ရန်ကုန် - ပုသိမ် လမ်းမကြီး (သို့မဟုတ်) မျှော်လင့်ခြင်းလမ်းမပေါ် ခရီးသွားခြင်း (ခရီးသွား ဆောင်းပါး)

 476

သုတကျော် (NPNews) - ဇန်နဝါရီလ ၂၂

စီးပွားရေးမြို့တော်ရန်ကုန်နှင့် ဧရာဝတီတိုင်း၏မြို့တော်ပုသိမ်ကိုဆက်သွယ်ထားရာ ရန်ကုန်-ပုသိမ် လမ်းမ ကြီးသည် (၁၁၃)မိုင် (၂)ဖာလုံရှည်လျားပြီး မြန်မာနိုင်ငံရှိလမ်းမကြီးများအနက် လူသုံးအများဆုံး လမ်းမ ကြီးတစ်ခုဖြစ်သည်။ ယင်းလမ်းမကြီးသည် ဒေသခံတို့၏ လူမှုစီးပွားဘဝများအပေါ် အကျိုးသက်ရောက်မှု ကြီးမားသည်ဖြစ်ရာ အဆင့်မြှင့်တင်မှုများဖြင့် ဆက်စပ်ဒေသတို့၏အကျိုးကို ထပ်တိုးသယ်ပိုးနိုင်မည့်လမ်း လည်း ဖြစ်နေပေသည်။

ရန်ကုန်-ပုသိမ်လမ်းနှင့်ပတ်သက်၍ ယင်းလမ်း ကိုအသုံးပြုသွားလာသူများထံမှထွက်ပေါ်ခဲ့ဖူးသော စကားမှာ လမ်းဆိုးသည်ဆိုသောအကြောင်းဖြစ်သည်။ " ပြင်လိုက်၊ ပျက်လိုက်" ဆိုသောစကားမှာ ရန်ကုန်-ပုသိမ်လမ်းအတွက်ကဲ့သို့ဖြစ်ခဲ့သော်လည်း နောက်ပိုင်းကာလတွင် တာဝန်ရှိသူများက ပြုပြင်၊ အဆင့်မြှင့် တင်မှုများပြုလုပ်နေကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ယင်းလမ်းမကြီးအတိုင်း စာရေးသူခရီးသွားခဲ့ရာ လမ်းပိုင်းပြုပြင်နေသည့်အခြေ အနေနှင့် လမ်းပိုင်းနောက်ဆုံးအနေအထားကို မျက်စိ ဖြင့်မြင်ခဲ့ရ၏။ ခရီးစဉ်အစ ရန်ကုန်မှ မွန်းလွဲမတိုင်မီ ထွက်ခွာလာခဲ့ရာ လှိုင်မြစ်တစ်ဖက်ကမ်းမြင်ကွင်းများ မှသည် ဘုရင့်နောင်တံတားကိုဖြတ်သန်းပြီးသည့် နောက် လှိုင်သာယာအခြမ်း စက်ရုံ၊ အလုပ်ရုံများ မြင် ကွင်းဘက်သို့ရောက်သည်။ ထို့နောက်တွင်မူ ရန်ကုန် မြို့နှင့် တဖြည်းဖြည်းဝေးကွာလာပြီး ပတ်ဝန်းကျင်တွင် ငါးကန်များ၊ ငါးသားဖောက်လုပ်ငန်းများနှင့် တစ် မျှော်တစ်ခေါ်လယ်ကွင်းများက အစားထိုးလာသည်။
ရန်ကုန်-ပုသိမ် လမ်းဘေးဝဲယာမြင်ကွင်းကား ရသမျိုးစုံဖြင့်။ လမ်းတစ်လျှောက်ငေးရင်းဖြင့် ညောင် တုန်းမြို့၊ ထိုမှ ဗိုလ်မြတ်ထွန်းတံတားကိုဖြတ်ကျော်ရင်း တံတားပေါ်မှမြင်ကွင်းများကိုခံစားအပြီး အချိန်အချို့ အကြာတွင်ကား လူပြောများသော ရန်ကုန်-ပုသိမ် လမ်း၏အခြေအနေကို စာရေးသူ သိသိသာသာခံစားရ တော့၏။ ပန်းတနော်မြို့အနီးသို့မရောက်မီ အချိန်အ နည်းငယ်အလိုတွင်ဖြစ်သည်။
ကတ္တရာလမ်းတွင် ကျင်း၊ ချိုင့်အချို့ကိုတွေ့ရာမှ ယင်းအရာတို့များပြားလာသည်။ ပန်းတနော်မြို့သို့ အဝင်တွင်ကား ပြည်လုံးကပ်ကျော် ရွှေဘုံသာမုနိ ဗုဒ္ဓ ရုပ်ပွားတော်ကြီးကို လမ်းကွေ့၏ဘေးထိပ်တွင် ကြည် ညိုဖွယ်ဖူးမြင်ရ၏။ သို့သော် ရုပ်ပွားတော်ကို အာရုံ စိုက်၍မဖူးနိုင်ခဲ့ကြောင်းကိုကား တောင်းပန်ရပါတော့ မည်။ အဘယ်ကြောင့်ဆိုသော လမ်းပိုင်းကို အာရုံ ထားမိသွား၍ဖြစ်သည်။
လမ်းက မကောင်းဟုဆိုရမည့်အထဲ ဆိုင်ကယ် တို့ကလည်းများပြားနေသေး၏။ ယင်းဆိုင်ကယ်တို့ သည် ရန်ကုန်-ပုသိမ်လမ်း၏ အမှတ်သညာပင်ဖြစ် တော့သည်။ ချိုင့်တို့ကြောင့် စာရေးသူတို့ ကားဆရာ သည် အရှိန်ကိုလျှော့၍ထိန်းမောင်းသည်ကိုမြင်ရ သည်။
ပန်းတနော်မြို့နယ် စီမံကိန်းဦးစီးဌာနရုံးရှေ့တွင် လမ်းဆိုးနေသည့်အတွက် စာရေးသူဘာသာ ကြိတ် ပြုံးမိသေး၏။ ထို့နောက် လမ်းပြန်ကောင်းလာသော အခြေအနေရှိသည်။ လမ်းပိုင်းသည် တစ်လျှောက်လုံး ပျက်နေခြင်းတော့မဟုတ်။ ကောင်းလိုက်၊ ပျက်လိုက် အခြေအနေမျိုးဖြစ်သည်။
ပန်းတနော်မှအထွက်တွင် လမ်းအခြေအနေက အရပ်အခေါ်အားဖြင့် လှိုင်းများသည်ဟုဆိုရမည်။ ချိုင့်များကိုလည်း ဖာထေးပြုပြင်ထားကြောင်း မြင်ရ ၏။ ထို့နောက်တွင်မူ လမ်းပြုပြင်နေသော မြင်ကွင်း နှင့် ထပ်ပိုးကတ္တရာခင်းပြီး လမ်းသားကောင်းအောင် ပြုပြင်ထားခြင်းမျိုးကိုတွေ့ရသည်။
အချို့လမ်းပျက်သည့် ‌ေနရာတွင် အရှိန်ကို လို အပ်သည်ထက် ပိုလျှော့ပြီးမောင်းရသည်။ ယင်းသို့ ငေးရင်း၊ လမ်းပျက်သောနေရာတွင် အရှိန်လျှော့ မောင်းသည်ကိုခံစားမိရင်းဖြင့် တူရှုမှလာနေသောကုန် ကားတစ်စီးကိုတွေ့ရ၏။ တန်ပိုရုံမျှမက တန်လွန်ဟု ပင်ဆိုရမည်ထင်သည်။ ကားတွင် ကုန်မဆံ့၍ ဘေးသို့ ပင်လျှံထွက်နေချေပြီ။ ယင်းကားမျိုး အစီးရေ မည်မျှ ဖြတ်သန်းသည်ကိုမူကား မသိရ။
ကဝဲတံတားအကျော်တွင် လမ်းအနည်းငယ် ပြန် ကောင်းလာသည်။ ထို့ပြင် လမ်းပြုပြင်ရန်အတွက် ဆောင်ရွက်ထားသည်များကို ပိုမို မြင်လာရ၏။ စက် ယန္တရားကြီးများဖြင့် ရန်ကုန်-ပုသိမ်လမ်းကိုပြုပြင်နေ သောမြင်ကွင်းဖြစ်သည်။ လမ်းပိုင်းကိုတိုးချဲ့ရန်ဆောင် ရွက်နေခြင်းဖြစ်ပြီး လမ်းပိုင်းတစ်ခုလုံးပြီးစီးသွားမည့် အချိန်တို့ထံ ကျော်လိုက်ချင်စိတ်ပင် ပေါ်ပေါက်လာ၏။
လမ်းတို့သည် ဆိုးလိုက်၊ ကောင်းလိုက် ဖြစ်နေ သောတစ်ဖက်တွင်လည်း မကြာမီ ပြုပြင်နိုင်တော့မည် ဖြစ်ကြောင်း ဆက်လက်မြင်တွေ့ရသောမြင်ကွင်းက သက်သေခံနေသည်။ မြေသယ်ကားတစ်စီးက သယ် လာသောမြေများကို လမ်းဘေးချနေသည့်အတွက် ခေတ္တစောင့်ရသော်လည်း လိုလိုလားလားပင် စောင့် ဆိုင်းကြည့်ရှုဖြစ်သည်။ မကြာမီတွင် ယင်းအသီးအ ပွင့်ကိုခံစားရတော့မည်မဟုတ်ပါလား။ ယင်းမှ လမ်း တစ်လျှောက်တွင် မြေစာပုံတို့ကို ထပ်မံမြင်ရသည်။
ထိန်းမောင်းရင်းဖြင့် လမ်းပိုင်းကို သတိထား ကြည့်မိရာ လမ်းပခုံးတို့မကောင်းသည်ကို မြင်ရသည်။ သတင်းသမားမျက်စိက အပြစ်ရှာမြင်တတ်သည်ဟု ဆိုလျှင်လည်း ယင်းလမ်းတွင် အသုံးပြုသွားလာသူများ ကိုယ်တိုင်က လမ်းပခုံးမကောင်းကြောင်းအချက်ကို သဘောတူကြလိမ့်မည်ထင်ပါသည်။ လမ်းကား ဆိုး လိုက်၊ ကောင်းလိုက်၊ ဆောက်လုပ်ရေးလုပ်သားများ မြင်လိုက်ဖြင့်မောင်းလာရာ ဘေးတစ်ဖက်တွင် ကျောက်ခွဲစက်ကြီးကိုတွေ့ရသည်။ မြင်ကွင်းအရ ကျောက်ခွဲစက်မှာ တောက်လျှောက် အလုပ်လုပ်နေ ဖွယ်ရှိ၏။ အင်တိုက်အားတိုက် အလုပ်လုပ်နေသည့် လမ်းပြုပြင်ရေးစီမံကိန်းများ ယခုထက် ဆောလျင်စွာ ပြီးစီးနိုင်မည့်အခြေအနေရှိသည်ဟုဆိုနိုင်သည်။
သို့သော် စာရေးသူတို့ကားဆရာကြီးကား လက် တွေ့သမားဖြစ်သည့်အတွက် ယင်းမြင်ကွင်းကို အာရုံ ထားမိပုံမရ။ ကားကိုသာ ထိန်းမောင်းနေကြောင်းတွေ့ ရသည်။ ကျုံးတုံးကလေး ကျေးရွာအနီးအရောက်တွင် လမ်းတိုင်းတာနေသော အင်ဂျင်နီယာအဖွဲ့ကို သတိ ထားမိခဲ့သည်။ တစ်ဖန် လမ်းပခုံးများကိုပြုပြင်နေ သည့်မြင်ကွင်းကိုလည်း ပြန်တွေ့ရပြန်သည်။
ကျောင်းကုန်းမြို့နယ်အဝင်မှစမြင်ရသည့် မြင် ကွင်းက လမ်းဘေးဝဲယာမှ စိမ်းလန်းသောသစ်ပင်များ ဖြစ်သည်။ လမ်းကောင်းလျှင် ယင်းသစ်ပင်များ၏ မြင် ကွင်းနှင့်ခံစားမှုက ပိုမို အသက်ဝင်ပေလိမ့်မည်။ ယင်း လမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှင့်ကားအချို့က ကားလမ်းပေါ် မလွတ်တလွတ်ရပ်ထားခြင်းမျိုးလည်း မကြာခဏမြင်ခဲ့ရသည်။ လမ်းပခုံးနည်းသည့်နေရာ တွင် ကားလမ်းမပေါ် ကိုယ်ထည်တစ်ဝက်မျှ တင်ရပ် ထားသောကားတစ်စီးကိုတွေ့ခဲ့သေး၏။ အခြားကား တစ်စီးက မတော်တိုက်မိခဲ့သော်ဟု စဉ်းစားမိသေး သော်လည်း သူ့အရပ်နှင့်သူဇာတ်ဖြစ်သည့်အတွက် အချင်းချင်းနားလည်၍သာ ရပ်ထားခြင်းမျိုးဖြစ်ပေ လိမ့်မည်ဟု ဖြေတွေးရသည်။
ကျောင်းကုန်းမြို့နယ်အတွင်းမှာပင် ကျေးရွာချင်း ဆက်လမ်းဖွင့်ရန်ပြင်ထားသည့်မြင်ကွင်းကိုလည်း မြင်ရသည်။ လမ်းမကြီးသို့ပေါက်လာတော့မည့် ယင်း ကျေးရွာချင်းဆက်လမ်းသည် ဒေသခံတို့အတွက် အကျိုးများပေလိမ့်မည်။ လမ်းဘေးခပ်လှမ်းလှမ်းမှ ကျေးရွာတစ်ရွာတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ကပ် နေသည်ကိုလည်းတွေ့ခဲ့ရ၏။ ဒေသခံတို့၏ ဘာသာ အယူကွဲပြားသော်လည်း အချင်းချင်း သဟဇာတဖြစ် သောလက္ခဏာပင်ဖြစ်သည်။
လမ်းဘေးမြင်ကွင်းကား မြို့ပြအရသာတို့မရှိ တော့လေပြီ။ ရွာဆက်များ၊ စိုက်ခင်းများနှင့် အဝေး ဆီမှခွဲခြားမရလေသော မှိုင်းပျပျရှုခင်းတို့သာရှိလေရာ မြို့ပြမွန်းကျပ်မှုတို့လွင့်စဉ်ခဲ့ပြီဖြစ်သောကြောင့် ကြည် နူးမှုရသည့်အပြင် လွမ်းစရာပင် ကာင်းသေးတော့၏။ သို့သော် လွမ်းနေသော လွမ်းအချို့သည် လမ်းပေါ် ကားဆောင့်ဆောင့်သွားသောကြောင့် ဠဃီ အခွေ ကြည့်ရင်း လွမ်းခန်းရောက်မှ တစ်ချက်တစ်ချက် အခွေထစ်သောအရသာမျိုးကိုပင် ပြန်ရနေပြန်သည်။
ကားဆရာကြီးကမူ " မထင်မှတ်ဘဲ လမ်းက ဆောင့်ဆောင့်သွားတာ" ဟု ၎င်း၏ ကားမောင်းစွမ်း ရည်ကို ယုံကြည်မှုအပြည့်ဟန်ဖြင့် စာရေးသူတို့ကို ပြောပြသလိုနှင့် သူ့ဘာသာသူပြောနေသည်။ မောင်း လာရင်း လမ်းက ကောင်းလိုက်၊ ဆိုးလိုက် ဖြစ်နေ သောကြောင့် ယင်းခံစားမှုကို အကျွမ်းတဝင်ပင်ဖြစ် နေလေပြီ။ လမ်းတွင် လမ်းလုပ်သားတို့ကိုလည်း မကြာခဏမြင်ရသည်။ စာရေးသူသည် ရန်ကုန်-စစ် တွေလမ်းဆောက်လုပ်ရေးနှင့် ပြင်ထိန်းလုပ်ငန်းခွင် တွင်ကြီးပြင်းရသူဖြစ်သောကြောင့် လမ်းလုပ်သားတို့ ကိုမြင်ပြီး ငယ်ဘဝကိုပင် ပြန်ပြောင်းသတိရမိသေး၏။ ရန်ကုန်-စစ်တွေလမ်း မကြာခဏ ပြုပြင်ခဲ့ရပြီးသည့် နောက် လမ်းကောင်းသည့်အချိန် သူပုန်တို့ထြွကလေ သောကြောင့် ယခုတော့ ပိတ်နေလေပြီ။ လမ်းမကြီး တစ်ခုရပ်နားနေရခြင်းသည် ဒေသခံတို့၏ လူမှုစီးပွား ဘဝတို့အတွက် အဘယ်မျှထိခိုက်ရကြောင်း အထူး ပင် ပြောရန်ကားမလိုတော့ပါ။ ယင်းလမ်းဖောက်လုပ်၊ ပြုပြင်ရန် ညွှန်ကြားစီမံခဲ့သူများ၊ အင်ဂျင်နီယာများ၊ ပါဝင်လုပ်ကိုင်ခဲ့သူများ ရင်တွင်းမှာလည်း နာကျင် သောဝေဒနာကို ခံစားကြရပေလိမ့်မည်။
ငေးရင်း တွေးရင်း ကိုင်းတာလမ်းဆုံရောက် လေပြီ။ ထင်ရှားသော ချိုင့်ကြီးနှစ်ခုကြောင့် ကားကို သတိထားမောင်းရသည်။ လမ်းမကြီး၏ အလယ်သာ ကောင်းပြီး ဘေးတစ်ဖက်စီက မကောင်းမသော ကြောင့် ထိန်းမောင်းလိုက်ရသေး၏။ လမ်းပြုပြင်သည့် မြင်ကွင်းများက လက်ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီး၏ အဓိကမြင်ကွင်းများပင်ဖြစ်နေတော့သည်။ လမ်းလုပ် သားတို့ အလုပ်လုပ်နေသော မြင်ကွင်း၊ လမ်းဘေးမှ ကတ္တရာကို အပူပေးဖျော်နေသည့်မြင်ကွင်းတို့က မရိုး နိုင်အောင်ဖြစ်၏။ လမ်းဘေးရွာတို့မှ ဒေသခံအချို့ ယင်းလမ်းပြင်ရာတွင် အလုပ်ရနေသည်မှာလည်း ကောင်းကွက်တစ်ခု ဖြစ်သည်။
တစ်ဖန် ယင်းမြင်ကွင်းနှင့်အပြိုင်မြင်ရသည်က ဆိုင်ကယ်တွင် ကုန်များကိုတင်ဆောင်ကာ မောင်းနှင် နေကြသော တစ်နိုင်တစ်ပိုင်ကုန်သည်ငယ်တို့၏မြင် ကွင်းဖြစ်သည်။ လမ်းကိုအမှီပြုကာရောင်းချနေကြသူ များသည်လည်း အများအပြား။ လမ်းမကြီးရှိလျှင် ဈေးဆိုင်တို့သည်လည်း ရှိရမည်မဟုတ်ပါလား။ လမ်း မကြီးကပင့်တင်ပေးထားသော ဒေသခံတို့၏ အကျိုး စီးပွားများအနက် ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ ရှိနေ သေးသည်။ ဒေသတွင်းကုန်တို့သည်လည်း ယင်း လမ်းမကြီးမှ ဖြတ်သန်းပေလိမ့်မည်။
တစ်ကြိမ်တွင် လမ်းပြင်သည့်နေရာအရောက် ဖုန်တို့ တလိမ့်လိမ့်ထနေသည်ဖြစ်ရာ ဖုန်ရှူလိုက်ဆို သောစကားကိုပင် ပြန်အမှတ်ရမိသေး၏။ အချို့နေရာ များတွင် လမ်းကို အထူးတလည်ပြင်နေသကဲ့သို့ အ ချို့နေရာများတွင် အရေးပေါ်ပြုပြင်နေသည့်ပုံစံမျိုး လည်းမြင်ရသည်။ ပုသိမ်-မုံရွာ လမ်းဆုံအရောက် တွင် လမ်းပြုပြင်သည့်အခြေအနေနှင့်ပတ်သက်၍ မြင်ကွင်းအရ စာရေးသူချမိသည့် ကောက်ချက်ဖြစ် သည်။ တစ်ဖက်တွင်လည်း လမ်းကောင်းမွန်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်ကို လည်းအသိအမှတ်ပြုပါ၏။ ရောမမြို့ကို တစ်ရက် တည်း တည်ဆောက်ခဲ့ခြင်းမဟုတ်ပါပေ။
သိုသော် ယင်းလမ်းပိုင်းသည် ယခင်ထက် ပိုမို ကောင်းမွန်သောအခြေအနေကို ရောက်နေပြီဆိုခြင်း ကိုကား မည်သူမျှ ငြင်းနိုင်လိမ့်မည်မဟုတ်ပေ။ ယခင် က လမ်းချိုင့်ကိုကျပြီး ကားခုန်ထွက်သွားသည်ဆို သောအခြေအနေမှ လမ်းသည် လုံးဝကောင်းမွန် သွားသည်မဟုတ်သေးသည့်တိုင် တိုးတက်လာပြီဟု ကားပြောနိုင်ပါလိမ့်မည်။ ယခုပြင်ဆင်မှုများပြီးဆုံး သွားလျှင်ကား ရန်ကုန်-ပုသိမ်လမ်းသည် ဖြောင့်ဖြူး သောလမ်းအဖြစ် ပေါ်ထွက်လာတော့မည် ဖြစ်သည်။
အချို့နေရာများတွင် လမ်းကောင်းနေရာကိုပင် လုကာ ကားနှစ်စီး ပွတ်ကာ သီကာ ကျော်တက်၊ ရှောင် တိမ်းမောင်းနှင်ခြင်းမျိုးကိုလည်း မြင်ခဲ့ရသည်။ ဆက် လာရင်း ပုသိမ်နားနီးလာချေပြီ။ ဒါးကမြို့မရောက်မီ လမ်းပိုင်းနိမ့်ကျသည့်အတွက် သတိထားမောင်းနှင် ရန် ဆိုင်းဘုတ်အချို့ စမြင်ရသည်။ မီးခိုးတလူလူ ဆန်စက်ကိုလည်း မြင်ရသည်။ ဧရာဝတီ၏ အသက် ဝင်သင်္ကေတများပင်မဟုတ်ပါလား။ စာရေးသူတို့ ဒါးကကိုဖြတ်သန်းချိန် ဆန်တင်ရန်စောင့်နေသည့် ကုန်ကားများစွာကိုလည်းတွေ့ရ၏။ ယင်းကားတို့ သည် ရန်ကုန်-ပုသိမ်လမ်းကို သုံးကြပေလိမ့်မည်။
ဒါးကမှအကျော်တွင် လမ်းပျက်နေရာများအပြင် ချိုင့် ကြီးများကိုဖြတ်ကျော်ရသည့်အခါ စာရေးသူတို့ ကား ဆရာက "ဒါမျိုးက လမ်းကြောမသိရင်မရဘူးဗျ" ဟု ကားမောင်းရင်း ခပ်ကြွားကြွားပြောနေပြန်သေးသည်။ ဆက်မောင်းလာရာ တစ်နေရာတွင် လမ်းကျဉ်းသည့် အတွက် ရှေ့မှ မြေသယ်ကားကိုကျော်တက်ရန် လည်းခက်သောကြောင့် ဟွန်းတီး၊ လမ်းတောင်းပြီး ကျော်ဖြတ်ရာ ယင်းကားက ဘေးမဆင်းပေးသော ကြောင့် စာရေးသူက မြည်တွန်တောက်တီးမိသည်။
" မရဘူးဗျ။ လမ်းဘေးဆင်းလိုက်ရင် သူ့ဝိတ်နဲ့ မြေပျော့တဲ့အခါ ကား တုံးလုံးလဲသွားနိုင်တယ်"ဟု ကားဆရာက လမ်းအခြေအနေကိုပြန်ရှင်းပြသည်။
ပုသိမ်မြို့နီးလာပြီဖြစ်သည့်အတွက် လမ်းကောင်းလေ ပြီ။ တိုက်တိုက်ဆိုင်ဆိုင် ကားပေါ်ဖွင့်ထားသည့် သီချင်းစာသားမှာ "ငါမြင်နေကျ အရင်လို အပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်ထား"ဆိုသော အဆိုတော် ဖိုးကာ၏ "လမ်းခွဲ"သီချင်းမှစာသား ဖြစ်နေလေသည်။

Zawgyi Version:
ရန္ကုန္ - ပုသိမ္ လမ္းမႀကီး (သို႔မဟုတ္) ေမွ်ာ္လင့္ျခင္းလမ္းမေပၚ ခရီးသြားျခင္း
(ခရီးသြား ေဆာင္းပါး)
သုတေက်ာ္ (NPNews) - ဇန္နဝါရီလ ၂၂

စီးပြားေရးၿမိဳ႕ေတာ္ရန္ကုန္ႏွင့္ ဧရာဝတီတိုင္း၏ၿမိဳ႕ေတာ္ပုသိမ္ကိုဆက္သြယ္ထားရာ ရန္ကုန္-ပုသိမ္ လမ္းမ ႀကီးသည္ (၁၁၃)မိုင္ (၂)ဖာလုံရွည္လ်ားၿပီး ျမန္မာႏိုင္ငံရွိလမ္းမႀကီးမ်ားအနက္ လူသုံးအမ်ားဆုံး လမ္းမ ႀကီးတစ္ခုျဖစ္သည္။ ယင္းလမ္းမႀကီးသည္ ေဒသခံတို႔၏ လူမႈစီးပြားဘဝမ်ားအေပၚ အက်ိဳးသက္ေရာက္မႈ ႀကီးမားသည္ျဖစ္ရာ အဆင့္ျမႇင့္တင္မႈမ်ားျဖင့္ ဆက္စပ္ေဒသတို႔၏အက်ိဳးကို ထပ္တိုးသယ္ပိုးႏိုင္မည့္လမ္း လည္း ျဖစ္ေနေပသည္။

ရန္ကုန္-ပုသိမ္လမ္းႏွင့္ပတ္သက္၍ ယင္းလမ္း ကိုအသုံးျပဳသြားလာသူမ်ားထံမွထြက္ေပၚခဲ့ဖူးေသာ စကားမွာ လမ္းဆိုးသည္ဆိုေသာအေၾကာင္းျဖစ္သည္။ " ျပင္လိုက္၊ ပ်က္လိုက္" ဆိုေသာစကားမွာ ရန္ကုန္-ပုသိမ္လမ္းအတြက္ကဲ့သို႔ျဖစ္ခဲ့ေသာ္လည္း ေနာက္ပိုင္းကာလတြင္ တာဝန္ရွိသူမ်ားက ျပဳျပင္၊ အဆင့္ျမႇင့္ တင္မႈမ်ားျပဳလုပ္ေနေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ယင္းလမ္းမႀကီးအတိုင္း စာေရးသူခရီးသြားခဲ့ရာ လမ္းပိုင္းျပဳျပင္ေနသည့္အေျခ အေနႏွင့္ လမ္းပိုင္းေနာက္ဆုံးအေနအထားကို မ်က္စိ ျဖင့္ျမင္ခဲ့ရ၏။ ခရီးစဥ္အစ ရန္ကုန္မွ မြန္းလြဲမတိုင္မီ ထြက္ခြာလာခဲ့ရာ လႈိင္ျမစ္တစ္ဖက္ကမ္းျမင္ကြင္းမ်ား မွသည္ ဘုရင့္ေနာင္တံတားကိုျဖတ္သန္းၿပီးသည့္ ေနာက္ လႈိင္သာယာအျခမ္း စက္႐ုံ၊ အလုပ္႐ုံမ်ား ျမင္ ကြင္းဘက္သို႔ေရာက္သည္။ ထို႔ေနာက္တြင္မူ ရန္ကုန္ ၿမိဳ႕ႏွင့္ တျဖည္းျဖည္းေဝးကြာလာၿပီး ပတ္ဝန္းက်င္တြင္ ငါးကန္မ်ား၊ ငါးသားေဖာက္လုပ္ငန္းမ်ားႏွင့္ တစ္ ေမွ်ာ္တစ္ေခၚလယ္ကြင္းမ်ားက အစားထိုးလာသည္။
ရန္ကုန္-ပုသိမ္ လမ္းေဘးဝဲယာျမင္ကြင္းကား ရသမ်ိဳးစုံျဖင့္။ လမ္းတစ္ေလွ်ာက္ေငးရင္းျဖင့္ ေညာင္ တုန္းၿမိဳ႕၊ ထိုမွ ဗိုလ္ျမတ္ထြန္းတံတားကိုျဖတ္ေက်ာ္ရင္း တံတားေပၚမွျမင္ကြင္းမ်ားကိုခံစားအၿပီး အခ်ိန္အခ်ိဳ႕ အၾကာတြင္ကား လူေျပာမ်ားေသာ ရန္ကုန္-ပုသိမ္ လမ္း၏အေျခအေနကို စာေရးသူ သိသိသာသာခံစားရ ေတာ့၏။ ပန္းတေနာ္ၿမိဳ႕အနီးသို႔မေရာက္မီ အခ်ိန္အ နည္းငယ္အလိုတြင္ျဖစ္သည္။
ကတၱရာလမ္းတြင္ က်င္း၊ ခ်ိဳင့္အခ်ိဳ႕ကိုေတြ႕ရာမွ ယင္းအရာတို႔မ်ားျပားလာသည္။ ပန္းတေနာ္ၿမိဳ႕သို႔ အဝင္တြင္ကား ျပည္လုံးကပ္ေက်ာ္ ေ႐ႊဘုံသာမုနိ ဗုဒၶ ႐ုပ္ပြားေတာ္ႀကီးကို လမ္းေကြ႕၏ေဘးထိပ္တြင္ ၾကည္ ညိဳဖြယ္ဖူးျမင္ရ၏။ သို႔ေသာ္ ႐ုပ္ပြားေတာ္ကို အာ႐ုံ စိုက္၍မဖူးႏိုင္ခဲ့ေၾကာင္းကိုကား ေတာင္းပန္ရပါေတာ့ မည္။ အဘယ္ေၾကာင့္ဆိုေသာ လမ္းပိုင္းကို အာ႐ုံ ထားမိသြား၍ျဖစ္သည္။
လမ္းက မေကာင္းဟုဆိုရမည့္အထဲ ဆိုင္ကယ္ တို႔ကလည္းမ်ားျပားေနေသး၏။ ယင္းဆိုင္ကယ္တို႔ သည္ ရန္ကုန္-ပုသိမ္လမ္း၏ အမွတ္သညာပင္ျဖစ္ ေတာ့သည္။ ခ်ိဳင့္တို႔ေၾကာင့္ စာေရးသူတို႔ ကားဆရာ သည္ အရွိန္ကိုေလွ်ာ့၍ထိန္းေမာင္းသည္ကိုျမင္ရ သည္။
ပန္းတေနာ္ၿမိဳ႕နယ္ စီမံကိန္းဦးစီးဌာန႐ုံးေရွ႕တြင္ လမ္းဆိုးေနသည့္အတြက္ စာေရးသူဘာသာ ႀကိတ္ ၿပဳံးမိေသး၏။ ထို႔ေနာက္ လမ္းျပန္ေကာင္းလာေသာ အေျခအေနရွိသည္။ လမ္းပိုင္းသည္ တစ္ေလွ်ာက္လုံး ပ်က္ေနျခင္းေတာ့မဟုတ္။ ေကာင္းလိုက္၊ ပ်က္လိုက္ အေျခအေနမ်ိဳးျဖစ္သည္။
ပန္းတေနာ္မွအထြက္တြင္ လမ္းအေျခအေနက အရပ္အေခၚအားျဖင့္ လႈိင္းမ်ားသည္ဟုဆိုရမည္။ ခ်ိဳင့္မ်ားကိုလည္း ဖာေထးျပဳျပင္ထားေၾကာင္း ျမင္ရ ၏။ ထို႔ေနာက္တြင္မူ လမ္းျပဳျပင္ေနေသာ ျမင္ကြင္း ႏွင့္ ထပ္ပိုးကတၱရာခင္းၿပီး လမ္းသားေကာင္းေအာင္ ျပဳျပင္ထားျခင္းမ်ိဳးကိုေတြ႕ရသည္။
အခ်ိဳ႕လမ္းပ်က္သည့္ ‌ေနရာတြင္ အရွိန္ကို လို အပ္သည္ထက္ ပိုေလွ်ာ့ၿပီးေမာင္းရသည္။ ယင္းသို႔ ေငးရင္း၊ လမ္းပ်က္ေသာေနရာတြင္ အရွိန္ေလွ်ာ့ ေမာင္းသည္ကိုခံစားမိရင္းျဖင့္ တူရႈမွလာေနေသာကုန္ ကားတစ္စီးကိုေတြ႕ရ၏။ တန္ပို႐ုံမွ်မက တန္လြန္ဟု ပင္ဆိုရမည္ထင္သည္။ ကားတြင္ ကုန္မဆံ့၍ ေဘးသို႔ ပင္လွ်ံထြက္ေနေခ်ၿပီ။ ယင္းကားမ်ိဳး အစီးေရ မည္မွ် ျဖတ္သန္းသည္ကိုမူကား မသိရ။
ကဝဲတံတားအေက်ာ္တြင္ လမ္းအနည္းငယ္ ျပန္ ေကာင္းလာသည္။ ထို႔ျပင္ လမ္းျပဳျပင္ရန္အတြက္ ေဆာင္႐ြက္ထားသည္မ်ားကို ပိုမို ျမင္လာရ၏။ စက္ ယႏၲရားႀကီးမ်ားျဖင့္ ရန္ကုန္-ပုသိမ္လမ္းကိုျပဳျပင္ေန ေသာျမင္ကြင္းျဖစ္သည္။ လမ္းပိုင္းကိုတိုးခ်ဲ႕ရန္ေဆာင္ ႐ြက္ေနျခင္းျဖစ္ၿပီး လမ္းပိုင္းတစ္ခုလုံးၿပီးစီးသြားမည့္ အခ်ိန္တို႔ထံ ေက်ာ္လိုက္ခ်င္စိတ္ပင္ ေပၚေပါက္လာ၏။
လမ္းတို႔သည္ ဆိုးလိုက္၊ ေကာင္းလိုက္ ျဖစ္ေန ေသာတစ္ဖက္တြင္လည္း မၾကာမီ ျပဳျပင္ႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ဆက္လက္ျမင္ေတြ႕ရေသာျမင္ကြင္းက သက္ေသခံေနသည္။ ေျမသယ္ကားတစ္စီးက သယ္ လာေသာေျမမ်ားကို လမ္းေဘးခ်ေနသည့္အတြက္ ေခတၱေစာင့္ရေသာ္လည္း လိုလိုလားလားပင္ ေစာင့္ ဆိုင္းၾကည့္ရႈျဖစ္သည္။ မၾကာမီတြင္ ယင္းအသီးအ ပြင့္ကိုခံစားရေတာ့မည္မဟုတ္ပါလား။ ယင္းမွ လမ္း တစ္ေလွ်ာက္တြင္ ေျမစာပုံတို႔ကို ထပ္မံျမင္ရသည္။
ထိန္းေမာင္းရင္းျဖင့္ လမ္းပိုင္းကို သတိထား ၾကည့္မိရာ လမ္းပခုံးတို႔မေကာင္းသည္ကို ျမင္ရသည္။ သတင္းသမားမ်က္စိက အျပစ္ရွာျမင္တတ္သည္ဟု ဆိုလွ်င္လည္း ယင္းလမ္းတြင္ အသုံးျပဳသြားလာသူမ်ား ကိုယ္တိုင္က လမ္းပခုံးမေကာင္းေၾကာင္းအခ်က္ကို သေဘာတူၾကလိမ့္မည္ထင္ပါသည္။ လမ္းကား ဆိုး လိုက္၊ ေကာင္းလိုက္၊ ေဆာက္လုပ္ေရးလုပ္သားမ်ား ျမင္လိုက္ျဖင့္ေမာင္းလာရာ ေဘးတစ္ဖက္တြင္ ေက်ာက္ခြဲစက္ႀကီးကိုေတြ႕ရသည္။ ျမင္ကြင္းအရ ေက်ာက္ခြဲစက္မွာ ေတာက္ေလွ်ာက္ အလုပ္လုပ္ေန ဖြယ္ရွိ၏။ အင္တိုက္အားတိုက္ အလုပ္လုပ္ေနသည့္ လမ္းျပဳျပင္ေရးစီမံကိန္းမ်ား ယခုထက္ ေဆာလ်င္စြာ ၿပီးစီးႏိုင္မည့္အေျခအေနရွိသည္ဟုဆိုႏိုင္သည္။
သို႔ေသာ္ စာေရးသူတို႔ကားဆရာႀကီးကား လက္ ေတြ႕သမားျဖစ္သည့္အတြက္ ယင္းျမင္ကြင္းကို အာ႐ုံ ထားမိပုံမရ။ ကားကိုသာ ထိန္းေမာင္းေနေၾကာင္းေတြ႕ ရသည္။ က်ဳံးတုံးကေလး ေက်း႐ြာအနီးအေရာက္တြင္ လမ္းတိုင္းတာေနေသာ အင္ဂ်င္နီယာအဖြဲ႕ကို သတိ ထားမိခဲ့သည္။ တစ္ဖန္ လမ္းပခုံးမ်ားကိုျပဳျပင္ေန သည့္ျမင္ကြင္းကိုလည္း ျပန္ေတြ႕ရျပန္သည္။
ေက်ာင္းကုန္းၿမိဳ႕နယ္အဝင္မွစျမင္ရသည့္ ျမင္ ကြင္းက လမ္းေဘးဝဲယာမွ စိမ္းလန္းေသာသစ္ပင္မ်ား ျဖစ္သည္။ လမ္းေကာင္းလွ်င္ ယင္းသစ္ပင္မ်ား၏ ျမင္ ကြင္းႏွင့္ခံစားမႈက ပိုမို အသက္ဝင္ေပလိမ့္မည္။ ယင္း လမ္းမႀကီးေပၚတြင္ ဆိုင္ကယ္ႏွင့္ကားအခ်ိဳ႕က ကားလမ္းေပၚ မလြတ္တလြတ္ရပ္ထားျခင္းမ်ိဳးလည္း မၾကာခဏျမင္ခဲ့ရသည္။ လမ္းပခုံးနည္းသည့္ေနရာ တြင္ ကားလမ္းမေပၚ ကိုယ္ထည္တစ္ဝက္မွ် တင္ရပ္ ထားေသာကားတစ္စီးကိုေတြ႕ခဲ့ေသး၏။ အျခားကား တစ္စီးက မေတာ္တိုက္မိခဲ့ေသာ္ဟု စဥ္းစားမိေသး ေသာ္လည္း သူ႔အရပ္ႏွင့္သူဇာတ္ျဖစ္သည့္အတြက္ အခ်င္းခ်င္းနားလည္၍သာ ရပ္ထားျခင္းမ်ိဳးျဖစ္ေပ လိမ့္မည္ဟု ေျဖေတြးရသည္။
ေက်ာင္းကုန္းၿမိဳ႕နယ္အတြင္းမွာပင္ ေက်း႐ြာခ်င္း ဆက္လမ္းဖြင့္ရန္ျပင္ထားသည့္ျမင္ကြင္းကိုလည္း ျမင္ရသည္။ လမ္းမႀကီးသို႔ေပါက္လာေတာ့မည့္ ယင္း ေက်း႐ြာခ်င္းဆက္လမ္းသည္ ေဒသခံတို႔အတြက္ အက်ိဳးမ်ားေပလိမ့္မည္။ လမ္းေဘးခပ္လွမ္းလွမ္းမွ ေက်း႐ြာတစ္႐ြာတြင္ ဗုဒၶဘာသာဘုန္းေတာ္ႀကီး ေက်ာင္းႏွင့္ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း ကပ္ ေနသည္ကိုလည္းေတြ႕ခဲ့ရ၏။ ေဒသခံတို႔၏ ဘာသာ အယူကြဲျပားေသာ္လည္း အခ်င္းခ်င္း သဟဇာတျဖစ္ ေသာလကၡဏာပင္ျဖစ္သည္။
လမ္းေဘးျမင္ကြင္းကား ၿမိဳ႕ျပအရသာတို႔မရွိ ေတာ့ေလၿပီ။ ႐ြာဆက္မ်ား၊ စိုက္ခင္းမ်ားႏွင့္ အေဝး ဆီမွခြဲျခားမရေလေသာ မႈိင္းပ်ပ်ရႈခင္းတို႔သာရွိေလရာ ၿမိဳ႕ျပမြန္းက်ပ္မႈတို႔လြင့္စဥ္ခဲ့ၿပီျဖစ္ေသာေၾကာင့္ ၾကည္ ႏူးမႈရသည့္အျပင္ လြမ္းစရာပင္ ကာင္းေသးေတာ့၏။ သို႔ေသာ္ လြမ္းေနေသာ လြမ္းအခ်ိဳ႕သည္ လမ္းေပၚ ကားေဆာင့္ေဆာင့္သြားေသာေၾကာင့္ ဠဃီ အေခြ ၾကည့္ရင္း လြမ္းခန္းေရာက္မွ တစ္ခ်က္တစ္ခ်က္ အေခြထစ္ေသာအရသာမ်ိဳးကိုပင္ ျပန္ရေနျပန္သည္။
ကားဆရာႀကီးကမူ " မထင္မွတ္ဘဲ လမ္းက ေဆာင့္ေဆာင့္သြားတာ" ဟု ၎၏ ကားေမာင္းစြမ္း ရည္ကို ယုံၾကည္မႈအျပည့္ဟန္ျဖင့္ စာေရးသူတို႔ကို ေျပာျပသလိုႏွင့္ သူ႔ဘာသာသူေျပာေနသည္။ ေမာင္း လာရင္း လမ္းက ေကာင္းလိုက္၊ ဆိုးလိုက္ ျဖစ္ေန ေသာေၾကာင့္ ယင္းခံစားမႈကို အကြၽမ္းတဝင္ပင္ျဖစ္ ေနေလၿပီ။ လမ္းတြင္ လမ္းလုပ္သားတို႔ကိုလည္း မၾကာခဏျမင္ရသည္။ စာေရးသူသည္ ရန္ကုန္-စစ္ ေတြလမ္းေဆာက္လုပ္ေရးႏွင့္ ျပင္ထိန္းလုပ္ငန္းခြင္ တြင္ႀကီးျပင္းရသူျဖစ္ေသာေၾကာင့္ လမ္းလုပ္သားတို႔ ကိုျမင္ၿပီး ငယ္ဘဝကိုပင္ ျပန္ေျပာင္းသတိရမိေသး၏။ ရန္ကုန္-စစ္ေတြလမ္း မၾကာခဏ ျပဳျပင္ခဲ့ရၿပီးသည့္ ေနာက္ လမ္းေကာင္းသည့္အခ်ိန္ သူပုန္တို႔ႂထြကေလ ေသာေၾကာင့္ ယခုေတာ့ ပိတ္ေနေလၿပီ။ လမ္းမႀကီး တစ္ခုရပ္နားေနရျခင္းသည္ ေဒသခံတို႔၏ လူမႈစီးပြား ဘဝတို႔အတြက္ အဘယ္မွ်ထိခိုက္ရေၾကာင္း အထူး ပင္ ေျပာရန္ကားမလိုေတာ့ပါ။ ယင္းလမ္းေဖာက္လုပ္၊ ျပဳျပင္ရန္ ၫႊန္ၾကားစီမံခဲ့သူမ်ား၊ အင္ဂ်င္နီယာမ်ား၊ ပါဝင္လုပ္ကိုင္ခဲ့သူမ်ား ရင္တြင္းမွာလည္း နာက်င္ ေသာေဝဒနာကို ခံစားၾကရေပလိမ့္မည္။
ေငးရင္း ေတြးရင္း ကိုင္းတာလမ္းဆုံေရာက္ ေလၿပီ။ ထင္ရွားေသာ ခ်ိဳင့္ႀကီးႏွစ္ခုေၾကာင့္ ကားကို သတိထားေမာင္းရသည္။ လမ္းမႀကီး၏ အလယ္သာ ေကာင္းၿပီး ေဘးတစ္ဖက္စီက မေကာင္းမေသာ ေၾကာင့္ ထိန္းေမာင္းလိုက္ရေသး၏။ လမ္းျပဳျပင္သည့္ ျမင္ကြင္းမ်ားက လက္ရွိ ရန္ကုန္-ပုသိမ္လမ္းမႀကီး၏ အဓိကျမင္ကြင္းမ်ားပင္ျဖစ္ေနေတာ့သည္။ လမ္းလုပ္ သားတို႔ အလုပ္လုပ္ေနေသာ ျမင္ကြင္း၊ လမ္းေဘးမွ ကတၱရာကို အပူေပးေဖ်ာ္ေနသည့္ျမင္ကြင္းတို႔က မ႐ိုး ႏိုင္ေအာင္ျဖစ္၏။ လမ္းေဘး႐ြာတို႔မွ ေဒသခံအခ်ိဳ႕ ယင္းလမ္းျပင္ရာတြင္ အလုပ္ရေနသည္မွာလည္း ေကာင္းကြက္တစ္ခု ျဖစ္သည္။
တစ္ဖန္ ယင္းျမင္ကြင္းႏွင့္အၿပိဳင္ျမင္ရသည္က ဆိုင္ကယ္တြင္ ကုန္မ်ားကိုတင္ေဆာင္ကာ ေမာင္းႏွင္ ေနၾကေသာ တစ္ႏိုင္တစ္ပိုင္ကုန္သည္ငယ္တို႔၏ျမင္ ကြင္းျဖစ္သည္။ လမ္းကိုအမွီျပဳကာေရာင္းခ်ေနၾကသူ မ်ားသည္လည္း အမ်ားအျပား။ လမ္းမႀကီးရွိလွ်င္ ေဈးဆိုင္တို႔သည္လည္း ရွိရမည္မဟုတ္ပါလား။ လမ္း မႀကီးကပင့္တင္ေပးထားေသာ ေဒသခံတို႔၏ အက်ိဳး စီးပြားမ်ားအနက္ ယင္းမွာ တစ္စိတ္တစ္ပိုင္းသာ ရွိေန ေသးသည္။ ေဒသတြင္းကုန္တို႔သည္လည္း ယင္း လမ္းမႀကီးမွ ျဖတ္သန္းေပလိမ့္မည္။
တစ္ႀကိမ္တြင္ လမ္းျပင္သည့္ေနရာအေရာက္ ဖုန္တို႔ တလိမ့္လိမ့္ထေနသည္ျဖစ္ရာ ဖုန္ရႉလိုက္ဆို ေသာစကားကိုပင္ ျပန္အမွတ္ရမိေသး၏။ အခ်ိဳ႕ေနရာ မ်ားတြင္ လမ္းကို အထူးတလည္ျပင္ေနသကဲ့သို႔ အ ခ်ိဳ႕ေနရာမ်ားတြင္ အေရးေပၚျပဳျပင္ေနသည့္ပုံစံမ်ိဳး လည္းျမင္ရသည္။ ပုသိမ္-မုံ႐ြာ လမ္းဆုံအေရာက္ တြင္ လမ္းျပဳျပင္သည့္အေျခအေနႏွင့္ပတ္သက္၍ ျမင္ကြင္းအရ စာေရးသူခ်မိသည့္ ေကာက္ခ်က္ျဖစ္ သည္။ တစ္ဖက္တြင္လည္း လမ္းေကာင္းမြန္ေရးႏွင့္ ပတ္သက္၍ တာဝန္ရွိသူမ်ား၏ ေဆာင္႐ြက္ခ်က္ကို လည္းအသိအမွတ္ျပဳပါ၏။ ေရာမၿမိဳ႕ကို တစ္ရက္ တည္း တည္ေဆာက္ခဲ့ျခင္းမဟုတ္ပါေပ။
သိုေသာ္ ယင္းလမ္းပိုင္းသည္ ယခင္ထက္ ပိုမို ေကာင္းမြန္ေသာအေျခအေနကို ေရာက္ေနၿပီဆိုျခင္း ကိုကား မည္သူမွ် ျငင္းႏိုင္လိမ့္မည္မဟုတ္ေပ။ ယခင္ က လမ္းခ်ိဳင့္ကိုက်ၿပီး ကားခုန္ထြက္သြားသည္ဆို ေသာအေျခအေနမွ လမ္းသည္ လုံးဝေကာင္းမြန္ သြားသည္မဟုတ္ေသးသည့္တိုင္ တိုးတက္လာၿပီဟု ကားေျပာႏိုင္ပါလိမ့္မည္။ ယခုျပင္ဆင္မႈမ်ားၿပီးဆုံး သြားလွ်င္ကား ရန္ကုန္-ပုသိမ္လမ္းသည္ ေျဖာင့္ျဖဴး ေသာလမ္းအျဖစ္ ေပၚထြက္လာေတာ့မည္ ျဖစ္သည္။
အခ်ိဳ႕ေနရာမ်ားတြင္ လမ္းေကာင္းေနရာကိုပင္ လုကာ ကားႏွစ္စီး ပြတ္ကာ သီကာ ေက်ာ္တက္၊ ေရွာင္ တိမ္းေမာင္းႏွင္ျခင္းမ်ိဳးကိုလည္း ျမင္ခဲ့ရသည္။ ဆက္ လာရင္း ပုသိမ္နားနီးလာေခ်ၿပီ။ ဒါးကၿမိဳ႕မေရာက္မီ လမ္းပိုင္းနိမ့္က်သည့္အတြက္ သတိထားေမာင္းႏွင္ ရန္ ဆိုင္းဘုတ္အခ်ိဳ႕ စျမင္ရသည္။ မီးခိုးတလူလူ ဆန္စက္ကိုလည္း ျမင္ရသည္။ ဧရာဝတီ၏ အသက္ ဝင္သေကၤတမ်ားပင္မဟုတ္ပါလား။ စာေရးသူတို႔ ဒါးကကိုျဖတ္သန္းခ်ိန္ ဆန္တင္ရန္ေစာင့္ေနသည့္ ကုန္ကားမ်ားစြာကိုလည္းေတြ႕ရ၏။ ယင္းကားတို႔ သည္ ရန္ကုန္-ပုသိမ္လမ္းကို သုံးၾကေပလိမ့္မည္။
ဒါးကမွအေက်ာ္တြင္ လမ္းပ်က္ေနရာမ်ားအျပင္ ခ်ိဳင့္ ႀကီးမ်ားကိုျဖတ္ေက်ာ္ရသည့္အခါ စာေရးသူတို႔ ကား ဆရာက "ဒါမ်ိဳးက လမ္းေၾကာမသိရင္မရဘူးဗ်" ဟု ကားေမာင္းရင္း ခပ္ႂကြားႂကြားေျပာေနျပန္ေသးသည္။ ဆက္ေမာင္းလာရာ တစ္ေနရာတြင္ လမ္းက်ဥ္းသည့္ အတြက္ ေရွ႕မွ ေျမသယ္ကားကိုေက်ာ္တက္ရန္ လည္းခက္ေသာေၾကာင့္ ဟြန္းတီး၊ လမ္းေတာင္းၿပီး ေက်ာ္ျဖတ္ရာ ယင္းကားက ေဘးမဆင္းေပးေသာ ေၾကာင့္ စာေရးသူက ျမည္တြန္ေတာက္တီးမိသည္။
" မရဘူးဗ်။ လမ္းေဘးဆင္းလိုက္ရင္ သူ႔ဝိတ္နဲ႔ ေျမေပ်ာ့တဲ့အခါ ကား တုံးလုံးလဲသြားႏိုင္တယ္"ဟု ကားဆရာက လမ္းအေျခအေနကိုျပန္ရွင္းျပသည္။
ပုသိမ္ၿမိဳ႕နီးလာၿပီျဖစ္သည့္အတြက္ လမ္းေကာင္းေလ ၿပီ။ တိုက္တိုက္ဆိုင္ဆိုင္ ကားေပၚဖြင့္ထားသည့္ သီခ်င္းစာသားမွာ "ငါျမင္ေနက် အရင္လို အၿပဳံးေတြ ၿပဳံးျပဖို႔ေတာ့ မင္းအားတင္ထား"ဆိုေသာ အဆိုေတာ္ ဖိုးကာ၏ "လမ္းခြဲ"သီခ်င္းမွစာသား ျဖစ္ေနေလသည္။

Related news

© 2021. All rights reserved.