ကမ္ဘာ့အကြီးဆုံးကျွန်းကို ထရမ့်ဘာကြောင့် အသည်းအသန် လိုချင်နေတာလဲ (နိုင်ငံတကာ ဆောင်းပါး)

 442

သန်းထိုက်စိုး (NP News) - ဇန်နဝါရီလ ၂၂

ယနေ့ကမ္ဘာ့ပထဝီနိုင်ငံရေးတွင် Greenland (ဂရင်းလန်း)ကျွန်းသည် အင်အားကြီး နိုင်ငံများကြား အားပြိုင်ရာ ဗဟိုချက်ဖြစ်လာသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် အဆိုပါကျွန်းကြီးကို ထိန်းချုပ် ရန် သူ၏ ရည်မှန်းချက်ကို တစ်ကျော့ပြန်အကောင် အထည်ဖော်လာပြီး ဒိန်းမတ်နိုင်ငံ၏ တရားဝင်ပိုင်ဆိုင် ခွင့်ကိုပင် မေးခွန်းထုတ်လာခဲ့သည်။ ယင်းအခြေ အနေသည် Greenland ၏ သမိုင်းကြောင်း၊ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမေရိကန်၏ စစ်ရေးခြေ ကုပ်ယူလိုမှုများအပေါ် တစ်ကမ္ဘာလုံးက ပြန်လည် အာရုံစိုက်လာစေသည်။

Greenland သည် ဒိန်းမတ်ပိုင်မည်သို့ဖြစ်လာသနည်း

Greenland တွင် ဘီစီ (၂၅၀ဝ) ခန့်ကတည်းက အာရှနှင့် မြောက်အမေရိကမှလာသော အင်းနူးစ် (Inuit) လူမျိုးများ အဆက်မပြတ်နေထိုင်ခဲ့ကြသည်။ အေဒီ (၉၈၅) ခန့်တွင် Greenlandပေါ်တွင် ပထမဆုံးခြေချခဲ့သည့် ဥရောပသား အဲရစ်သရက်ဒ် (Erik the Red) ဦးဆောင်သော ဗိုက်ကင်းများ (Vikings - ပင်လယ်ဓားပြများ၊ ကုန်သည်များ၊ စူစမ်းရှာဖွေသူများ၊ ကိုလိုနီပြုသူများ)သည် ကျွန်း တောင်ပိုင်းတွင် အခြေချကာ စိုက်ပျိုးရေးနှင့် ဘုရား ကျောင်းများ တည်ဆောက်ခဲ့ကြသည်။ ထိုအချိန် မှာပင် ယနေ့ခေတ် အင်းနူးစ် (Inuit) လူမျိုးတို့၏ ဘိုးဘေးများသည်လည်း အမဲလိုက်၊ အစာရှာဖွေသူ များအဖြစ်ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် ဗိုက်ကင်းများကိုဖယ်ထုတ်ကာ နယ်မြေစိုးမိုးနိုင် ခဲ့သည်။
ဒိန်းမတ်၏ ကိုလိုနီခေတ်သည် (၁၇၂၁) ခုနှစ် တွင် သာသနာပြုအဖြစ်ရောက်ရှိလာခြင်းနှင့်အတူ စတင်ခဲ့သည်။ အမေရိကန်နိုင်ငံသည် (၁၉၁၆) ခုနှစ် တွင် ဒိန်းမတ်ပိုင် အနောက်အင်ဒီးစ်ကျွန်းစုကို ဝယ်ယူ ခဲ့စဉ်က Greenland အပေါ် ဒိန်းမတ်၏ အချုပ် အခြာအာဏာအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ သည်။ သို့သော် Greenland နယ်မြေမှာ (၁၉၅၃) ခုနှစ် ရောက်မှသာ ကိုလိုနီအဆင့်မှ ဒိန်းမတ်၏ တရားဝင်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ (၂၀ဝ၉) ခုနှစ်တွင်မှ လူထု ဆန္ဒခံယူပွဲမှတစ်ဆင့် လွတ်လပ် ရေးကြေညာနိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့် အတန်းရရှိခဲ့ခြင်းဖြစ်သည်။

ဒိန်းမတ်နှင့် Greenland အကြားတင်းမာသော ဆက်ဆံရေး

အတိတ်ကကျူးလွန်ခဲ့သော မှားယွင်းမှုများကြောင့် နှစ်ဖက်ဆက်ဆံရေးမှာ တင်းမာမှုများရှိ နေသည်။ (၁၉၅၀) ပြည့်လွန်နှစ်များက ဒိန်းမတ်သည် အင်းနူးစ်လူမျိုးများကို မြို့ကြီးများသို့ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ပြီး ၎င်းတို့၏ ရိုးရာနှင့်ဘာသာ စကားများကို ပစ်ပယ်စေခဲ့သည်။ အထူးသဖြင့် (၁၉၅၀) ပြည့်လွန်နှစ်များက Greenland ကလေး ငယ်များကို ဒိန်းမတ်သို့ပို့ဆောင်ခဲ့သည့် စမ်းသပ် ချက်အတွက် (၂၀၂၂) တွင် ဒိန်းမတ်အစိုးရက တောင်းပန်ခဲ့ရသည်။ ထို့ပြင် (၁၉၆၆) မှ (၁၉၉၁) ခုနှစ်အတွင်း အမျိုးသမီးနှင့် (၁၃) နှစ်အရွယ် မိန်း ကလေးငယ် ထောင်ပေါင်းများစွာကို သဘောတူညီ ချက်မပါဘဲ သန္ဓေတားပစ္စည်းများ ထည့်သွင်းခဲ့သည့် ကိစ္စအတွက်လည်း (၂၀၂၅) ခုနှစ်တွင် ဒိန်းမတ် အစိုးရက တရားဝင်တောင်းပန်ခဲ့ရသည်။
အမေရိကန်သမ္မတ ထရမ့်က ဘာကြောင့် Greenland ကို လိုချင်သနည်း
အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ Greenland ကိုရယူခြင်းသည် အာတိတ်ဒေသရှိ ရန်သူများကို ဟန့်တားရန်အတွက် အမျိုးသားလုံခြုံရေး ဦးစားပေး အချက်ဖြစ်သည်။ ထရမ့်အစိုးရသည် ကျွန်းကို ဝယ်ယူရန် သို့မဟုတ် အမေရိကန်စစ်တပ်ကို အသုံးပြု၍ထိန်းချုပ်ရန် နည်းလမ်းများကို ဆွေးနွေး လျက်ရှိသည်။ အဓိက အကြောင်းရင်း (၃) ချက်မှာ စစ်ရေးဗျူဟာ၊ ပထဝီနိုင်ငံရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းသစ်တို့ ဖြစ်သည်။
စစ်ရေးဗျူဟာ
ဥရောပနှင့် မြောက်အမေရိကအကြား အနီးဆုံး လမ်းကြောင်းပေါ်တွင် ရှိနေသဖြင့် အမေရိကန်၏ ဒုံးကျည်ကြိုတင်သတိပေးစနစ်အတွက် အလွန် အရေးပါသည်။ လက်ရှိတွင် Pituffik Space Base (ယခင် Thule Air Base) ကို အခြေစိုက်ထားပြီး ထပ်မံချဲ့ထွင်ရန် ကြိုးပမ်းနေသည်။
ပထဝီနိုင်ငံရေး
ရုရှားနှင့် တရုတ်တို့က အာတိတ်ဒေသတွင် စစ်ရေးခြေကုပ်ယူလာခြင်းကို ဟန့်တားရန်ဖြစ်သည်။ အထူးသဖြင့် ရုရှား၏ နျူကလီးယားတိုက်ခိုက်မှုကို ကာကွယ်ရန်နှင့် ရုရှားရေငုပ်သင်္ဘောများကို စောင့် ကြည့်ရန် ရေဒါစနစ်များ ထားရှိလိုသည်။
ကုန်သွယ်ရေးလမ်းကြောင်းသစ်
အာတိတ်ရေခဲများ အရည်ပျော်လာခြင်းကြောင့် အာရှနှင့် ဥရောပအကြား ရေကြောင်းလမ်းသစ်များ ပွင့်လာရာ Greenland သည် အဆိုပါ လမ်းကြောင်း ၏ "အချက်အချာနေရာ" (Choke Point) ဖြစ်လာသည်။ ၎င်းသည် တရုတ်အတွက် အမေရိကန် ပိတ်ဆို့ထားသော လမ်းကြောင်းများကို ရှောင်ကွင်းနိုင် မည့် အသက်သွေးကြော ဖြစ်လာနိုင်သဖြင့် အမေရိ ကန်က ထိန်းချုပ်လိုခြင်းဖြစ်သည်။

မြေရှားဒြပ်စင် (Rare Earths) နှင့် စီးပွားရေး အကျိုးစီးပွား

Greenland တွင် အသုံးမချရသေးသော မြေရှားဒြပ်စင် အရန်တန်ချိန် (၁.၅) သန်းခန့် ရှိနေ သည်။ အဆိုပါဒြပ်စင်(၁၇)မျိုးသည် စမတ်ဖုန်းမှ သည် ဒုံးကျည်စနစ်များအထိ မရှိမဖြစ်လိုအပ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံက ယင်းလုပ်ငန်း၏ (၉၀) ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားရာ ထရမ့်အစိုးရက ထိုလွှမ်းမိုးမှုကို တိုက်ဖျက်လိုသည်။ သို့သော် ပညာ ရှင်များကမူ Greenland ရှိ ဒြပ်စင်များမှာ ပါဝင်မှုနှုန်း နည်းသဖြင့် တူးဖော်ရန် ခက်ခဲနိုင်ကြောင်း ဝေဖန်မှု များလည်းရှိသည်။
" America First" နှင့် မွန်ရိုးဝါဒ
(Monroe Doctrine)
ကျွမ်းကျင်သူများက ထရန့်၏ လှုပ်ရှားမှုသည် အနောက်ကမ္ဘာခြမ်းကို အမေရိကန်၏ ဩဇာအာဏာ အောက်တွင်သာ ထားရှိလိုသည့် နှစ်ပေါင်း (၂၀ဝ) သက်တမ်းရှိ "မွန်ရိုးဝါဒ"ကို ပြန်လည်ဖော်ဆောင် ခြင်းဖြစ်သည်ဟုဆိုကြသည်။ အမေရိကန်သည် ဥရောပနှင့် NATO အပေါ်မှီခိုမှု လျှော့ချကာ Greenland ကို တိုက်ရိုက်ထိန်းချုပ်ခြင်းဖြင့် ကမ္ဘာ့ ရေကြောင်း လမ်းများကို အပိုင်ချုပ်ထားလိုခြင်း ဖြစ်သည်။ မကြာသေးမီက ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့ခြင်းသည်လည်း ၎င်းတို့၏ နယ်ပယ်အတွင်း တရုတ်၏ ခြေကုပ်ယူမှုကို ဖယ်ရှားလိုသည့် ပြယုဂ် တစ်ခုဖြစ်သည်။

ဒိန်းမတ်၊ NATO နှင့် Greenland လူမျိုးများ၏ တုံ့ပြန်ချက်

ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင်က ထရမ့်၏ ကမ်းလှမ်းမှုကို "ရယ်စရာ ကောင်းလှသည်"ဟု ပယ်ချခဲ့ပြီး ကျူးကျော်မှုတစ်ခုခု ဖြစ်ပွားပါက NATO မဟာမိတ်အဖွဲ့ ပြိုကွဲသွားလိမ့်မည်ဟု သတိ ပေးထားသည်။ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ အပါအဝင် ဥရောပခေါင်းဆောင်များကလည်း အာတိတ်လုံခြုံ ရေးကို စုပေါင်းလုပ်ဆောင်ရန် တောင်းဆိုထား သည်။
Greenland လူမျိုးများသည် လွတ်လပ်ရေးကို လိုလားကြသော်လည်း လက်ရှိတွင် ငါးဖမ်း လုပ်ငန်း တစ်ခုတည်းအပေါ် မှီခိုနေရပြီး ပြည်သူ့ဘတ်ဂျက်၏ တစ်ဝက်မှာ ဒိန်းမတ်ထံမှ ထောက်ပံ့ကြေးဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးရပါက အမေရိကန်နှင့် (Compact of Free Association - COFA) သဘောတူညီချက်အရ မဟာမိတ်ပြုနိုင်သော်လည်း စီးပွားရေးအရ အမေရိကန်အပေါ် အလွန်အမင်း ကျရောက်သွားမည်ကို စိုးရိမ်နေကြသည်။
နိဂုံး
Greenland သည် ရေခဲဖုံးလွှမ်းနေသော ကျွန်းကြီးတစ်ခုထက်မကဘဲ (၂၁) ရာစု၏ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် စစ်ရေးဗျူဟာများ၏ သော့ချက်ဖြစ် လာသည်။ ထရမ့်၏ ပြင်းထန်သောရည်မှန်းချက်များ သည် အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်များအကြား အက်ကြောင်းထင်စေခဲ့ပြီး အာတိတ်ဒေသ၏ အနာဂတ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု အောက်တွင် ပိုမိုရှုပ်ထွေးနေပြီ ဖြစ်သည်။

Zawgyi Version:
ကမာၻ႔အႀကီးဆုံးကြၽန္းကို ထရမ့္ဘာေၾကာင့္ အသည္းအသန္ လိုခ်င္ေနတာလဲ
(ႏိုင္ငံတကာ ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇန္နဝါရီလ ၂၂

ယေန႔ကမာၻ႔ပထဝီႏိုင္ငံေရးတြင္ Greenland (ဂရင္းလန္း)ကြၽန္းသည္ အင္အားႀကီး ႏိုင္ငံမ်ားၾကား အားၿပိဳင္ရာ ဗဟိုခ်က္ျဖစ္လာသည္။ အေမရိကန္ သမၼတေဒၚနယ္ထရမ့္သည္ အမ်ိဳးသားလုံၿခဳံေရး အေၾကာင္းျပခ်က္ျဖင့္ အဆိုပါကြၽန္းႀကီးကို ထိန္းခ်ဳပ္ ရန္ သူ၏ ရည္မွန္းခ်က္ကို တစ္ေက်ာ့ျပန္အေကာင္ အထည္ေဖာ္လာၿပီး ဒိန္းမတ္ႏိုင္ငံ၏ တရားဝင္ပိုင္ဆိုင္ ခြင့္ကိုပင္ ေမးခြန္းထုတ္လာခဲ့သည္။ ယင္းအေျခ အေနသည္ Greenland ၏ သမိုင္းေၾကာင္း၊ လက္ရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ အေမရိကန္၏ စစ္ေရးေျခ ကုပ္ယူလိုမႈမ်ားအေပၚ တစ္ကမာၻလုံးက ျပန္လည္ အာ႐ုံစိုက္လာေစသည္။

Greenland သည္ ဒိန္းမတ္ပိုင္မည္သို႔ျဖစ္လာသနည္း

Greenland တြင္ ဘီစီ (၂၅၀ဝ) ခန႔္ကတည္းက အာရွႏွင့္ ေျမာက္အေမရိကမွလာေသာ အင္းႏူးစ္ (Inuit) လူမ်ိဳးမ်ား အဆက္မျပတ္ေနထိုင္ခဲ့ၾကသည္။ ေအဒီ (၉၈၅) ခန႔္တြင္ Greenlandေပၚတြင္ ပထမဆုံးေျခခ်ခဲ့သည့္ ဥေရာပသား အဲရစ္သရက္ဒ္ (Erik the Red) ဦးေဆာင္ေသာ ဗိုက္ကင္းမ်ား (Vikings - ပင္လယ္ဓားျပမ်ား၊ ကုန္သည္မ်ား၊ စူစမ္းရွာေဖြသူမ်ား၊ ကိုလိုနီျပဳသူမ်ား)သည္ ကြၽန္း ေတာင္ပိုင္းတြင္ အေျခခ်ကာ စိုက္ပ်ိဳးေရးႏွင့္ ဘုရား ေက်ာင္းမ်ား တည္ေဆာက္ခဲ့ၾကသည္။ ထိုအခ်ိန္ မွာပင္ ယေန႔ေခတ္ အင္းႏူးစ္ (Inuit) လူမ်ိဳးတို႔၏ ဘိုးေဘးမ်ားသည္လည္း အမဲလိုက္၊ အစာရွာေဖြသူ မ်ားအျဖစ္ေရာက္ရွိလာခဲ့ၿပီး ေနာက္ပိုင္းတြင္ ဗိုက္ကင္းမ်ားကိုဖယ္ထုတ္ကာ နယ္ေျမစိုးမိုးႏိုင္ ခဲ့သည္။
ဒိန္းမတ္၏ ကိုလိုနီေခတ္သည္ (၁၇၂၁) ခုႏွစ္ တြင္ သာသနာျပဳအျဖစ္ေရာက္ရွိလာျခင္းႏွင့္အတူ စတင္ခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ (၁၉၁၆) ခုႏွစ္ တြင္ ဒိန္းမတ္ပိုင္ အေနာက္အင္ဒီးစ္ကြၽန္းစုကို ဝယ္ယူ ခဲ့စဥ္က Greenland အေပၚ ဒိန္းမတ္၏ အခ်ဳပ္ အျခာအာဏာအျဖစ္ တရားဝင္ အသိအမွတ္ျပဳခဲ့ သည္။ သို႔ေသာ္ Greenland နယ္ေျမမွာ (၁၉၅၃) ခုႏွစ္ ေရာက္မွသာ ကိုလိုနီအဆင့္မွ ဒိန္းမတ္၏ တရားဝင္နယ္ေျမတစ္ခု ျဖစ္လာခဲ့သည္။ (၂၀ဝ၉) ခုႏွစ္တြင္မွ လူထု ဆႏၵခံယူပြဲမွတစ္ဆင့္ လြတ္လပ္ ေရးေၾကညာႏိုင္သည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အဆင့္ အတန္းရရွိခဲ့ျခင္းျဖစ္သည္။

ဒိန္းမတ္ႏွင့္ Greenland အၾကားတင္းမာေသာ ဆက္ဆံေရး

အတိတ္ကက်ဴးလြန္ခဲ့ေသာ မွားယြင္းမႈမ်ားေၾကာင့္ ႏွစ္ဖက္ဆက္ဆံေရးမွာ တင္းမာမႈမ်ားရွိ ေနသည္။ (၁၉၅၀) ျပည့္လြန္ႏွစ္မ်ားက ဒိန္းမတ္သည္ အင္းႏူးစ္လူမ်ိဳးမ်ားကို ၿမိဳ႕ႀကီးမ်ားသို႔ အတင္းအဓမၼ ေ႐ႊ႕ေျပာင္းေစခဲ့ၿပီး ၎တို႔၏ ႐ိုးရာႏွင့္ဘာသာ စကားမ်ားကို ပစ္ပယ္ေစခဲ့သည္။ အထူးသျဖင့္ (၁၉၅၀) ျပည့္လြန္ႏွစ္မ်ားက Greenland ကေလး ငယ္မ်ားကို ဒိန္းမတ္သို႔ပို႔ေဆာင္ခဲ့သည့္ စမ္းသပ္ ခ်က္အတြက္ (၂၀၂၂) တြင္ ဒိန္းမတ္အစိုးရက ေတာင္းပန္ခဲ့ရသည္။ ထို႔ျပင္ (၁၉၆၆) မွ (၁၉၉၁) ခုႏွစ္အတြင္း အမ်ိဳးသမီးႏွင့္ (၁၃) ႏွစ္အ႐ြယ္ မိန္း ကေလးငယ္ ေထာင္ေပါင္းမ်ားစြာကို သေဘာတူညီ ခ်က္မပါဘဲ သေႏၶတားပစၥည္းမ်ား ထည့္သြင္းခဲ့သည့္ ကိစၥအတြက္လည္း (၂၀၂၅) ခုႏွစ္တြင္ ဒိန္းမတ္ အစိုးရက တရားဝင္ေတာင္းပန္ခဲ့ရသည္။
အေမရိကန္သမၼတ ထရမ့္က ဘာေၾကာင့္ Greenland ကို လိုခ်င္သနည္း
အိမ္ျဖဴေတာ္၏ထုတ္ျပန္ခ်က္အရ Greenland ကိုရယူျခင္းသည္ အာတိတ္ေဒသရွိ ရန္သူမ်ားကို ဟန႔္တားရန္အတြက္ အမ်ိဳးသားလုံၿခဳံေရး ဦးစားေပး အခ်က္ျဖစ္သည္။ ထရမ့္အစိုးရသည္ ကြၽန္းကို ဝယ္ယူရန္ သို႔မဟုတ္ အေမရိကန္စစ္တပ္ကို အသုံးျပဳ၍ထိန္းခ်ဳပ္ရန္ နည္းလမ္းမ်ားကို ေဆြးေႏြး လ်က္ရွိသည္။ အဓိက အေၾကာင္းရင္း (၃) ခ်က္မွာ စစ္ေရးဗ်ဴဟာ၊ ပထဝီႏိုင္ငံေရးႏွင့္ ကုန္သြယ္ေရး လမ္းေၾကာင္းသစ္တို႔ ျဖစ္သည္။
စစ္ေရးဗ်ဴဟာ
ဥေရာပႏွင့္ ေျမာက္အေမရိကအၾကား အနီးဆုံး လမ္းေၾကာင္းေပၚတြင္ ရွိေနသျဖင့္ အေမရိကန္၏ ဒုံးက်ည္ႀကိဳတင္သတိေပးစနစ္အတြက္ အလြန္ အေရးပါသည္။ လက္ရွိတြင္ Pituffik Space Base (ယခင္ Thule Air Base) ကို အေျခစိုက္ထားၿပီး ထပ္မံခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းေနသည္။
ပထဝီႏိုင္ငံေရး
႐ုရွားႏွင့္ တ႐ုတ္တို႔က အာတိတ္ေဒသတြင္ စစ္ေရးေျခကုပ္ယူလာျခင္းကို ဟန႔္တားရန္ျဖစ္သည္။ အထူးသျဖင့္ ႐ုရွား၏ န်ဴကလီးယားတိုက္ခိုက္မႈကို ကာကြယ္ရန္ႏွင့္ ႐ုရွားေရငုပ္သေဘၤာမ်ားကို ေစာင့္ ၾကည့္ရန္ ေရဒါစနစ္မ်ား ထားရွိလိုသည္။
ကုန္သြယ္ေရးလမ္းေၾကာင္းသစ္
အာတိတ္ေရခဲမ်ား အရည္ေပ်ာ္လာျခင္းေၾကာင့္ အာရွႏွင့္ ဥေရာပအၾကား ေရေၾကာင္းလမ္းသစ္မ်ား ပြင့္လာရာ Greenland သည္ အဆိုပါ လမ္းေၾကာင္း ၏ "အခ်က္အခ်ာေနရာ" (Choke Point) ျဖစ္လာသည္။ ၎သည္ တ႐ုတ္အတြက္ အေမရိကန္ ပိတ္ဆို႔ထားေသာ လမ္းေၾကာင္းမ်ားကို ေရွာင္ကြင္းႏိုင္ မည့္ အသက္ေသြးေၾကာ ျဖစ္လာႏိုင္သျဖင့္ အေမရိ ကန္က ထိန္းခ်ဳပ္လိုျခင္းျဖစ္သည္။

ေျမရွားျဒပ္စင္ (Rare Earths) ႏွင့္ စီးပြားေရး အက်ိဳးစီးပြား

Greenland တြင္ အသုံးမခ်ရေသးေသာ ေျမရွားျဒပ္စင္ အရန္တန္ခ်ိန္ (၁.၅) သန္းခန႔္ ရွိေန သည္။ အဆိုပါျဒပ္စင္(၁၇)မ်ိဳးသည္ စမတ္ဖုန္းမွ သည္ ဒုံးက်ည္စနစ္မ်ားအထိ မရွိမျဖစ္လိုအပ္သည္။ လက္ရွိတြင္ တ႐ုတ္ႏိုင္ငံက ယင္းလုပ္ငန္း၏ (၉၀) ရာခိုင္ႏႈန္းေက်ာ္ကို လႊမ္းမိုးထားရာ ထရမ့္အစိုးရက ထိုလႊမ္းမိုးမႈကို တိုက္ဖ်က္လိုသည္။ သို႔ေသာ္ ပညာ ရွင္မ်ားကမူ Greenland ရွိ ျဒပ္စင္မ်ားမွာ ပါဝင္မႈႏႈန္း နည္းသျဖင့္ တူးေဖာ္ရန္ ခက္ခဲႏိုင္ေၾကာင္း ေဝဖန္မႈ မ်ားလည္းရွိသည္။
" America First" ႏွင့္ မြန္႐ိုးဝါဒ
(Monroe Doctrine)
ကြၽမ္းက်င္သူမ်ားက ထရန႔္၏ လႈပ္ရွားမႈသည္ အေနာက္ကမာၻျခမ္းကို အေမရိကန္၏ ဩဇာအာဏာ ေအာက္တြင္သာ ထားရွိလိုသည့္ ႏွစ္ေပါင္း (၂၀ဝ) သက္တမ္းရွိ "မြန္႐ိုးဝါဒ"ကို ျပန္လည္ေဖာ္ေဆာင္ ျခင္းျဖစ္သည္ဟုဆိုၾကသည္။ အေမရိကန္သည္ ဥေရာပႏွင့္ NATO အေပၚမွီခိုမႈ ေလွ်ာ့ခ်ကာ Greenland ကို တိုက္႐ိုက္ထိန္းခ်ဳပ္ျခင္းျဖင့္ ကမာၻ႔ ေရေၾကာင္း လမ္းမ်ားကို အပိုင္ခ်ဳပ္ထားလိုျခင္း ျဖစ္သည္။ မၾကာေသးမီက ဗင္နီဇြဲလားသမၼတကို ဖမ္းဆီးခဲ့ျခင္းသည္လည္း ၎တို႔၏ နယ္ပယ္အတြင္း တ႐ုတ္၏ ေျခကုပ္ယူမႈကို ဖယ္ရွားလိုသည့္ ျပယုဂ္ တစ္ခုျဖစ္သည္။

ဒိန္းမတ္၊ NATO ႏွင့္ Greenland လူမ်ိဳးမ်ား၏ တုံ႔ျပန္ခ်က္

ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီ ဖရက္ဒရစ္ဆင္က ထရမ့္၏ ကမ္းလွမ္းမႈကို "ရယ္စရာ ေကာင္းလွသည္"ဟု ပယ္ခ်ခဲ့ၿပီး က်ဴးေက်ာ္မႈတစ္ခုခု ျဖစ္ပြားပါက NATO မဟာမိတ္အဖြဲ႕ ၿပိဳကြဲသြားလိမ့္မည္ဟု သတိ ေပးထားသည္။ ျပင္သစ္၊ ၿဗိတိန္၊ ဂ်ာမနီ အပါအဝင္ ဥေရာပေခါင္းေဆာင္မ်ားကလည္း အာတိတ္လုံၿခဳံ ေရးကို စုေပါင္းလုပ္ေဆာင္ရန္ ေတာင္းဆိုထား သည္။
Greenland လူမ်ိဳးမ်ားသည္ လြတ္လပ္ေရးကို လိုလားၾကေသာ္လည္း လက္ရွိတြင္ ငါးဖမ္း လုပ္ငန္း တစ္ခုတည္းအေပၚ မွီခိုေနရၿပီး ျပည္သူ႔ဘတ္ဂ်က္၏ တစ္ဝက္မွာ ဒိန္းမတ္ထံမွ ေထာက္ပံ့ေၾကးျဖစ္သည္။ ထို႔ေၾကာင့္ လြတ္လပ္ေရးရပါက အေမရိကန္ႏွင့္ (Compact of Free Association - COFA) သေဘာတူညီခ်က္အရ မဟာမိတ္ျပဳႏိုင္ေသာ္လည္း စီးပြားေရးအရ အေမရိကန္အေပၚ အလြန္အမင္း က်ေရာက္သြားမည္ကို စိုးရိမ္ေနၾကသည္။
နိဂုံး
Greenland သည္ ေရခဲဖုံးလႊမ္းေနေသာ ကြၽန္းႀကီးတစ္ခုထက္မကဘဲ (၂၁) ရာစု၏ စြမ္းအင္၊ ကုန္သြယ္ေရးႏွင့္ စစ္ေရးဗ်ဴဟာမ်ား၏ ေသာ့ခ်က္ျဖစ္ လာသည္။ ထရမ့္၏ ျပင္းထန္ေသာရည္မွန္းခ်က္မ်ား သည္ အတၱလႏၲိတ္ျဖတ္ေက်ာ္ မဟာမိတ္မ်ားအၾကား အက္ေၾကာင္းထင္ေစခဲ့ၿပီး အာတိတ္ေဒသ၏ အနာဂတ္မွာ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ား၏ အားၿပိဳင္မႈ ေအာက္တြင္ ပိုမိုရႈပ္ေထြးေနၿပီ ျဖစ္သည္။

Related news

© 2021. All rights reserved.