အီရန်ခေါင်းဆောင်ကို ဆန့်ကျင်တဲ့လုပ်ရပ်မျိုး မလုပ်မိစေဖို့ ဒေါ်နယ်ထရမ့်ကို အီရန်စစ်ဘက်သတိပေး

363

Pika(NP News)ဇန်နဝါရီ ၂၂
အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီကို ဆန့်ကျင်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို မလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတိပေးခဲ့တယ်လို့ သိရပါတယ်။အီရန်မှာ ခေါင်းဆောင်မှုအသစ်ကို ရှာဖွေဖို့ အချိန်တန်ပြီလို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုသတိပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အဘိုဖာဇယ်လ် ရှီကာချီက”အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီဆီကို ရန်လိုတဲ့လက်တစ်စုံ ကမ်းလာခဲ့မယ်ဆိုရင် ကျွန်တော်တို့က အဲ့ဒီလက်ကို ဖြတ်ပစ်ရုံတင်မဟုတ်ဘဲ သူတို့ရဲ့ကမ္ဘာကိုပါ မီးရှို့ဖျက်ဆီးပစ်မယ်ဆိုတာကို ဒေါ်နယ်ထရမ့်ကသိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အီရန်ကို နှစ်ပေါင်း(၄၀)နီးပါးကြာအောင် အုပ်ချုပ်ခဲ့တဲ့ အလီခါမေနီက နိုင်ငံကိုအုပ်ချုပ်ဖို့အတွက် ဖိနှိပ်ချုပ်ချယ်မှုကို အားကိုးနေရတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့ကနေစတင်ပြီး အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် ဆန္ဒပြသူတွေကို အရေးယူတဲ့ပုံစံနဲ့ပတ်သက်ပြီး အမေရိကန်နဲ့အီရန်ကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္ေခါင္းေဆာင္ကို ဆန႔္က်င္တဲ့လုပ္ရပ္မ်ိဳး မလုပ္မိေစဖို႔ ေဒၚနယ္ထရမ့္ကို အီရန္စစ္ဘက္သတိေပး
Pika(NP News)ဇန္နဝါရီ ၂၂
အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီကို ဆန႔္က်င္တဲ့ ဘယ္လိုလုပ္ရပ္မ်ိဳးကိုမဆို မလုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို အီရန္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက သတိေပးခဲ့တယ္လို႔ သိရပါတယ္။အီရန္မွာ ေခါင္းေဆာင္မႈအသစ္ကို ရွာေဖြဖို႔ အခ်ိန္တန္ၿပီလို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုသတိေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အီရန္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူ အဘိုဖာဇယ္လ္ ရွီကာခ်ီက”အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီဆီကို ရန္လိုတဲ့လက္တစ္စုံ ကမ္းလာခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔က အဲ့ဒီလက္ကို ျဖတ္ပစ္႐ုံတင္မဟုတ္ဘဲ သူတို႔ရဲ႕ကမာၻကိုပါ မီးရႈိ႕ဖ်က္ဆီးပစ္မယ္ဆိုတာကို ေဒၚနယ္ထရမ့္ကသိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အီရန္ကို ႏွစ္ေပါင္း(၄၀)နီးပါးၾကာေအာင္ အုပ္ခ်ဳပ္ခဲ့တဲ့ အလီခါေမနီက ႏိုင္ငံကိုအုပ္ခ်ဳပ္ဖို႔အတြက္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈကို အားကိုးေနရတယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္ေန႔ကေနစတင္ၿပီး အီရန္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ ဆႏၵျပသူေတြကို အေရးယူတဲ့ပုံစံနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔အီရန္ၾကား တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။