ICJ တွင် ဂမ်ဘီယာဘက်က ကိုးကားသောသော သက်သေများသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ခိုင်လုံသော သက်သေများ ဖြစ်ရန် အလှမ်းဝေးဟု မြန်မာဘက်ရှေ့နေ တုံ့ပြန်

288

Pearl (NP News) - ဇန်နဝါရီ ၂၂
ဂမ်ဘီယာက ကိုးကားထားသော သက်သေများသည် "လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာများ ကျူးလွန်ကြောင်း ခိုင်လုံသော သက်သေများ"ဖြစ်ရန် အလှမ်းဝေးကြောင်း အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်သေအထောက် အထားများ ဖျက်ဆီးမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron က ချေပ လျှောက်လဲချက်တွင် ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron က ဂမ်ဘီယာသည် မြန်မာနိုင်ငံအား ယေဘုယျအားဖြင့် "ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများ/ရက်စက်ကြမ်းကြုတ်မှုများ"ကို အပြစ်ပေးရန် ပျက်ကွက်သည်ဟူ၍လည်းကောင်း၊ သို့မဟုတ် အထူးသဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများအတွင်း ကျူးလွန်ခဲ့သော "စစ်ရာဇဝတ်မှုများ"ကို အပြစ်ပေးရန်ပျက်ကွက်သည်ဟူ၍ လည်းကောင်း စွပ်စွဲလေ့ရှိကြောင်း တင်ပြပြောကြားသည်။
သို့သော် သဘောတူစာချုပ်အရ အပြစ်ပေးရန်တာဝန်သည် သဘောတူစာချုပ် အပိုဒ် ၃ တွင် ဖော်ပြထားသော လုပ်ရပ်များနှင့်သာ သက်ဆိုင်သည်ဆိုသည်မှာ ရှင်းလင်းကြောင်း၊ အချို့သောပြစ်မှုများသည် အပြစ်ပေးခြင်း မခံရဘဲကျန်ရစ်ခြင်း သို့မဟုတ် ဖုံးကွယ်ခံရခြင်းသည် ယင်းတို့မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သည်ဟု မဆိုလိုကြောင်းလည်း ပြောကြားထားသည်။
ဂမ်ဘီယာသည် ၎င်း၏သက်သေပြရန်တာဝန်ကို မြန်မာနိုင်ငံအပေါ် လွှဲပြောင်းခြင်းဖြင့် မိမိကိုယ်ကို ကင်းလွတ် ရန် မလုပ်နိုင်ကြောင်း ၊ ထို့ကြောင့် ဂမ်ဘီယာသည် သက်ဆိုင်ရာ သက်သေအထောက်အထားစံနှုန်းများနှင့် ကိုက်ညီရန်ပျက်ကွက်ခဲ့ကြောင်း၊ ဂမ်ဘီယာက ကိုးကားထားသော သက်သေအထောက်အထားများသည် "လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာလုပ်ရပ်များ ကျူးလွန်ကြောင်း ခိုင်လုံသောသက်သေများ"ဖြစ်ရန် အလှမ်းဝေးလှကြောင်း ပြန်လည် ချေပထားသည်။
ဤအမှုတွင် တရားစွဲဆိုမှုမရှိခြင်းသည် တရားစွဲဆိုရန်တာဝန်ကို သိသိသာသာ ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ဂမ်ဘီယာကသက်သေပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရားစွဲဆိုသင့်သည့် လူပုဂ္ဂိုလ်များမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု "သံသယရှိရန် ခိုင်လုံသော အကြောင်းပြချက်များ" ရှိကြောင်း ပြသရန်ဆိုလိုကြောင်း၊ ထိုကဲ့သို့သော သက်သေ အထောက်အထားများမရှိခြင်းနှင့် အပြစ်ပေးရန်တာဝန်သည် လုံ့လစိုက်ထုတ်ရမည့်တာဝန်ဖြစ်သည်ကို ထောက်ရှုပါက ဂမ်ဘီယာအနေဖြင့် တရားစွဲဆိုရန် သို့မဟုတ် ပြစ်ဒဏ်ချမှတ်ရန် ပျက်ကွက်ခြင်းသည် အလိုအလျောက် အပြစ်ပေးရန်တာဝန်ကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု မဆိုနိုင်ကြောင်းတင်ပြထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးများအတွင်း ကျူးလွန်ခဲ့သော လုပ်ရပ်များအတွက် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ကို တရားစွဲဆိုခဲ့ပြီး အချို့မှာ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း၊ ထို့ပြင် ဂမ်ဘီယာသည် ဤအရေးယူမှုများကို အရေးမပါ သကဲ့သို့ ပြောဆိုနေသော်လည်း ယင်းတို့ကို အသိအမှတ်ပြုထားကြောင်းလည်း ပြောကြားထားသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရန် ငြင်းဆိုရခြင်းမှာ ယင်းအဖွဲ့၏ ဘက်မလိုက်မှုအပေါ် သံသယရှိခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း၊ အချက်အလက်ရှာဖွေရေးအဖွဲ့ နောက်ပိုင်းထူထောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ယန္တရားမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့အစည်းများ၏ အစီရင်ခံစာများအပေါ် များစွာမှီခိုနေရသော ဂမ်ဘီယာအနေဖြင့် ယင်းအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ အခြေခံထားသည့် စုံစမ်းစစ်ဆေးရေး နည်းလမ်းများအပေါ် မြန်မာနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို အလေးမထားခြင်းမှာ အံ့ဩဖွယ်မရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့နှင့် ယင်းတို့၏ ကောက်ချက်များကို စိန်ခေါ်ပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် သီးခြားရည်ရွယ်ချက် သို့မဟုတ် အပြစ်ပေးရန်တာဝန်ကို ဖောက်ဖျက်ခြင်း၏ "သက်သေ" မဟုတ်သည်ကို အလေးအနက်ပြောကြားလိုပါကြောင်း တင်ပြခဲ့ကြောင်း သိရသည်။

Zawgyi Version:
ICJ တြင္ ဂမ္ဘီယာဘက္က ကိုးကားေသာေသာ သက္ေသမ်ားသည္ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ က်ဴးလြန္ေၾကာင္း ခိုင္လုံေသာ သက္ေသမ်ား ျဖစ္ရန္ အလွမ္းေဝးဟု ျမန္မာဘက္ေရွ႕ေန တုံ႔ျပန္
Pearl (NP News) - ဇန္နဝါရီ ၂၂
ဂမ္ဘီယာက ကိုးကားထားေသာ သက္ေသမ်ားသည္ "လူမ်ိဳးသုဥ္းသတ္ျဖတ္မႈဆိုင္ရာမ်ား က်ဴးလြန္ေၾကာင္း ခိုင္လုံေသာ သက္ေသမ်ား"ျဖစ္ရန္ အလွမ္းေဝးေၾကာင္း အျပစ္ေပးရန္ ပ်က္ကြက္မႈႏွင့္ သက္ေသအေထာက္ အထားမ်ား ဖ်က္ဆီးမႈဆိုင္ရာ စြပ္စြဲခ်က္မ်ားႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ၏ ေရွ႕ေန Ms. Alina Miron က ေခ်ပ ေလွ်ာက္လဲခ်က္တြင္ ထည့္သြင္းေျပာၾကားသည္။
ျမန္မာႏိုင္ငံ၏ ေရွ႕ေန Ms. Alina Miron က ဂမ္ဘီယာသည္ ျမန္မာႏိုင္ငံအား ေယဘုယ်အားျဖင့္ "႐ိုဟင္ဂ်ာမ်ားအေပၚ က်ဴးလြန္ခဲ့ေသာ ျပစ္မႈမ်ား/ရက္စက္ၾကမ္းၾကဳတ္မႈမ်ား"ကို အျပစ္ေပးရန္ ပ်က္ကြက္သည္ဟူ၍လည္းေကာင္း၊ သို႔မဟုတ္ အထူးသျဖင့္ ၂၀၁၆-၂၀၁၇ ခုႏွစ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး စစ္ဆင္ေရးမ်ားအတြင္း က်ဴးလြန္ခဲ့ေသာ "စစ္ရာဇဝတ္မႈမ်ား"ကို အျပစ္ေပးရန္ပ်က္ကြက္သည္ဟူ၍ လည္းေကာင္း စြပ္စြဲေလ့ရွိေၾကာင္း တင္ျပေျပာၾကားသည္။
သို႔ေသာ္ သေဘာတူစာခ်ဳပ္အရ အျပစ္ေပးရန္တာဝန္သည္ သေဘာတူစာခ်ဳပ္ အပိုဒ္ ၃ တြင္ ေဖာ္ျပထားေသာ လုပ္ရပ္မ်ားႏွင့္သာ သက္ဆိုင္သည္ဆိုသည္မွာ ရွင္းလင္းေၾကာင္း၊ အခ်ိဳ႕ေသာျပစ္မႈမ်ားသည္ အျပစ္ေပးျခင္း မခံရဘဲက်န္ရစ္ျခင္း သို႔မဟုတ္ ဖုံးကြယ္ခံရျခင္းသည္ ယင္းတို႔မွာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ ေျမာက္သည္ဟု မဆိုလိုေၾကာင္းလည္း ေျပာၾကားထားသည္။
ဂမ္ဘီယာသည္ ၎၏သက္ေသျပရန္တာဝန္ကို ျမန္မာႏိုင္ငံအေပၚ လႊဲေျပာင္းျခင္းျဖင့္ မိမိကိုယ္ကို ကင္းလြတ္ ရန္ မလုပ္ႏိုင္ေၾကာင္း ၊ ထို႔ေၾကာင့္ ဂမ္ဘီယာသည္ သက္ဆိုင္ရာ သက္ေသအေထာက္အထားစံႏႈန္းမ်ားႏွင့္ ကိုက္ညီရန္ပ်က္ကြက္ခဲ့ေၾကာင္း၊ ဂမ္ဘီယာက ကိုးကားထားေသာ သက္ေသအေထာက္အထားမ်ားသည္ "လူမ်ိဳးသုဥ္းသတ္ျဖတ္မႈဆိုင္ရာလုပ္ရပ္မ်ား က်ဴးလြန္ေၾကာင္း ခိုင္လုံေသာသက္ေသမ်ား"ျဖစ္ရန္ အလွမ္းေဝးလွေၾကာင္း ျပန္လည္ ေခ်ပထားသည္။
ဤအမႈတြင္ တရားစြဲဆိုမႈမရွိျခင္းသည္ တရားစြဲဆိုရန္တာဝန္ကို သိသိသာသာ ေဖာက္ဖ်က္ျခင္းျဖစ္သည္ဟု ဂမ္ဘီယာကသက္ေသျပရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံက တရားစြဲဆိုသင့္သည့္ လူပုဂၢိဳလ္မ်ားမွာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ က်ဴးလြန္ခဲ့သည္ဟု "သံသယရွိရန္ ခိုင္လုံေသာ အေၾကာင္းျပခ်က္မ်ား" ရွိေၾကာင္း ျပသရန္ဆိုလိုေၾကာင္း၊ ထိုကဲ့သို႔ေသာ သက္ေသ အေထာက္အထားမ်ားမရွိျခင္းႏွင့္ အျပစ္ေပးရန္တာဝန္သည္ လုံ႔လစိုက္ထုတ္ရမည့္တာဝန္ျဖစ္သည္ကို ေထာက္ရႈပါက ဂမ္ဘီယာအေနျဖင့္ တရားစြဲဆိုရန္ သို႔မဟုတ္ ျပစ္ဒဏ္ခ်မွတ္ရန္ ပ်က္ကြက္ျခင္းသည္ အလိုအေလ်ာက္ အျပစ္ေပးရန္တာဝန္ကို ေဖာက္ဖ်က္ျခင္းျဖစ္သည္ဟု မဆိုႏိုင္ေၾကာင္းတင္ျပထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးစစ္ဆင္ေရးမ်ားအတြင္း က်ဴးလြန္ခဲ့ေသာ လုပ္ရပ္မ်ားအတြက္ ၎၏လက္နက္ကိုင္တပ္ဖြဲ႕ဝင္အခ်ိဳ႕ကို တရားစြဲဆိုခဲ့ၿပီး အခ်ိဳ႕မွာ ေထာင္ဒဏ္မ်ား ခ်မွတ္ခံခဲ့ရေၾကာင္း၊ ထို႔ျပင္ ဂမ္ဘီယာသည္ ဤအေရးယူမႈမ်ားကို အေရးမပါ သကဲ့သို႔ ေျပာဆိုေနေသာ္လည္း ယင္းတို႔ကို အသိအမွတ္ျပဳထားေၾကာင္းလည္း ေျပာၾကားထားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ အခ်က္အလက္ရွာေဖြေရးအဖြဲ႕၏ လုပ္ပိုင္ခြင့္ကို အသိအမွတ္ျပဳရန္ ျငင္းဆိုရျခင္းမွာ ယင္းအဖြဲ႕၏ ဘက္မလိုက္မႈအေပၚ သံသယရွိျခင္းေၾကာင့္ျဖစ္သည္ဟု ရွင္းျပခဲ့ေၾကာင္း၊ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ ေနာက္ပိုင္းထူေထာင္ခဲ့ေသာ စုံစမ္းစစ္ေဆးေရး ယႏၲရားမွာလည္း ထိုနည္းအတိုင္းပင္ ျဖစ္ေၾကာင္း၊ အဆိုပါအဖြဲ႕အစည္းမ်ား၏ အစီရင္ခံစာမ်ားအေပၚ မ်ားစြာမွီခိုေနရေသာ ဂမ္ဘီယာအေနျဖင့္ ယင္းအဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္မ်ား အေျခခံထားသည့္ စုံစမ္းစစ္ေဆးေရး နည္းလမ္းမ်ားအေပၚ ျမန္မာႏိုင္ငံ၏ စိုးရိမ္ပူပန္မႈမ်ားကို အေလးမထားျခင္းမွာ အံ့ဩဖြယ္မရွိေၾကာင္း၊ သို႔ေသာ္ ျမန္မာႏိုင္ငံအေနျဖင့္ ယင္းတို႔ႏွင့္ ယင္းတို႔၏ ေကာက္ခ်က္မ်ားကို စိန္ေခၚပိုင္ခြင့္ရွိေၾကာင္း၊ ထိုသို႔ လုပ္ေဆာင္ျခင္းသည္ သီးျခားရည္႐ြယ္ခ်က္ သို႔မဟုတ္ အျပစ္ေပးရန္တာဝန္ကို ေဖာက္ဖ်က္ျခင္း၏ "သက္ေသ" မဟုတ္သည္ကို အေလးအနက္ေျပာၾကားလိုပါေၾကာင္း တင္ျပခဲ့ေၾကာင္း သိရသည္။