ဒဂုံမြို့သစ်(မြောက်ပိုင်း) မန္တလေးလမ်းတွင် မီးလောင်မှုဖြစ်

297
ထိုက်စံ (NP News)-ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ မန္တလေးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဉီးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၂၂ ရက်)၊ မနက် (၁၀) နာရီခွဲ အချိန်ခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မန္တလေးလမ်းတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး နှင့် ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် သွားရာက်ငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
ထိုသို့မီးငြှိမ်းသတ်ရာ မနက်ပိုင်း(၁၁)အချိန် တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
Zawgyi Version: