ သေတာပေါ့ အစ်ကိုရ။ ပိုးစိုးပက် စက် သေတာပေါ့။ ကိုယ့်ဆီကလည်း အထိအခိုက် တော့ ရှိတာပေါ့။
မေး - အလစ်အခိုက်လုပ်တာလား။
ဖြေ - ကြိုတင်အကွက်ချ စီစဉ်ထားတဲ့ သဘော လေးကို သွားတွေ့ရတယ်။
မေး - PDF ပူးပေါင်းအဖွဲ့ အင်အားကကော။
ဖြေ - အင်အားကတော့ (၄၅၀)၊ (၅၀ဝ)လောက်ရှိတယ်။
မေး - လမ်းပန်းဆက်သွယ်ရေးကကော ဘယ် လောက်လောက် ပြတ်သွားလဲ။
ဖြေ - တစ်ရက်လောက်တော့ ကြတယ်။ နောက်နေ့ လောက်မှ ပြန်ဖွင့်တာပေါ့။
မေး - ဒီမတိုင်ခင်က မြို့စီးပွားရေးက ဘယ်လိုရှိလဲ။
ဖြေ - မြို့စီးပွားရေးက ပုံမှန်လည်ပတ်နေတာပဲ။ တည်ငြိမ်အေးချမ်းတာဖြစ်တဲ့အတွက်ပေါ့။ ရောင်း ဝယ် ဖောက်ကားမှုလည်းရှိတယ်။ မြို့အဓိက စီးပွား ရေးက စိုက်ပျိုးရေးလည်းရှိသလို အရောင်းအဝယ် လည်း ရှိတာပေါ့။
မေး - ဒီမတိုင်ခင်ကကော မြို့သူ၊ မြို့သားတွေ စိုးရိမ်ရလောက်တဲ့ အလားတူ ဖြစ်စဉ်မျိုး ရှိဖူးလား။
ဖြေ - မဖြစ်ခဲ့ဖူးဘူး။ တကယ် အကြီးအကျယ် ဖြစ်ပြီး မီးရှို့တာတို့၊ မြို့ထိန်းတာတို့က ဒီတစ်ကြိမ်ပဲ။ ကြိုကြား ကြိုကြား နှောင့်ယှက်တာတော့ ရှိခဲ့တာပေါ့။ တောကျွဲအင်းမှာက နည်းတယ်။ ကျောက်တံခါးမှာ တော့ ဟိုနား ဒီနား ဖြစ်တာ ရှိတာပေါ့။ သေနတ်ထွက် ပစ်တာတို့ အဖြစ်များတယ်။
မေး - မြို့ခံတွေကော PDF ထဲပါလား။
ဖြေ - ပါတာပေါ့ အစ်ကို။ မြို့ခံမပါဘဲ ဘယ်လုပ်လို့ ရမလဲ။ မြို့ခံ PDF တွေ ပါတာပေါ့။
မေး - ဆေးရုံမှာလည်း ဖြစ်ခဲ့တယ် ကြားတယ်။
ဖြေ - ကျန်းမာရေးဝန်ထမ်းတွေ ပြန်လွှတ်ပေးတယ်။ ဒါပေမဲ့ ဆေးဝါးတွေ အကုန်ယူသွားတယ်။ ပတ်တီးတို့ ဂွမ်းတို့ စသည်ဖြင့် အကုန်ယူတယ်။ သောက်ဆေး၊ လိမ်းဆေး၊ ဆေးထိုးအပ် အကုန်ယူတာပေါ့။ အင်အား (၅၀ဝ)ကျော်ကို နေရာကုန်ခွဲလိုက်တာ။ ဒီတစ်ဖွဲ့က မီးသတ်၊ ဒီတစ်ဖွဲ့က ရဲစခန်း အကုန်လုံး ခွဲလိုက်တော့ ပြန့်သွားတယ်။ လာမယ့်လမ်းကြောင်းတွေ ဖြတ် တောက်ဖို့လည်း လုပ်တာပေါ့။
မေး - ဒီမတိုင်ခင်က မြေပြင် အခြေအနေက ဘယ် လိုရှိလဲ။
ဖြေ - ပြောမယ်ဆိုရင် တောင်ငူကနေ ဆယ့်ငါးမိနစ် သွားလို့ ရောက်မယ့် နေရာမှာ အဖွဲ့လိုက်ကြီး ရှိတာ။
မေး - သူတို့ချည်း သီးသန့်လား။
ဖြေ - KNU နဲ့ ပူးပေါင်း အဖွဲ့ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောပြမယ်။ အရပ်သားတစ်ယောက်အနေနဲ့ပေါ့။ ရေသန့်ဘူးကို ပါကင်ရိုက်ပြီး ဆီပို့တာလည်း ရှိတယ်။ ဖြတ်သာချလိုက်။ ပိတ်ဆို့လိုက်။ အဲဒါဆို ရတယ်။
မေး - PDF တွေက ဝင်လာတဲ့ ပုံစံက ဘယ်လို ရှိလဲ။
ဖြေ - တောင်ငူမြို့ထဲမှာလည်း စိမ့်ဝင်နေတာ ရှိတာပဲ။ မိုင်းခွဲတာလည်း ရှိတယ်။
မေး - အခု သူတို့ တိုက်ပွဲဖော်နေတဲ့ပုံစံက ပဲခူး တိုင်း အရှေ့နဲ့ အနောက်ကို ညှပ်ထားတဲ့ ပုံစံဖြစ်မလား။
ဖြေ - အနောက်မှာ ပုံခံနေတာ။ ရေတာရှည် အရှေ့မှာလည်း PDF တွေ ရှိနေတယ်။ ကြိုက်တဲ့သူ မေးလိုက်။
မေး - ရေတာရှည်ဘက်ကျတော့ကော ဘယ်တော့ လောက်က စဝင်လာတာလဲ။
ဖြေ - ရေတာရှည်က အောင်ချမ်းသာပေါ့လေ။ အောင်ချမ်းသာမှာ သူတို့ က ရှိပြီးသား။ တစ်ခါတလေ သေနတ်လွယ်ပြီး လက်ဖက်ရည်လာသောက်ရင် သောက်နေတာ။
မေး - ပဲခူးတိုင်း အရှေ့နဲ့ အနောက်ဆို ဘယ်ဘက် ခြမ်းက ပိုများမယ် ထင်လဲ။
ဖြေ - အရှေ့က ပိုများတာပေါ့ KNU နဲ့ ထိစပ် နေတာကိုး။
မေး - များလာဖို့ သူတို့ ဘယ်လောက် အချိန်ယူခဲ့လဲ။
ဖြေ - နိုင်ငံရေး အပြောင်းအလဲ စတည်းက ကလေး တွေကို စည်းရုံးသိမ်းသွင်းပြီးတော့ အကုန် ဆွဲထည့် တာ။ ရွေးကောက်ပွဲ တတိယ အသုတ်က အုတ်တွင်း နဲ့ ဖြူးနဲ့ ရှိတယ်။ စိုးရိမ်ရဆုံးက ဖြူး၊ ကညွှတ်ကွင်း။ ဒါပေမဲ့ ဖြူးမဖြစ်ဘဲ ကညွှတ်ကွင်းက စိုးရိမ်စရာ ဖြစ်နေတယ်။ ရေတာရှည်ဘက်က နှောင့်ယှက်တဲ့ အဖွဲ့တွေက အဲဒီဘက် ပြန်ဆင်းတာလေ။
မေး - တိတိကျကျလေး ပြောလို့ ရမလား။
ဖြေ - ကညွှတ်ကွင်းဆိုတာက ဖြူး ညောင်ပင်သာ။ တောက်လျှောက် Drop bomb ချတဲ့နေရာ။ ကျွန်တော်တို့ အတွင်းစကား သိတာက လိပ်သိုက လည်းဆင်းလာတယ်။ ရေတာရှည်ကလည်း ဆင်း လာတယ်။ ရေနီကလည်း ဆင်းလာတယ်။ အနောက် ရိုးမကလည်း ဆင်းလာတယ်။ ကျောက်ကြီးဘက်က အဖွဲ့ အားလုံးပေါင်းပြီးမှ လုပ်တာ။ ပလန်ကြီးကတော့ ရှယ်ပလန်ကြီး လုပ်ထားတာ။
မေး - သူတို့ အမြင့်ဆုံးရည်မှန်းချက်က ဘာလို့ ထင်လဲ။
ဖြေ - အနှောင့်အယှက်ပဲလုပ်လို့ရမှာ။ သူတို့ ဘယ်လိုသိမ်းလို့ရမှာလဲ။ တောင်ငူကတော့ Safe အဖြစ်ဆုံး။ တောင်ငူမြို့တော့ လုံးလို့ မရဘူး။
မေး - သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေ တချို့တော့ ရှိနေတယ်။ အဲဒီက အခြေအနေက ဘယ်လို ရှိနေ သလဲ။
ဖြေ - အဲဒီဘက် စိုးမိုးနယ်မြေ က မြစ်အရှေ့ဘက်ကမ်း ရွာတွေကနေပြီးတော့ ဆက်ကြေးကောက်တယ်လေ။ ကျောင်းဆရာမတွေတောင် ဆက်ကြေး ကောက်တယ် နော်။ ရေတာရှည်ဘက်မှာ ဆက်ကြေးပေးပြီး သင်နေ ရတဲ့ ကျောင်းဆရာမတွေ ရှိတယ်။ ပညာရေးကို ဘာမှမလုပ်ဘူး ဒါပေမဲ့ တစ်လ ငါးသောင်း ပေးရမယ် ဆိုလို့ ပေးပြီး သင်နေရတဲ့ ဆရာမတွေ ရှိတယ်။
မေး - ဒါဖြင့် ဆင်းရဲတဲ့သူတွေက အဆင်ပြေပါ့မလား။
ဖြေ - မပြေလည်း မရှိရှိတာ ရောင်းချပေးရတာပဲ။
မေး - တစ်အိမ်ထောင် ဘယ်လောက်နှုန်းရှိလဲ။
ဖြေ - ခွဲတမ်းက ရှိပြီးသား။ အဲဒါနဲ့ ရပ်တည်နေရတာ။
မေး - ခုနက ပြောခဲ့တဲ့ ဆီကို PDF တွေဆီ ရောက် တဲ့ ပုံစံလေး ပြန်ပြောပြပေးပါလား။
ဖြေ - ဓာတ်ဆီဆိုရင် ဘယ်လိုလုပ်လဲဆိုတော့ ရေသန့်ဘူးထဲ ထည့်တယ်။ ထည့်ပြီးတော့ နှုတ်ခမ်းကို တိပ်အကြည်နဲ့ လုံးပိတ်လိုက်တယ်။ ဆာလာအိတ် အကြီးနဲ့ ထည့်ပြီးတော့ သယ်သွားတာ။ တောင်ငူမှာ ဆီပြတ်နေတုန်းတောင် ငပွေးက ဆီမပြတ်ဘူးနော်။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version;
ေတာင္ငူ၊ ျဖဴး၊ ကၫႊတ္ကြင္းႏွင့္ ေတာကြၽဲအင္းမွ ျပည္သူ႔အသံ
သုတေက်ာ္ (NP News) - ဇန္နဝါရီလ ၂၂
ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေတာကြၽဲ အင္းၿမိဳ႕ကို PDF ႏွင့္ KNU ပူးေပါင္း အဖြဲ႕က တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့သည္။ ထို႔ျပင္ အဆိုပါလက္နက္ကိုင္တို႔ စိမ့္ဝင္ေနေၾကာင္းလည္း ေဒသခံအခ်ိဳ႕ထံမွ သိရ၏။ ယင္းအျပင္ အဖ်က္အေမွာင့္ လုပ္ ငန္းမ်ား ေဆာင္႐ြက္ရန္လည္း တာစူေနၾက သည္။ အဆိုပါ အေျခအေနမ်ားႏွင့္ ပတ္ သက္၍ ေဒသခံအခ်ိဳ႕ထံ NP News က ဆက္သြယ္ေမးျမန္း ထားသည္မ်ားအား ေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။
ေမး - လက္ရွိ ေတာကြၽဲအင္းမွာ ဘာေတြ ျဖစ္ေနလဲ။
ေျဖ - လက္ရွိ ၿမိဳ႕မွာကေတာ့ ကြၽန္ေတာ္တို႔ က်ီးလန႔္ စာစားေပါ့ အစ္ကိုရာ။
ေမး - ဘယ္လိုမ်ိဳးလဲ။
ေျဖ - သြားေရး၊ လာေရး လုံၿခဳံမႈမရွိတာ ခံစားရတာ ေပါ့။ အရင္ကေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ သြားလာလို႔ ရတာေပါ့။ အခုဟာက သူတို႔ လာေရာက္ တိုက္ခိုက္တဲ့ အတြက္ ေနရ၊ ထိုင္ရတာ မလုံၿခဳံဘူးေပါ့ အစ္ကို။
ေမး - ျဖစ္တဲ့ေန႔ကေကာ ၿမိဳ႕မွာရွိေနလား။
ေျဖ - ကြၽန္ေတာ္က အလုပ္ကိစၥနဲ႔ တျခားေနရာ ေရာက္ေနတာ။
ေမး - တစ္ဆင့္ခံ ျပန္သိရမွာေပါ့။ မနက္အေစာႀကီးက ဘယ္လို စျဖစ္တာလဲ။
ေျဖ - သူတို႔ ျပန္ေျပာခ်က္အရ ကားေတြေတာ့ မီးရႈိ႕ေနၿပီ။ ေသနတ္သံေတြလည္း ၾကားေနရတယ္ ေပါ့ေနာ္။ တိုက္ပြဲျဖစ္ေနၿပီ။ ေထြအုပ္႐ုံးလည္း မီးရႈိ႕ေနၿပီဆိုေတာ့ အိမ္ထဲမွာပဲေန အျပင္မထြက္နဲ႔။ လမ္းေပၚ ေလွ်ာက္မထြက္နဲ႔။ ျပန္လာခဲ့မယ္ လမ္းမွာ ကားေတြ ပိတ္ေနလို႔ေပါ့။ အဲဒီလိုပဲ ကြၽန္ေတာ္ ေျပာႏိုင္တယ္။
ေမး - သူတို႔ ဝင္လာေတာ့ေကာ ဝင္ဝင္ခ်င္း သိလား။
ေျဖ - မဝင္ခင္တည္းက ဝင္မယ္ဆိုတဲ့ အေၾကာင္းကို သတင္းေတြ ထြက္တာေတာ့ ရွိတယ္။ ဘယ္အခ်ိန္ ဝင္မလဲ ဆိုတာသာ မသိတာပါ။ လုပ္မယ္၊ ကိုင္မယ္ ဆိုတာေတာ့ ႀကိဳၿပီး သတင္းရေနတာပဲေလ။
ေမး - သတင္းႀကိဳရေတာ့ေကာ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြရဲ႕ စိတ္က ဘယ္လိုရွိလဲ။
ေျဖ - ၿမိဳ႕သူ၊ ၿမိဳ႕သားေတြရဲ႕စိတ္ကေတာ့ ျမန္မာ လူမ်ိဳးဆိုေတာ့ သိတဲ့အတိုင္း ျဖစ္မွပဲ ျဖစ္တယ္ လုပ္ၾကတာေပါ့ေနာ္။ တစ္ေနရာနဲ႔ တစ္ေနရာ ေျပာင္း ဖို႔ေ႐ႊ႕ဖို႔၊ စစ္ေဘးေရွာင္ဖို႔ကလည္း မလြယ္ ဘူးေလေနာ္။ ေငြေၾကးအင္အား ေတာင့္တင္းတဲ့သူ ေတြသာ လြယ္ကူတာ။ အေျခခံလူတန္းစားေတြက ေတာ့ ဘယ္လြယ္မလဲ အစ္ကို။
ေမး - ျဖစ္တဲ့အခ်ိန္ ၿမိဳ႕သူ၊ ၿမိဳ႕သား အကုန္ေျပးခ်ိန္ ရလိုက္လား။
ေျဖ - ေျပးတဲ့ သူကလည္း ေျပးတာေပါ့။ လြတ္တဲ့ လူက ေျပးတာေပါ့။ ေတာ္႐ုံ တန္႐ုံကေတာ့ ထြက္မရ ေတာ့ပါဘူး။ ထြက္ခ်ိန္မရွိဘူး။ အိမ္ထဲမွာ ေနတဲ့သူက မ်ားပါတယ္။
ေမး - အိမ္ထဲမွာ ေနတဲ့သူေတြကေကာ ဘယ္လို ပုန္းၾကရလဲ။ အျပင္ေကာ ၾကည့္ရဲလား ဘာေတြ ျဖစ္ေနလဲ ဆိုတာေပါ့။
ေျဖ - ဘယ္ၾကည့္ရဲမလဲ အစ္ကို။ ဒီေလာက္ ပစ္ခတ္သံေတြ ၾကားေနရတာေလ။ ကိုယ့္အိမ္ထဲ ကိုယ္ ေနရတာေပါ့။ ေဘးအိမ္ေတြလည္း လွမ္းေအာ္ အျပင္မထြက္နဲ႔ အိမ္ထဲမွာ ေနေပါ့။ ဝိုင္းၿပီးေတာ့ ကိုယ္အိမ္ကိုယ္ တံခါးေတြ ပိတ္။ က်ည္ကြယ္မ်က္ ကြယ္ေပါ့။ က်ည္မတိုးႏိုင္တဲ့ လုံၿခဳံတဲ့ ေနရာေလးေတြ မွာ ေနရတာေပါ့။ ေရခ်ိဳးခန္းတို႔၊ အိမ္သာတို႔ေပါ့။
ေမး - ခန႔္မွန္းခ်က္ေပါ့ေလ။ တကယ္ျဖစ္ခ်ိန္မွာ ၿမိဳ႕ လူဦးေရရဲ႕ ဘယ္ေလာက္ ပမာဏေလာက္ ေျပးခ်ိန္ရ လိုက္လဲ။
ေျဖ - ႀကိဳေရွာင္တဲ့ သူတခ်ိဳ႕ေတာ့ ရွိတယ္။ ေတာ္႐ုံ တန္႐ုံ အတြင္းသတင္း မသိတဲ့သူကေတာ့ မေျပးဘူး ေပါ့ အစ္ကိုရာ။ ကြၽန္ေတာ္တို႔ ေဒသေလးကလည္း ဘာပဲ ျဖစ္ျဖစ္ ဘယ္လို ေျပာမလဲ သိပ္ သြားသြားလာ လာ မရွိၾကပါဘူး။
ေမး - ၿမိဳ႕လုံၿခဳံေရးက ဘယ္လိုရွိပါသလဲ။
ေျဖ - အထိုက္အေလ်ာက္ေတာ့ ေအးခ်မ္းသြားပါၿပီ။ အသြား၊ အလာ လည္း ျပန္လႊတ္ေနၿပီ။
ေမး - ဘယ္ေလာက္အၾကာမွာ ျပန္တည္ၿငိမ္သြားလဲ။
ေျဖ - တစ္ရက္၊ ႏွစ္ရက္ေလာက္ေတာ့ ၾကာမယ္။
ေမး - သူတို႔ဘက္က ေသတာကို သတင္းမထုတ္ ျပန္ဘူး။ ေျမျပင္မွာ ဏႌ ဘက္က ေသဆုံးသူက ေကာ။
ေျဖ - PDF ေတြ ေသတာေပါ့ အစ္ကိုရ။ ပိုးစိုးပက္ စက္ ေသတာေပါ့။ ကိုယ့္ဆီကလည္း အထိအခိုက္ ေတာ့ ရွိတာေပါ့။
ေမး - အလစ္အခိုက္လုပ္တာလား။
ေျဖ - ႀကိဳတင္အကြက္ခ် စီစဥ္ထားတဲ့ သေဘာ ေလးကို သြားေတြ႕ရတယ္။
ေမး - PDF ပူးေပါင္းအဖြဲ႕ အင္အားကေကာ။
ေျဖ - အင္အားကေတာ့ (၄၅၀)၊ (၅၀ဝ)ေလာက္ရွိတယ္။
ေမး - လမ္းပန္းဆက္သြယ္ေရးကေကာ ဘယ္ ေလာက္ေလာက္ ျပတ္သြားလဲ။
ေျဖ - တစ္ရက္ေလာက္ေတာ့ ၾကတယ္။ ေနာက္ေန႔ ေလာက္မွ ျပန္ဖြင့္တာေပါ့။
ေမး - ဒီမတိုင္ခင္က ၿမိဳ႕စီးပြားေရးက ဘယ္လိုရွိလဲ။
ေျဖ - ၿမိဳ႕စီးပြားေရးက ပုံမွန္လည္ပတ္ေနတာပဲ။ တည္ၿငိမ္ေအးခ်မ္းတာျဖစ္တဲ့အတြက္ေပါ့။ ေရာင္း ဝယ္ ေဖာက္ကားမႈလည္းရွိတယ္။ ၿမိဳ႕အဓိက စီးပြား ေရးက စိုက္ပ်ိဳးေရးလည္းရွိသလို အေရာင္းအဝယ္ လည္း ရွိတာေပါ့။
ေမး - ဒီမတိုင္ခင္ကေကာ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြ စိုးရိမ္ရေလာက္တဲ့ အလားတူ ျဖစ္စဥ္မ်ိဳး ရွိဖူးလား။
ေျဖ - မျဖစ္ခဲ့ဖူးဘူး။ တကယ္ အႀကီးအက်ယ္ ျဖစ္ၿပီး မီးရႈိ႕တာတို႔၊ ၿမိဳ႕ထိန္းတာတို႔က ဒီတစ္ႀကိမ္ပဲ။ ႀကိဳၾကား ႀကိဳၾကား ေႏွာင့္ယွက္တာေတာ့ ရွိခဲ့တာေပါ့။ ေတာကြၽဲအင္းမွာက နည္းတယ္။ ေက်ာက္တံခါးမွာ ေတာ့ ဟိုနား ဒီနား ျဖစ္တာ ရွိတာေပါ့။ ေသနတ္ထြက္ ပစ္တာတို႔ အျဖစ္မ်ားတယ္။
ေမး - ၿမိဳ႕ခံေတြေကာ PDF ထဲပါလား။
ေျဖ - ပါတာေပါ့ အစ္ကို။ ၿမိဳ႕ခံမပါဘဲ ဘယ္လုပ္လို႔ ရမလဲ။ ၿမိဳ႕ခံ PDF ေတြ ပါတာေပါ့။
ေမး - ေဆး႐ုံမွာလည္း ျဖစ္ခဲ့တယ္ ၾကားတယ္။
ေျဖ - က်န္းမာေရးဝန္ထမ္းေတြ ျပန္လႊတ္ေပးတယ္။ ဒါေပမဲ့ ေဆးဝါးေတြ အကုန္ယူသြားတယ္။ ပတ္တီးတို႔ ဂြမ္းတို႔ စသည္ျဖင့္ အကုန္ယူတယ္။ ေသာက္ေဆး၊ လိမ္းေဆး၊ ေဆးထိုးအပ္ အကုန္ယူတာေပါ့။ အင္အား (၅၀ဝ)ေက်ာ္ကို ေနရာကုန္ခြဲလိုက္တာ။ ဒီတစ္ဖြဲ႕က မီးသတ္၊ ဒီတစ္ဖြဲ႕က ရဲစခန္း အကုန္လုံး ခြဲလိုက္ေတာ့ ျပန႔္သြားတယ္။ လာမယ့္လမ္းေၾကာင္းေတြ ျဖတ္ ေတာက္ဖို႔လည္း လုပ္တာေပါ့။
ေမး - ဒီမတိုင္ခင္က ေျမျပင္ အေျခအေနက ဘယ္ လိုရွိလဲ။
ေျဖ - ေျပာမယ္ဆိုရင္ ေတာင္ငူကေန ဆယ့္ငါးမိနစ္ သြားလို႔ ေရာက္မယ့္ ေနရာမွာ အဖြဲ႕လိုက္ႀကီး ရွိတာ။
ေမး - သူတို႔ခ်ည္း သီးသန႔္လား။
ေျဖ - KNU နဲ႔ ပူးေပါင္း အဖြဲ႕ေပါ့။ ပြင့္ပြင့္လင္းလင္း ေျပာျပမယ္။ အရပ္သားတစ္ေယာက္အေနနဲ႔ေပါ့။ ေရသန႔္ဘူးကို ပါကင္႐ိုက္ၿပီး ဆီပို႔တာလည္း ရွိတယ္။ ျဖတ္သာခ်လိုက္။ ပိတ္ဆို႔လိုက္။ အဲဒါဆို ရတယ္။
ေမး - PDF ေတြက ဝင္လာတဲ့ ပုံစံက ဘယ္လို ရွိလဲ။
ေျဖ - ေတာင္ငူၿမိဳ႕ထဲမွာလည္း စိမ့္ဝင္ေနတာ ရွိတာပဲ။ မိုင္းခြဲတာလည္း ရွိတယ္။
ေမး - အခု သူတို႔ တိုက္ပြဲေဖာ္ေနတဲ့ပုံစံက ပဲခူး တိုင္း အေရွ႕နဲ႔ အေနာက္ကို ညႇပ္ထားတဲ့ ပုံစံျဖစ္မလား။
ေျဖ - အေနာက္မွာ ပုံခံေနတာ။ ေရတာရွည္ အေရွ႕မွာလည္း PDF ေတြ ရွိေနတယ္။ ႀကိဳက္တဲ့သူ ေမးလိုက္။
ေမး - ေရတာရွည္ဘက္က်ေတာ့ေကာ ဘယ္ေတာ့ ေလာက္က စဝင္လာတာလဲ။
ေျဖ - ေရတာရွည္က ေအာင္ခ်မ္းသာေပါ့ေလ။ ေအာင္ခ်မ္းသာမွာ သူတို႔ က ရွိၿပီးသား။ တစ္ခါတေလ ေသနတ္လြယ္ၿပီး လက္ဖက္ရည္လာေသာက္ရင္ ေသာက္ေနတာ။
ေမး - ပဲခူးတိုင္း အေရွ႕နဲ႔ အေနာက္ဆို ဘယ္ဘက္ ျခမ္းက ပိုမ်ားမယ္ ထင္လဲ။
ေျဖ - အေရွ႕က ပိုမ်ားတာေပါ့ KNU နဲ႔ ထိစပ္ ေနတာကိုး။
ေမး - မ်ားလာဖို႔ သူတို႔ ဘယ္ေလာက္ အခ်ိန္ယူခဲ့လဲ။
ေျဖ - ႏိုင္ငံေရး အေျပာင္းအလဲ စတည္းက ကေလး ေတြကို စည္း႐ုံးသိမ္းသြင္းၿပီးေတာ့ အကုန္ ဆြဲထည့္ တာ။ ေ႐ြးေကာက္ပြဲ တတိယ အသုတ္က အုတ္တြင္း နဲ႔ ျဖဴးနဲ႔ ရွိတယ္။ စိုးရိမ္ရဆုံးက ျဖဴး၊ ကၫႊတ္ကြင္း။ ဒါေပမဲ့ ျဖဴးမျဖစ္ဘဲ ကၫႊတ္ကြင္းက စိုးရိမ္စရာ ျဖစ္ေနတယ္။ ေရတာရွည္ဘက္က ေႏွာင့္ယွက္တဲ့ အဖြဲ႕ေတြက အဲဒီဘက္ ျပန္ဆင္းတာေလ။
ေမး - တိတိက်က်ေလး ေျပာလို႔ ရမလား။
ေျဖ - ကၫႊတ္ကြင္းဆိုတာက ျဖဴး ေညာင္ပင္သာ။ ေတာက္ေလွ်ာက္ Drop bomb ခ်တဲ့ေနရာ။ ကြၽန္ေတာ္တို႔ အတြင္းစကား သိတာက လိပ္သိုက လည္းဆင္းလာတယ္။ ေရတာရွည္ကလည္း ဆင္း လာတယ္။ ေရနီကလည္း ဆင္းလာတယ္။ အေနာက္ ႐ိုးမကလည္း ဆင္းလာတယ္။ ေက်ာက္ႀကီးဘက္က အဖြဲ႕ အားလုံးေပါင္းၿပီးမွ လုပ္တာ။ ပလန္ႀကီးကေတာ့ ရွယ္ပလန္ႀကီး လုပ္ထားတာ။
ေမး - သူတို႔ အျမင့္ဆုံးရည္မွန္းခ်က္က ဘာလို႔ ထင္လဲ။
ေျဖ - အေႏွာင့္အယွက္ပဲလုပ္လို႔ရမွာ။ သူတို႔ ဘယ္လိုသိမ္းလို႔ရမွာလဲ။ ေတာင္ငူကေတာ့ Safe အျဖစ္ဆုံး။ ေတာင္ငူၿမိဳ႕ေတာ့ လုံးလို႔ မရဘူး။
ေမး - သူတို႔ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမ တခ်ိဳ႕ေတာ့ ရွိေနတယ္။ အဲဒီက အေျခအေနက ဘယ္လို ရွိေန သလဲ။
ေျဖ - အဲဒီဘက္ စိုးမိုးနယ္ေျမ က ျမစ္အေရွ႕ဘက္ကမ္း ႐ြာေတြကေနၿပီးေတာ့ ဆက္ေၾကးေကာက္တယ္ေလ။ ေက်ာင္းဆရာမေတြေတာင္ ဆက္ေၾကး ေကာက္တယ္ ေနာ္။ ေရတာရွည္ဘက္မွာ ဆက္ေၾကးေပးၿပီး သင္ေန ရတဲ့ ေက်ာင္းဆရာမေတြ ရွိတယ္။ ပညာေရးကို ဘာမွမလုပ္ဘူး ဒါေပမဲ့ တစ္လ ငါးေသာင္း ေပးရမယ္ ဆိုလို႔ ေပးၿပီး သင္ေနရတဲ့ ဆရာမေတြ ရွိတယ္။
ေမး - ဒါျဖင့္ ဆင္းရဲတဲ့သူေတြက အဆင္ေျပပါ့မလား။
ေျဖ - မေျပလည္း မရွိရွိတာ ေရာင္းခ်ေပးရတာပဲ။
ေမး - တစ္အိမ္ေထာင္ ဘယ္ေလာက္ႏႈန္းရွိလဲ။
ေျဖ - ခြဲတမ္းက ရွိၿပီးသား။ အဲဒါနဲ႔ ရပ္တည္ေနရတာ။
ေမး - ခုနက ေျပာခဲ့တဲ့ ဆီကို PDF ေတြဆီ ေရာက္ တဲ့ ပုံစံေလး ျပန္ေျပာျပေပးပါလား။
ေျဖ - ဓာတ္ဆီဆိုရင္ ဘယ္လိုလုပ္လဲဆိုေတာ့ ေရသန႔္ဘူးထဲ ထည့္တယ္။ ထည့္ၿပီးေတာ့ ႏႈတ္ခမ္းကို တိပ္အၾကည္နဲ႔ လုံးပိတ္လိုက္တယ္။ ဆာလာအိတ္ အႀကီးနဲ႔ ထည့္ၿပီးေတာ့ သယ္သြားတာ။ ေတာင္ငူမွာ ဆီျပတ္ေနတုန္းေတာင္ ငေပြးက ဆီမျပတ္ဘူးေနာ္။
ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။