ကာရေဘီယံပင်လယ်မှာသွားလာနေတဲ့ နောက်ထပ်ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်ထပ်မံဖမ်းဆီးထိန်းသိမ်း
299
Pika(NP News)ဇန်နဝါရီ ၂၂
ကာရေဘီယံပင်လယ်ပြင်မှာသွားလာနေတဲ့ နောက်ထပ်ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဗင်နီဇွဲလားနဲ့ပတ်သက်တဲ့ ရေနံတင်သင်္ဘောတွေအားလုံးကို တားဆီးပိတ်ပင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုလိုဖမ်းဆီးမှုတွေ ဆက်တိုက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဒါ့ပြင် ယခုတစ်ကြိမ်ဖမ်းဆီးထိန်းသိမ်းမှုက ကြေညာချက်တွေထုတ်ပြန်ပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ (၇)စီးမြောက်ရေနံတင်သင်္ဘောဖြစ်တယ်လို့လည်း သိရပါတယ်။ Motor Vessel Sagittaလို့ အမည်ရတဲ့ ရေနံတင်သင်္ဘောဟာ ဒေါ်နယ်ထရမ့်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီးလည်ပတ်နေတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့လည်း အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က”အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်နေတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်က အောင်မြင်စွာဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဒီဖမ်းဆီးမှုအတွင်း ဘာအမှားအယွင်းမှမရှိခဲ့ဘဲ အရာအားလုံးကို အစီအစဉ်တကျလုပ်ဆောင်နိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
Zawgyi Version: