ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူထားသူ စုစုပေါင်း (၄၀၄) ဦး ရှိ

 176

ထိုက်စံ(NP News) - ဇန်နဝါရီ ၂၂

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ဖြင့် အရေးယူထားသူ ပမာဏ မှာ စုစုပေါင်း (၄၀၄) အထိ ရှိကြောင်း ဇန်နဝါရီလ (၁၉) ရက်က ပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှ သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည့် နေ့ရက်များအလိုက် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ရာ မဲရုံများသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် များအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာ ရွေးကောက်ပွဲအပိုင်း (၁) တွင် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး ရွေး ကောက်ပွဲ အပိုင်း (၂) တွင် ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အကြမ်းဖက်သမားများက နှောင့်ယှက်ဟန့်တားဖျက်ဆီးသည့် အကြမ်းဖက်လုပ် ဆောင်ချက်များ ရှိခဲ့သော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ လွတ်လပ်သည့် သဘောဆန္ဒ အလျောက် တက်တက်ကြွကြွ စည်းကမ်းရှိစွာ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာထားသည့် စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၃၃၁ မှု တွင် တရားခံအမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၄၀၄ ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

Zawgyi version:

ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ ျဖင့္ အေရးယူထားသူ ပမာဏ မွာ စုစုေပါင္း (၄၀၄) အထိ ရွိေၾကာင္း ဇန္နဝါရီလ (၁၉) ရက္က ျပဳလုပ္ေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီ သတၱမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး မွ သိရသည္။

ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း (၁) ႏွင့္ အပိုင္း (၂) တို႔ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က သတ္မွတ္ေၾကညာထားသည့္ ေန႔ရက္မ်ားအလိုက္ ေအာင္ျမင္စြာ က်င္းပေပးႏိုင္ခဲ့ေၾကာင္း၊ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပခဲ့ရာ မဲ႐ုံမ်ားသို႔ ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ မ်ားအနက္ ဆႏၵမဲလာေရာက္ေပးခဲ့မႈမွာ ေ႐ြးေကာက္ပြဲအပိုင္း (၁) တြင္ ၅၂ ဒသမ ၁၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ေ႐ြး ေကာက္ပြဲ အပိုင္း (၂) တြင္ ၅၅ ဒသမ ၉၅ ရာခိုင္ႏႈန္းအထိရွိခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို အၾကမ္းဖက္သမားမ်ားက ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးသည့္ အၾကမ္းဖက္လုပ္ ေဆာင္ခ်က္မ်ား ရွိခဲ့ေသာ္လည္း မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ မိမိတို႔၏ လြတ္လပ္သည့္ သေဘာဆႏၵ အေလ်ာက္ တက္တက္ႂကြႂကြ စည္းကမ္းရွိစြာ ဆႏၵမဲမ်ားေပးခဲ့ၾကသည္ကို ေတြ႕ရွိရေၾကာင္း ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာ ႀကီးၾကပ္မႈ ဗဟိုေကာ္မတီဥကၠ႒ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ က အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားသည္။

ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ အပိုင္း (၃) တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ စုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္းလုပ္ငန္းမ်ားကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္မွ သတ္မွတ္ေၾကညာထားသည့္ စည္းကမ္းခ်က္မ်ားအတိုင္း တိက်စြာလိုက္နာေဆာင္႐ြက္ေစေရး တိုင္းေဒသႀကီး/ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈေကာ္မတီအဆင့္ဆင့္မွ သက္ဆိုင္ရာဌာနအဖြဲ႕အစည္းမ်ားႏွင့္ ေပါင္းစပ္၍ ၾကပ္မတ္ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။

ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ား ပ်က္ျပားေစရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္အေရးယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီ ၁၉ ရက္အထိ ျပည္ေထာင္စုနယ္ေျမႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီး၌ “ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ” အရ အေရးယူေဆာင္႐ြက္မႈ ၃၃၁ မႈ တြင္ တရားခံအမ်ိဳးသား ၃၂၄ ဦး၊ အမ်ိဳးသမီး ၈၀ စုစုေပါင္း ၄၀၄ ဦးရွိခဲ့ၿပီး ဆက္လက္၍လည္း ေ႐ြးေကာက္ပြဲလုံၿခဳံေရးအား ထိခိုက္ေစႏိုင္ေသာ လႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ား က်ဴးလြန္ေနသူမ်ားအား စုံစမ္းေဖာ္ထုတ္အေရးယူျခင္းမ်ား စဥ္ဆက္မျပတ္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာၾကားသည္။

Related news

© 2021. All rights reserved.