အရှည်(၂၂ ဒသမ ၁၃)ကီလိုမီတာရှိသော ကမ္ဘာ့အရှည်ဆုံး အမြန်လမ်းဥမင်လိုဏ်ခေါင်းကို တရုတ်စတင်ဖွင့်လှစ်

411

Pika (NPNews) - ဇန်နဝါရီလ ၂၂
တရုတ်နိုင်ငံသည် အရှည်(၂၂ ဒသမ ၁၃)ကီလိုမီတာရှိသော ကမ္ဘာ့အရှည်ဆုံးအမြန်လမ်းဥမင် လိုဏ်ခေါင်း Tianshan Shengli ကို အများပြည်သူ အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ပေးခဲ့ပြီးနောက် စံချိန်သစ်တစ်ခုကို ရရှိခဲ့ကြောင်းသိရသည်။ Tianshan Shengli ဥမင်လိုဏ်ခေါင်းကို ဖွင့်လှစ် ပေးလိုက်မှုနှင့်အတူ Xinjiang ဒေသ၏ တောင်ပိုင်း နှင့်မြောက်ပိုင်းကို မိနစ်(၂၀)အတွင်းခရီးသွားနိုင်စေခဲ့ကြောင်းသိရသည်။
ယခင်က Xinjiang ဒေသ၏တောင်ပိုင်း နှင့်မြောက်ပိုင်းကို ဖြတ်သန်းသွားလာရန်အတွက် အန္တရာယ်များသောတောင်ပေါ်လမ်းများတွင် နာရီ ပေါင်းများစွာကြာအောင် ခရီးသွားရလေ့ရှိကြောင်း လည်းသိရသည်။ ကီလိုမီတာ(၂၅၀ဝ)ခန့်ရှည်လျား သော Tianshan တောင်တန်းသည် Xinjiang ဒေသ၏အလယ်ပိုင်းကို ဖြတ်သန်းပြီးတည်ရှိနေမှု နှင့်အတူ တောင်ပိုင်းနှင့်မြောက်ပိုင်းကို ပိုင်းခြား သည့်အရာတစ်ခုအဖြစ် တည်ရှိနေခဲ့သည်မှာ အချိန် အတော်ကြာပြီဖြစ်ကြောင်းလည်းသိရသည်။ သို့သော် လည်း နောက်ပိုင်းတွင် တရုတ်အာဏာပိုင်များက Xinjiang ဒေသ တောင်ပိုင်းနှင့်မြောက်ပိုင်းကို လွယ် ကူစွာဖြတ်သန်းသွားလာနိုင်စေရန်အတွက် Tianshan တောင်တန်းတွင် ဥမင်လိုဏ်ခေါင်းတစ်ခု ကို အောင်မြင်စွာဖောက်လုပ်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို အောင်မြင်စွာပြီးစီး အောင်လုပ်ဆောင်ရန်အတွက် ခေတ်မီနည်းပညာများ၊ ဒီဇိုင်းရေးဆွဲမှုများ၊ ဆန်းသစ်သော ဆောက်လုပ်ရေး နည်းပညာများနှင့် ဉာဏ်ရည်ထက်မြက်သော ဖြေရှင်းနည်းများကို အသုံးပြုခဲ့ရကြောင်း China Communications Construction ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Miao Baodong က ပြောကြားခဲ့သည်။
ထို့ပြင် Tianshan Shengli ဥမင်လှိုဏ် ခေါင်းကို အောင်မြင်စွာဆောက်လုပ်ပြီးစီးရန်အတွက် အမေရိကန်ဒေါ်လာ(၅)ဘီလျံခန့် ကုန်ကျခဲ့ကြောင်း Miao Baodongu က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
အရွည္(၂၂ ဒသမ ၁၃)ကီလိုမီတာရွိေသာ ကမာၻ႔အရွည္ဆုံး အျမန္လမ္းဥမင္လိုဏ္ေခါင္းကို တ႐ုတ္စတင္ဖြင့္လွစ္
Pika (NPNews) - ဇန္နဝါရီလ ၂၂
တ႐ုတ္ႏိုင္ငံသည္ အရွည္(၂၂ ဒသမ ၁၃)ကီလိုမီတာရွိေသာ ကမာၻ႔အရွည္ဆုံးအျမန္လမ္းဥမင္ လိုဏ္ေခါင္း Tianshan Shengli ကို အမ်ားျပည္သူ အသုံးျပဳႏိုင္ရန္အတြက္ ဖြင့္လွစ္ေပးခဲ့ၿပီးေနာက္ စံခ်ိန္သစ္တစ္ခုကို ရရွိခဲ့ေၾကာင္းသိရသည္။ Tianshan Shengli ဥမင္လိုဏ္ေခါင္းကို ဖြင့္လွစ္ ေပးလိုက္မႈႏွင့္အတူ Xinjiang ေဒသ၏ ေတာင္ပိုင္း ႏွင့္ေျမာက္ပိုင္းကို မိနစ္(၂၀)အတြင္းခရီးသြားႏိုင္ေစခဲ့ေၾကာင္းသိရသည္။
ယခင္က Xinjiang ေဒသ၏ေတာင္ပိုင္း ႏွင့္ေျမာက္ပိုင္းကို ျဖတ္သန္းသြားလာရန္အတြက္ အႏၲရာယ္မ်ားေသာေတာင္ေပၚလမ္းမ်ားတြင္ နာရီ ေပါင္းမ်ားစြာၾကာေအာင္ ခရီးသြားရေလ့ရွိေၾကာင္း လည္းသိရသည္။ ကီလိုမီတာ(၂၅၀ဝ)ခန႔္ရွည္လ်ား ေသာ Tianshan ေတာင္တန္းသည္ Xinjiang ေဒသ၏အလယ္ပိုင္းကို ျဖတ္သန္းၿပီးတည္ရွိေနမႈ ႏွင့္အတူ ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္းကို ပိုင္းျခား သည့္အရာတစ္ခုအျဖစ္ တည္ရွိေနခဲ့သည္မွာ အခ်ိန္ အေတာ္ၾကာၿပီျဖစ္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္ လည္း ေနာက္ပိုင္းတြင္ တ႐ုတ္အာဏာပိုင္မ်ားက Xinjiang ေဒသ ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္းကို လြယ္ ကူစြာျဖတ္သန္းသြားလာႏိုင္ေစရန္အတြက္ Tianshan ေတာင္တန္းတြင္ ဥမင္လိုဏ္ေခါင္းတစ္ခု ကို ေအာင္ျမင္စြာေဖာက္လုပ္တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
အဆိုပါစီမံကိန္းကို ေအာင္ျမင္စြာၿပီးစီး ေအာင္လုပ္ေဆာင္ရန္အတြက္ ေခတ္မီနည္းပညာမ်ား၊ ဒီဇိုင္းေရးဆြဲမႈမ်ား၊ ဆန္းသစ္ေသာ ေဆာက္လုပ္ေရး နည္းပညာမ်ားႏွင့္ ဉာဏ္ရည္ထက္ျမက္ေသာ ေျဖရွင္းနည္းမ်ားကို အသုံးျပဳခဲ့ရေၾကာင္း China Communications Construction ကုမၸဏီမွ အင္ဂ်င္နီယာတစ္ဦးျဖစ္သူ Miao Baodong က ေျပာၾကားခဲ့သည္။
ထို႔ျပင္ Tianshan Shengli ဥမင္လႈိဏ္ ေခါင္းကို ေအာင္ျမင္စြာေဆာက္လုပ္ၿပီးစီးရန္အတြက္ အေမရိကန္ေဒၚလာ(၅)ဘီလ်ံခန႔္ ကုန္က်ခဲ့ေၾကာင္း Miao Baodongu က ထပ္မံေျပာၾကားခဲ့သည္။