မက္ကဆီကိုနိုင်ငံသမိုင်းမှာ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာခဲ့တဲ့ ကလော်ဒီယာရှိန်ဘွမ်းက ဘယ်လိုလူမျိုးလဲ (အထုပ္ပတ္တိ ဆောင်းပါး)

 188

ဂျန်ဇက်
အမေရိကန်နဲ့မက္ကဆီကိုနိုင်ငံကြား တင်းမာမှုအရှိန်ဟာ တဖြည်းဖြည်းမြင့်တက်လျက်ရှိနေတယ်လို့ သိရပါ တယ်။ အမေရိကန်အထူးတပ်ဖွဲ့တွေက ဇန်နဝါရီလအစောပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံသမ္မတ မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းဆီးလိုက်ပြီးနောက် မကြာမီမှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံက စစ်ရေးနည်း လမ်းအသုံး ပြုဖွယ်ရှိနေတဲ့နိုင်ငံတွေထဲမှာ မက္ကဆီကိုနိုင်ငံပါဝင်နေတယ်လို့ပြောဆိုခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်လာခဲ့ပါ တယ်။ အမေရိကန်သမ္မတက မက္ကဆီကိုနိုင်ငံအတွင်းရှိ မူးယစ်ရာဇာတွေကိုဖမ်းဆီးနိုင်အောင် စစ်ရေးနည်းလမ်း အသုံးပြု မယ်လို့ပြောဆိုခဲ့ရာ လက်ရှိအချိန်မှာ နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ ပိုမိုဖြစ်လျက်ရှိနေပါတယ်။ မက္ကဆီကိုသမ္မတက ဇန်နဝါရီလ (၁၁)ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီး အဲဒီဆွေးနွေးမှုအတွင်း မက္ကဆီကို နိုင်ငံအတွင်းရှိ မူးယစ်ရာဇာတွေကိုဖြိုခွင်းဖို့ အမေရိကန်နိုင်ငံအနေနဲ့ စစ်ရေးနည်းလမ်းသုံး ကြားဝင်စွက်ဖက်ဖို့ မလို အပ်တဲ့အချက်ကို ပြောဆိုခဲ့တယ်လို့သိရပါတယ်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘွမ်းက ‘အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားမှာ သူတို့လုပ်ခဲ့ တာတွေနဲ့ပတ်သက်ပြီး ကျွန်မရဲ့အမြင်ကို မေးမြန်းခဲ့ပြီး ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အရမ်းရှင်းလင်းတယ်၊ ဝင်ရောက်စွက်ဖက်မှုတွေကို ကျွန်မတို့ သဘောမတူဘူး၊ အဲဒါပဲလို့ သူ့ကို ရှင်းရှင်း လင်းလင်းပြောပြခဲ့ပါတယ်။ ဒါ့ပြင် မူးယစ်ရာဇာတွေကို ဖြိုခွင်းဖို့ စစ်ရေးနည်းလမ်းအသုံးပြုဖို့မလိုတဲ့အချက်ကိုလည်း ထပ်မံပြောဆိုခဲ့တယ်’ လို့ပြောပါ တယ်။ ကလော်ဒီယာရှိန်းဘွမ်းဟာ မက္ကဆီကိုနိုင်ငံရေးသမား တစ်ဦးဖြစ်သလို စွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင် ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်ကာ (၂၀၂၄)ခုနှစ်မှာ သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခံရသူဖြစ်ပါတယ်။
၎င်းဟာ မက္ကဆီကိုနိုင်ငံရဲ့သမ္မတ သမိုင်းတစ်လျှောက် အမျိုးသမီးသမ္မတအဖြစ် ပထမဆုံးခန့်အပ်ခံ ရသလို မက္ကဆီနိုင်ငံရှိ ဂျူးလူမျိုးတွေထဲမှာ သမ္မတ အဖြစ် ပထမဆုံးတာဝန်ယူခွင့်ရတဲ့ ပထမဆုံး ဂျူးလူ မျိုးလည်းဖြစ်ပါတယ်။ ရှိန်းဘွမ်းဟာ ဩဇာကြီးမားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး (၂၀၂၅)ခုနှစ်အတွက် ကမ္ဘာ့ဩဇာအကြီးမား ဆုံးအမျိုး သမီးတွေ ထဲ အဆင့် (၅)နေရာမှာရပ်တည်နေသူဖြစ်ပြီး အမျိုးသားပြန်လည် ထူထောင်ရေးလှုပ်ရှားမှုထဲမှာ ဦးဆောင်ပါဝင်ခဲ့သူ လည်းဖြစ်ပါတယ်။ ၎င်းဟာ မက္ကဆီကိုမြို့တော်ရဲ့ အုပ်ချုပ်ရေးအကြီးအကဲအဖြစ် (၂၀၁၈)ခုနှစ်ကနေ (၂၀၂၃)ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်ပြီး သဘာဝပတ် ဝန်းကျင်၊ စွမ်းအင်နဲ့ ရေရှည်တည်တံတဲ့ ဖွံ့ဖြိုးမှုဆိုင် ရာစာအုပ်တွေထဲမှာ နှစ်အုပ်နဲ့ ဆောင်းပါးပေါင်း (၁၀ဝ)ကျော်ကို ပူးတွဲရေးသားခဲ့ဖူးသူလည်းဖြစ်ပါ တယ်။ ကလော်ဒီယာရှိန်းဘွမ်းကို (၁၉၆၂)ခုနှစ်က မက္ကဆီကိုမြို့တော်မှာမွေးဖွားခဲ့ပြီး ၎င်းရဲ့ဖခင်ဖြစ်သူဟာ ဓာတုဗေဒကျွမ်းကျင်သူဖြစ်ကာ မိခင်ဖြစ်သူကတော့ ဇီဝဗေဒ ကျွမ်းကျင်သူဖြစ်ပါတယ်။ ကလော်ဒီ ယာရှိန်းဘွမ်းဟာ ဂျူးလူမျိုးဖြစ်ပြီး ဖခင်ဖြစ်သူ (၁၉၂၈)ခုနှစ်မှာ မက္ကဆီကို နိုင်ငံကို ထွက်ပြေးလာတဲ့ ဂျူးလူမျိုးတွေလည်းဖြစ်ပါတယ်။ ၎င်းမှာ မွေးချင်း မောင်နှမ(၃)ဦးရှိပြီး မောင်ဖြစ်သူဟာ ရူပဗေဒပညာ ရှင်တစ်ဦးဖြစ်ပြီး ညီမဖြစ်သူက အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ကျောင်းဆရာမတစ်ဦးဖြစ်ပေမယ့် ခင်ပွန်း ဖြစ်သူကတော့ နိုဘယ်ဆုရ စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂါစီယာမာကွက်ဇ်ဖြစ်ပါတယ်။ ကလော်ဒီယာရှိန်ဘွမ်းဟာ ငယ်စဉ်ကလေး ဘဝက မက္ကဆီကိုမြို့တော်က ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပြီး (၁၉၈၉)ခုနှစ်မှာ မက္ကဆီကိုအမျိုးသား တက္ကသိုလ်က နေ ရူပဗေဒဘာ သာရပ်နဲ့ဘွဲ့ရရှိခဲ့ပြီး (၁၉၉၄)ခုနှစ်မှာ ရူပဗေဒဘာ သာရပ်နဲ့ မဟာဘွဲ့ထပ်မံရရှိခဲ့ကာ (၁၉၉၅)ခုနှစ်မှာ စွမ်းအင် အင်ဂျင်နီယာဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။ ၎င်းဟာ ဒေါက်တာဘွဲ့အတွက် ကျမ်းပြုရာမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ လောရမ့်ဘာကလေ အမျိုးသားဓာတ်ခွဲခန်းမှာ နေထိုင်အလုပ်လုပ်ကာ (၁၉၉၁)ခုနှစ်ကနေ (၁၉၉၄)ခုနှစ် ကျမ်းပြုခဲ့ရပါတယ်။ ရှိန်းဘွမ်းဟာ ဓာတ်ခွဲခန်းမှာ သုတေသန လုပ်ငန်းတွေ လုပ်ကိုင် ခဲ့သလို မက္ကဆီကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် စွမ်းအင်အသုံး ပြုမှုပိုင်းနဲ့ အဆောက်အအုံများမှာ စွမ်းအင် အသုံး ပြုမှုပိုင်းကို လေ့လာသုတေသနပြုလုပ်ခဲ့ပါတယ်။ ၎င်းဟာ (၁၉၉၅)ခုနှစ်မှာ မက္ကဆီကိုအမျိုးသားတက္က သိုလ်ရဲ့ စွမ်းအင်အင်စတီကျုမှာ ပါဝင်လုပ်ကိုင်ခဲ့ဖူပြီး မက္ကဆီကိုအမျိုးသားတက္ကသိုလ်ရဲ့ အကောင်းဆုံး လူငယ်သုတေသီတစ်ဦး အဖြစ် ဆုချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။
ရှိန်းဘွမ်းဟာ တက္ကသိုလ်ကျောင်းသူဘဝမှာ တည်းက (PRD) ပါတီကို စတင်ပူးပေါင်းပါဝင်ခဲ့ပြီး မက္ကဆီကို သမ္မတ အိုဘရာဒေါ်လက်ထက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွင်းဝန်အဖြစ် (၂၀ဝဝ)ပြည့်နှစ်ကနေ (၂၀ဝ၆)ခုနှစ် အထိတာဝန်ယူခဲ့ပါတယ်။ ၎င်းဟာ (၂၀၁၄)ခုနှစ်မှာ လိုပက်ဇ်အိုဘာရာဒို ခွဲထွက်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့ (၂၀၁၄)ခုနှစ်မှာ ဒီမိုကရက်တစ်တော်လှန်ရေးပါတီ (PRD) ကနေနုတ်ထွက်ခဲ့ပြီး (၂၀၁၅)ခုနှစ်မှာ Tlalpan မြို့ တော်ဝန် အဖြစ်ရွေးချယ်ခန့်ခဲ့ရပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ (၆၆)ဦးမြောက်သမ္မတအဖြစ် တာဝန်ယူလျက်ရှိ နေတဲ့ရှိန်းဘွမ်းဟာ (၂၀၁၈)ခုနှစ်မှာ မက္ကဆီကိုမြို့ တော်အုပ်ချုပ်ရေးအကြီးအကဲဖြစ်လာခဲ့ပြီး မြို့လုံခြုံရေး၊ အများပြည်သူသယ်ယူပို့ ဆောင်ရေးကောင်းမွန်ဖို့နဲ့ လူမူရေးပရိုဂမ်တွေကို အဓိကထားဆောင်ရွက်ခဲ့ရာ ပြည်သူတွေရဲ့အားပေးထောက်ခံမှုကို အပြည့်အဝရရှိခဲ့သူဖြစ်ပါတယ်။ အသက် (၆၀)အရွယ်ရှိ ရှိန်းဘွမ်းဟာ (၂၀၂၄)ခုနှစ်မှာ မက္ကဆီကိုသမ္မတ ရွေးကောက် ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်တဲ့ ဂယ်လ်ဗက်ကို အပြတ်အသတ်အနိုင်ရခဲ့ကာ သမ္မတအဖြစ်ရွေး ကောက်ခံခဲ့ရသူဖြစ်ပါတယ်။ သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရှိန်ဘွမ်းဟာ မက္ကဆီကိုနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ပိုမိုလုပ်ဆောင်ခဲ့ပြီး လူမူရေးပရိုဂမ်တွေနဲ့ စွမ်းအင်ဆိုင် ရာလိုအပ်ချက်ကို ပြုပြင် ပြောင်းလဲ နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သတ်မှတ်ပြဋ္ဌာန်းတာမျိုးတွေလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပြင် ငွေကြေးဖောင်းပွမှု နှုန်း မြင့်တက်ခြင်းကိုထိန်းနိုင်အောင် အနည်းဆုံးလုပ်ခ လစာကို တိုးမြှင့်သတ်မှတ်တာမျိုးတွေလည်းလုပ် ဆောင်ခဲ့ပါ တယ်။ ၎င်းဟာ သိပ္ပံပညာရပ်နဲ့ ဘွဲ့ရခဲ့သူ ဖြစ်တဲ့အတွက် စိတ်နေသဘောထားနဲ့ စွမ်းဆောင် ရည်ပိုင်းဟာ တခြားသူတွေ နဲ့မတူညီဘဲ အချက်အလက်ပိုင်းကို ဦးစားပေးသူဖြစ်တယ်လို့ဆိုကြပါတယ်။ ၎င်းဟာ အင်ဂျင်နီယာဘာသာရပ်နဲ့ သုတေ သနပညာရှင် နောက်ခံရှိသူဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်ချရာမှာ စိတ်ခံစားချက်ထက် အချက်လက်ဒေတာ၊ အထောက် အထားကို အရေးပေးတတ်သူဖြစ်ပါတယ်။
ရှိန်းဘွမ်းဟာ နိုင်ငံတော်အဆင့် မိန့်ခွန်းပြောဆို ရာမှာ စကားလုံးအလှပြင်မှုနည်းပါးပြီး စီမံကိန်း၊ ရည် ရွယ်ချက် တွေကို တိတိကျကျပြောတတ်ဖြစ်သလို တည်ငြိမ်မှုရှိသလို စိတ်ရှည်သည်းခံနိုင်စွမ်းရှိသူဖြစ် တယ်လို့ဆိုကြပါတယ်။ ရှိန်းဘွမ်းဟာ အကြမ်းဖက် စကား၊ အပြင်းအထန်တိုက်ခိုက်မှုတွေကို မရွေးချယ် သလို ညှိနှိုင်းမှုနဲ့ စနစ်တကျဖြေရှင်းမှုကို ပိုမိုနှစ်သက် သူဖြစ်တယ်လို့သိရပါတယ်။
ရှိန်းဘွမ်းဟာ မက္ကဆီကိုနိုင်ငံသမိုင်းတစ် လျှောက်မှာ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်တာ ဝန်ယူခွင့်ရပေမယ့် လုပ်ငန်းတွေလုပ်ရာမှာ လျော့ရိ လျော့ရဲပုံစံမျိုးမဟုတ်ဘဲ စည်းကမ်းကြီးပြီး တာဝန်ယူ တတ်သူတစ်ဦးဖြစ်ကာ အချိန် တိကျမှု၊ ဦးစားပေးသလို စည်းမျဉ်းလိုက်နာမှုကို အလွန်အရေးပေးသူ လည်းဖြစ်ပါတယ်။ ရှိန်းဘွမ်းဟာ အမျိုးသမီး တစ်ဦးဖြစ်တဲ့အတွက် သမ္မတအဖြစ်တာဝန်ယူချိန်မှာ လူမှုရေးနားလည်မှုရှိပြီး အမျိုးသမီးအခွင့်အရေးအာရုံစိုက် လုပ်ဆောင်တတ်သူဖြစ်သလို လက်တွေ့မူဝါဒနဲ့ အမျိုးသမီးဘဝတိုးတက်ရေးကို ထောက်ပံ့တတ်သူ လည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးစွမ်းရည်ပိုင်းကောင်း မွန်သူတစ်ဦးဖြစ်သလို အချိန်တိကျပြီး အလွန်စည်း ကမ်းကြီးလွန်းသူဖြစ်ကာ နိုင်ငံနဲ့ ပတ်သက်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ဆောင်ရာမှာလည်း “နိုင်ငံတော်အကျိုးကိုမပျက်စီးစေဘဲ” လက်ခံချင်သူ ဖြစ်ကာ ဈေးကွက်လွတ်လပ်မှုကို အလွန်အကျွံမဖွင့်တဲ့အတွက် စီးပွားရေးပညာရှင်တချို့ရဲ့သတိပေးမှုကို ရင်ဆိုင်နေရသူ လည်းဖြစ်ပါတယ်။
ရှိန်းဘွမ်းဟာ ‘အကြမ်းဖက်မှုကို စစ်နည်းဖြင့် မဖြေရှင်းဘူး’ ဆိုတဲ့မူဝါဒကို ဆက်လက်ကျင့်သုံးနေ သူဖြစ်ပြီး လုံခြုံရေးအတွက်ရဲတပ်ဖွဲ့၊ နိုင်ငံတကာအေး ဂျင့်နဲ့ လူမှုရေးကာကွယ်ရေးပေါင်းစပ်ပုံစံကို ကျင့်သုံး လိုသူဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းတွေကို လက်ခံယုံကြည်တဲ့သမ္မတလည်း ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ရှိန်းဘွမ်းသမ္မတ ဖြစ်လာခဲ့ပြီး နောက်ပိုင်း ပြည်တွင်းလုံခြုံရေးပိုင်း ပိုမိုကောင်းမွန်လာခဲ့ပေမယ့် မူးယစ်ဆေးဝါးဂိုဏ်းကြီးတွေကို အမြစ် ပြတ်ဖြိုခွင်းနိုင်တာမျိုးတော့မရှိသေးပါဘူး၊ ၎င်းဟာ မက္ကဆီကိုနိုင်ငံသမိုင်းမှာ အမျိုးသမီးသမ္မတရာထူးကို ပထမဆုံး အကြိမ်တာဝန်ယူခွင့်ရတဲ့အတွက် ပညာရှင် တစ်ဦးလိုမျိုး အကြားအမြင်ရှိကာ လူမှုဖူလုံရေး၊ ဓာတ်အားနဲ့ စီးပွားရေး အပြောင်းအလဲတွေကို ဦး ဆောင်သူလည်းဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေနဲ့ ချစ်ကြည်ရေးဆက်ဆံရေးကို တည်ကြည်အောင်ဆောင်ရွက်နေတယ်။ ၎င်းဟာ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်းမှာ ပညာရေး၊ ကျန်းမာရေးနဲ့လူမှုဖူလုံရေးအစီအစဉ်တွေကို အားပေး တည်ဆောက်နေခဲ့သလို' “Women’s Wellbeing Pension’’လိုမျိုး အမျိုးသမီးအထူးအစီအစဉ်တွေ စတင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ မက္ကဆီကို နိုင်ငံရဲ့ စီးပွားရေးနဲ့အလုပ်အကိုင်ကဏ္ဍမှာလည်း နိုင်ငံတော် စီးပွားရေးကို ထိရောက်စွာ တိုးတက်‌တည် ဆောက်ရန် စီးပွားရေး Roadmap တစ်ခုထုတ်ပြန်ထားသလို မူးယစ်ဆေးဝါးအဖွဲ့အစည်းတွေကို တင်းတင်းကြပ်ကြပ် ဆောင်ရွက် ခြင်းအပြင် အစိုးရအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့ များအကြား ပူးပေါင်းကြပ်မတ် တိုးမြှင့်ထားသူဖြစ်ပါတယ်။ ရှိန်းဘွမ်းဟာ သမ္မတအဖြစ်တာဝန်ယူပြီးနောက် ပိုင်း (၂၀၁၃)ခုနှစ်မှာ ပြုပြင်ထားတဲ့စွမ်းအင်စနစ်ကို ပြန်လည်ပြင်ဆင်နေပြီး နိုင်ငံ တော်ပိုင်စွမ်းအင်ကုမ္ပဏီတွေရဲ့အာဏာကို တိုးမြှင့်နိုင်အောင်လုပ်ဆောင်ခဲ့သလို အလိုအလျောက် ပြန်လည်ပြင် ဆင်ထားတဲ့စီမံ ကိန်းတွေမှာ နိုင်ငံရဲ့ စွမ်းအင်သဘာဝအခြေခံအဆောက်အအုံကို ပြန်လည်ခိုင်မာစေလိုတဲ့ ရည်ရွယ် ချက်ရှိပါတယ်။ ၎င်းဟာ သမ္မတအဖြစ်တာဝန်ယူပြီး နောက်ပိုင်း အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ လုံခြုံရေး၊ ကူးသန်းရောင်းဝယ်ရေးတွေကို အဓိကထားပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်းလက်ထက်မှာ မက္ကဆီကိုနိုင်ငံအတွင်း လူ သတ်မှု နှုန်းလျော့နည်းလာ ခဲ့တယ်လို့သိရပါတယ်။ ရှိန်းဘွမ်းဟာ အမျိုးသမီးတစ် ဦးဖြစ်ပေမယ့် ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အတွက် နိုင်ငံ့အကျိုးစီးပွားအတွက် ဦးစားပေးဆောင် ရွက်မှာဖြစ်ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့တောင်းဆိုမှုတိုင်းကိုလိုက်လျောမယ့် ခေါင်းဆောင် မဟုတ်ဘူးလို့ဆိုနိုင်ပါတယ်။
မက္ကဆီကိုသမ္မတက “ထရမ့်ဟာ ကျွန်မတို့ တောင်းဆိုရင် စစ်တပ်နဲ့ကူညီနိုင်တယ်လို့ အခိုင်အမာ ပြောနေဆဲပါ။ အခုချိန်ထိတော့ အခြေအနေကအရမ်း ကောင်းနေပါတယ်၊ မူးယစ်ဂိုဏ်းတွေကိုဖြိုခွင်းဖို့ အမေရိကန်ဘက်က စစ်အင် အားသုံးဖို့ ဒါ့ပြင် မက္ကဆီကိုရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှု လည်းရှိပါတယ်” လို့ပြောပါတယ်။ မက္ကဆီကိုသမ္မတ ရဲ့ပြောဆိုချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် အမျိုး သမီးတစ်ဦးဖြစ်ပေမယ့် နိုင်ငံအချုပ်အခြာ အာ ဏာနဲ့ နိုင်ငံတည်တံ့မှုကို ဦးစားပေးမယ့်သဘောထား ကိုပြသခဲ့ရာ အမေရိကန်သမ္မတအနေနဲ့ စစ်ရေးနည်းလမ်း အသုံး ပြုမှာလား ဒါမှမဟုတ် တခြားနည်းလမ်းကို အသုံးပြုမှာလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါ တယ်။ မက္ကဆီကို သမ္မတဟာ သံတမန်ရေးပိုင်းမှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့အတွက် မက္ကဆီကို နိုင်ငံကို အမေရိကန်နိုင်ငံက စစ်အင်အားအသုံးမပြုရအောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဘယ်လိုမျိုးစည်းရုံးမလဲဆိုတာ စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။ မည့်သို့ပင်ဆိုနေစေကာမူ မက္ကဆီကိုသမ္မတ ရှိန်းဘွမ်းဟာ လက်ရှိအချိန်မှာ လူထုစစ်တမ်းမှာ ပြည် သူလူထုရဲ့ထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် မက္ကဆီကိုပြည် သူတွေဟာ သမ္မတ ရှိန်းဘွမ်းရဲ့ နည်းလမ်း စည်းကမ်း တွေအတိုင်း ဆက်လက်လိုက်နာနေဖွယ်ရှိနေပါတယ်။

Zawgyi Version:
မကၠဆီကိုႏိုင္ငံသမိုင္းမွာ ပထမဆုံးအမ်ိဳးသမီးသမၼတျဖစ္လာခဲ့တဲ့ ကေလာ္ဒီယာရွိန္ဘြမ္းက ဘယ္လိုလူမ်ိဳးလဲ
(အထုပၸတၱိ ေဆာင္းပါး)
ဂ်န္ဇက္
အေမရိကန္နဲ႔မကၠဆီကိုႏိုင္ငံၾကား တင္းမာမႈအရွိန္ဟာ တျဖည္းျဖည္းျမင့္တက္လ်က္ရွိေနတယ္လို႔ သိရပါ တယ္။ အေမရိကန္အထူးတပ္ဖြဲ႕ေတြက ဇန္နဝါရီလအေစာပိုင္းမွာ ဗင္နီဇြဲလားႏိုင္ငံသမၼတ မာဒူ႐ိုနဲ႔ ဇနီးျဖစ္သူတို႔ကို ဖမ္းဆီးလိုက္ၿပီးေနာက္ မၾကာမီမွာပဲ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံက စစ္ေရးနည္း လမ္းအသုံး ျပဳဖြယ္ရွိေနတဲ့ႏိုင္ငံေတြထဲမွာ မကၠဆီကိုႏိုင္ငံပါဝင္ေနတယ္လို႔ေျပာဆိုခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ျဖစ္လာခဲ့ပါ တယ္။ အေမရိကန္သမၼတက မကၠဆီကိုႏိုင္ငံအတြင္းရွိ မူးယစ္ရာဇာေတြကိုဖမ္းဆီးႏိုင္ေအာင္ စစ္ေရးနည္းလမ္း အသုံးျပဳ မယ္လို႔ေျပာဆိုခဲ့ရာ လက္ရွိအခ်ိန္မွာ ႏွစ္ႏိုင္ငံၾကား အျငင္းပြားမႈေတြ ပိုမိုျဖစ္လ်က္ရွိေနပါတယ္။ မကၠဆီကိုသမၼတက ဇန္နဝါရီလ (၁၁)ရက္မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ဖုန္းဆက္ေဆြးေႏြးခဲ့ၿပီး အဲဒီေဆြးေႏြးမႈအတြင္း မကၠဆီကို ႏိုင္ငံအတြင္းရွိ မူးယစ္ရာဇာေတြကိုၿဖိဳခြင္းဖို႔ အေမရိကန္ႏိုင္ငံအေနနဲ႔ စစ္ေရးနည္းလမ္းသုံး ၾကားဝင္စြက္ဖက္ဖို႔ မလို အပ္တဲ့အခ်က္ကို ေျပာဆိုခဲ့တယ္လို႔သိရပါတယ္။
မကၠဆီကိုသမၼတ ကေလာ္ဒီယာရွိန္းဘြမ္းက ‘အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဗင္နီဇြဲလားမွာ သူတို႔လုပ္ခဲ့ တာေတြနဲ႔ပတ္သက္ၿပီး ကြၽန္မရဲ႕အျမင္ကို ေမးျမန္းခဲ့ၿပီး ကြၽန္မတို႔ရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒက အရမ္းရွင္းလင္းတယ္၊ ဝင္ေရာက္စြက္ဖက္မႈေတြကို ကြၽန္မတို႔ သေဘာမတူဘူး၊ အဲဒါပဲလို႔ သူ႔ကို ရွင္းရွင္း လင္းလင္းေျပာျပခဲ့ပါတယ္။ ဒါ့ျပင္ မူးယစ္ရာဇာေတြကို ၿဖိဳခြင္းဖို႔ စစ္ေရးနည္းလမ္းအသုံးျပဳဖို႔မလိုတဲ့အခ်က္ကိုလည္း ထပ္မံေျပာဆိုခဲ့တယ္’ လို႔ေျပာပါ တယ္။ ကေလာ္ဒီယာရွိန္းဘြမ္းဟာ မကၠဆီကိုႏိုင္ငံေရးသမား တစ္ဦးျဖစ္သလို စြမ္းအင္နဲ႔ ရာသီဥတုေျပာင္းလဲမႈဆိုင္ ရာ သိပၸံပညာရွင္တစ္ဦးျဖစ္ကာ (၂၀၂၄)ခုႏွစ္မွာ သမၼတအျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခံရသူျဖစ္ပါတယ္။
၎ဟာ မကၠဆီကိုႏိုင္ငံရဲ႕သမၼတ သမိုင္းတစ္ေလွ်ာက္ အမ်ိဳးသမီးသမၼတအျဖစ္ ပထမဆုံးခန႔္အပ္ခံ ရသလို မကၠဆီႏိုင္ငံရွိ ဂ်ဴးလူမ်ိဳးေတြထဲမွာ သမၼတ အျဖစ္ ပထမဆုံးတာဝန္ယူခြင့္ရတဲ့ ပထမဆုံး ဂ်ဴးလူ မ်ိဳးလည္းျဖစ္ပါတယ္။ ရွိန္းဘြမ္းဟာ ဩဇာႀကီးမားတဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး (၂၀၂၅)ခုႏွစ္အတြက္ ကမာၻ႔ဩဇာအႀကီးမား ဆုံးအမ်ိဳး သမီးေတြ ထဲ အဆင့္ (၅)ေနရာမွာရပ္တည္ေနသူျဖစ္ၿပီး အမ်ိဳးသားျပန္လည္ ထူေထာင္ေရးလႈပ္ရွားမႈထဲမွာ ဦးေဆာင္ပါဝင္ခဲ့သူ လည္းျဖစ္ပါတယ္။ ၎ဟာ မကၠဆီကိုၿမိဳ႕ေတာ္ရဲ႕ အုပ္ခ်ဳပ္ေရးအႀကီးအကဲအျဖစ္ (၂၀၁၈)ခုႏွစ္ကေန (၂၀၂၃)ခုႏွစ္အထိ တာဝန္ယူခဲ့သူျဖစ္ၿပီး သဘာဝပတ္ ဝန္းက်င္၊ စြမ္းအင္နဲ႔ ေရရွည္တည္တံတဲ့ ဖြံ႕ၿဖိဳးမႈဆိုင္ ရာစာအုပ္ေတြထဲမွာ ႏွစ္အုပ္နဲ႔ ေဆာင္းပါးေပါင္း (၁၀ဝ)ေက်ာ္ကို ပူးတြဲေရးသားခဲ့ဖူးသူလည္းျဖစ္ပါ တယ္။ ကေလာ္ဒီယာရွိန္းဘြမ္းကို (၁၉၆၂)ခုႏွစ္က မကၠဆီကိုၿမိဳ႕ေတာ္မွာေမြးဖြားခဲ့ၿပီး ၎ရဲ႕ဖခင္ျဖစ္သူဟာ ဓာတုေဗဒကြၽမ္းက်င္သူျဖစ္ကာ မိခင္ျဖစ္သူကေတာ့ ဇီဝေဗဒ ကြၽမ္းက်င္သူျဖစ္ပါတယ္။ ကေလာ္ဒီ ယာရွိန္းဘြမ္းဟာ ဂ်ဴးလူမ်ိဳးျဖစ္ၿပီး ဖခင္ျဖစ္သူ (၁၉၂၈)ခုႏွစ္မွာ မကၠဆီကို ႏိုင္ငံကို ထြက္ေျပးလာတဲ့ ဂ်ဴးလူမ်ိဳးေတြလည္းျဖစ္ပါတယ္။ ၎မွာ ေမြးခ်င္း ေမာင္ႏွမ(၃)ဦးရွိၿပီး ေမာင္ျဖစ္သူဟာ ႐ူပေဗဒပညာ ရွင္တစ္ဦးျဖစ္ၿပီး ညီမျဖစ္သူက အေမရိကန္ႏိုင္ငံမွာေနထိုင္တဲ့ေက်ာင္းဆရာမတစ္ဦးျဖစ္ေပမယ့္ ခင္ပြန္း ျဖစ္သူကေတာ့ ႏိုဘယ္ဆုရ စာေရးဆရာတစ္ဦးျဖစ္တဲ့ ဂါစီယာမာကြက္ဇ္ျဖစ္ပါတယ္။ ကေလာ္ဒီယာရွိန္ဘြမ္းဟာ ငယ္စဥ္ကေလး ဘဝက မကၠဆီကိုၿမိဳ႕ေတာ္က ေက်ာင္းေတြမွာ ပညာသင္ၾကားခဲ့ၿပီး (၁၉၈၉)ခုႏွစ္မွာ မကၠဆီကိုအမ်ိဳးသား တကၠသိုလ္က ေန ႐ူပေဗဒဘာ သာရပ္နဲ႔ဘြဲ႕ရရွိခဲ့ၿပီး (၁၉၉၄)ခုႏွစ္မွာ ႐ူပေဗဒဘာ သာရပ္နဲ႔ မဟာဘြဲ႕ထပ္မံရရွိခဲ့ကာ (၁၉၉၅)ခုႏွစ္မွာ စြမ္းအင္ အင္ဂ်င္နီယာဘာသာရပ္နဲ႔ ေဒါက္တာဘြဲ႕ကို ထပ္မံရရွိခဲ့ပါတယ္။ ၎ဟာ ေဒါက္တာဘြဲ႕အတြက္ က်မ္းျပဳရာမွာ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ေလာရမ့္ဘာကေလ အမ်ိဳးသားဓာတ္ခြဲခန္းမွာ ေနထိုင္အလုပ္လုပ္ကာ (၁၉၉၁)ခုႏွစ္ကေန (၁၉၉၄)ခုႏွစ္ က်မ္းျပဳခဲ့ရပါတယ္။ ရွိန္းဘြမ္းဟာ ဓာတ္ခြဲခန္းမွာ သုေတသန လုပ္ငန္းေတြ လုပ္ကိုင္ ခဲ့သလို မကၠဆီကို သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအတြက္ စြမ္းအင္အသုံး ျပဳမႈပိုင္းနဲ႔ အေဆာက္အအုံမ်ားမွာ စြမ္းအင္ အသုံး ျပဳမႈပိုင္းကို ေလ့လာသုေတသနျပဳလုပ္ခဲ့ပါတယ္။ ၎ဟာ (၁၉၉၅)ခုႏွစ္မွာ မကၠဆီကိုအမ်ိဳးသားတကၠ သိုလ္ရဲ႕ စြမ္းအင္အင္စတီက်ဳမွာ ပါဝင္လုပ္ကိုင္ခဲ့ဖူၿပီး မကၠဆီကိုအမ်ိဳးသားတကၠသိုလ္ရဲ႕ အေကာင္းဆုံး လူငယ္သုေတသီတစ္ဦး အျဖစ္ ဆုခ်ီးျမႇင့္ခံခဲ့ရသူျဖစ္ပါတယ္။
ရွိန္းဘြမ္းဟာ တကၠသိုလ္ေက်ာင္းသူဘဝမွာ တည္းက (PRD) ပါတီကို စတင္ပူးေပါင္းပါဝင္ခဲ့ၿပီး မကၠဆီကို သမၼတ အိုဘရာေဒၚလက္ထက္မွာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အတြင္းဝန္အျဖစ္ (၂၀ဝဝ)ျပည့္ႏွစ္ကေန (၂၀ဝ၆)ခုႏွစ္ အထိတာဝန္ယူခဲ့ပါတယ္။ ၎ဟာ (၂၀၁၄)ခုႏွစ္မွာ လိုပက္ဇ္အိုဘာရာဒို ခြဲထြက္ေရးလႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္ဖို႔ (၂၀၁၄)ခုႏွစ္မွာ ဒီမိုကရက္တစ္ေတာ္လွန္ေရးပါတီ (PRD) ကေနႏုတ္ထြက္ခဲ့ၿပီး (၂၀၁၅)ခုႏွစ္မွာ Tlalpan ၿမိဳ႕ ေတာ္ဝန္ အျဖစ္ေ႐ြးခ်ယ္ခန႔္ခဲ့ရပါတယ္။ မကၠဆီကိုႏိုင္ငံရဲ႕ (၆၆)ဦးေျမာက္သမၼတအျဖစ္ တာဝန္ယူလ်က္ရွိ ေနတဲ့ရွိန္းဘြမ္းဟာ (၂၀၁၈)ခုႏွစ္မွာ မကၠဆီကိုၿမိဳ႕ ေတာ္အုပ္ခ်ဳပ္ေရးအႀကီးအကဲျဖစ္လာခဲ့ၿပီး ၿမိဳ႕လုံၿခဳံေရး၊ အမ်ားျပည္သူသယ္ယူပို႔ ေဆာင္ေရးေကာင္းမြန္ဖို႔နဲ႔ လူမူေရးပ႐ိုဂမ္ေတြကို အဓိကထားေဆာင္႐ြက္ခဲ့ရာ ျပည္သူေတြရဲ႕အားေပးေထာက္ခံမႈကို အျပည့္အဝရရွိခဲ့သူျဖစ္ပါတယ္။ အသက္ (၆၀)အ႐ြယ္ရွိ ရွိန္းဘြမ္းဟာ (၂၀၂၄)ခုႏွစ္မွာ မကၠဆီကိုသမၼတ ေ႐ြးေကာက္ ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဂယ္လ္ဗက္ကို အျပတ္အသတ္အႏိုင္ရခဲ့ကာ သမၼတအျဖစ္ေ႐ြး ေကာက္ခံခဲ့ရသူျဖစ္ပါတယ္။ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ရွိန္ဘြမ္းဟာ မကၠဆီကိုႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ျပဳျပင္ေျပာင္းလဲေရးကို ပိုမိုလုပ္ေဆာင္ခဲ့ၿပီး လူမူေရးပ႐ိုဂမ္ေတြနဲ႔ စြမ္းအင္ဆိုင္ ရာလိုအပ္ခ်က္ကို ျပဳျပင္ ေျပာင္းလဲ ႏိုင္ေအာင္ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ သတ္မွတ္ျပ႒ာန္းတာမ်ိဳးေတြလုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ ေငြေၾကးေဖာင္းပြမႈ ႏႈန္း ျမင့္တက္ျခင္းကိုထိန္းႏိုင္ေအာင္ အနည္းဆုံးလုပ္ခ လစာကို တိုးျမႇင့္သတ္မွတ္တာမ်ိဳးေတြလည္းလုပ္ ေဆာင္ခဲ့ပါ တယ္။ ၎ဟာ သိပၸံပညာရပ္နဲ႔ ဘြဲ႕ရခဲ့သူ ျဖစ္တဲ့အတြက္ စိတ္ေနသေဘာထားနဲ႔ စြမ္းေဆာင္ ရည္ပိုင္းဟာ တျခားသူေတြ နဲ႔မတူညီဘဲ အခ်က္အလက္ပိုင္းကို ဦးစားေပးသူျဖစ္တယ္လို႔ဆိုၾကပါတယ္။ ၎ဟာ အင္ဂ်င္နီယာဘာသာရပ္နဲ႔ သုေတ သနပညာရွင္ ေနာက္ခံရွိသူျဖစ္တဲ့အတြက္ဆုံးျဖတ္ခ်က္ခ်ရာမွာ စိတ္ခံစားခ်က္ထက္ အခ်က္လက္ေဒတာ၊ အေထာက္ အထားကို အေရးေပးတတ္သူျဖစ္ပါတယ္။
ရွိန္းဘြမ္းဟာ ႏိုင္ငံေတာ္အဆင့္ မိန႔္ခြန္းေျပာဆို ရာမွာ စကားလုံးအလွျပင္မႈနည္းပါးၿပီး စီမံကိန္း၊ ရည္ ႐ြယ္ခ်က္ ေတြကို တိတိက်က်ေျပာတတ္ျဖစ္သလို တည္ၿငိမ္မႈရွိသလို စိတ္ရွည္သည္းခံႏိုင္စြမ္းရွိသူျဖစ္ တယ္လို႔ဆိုၾကပါတယ္။ ရွိန္းဘြမ္းဟာ အၾကမ္းဖက္ စကား၊ အျပင္းအထန္တိုက္ခိုက္မႈေတြကို မေ႐ြးခ်ယ္ သလို ညႇိႏႈိင္းမႈနဲ႔ စနစ္တက်ေျဖရွင္းမႈကို ပိုမိုႏွစ္သက္ သူျဖစ္တယ္လို႔သိရပါတယ္။
ရွိန္းဘြမ္းဟာ မကၠဆီကိုႏိုင္ငံသမိုင္းတစ္ ေလွ်ာက္မွာ ပထမဆုံး အမ်ိဳးသမီးသမၼတအျဖစ္တာ ဝန္ယူခြင့္ရေပမယ့္ လုပ္ငန္းေတြလုပ္ရာမွာ ေလ်ာ့ရိ ေလ်ာ့ရဲပုံစံမ်ိဳးမဟုတ္ဘဲ စည္းကမ္းႀကီးၿပီး တာဝန္ယူ တတ္သူတစ္ဦးျဖစ္ကာ အခ်ိန္ တိက်မႈ၊ ဦးစားေပးသလို စည္းမ်ဥ္းလိုက္နာမႈကို အလြန္အေရးေပးသူ လည္းျဖစ္ပါတယ္။ ရွိန္းဘြမ္းဟာ အမ်ိဳးသမီး တစ္ဦးျဖစ္တဲ့အတြက္ သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ လူမႈေရးနားလည္မႈရွိၿပီး အမ်ိဳးသမီးအခြင့္အေရးအာ႐ုံစိုက္ လုပ္ေဆာင္တတ္သူျဖစ္သလို လက္ေတြ႕မူဝါဒနဲ႔ အမ်ိဳးသမီးဘဝတိုးတက္ေရးကို ေထာက္ပံ့တတ္သူ လည္းျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရးစြမ္းရည္ပိုင္းေကာင္း မြန္သူတစ္ဦးျဖစ္သလို အခ်ိန္တိက်ၿပီး အလြန္စည္း ကမ္းႀကီးလြန္းသူျဖစ္ကာ ႏိုင္ငံနဲ႔ ပတ္သက္တဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုလုပ္ေဆာင္ရာမွာလည္း “ႏိုင္ငံေတာ္အက်ိဳးကိုမပ်က္စီးေစဘဲ” လက္ခံခ်င္သူ ျဖစ္ကာ ေဈးကြက္လြတ္လပ္မႈကို အလြန္အကြၽံမဖြင့္တဲ့အတြက္ စီးပြားေရးပညာရွင္တခ်ိဳ႕ရဲ႕သတိေပးမႈကို ရင္ဆိုင္ေနရသူ လည္းျဖစ္ပါတယ္။
ရွိန္းဘြမ္းဟာ ‘အၾကမ္းဖက္မႈကို စစ္နည္းျဖင့္ မေျဖရွင္းဘူး’ ဆိုတဲ့မူဝါဒကို ဆက္လက္က်င့္သုံးေန သူျဖစ္ၿပီး လုံၿခဳံေရးအတြက္ရဲတပ္ဖြဲ႕၊ ႏိုင္ငံတကာေအး ဂ်င့္နဲ႔ လူမႈေရးကာကြယ္ေရးေပါင္းစပ္ပုံစံကို က်င့္သုံး လိုသူျဖစ္ၿပီး ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာလုပ္ငန္းေတြကို လက္ခံယုံၾကည္တဲ့သမၼတလည္း ျဖစ္ပါတယ္။ မကၠဆီကိုႏိုင္ငံမွာ ရွိန္းဘြမ္းသမၼတ ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း ျပည္တြင္းလုံၿခဳံေရးပိုင္း ပိုမိုေကာင္းမြန္လာခဲ့ေပမယ့္ မူးယစ္ေဆးဝါးဂိုဏ္းႀကီးေတြကို အျမစ္ ျပတ္ၿဖိဳခြင္းႏိုင္တာမ်ိဳးေတာ့မရွိေသးပါဘူး၊ ၎ဟာ မကၠဆီကိုႏိုင္ငံသမိုင္းမွာ အမ်ိဳးသမီးသမၼတရာထူးကို ပထမဆုံး အႀကိမ္တာဝန္ယူခြင့္ရတဲ့အတြက္ ပညာရွင္ တစ္ဦးလိုမ်ိဳး အၾကားအျမင္ရွိကာ လူမႈဖူလုံေရး၊ ဓာတ္အားနဲ႔ စီးပြားေရး အေျပာင္းအလဲေတြကို ဦး ေဆာင္သူလည္းျဖစ္ပါတယ္။
ျပည္ပႏိုင္ငံေတြနဲ႔ ခ်စ္ၾကည္ေရးဆက္ဆံေရးကို တည္ၾကည္ေအာင္ေဆာင္႐ြက္ေနတယ္။ ၎ဟာ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္းမွာ ပညာေရး၊ က်န္းမာေရးနဲ႔လူမႈဖူလုံေရးအစီအစဥ္ေတြကို အားေပး တည္ေဆာက္ေနခဲ့သလို' “Women’s Wellbeing Pension’’လိုမ်ိဳး အမ်ိဳးသမီးအထူးအစီအစဥ္ေတြ စတင္ခဲ့သူျဖစ္တယ္လို႔သိရပါတယ္။ မကၠဆီကို ႏိုင္ငံရဲ႕ စီးပြားေရးနဲ႔အလုပ္အကိုင္က႑မွာလည္း ႏိုင္ငံေတာ္ စီးပြားေရးကို ထိေရာက္စြာ တိုးတက္‌တည္ ေဆာက္ရန္ စီးပြားေရး Roadmap တစ္ခုထုတ္ျပန္ထားသလို မူးယစ္ေဆးဝါးအဖြဲ႕အစည္းေတြကို တင္းတင္းၾကပ္ၾကပ္ ေဆာင္႐ြက္ ျခင္းအျပင္ အစိုးရအဖြဲ႕၊ ျပည္နယ္ရဲတပ္ဖြဲ႕ မ်ားအၾကား ပူးေပါင္းၾကပ္မတ္ တိုးျမႇင့္ထားသူျဖစ္ပါတယ္။ ရွိန္းဘြမ္းဟာ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ပိုင္း (၂၀၁၃)ခုႏွစ္မွာ ျပဳျပင္ထားတဲ့စြမ္းအင္စနစ္ကို ျပန္လည္ျပင္ဆင္ေနၿပီး ႏိုင္ငံ ေတာ္ပိုင္စြမ္းအင္ကုမၸဏီေတြရဲ႕အာဏာကို တိုးျမႇင့္ႏိုင္ေအာင္လုပ္ေဆာင္ခဲ့သလို အလိုအေလ်ာက္ ျပန္လည္ျပင္ ဆင္ထားတဲ့စီမံ ကိန္းေတြမွာ ႏိုင္ငံရဲ႕ စြမ္းအင္သဘာဝအေျခခံအေဆာက္အအုံကို ျပန္လည္ခိုင္မာေစလိုတဲ့ ရည္႐ြယ္ ခ်က္ရွိပါတယ္။ ၎ဟာ သမၼတအျဖစ္တာဝန္ယူၿပီး ေနာက္ပိုင္း အေမရိကန္အပါအဝင္ ႏိုင္ငံတကာနဲ႔ လုံၿခဳံေရး၊ ကူးသန္းေရာင္းဝယ္ေရးေတြကို အဓိကထားပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး ၎လက္ထက္မွာ မကၠဆီကိုႏိုင္ငံအတြင္း လူ သတ္မႈ ႏႈန္းေလ်ာ့နည္းလာ ခဲ့တယ္လို႔သိရပါတယ္။ ရွိန္းဘြမ္းဟာ အမ်ိဳးသမီးတစ္ ဦးျဖစ္ေပမယ့္ ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ အတြက္ ႏိုင္ငံ့အက်ိဳးစီးပြားအတြက္ ဦးစားေပးေဆာင္ ႐ြက္မွာျဖစ္ရာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ေတာင္းဆိုမႈတိုင္းကိုလိုက္ေလ်ာမယ့္ ေခါင္းေဆာင္ မဟုတ္ဘူးလို႔ဆိုႏိုင္ပါတယ္။
မကၠဆီကိုသမၼတက “ထရမ့္ဟာ ကြၽန္မတို႔ ေတာင္းဆိုရင္ စစ္တပ္နဲ႔ကူညီႏိုင္တယ္လို႔ အခိုင္အမာ ေျပာေနဆဲပါ။ အခုခ်ိန္ထိေတာ့ အေျခအေနကအရမ္း ေကာင္းေနပါတယ္၊ မူးယစ္ဂိုဏ္းေတြကိုၿဖိဳခြင္းဖို႔ အေမရိကန္ဘက္က စစ္အင္ အားသုံးဖို႔ ဒါ့ျပင္ မကၠဆီကိုရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမတည္တံ့ခိုင္ၿမဲမႈ လည္းရွိပါတယ္” လို႔ေျပာပါတယ္။ မကၠဆီကိုသမၼတ ရဲ႕ေျပာဆိုခ်က္ေတြကိုေလ့လာၾကည့္မယ္ဆိုရင္ အမ်ိဳး သမီးတစ္ဦးျဖစ္ေပမယ့္ ႏိုင္ငံအခ်ဳပ္အျခာ အာ ဏာနဲ႔ ႏိုင္ငံတည္တံ့မႈကို ဦးစားေပးမယ့္သေဘာထား ကိုျပသခဲ့ရာ အေမရိကန္သမၼတအေနနဲ႔ စစ္ေရးနည္းလမ္း အသုံး ျပဳမွာလား ဒါမွမဟုတ္ တျခားနည္းလမ္းကို အသုံးျပဳမွာလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါ တယ္။ မကၠဆီကို သမၼတဟာ သံတမန္ေရးပိုင္းမွာလည္း ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့အတြက္ မကၠဆီကို ႏိုင္ငံကို အေမရိကန္ႏိုင္ငံက စစ္အင္အားအသုံးမျပဳရေအာင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ဘယ္လိုမ်ိဳးစည္း႐ုံးမလဲဆိုတာ စိတ္ဝင္စားဖြယ္ ေကာင္းေနပါတယ္။ မည့္သို႔ပင္ဆိုေနေစကာမူ မကၠဆီကိုသမၼတ ရွိန္းဘြမ္းဟာ လက္ရွိအခ်ိန္မွာ လူထုစစ္တမ္းမွာ ျပည္ သူလူထုရဲ႕ေထာက္ခံမႈကို အျပည့္အဝရရွိထားတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့အတြက္ မကၠဆီကိုျပည္ သူေတြဟာ သမၼတ ရွိန္းဘြမ္းရဲ႕ နည္းလမ္း စည္းကမ္း ေတြအတိုင္း ဆက္လက္လိုက္နာေနဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.