ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်ရဲ့ကျူးကျော်တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဂရင်းလန်းဝန်ကြီးချုပ်တိုက်တွန်း

370

Pika(NP News)ဇန်နဝါရီ ၂၂
အမေရိကန်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျူးကျော်တိုက်ခိုက်မှုတွေအတွက် ဂရင်းလန်းကျွန်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့ ဂရင်းလန်းကျွန်းဝန်ကြီးချုပ် ဂျန်ဖရက်ဒရစ်နီလ်ဆန်က ပြောကြားခဲ့ပါတယ်။ဂရင်းလန်းကျွန်းကို သိမ်းယူလိုနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျန်ဖရက်ဒရစ်နီလ်ဆန်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါ့ပြင် ဂရင်းလန်းကျွန်းသားတွေအတွက် အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို တုံ့ပြန်ဖို့ အထူးတပ်ဖွဲ့တစ်ခုကို ဖန်တီးဖို့ စီစဉ်ထားတယ်လို့လည်း ဂျန်ဖရက်ဒရစ်နီလ်ဆန်က ပြောကြားခဲ့ပါတယ်။ ဂျန်ဖရက်ဒရစ်နီလ်ဆန်က”စစ်ဘက်ဆိုင်ရာပဋိပက္ခတစ်ခုဖြစ်လာနိုင်မယ့်ပုံမပေါ်ပေမယ့်လည်း အဲ့ဒါကဖြစ်မလာနိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ ဂရင်းလန်းကျွန်းကို သိမ်းယူတာက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်က ဂရင်းလန်းကျွန်းကို မသိမ်းယူဘူးဆိုရင် ရုရှားနဲ့တရုတ်တို့က သိမ်းယူသွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ျဖစ္ႏိုင္ေျခရွိတဲ့ အေမရိကန္ရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ ဂရင္းလန္းဝန္ႀကီးခ်ဳပ္တိုက္တြန္း
Pika(NP News)ဇန္နတြရီ ၂၂
အေမရိကန္ရဲ႕ ျဖစ္ႏိုင္ေျခရွိတဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈေတြအတြက္ ဂရင္းလန္းကြၽန္းက ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားဖို႔ လိုအပ္တယ္လို႔ ဂရင္းလန္းကြၽန္းဝန္ႀကီးခ်ဳပ္ ဂ်န္ဖရက္ဒရစ္နီလ္ဆန္က ေျပာၾကားခဲ့ပါတယ္။ဂရင္းလန္းကြၽန္းကို သိမ္းယူလိုေနတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ဂ်န္ဖရက္ဒရစ္နီလ္ဆန္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ဒါ့ျပင္ ဂရင္းလန္းကြၽန္းသားေတြအတြက္ အေႏွာင့္အယွက္ျဖစ္ေစမယ့္ အရာေတြကို တုံ႔ျပန္ဖို႔ အထူးတပ္ဖြဲ႕တစ္ခုကို ဖန္တီးဖို႔ စီစဥ္ထားတယ္လို႔လည္း ဂ်န္ဖရက္ဒရစ္နီလ္ဆန္က ေျပာၾကားခဲ့ပါတယ္။ ဂ်န္ဖရက္ဒရစ္နီလ္ဆန္က”စစ္ဘက္ဆိုင္ရာပဋိပကၡတစ္ခုျဖစ္လာႏိုင္မယ့္ပုံမေပၚေပမယ့္လည္း အဲ့ဒါကျဖစ္မလာႏိုင္ဘူးလို႔ေတာ့ ေျပာလို႔မရပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ ဂရင္းလန္းကြၽန္းကို သိမ္းယူတာက အေမရိကန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအတြက္ လိုအပ္တဲ့အရာတစ္ခုျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္က ဂရင္းလန္းကြၽန္းကို မသိမ္းယူဘူးဆိုရင္ ႐ုရွားနဲ႔တ႐ုတ္တို႔က သိမ္းယူသြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။