ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ် ၏ ဗန်ဒါ အမျိုးသားဘော်ဒါဆောင်တွင် ဝါယာရှော့မှ မီးလောင်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု သိရ

139

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်း ၏ ဗန်ဒါ အမျိုးသားဘော်ဒါဆောင်တွင် ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှုသည် ယနေ့(ဇန်နဝါရီ ၂၂ ရက်)၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားရှိ ဗန်ဒါကျောင်းသားဆောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းကြားရှိ (၅၀x၃၀)ပေ၊ အုတ်ညှပ်(၂)ထပ် အဆောက်အဦဖြစ်သော ဗန်ဒါကျောင်းသား အိပ်ဆောင်တွင် သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုးများသည် ဟောင်းနွမ်းပေါက်ပြဲရာမှ အနီးရှိ စာအုပ်များနှင့် အဝတ်အစားများအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ နှင့် နီးစပ်သူများ ထံက သိရသည်။
“(၂၂.၁.၂၀၂၆) တွင် စာပန်းအိမ်၏ G12 ကျောင်းသား ၃၇ယောက်နေထိုင်သော “ဗန်ဒါဆောင်” တွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာမှာ အဆောင်နေကျောင်းသားများအားလုံးသည် စာမေးပွဲဖြေဆိုချိန်ကာလဖြစ်သဖြင့် ကျောင်းစာသင်ခန်းများတွင် ရှိနေသောကြောင့် မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရမှုများ လုံးဝမရှိခဲ့ပါ။ မီးလောင်မှုကိုလည်း အချိန်တိုအတွင်း ငြိမ်းသတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။ ထိုအဆောင်ရှိကျောင်းသားများအားလုံးကိုလည်း အဆောင်နေရာအသစ်တစ်ခုကို အဆင်သင့်ပြင်ဆင်ထားပြီးပြီလည်း ဖြစ်ပါသဖြင့် ကျောင်းသားမိဘများအားလုံး စိုးရိမ်ကြောင့်ကြမှု မဖြစ်စေရန် အသိပေးတင်ပြအပ်ပါသည်”ဟု အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းက ထုတ်ပြန်ထားသည်။
မီးလောင်မှုတွင် လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦနှင့် အတွင်းပစ္စည်းများ မီးလောင်ကာ ကျပ် (၈၅) သိန်းခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးလောင်မှုအား ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းနှင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်း တို့က မီးသတ်ယာဉ် (၄) စီးဖြင့် ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ပြီး မီးပေါ့ဆမှုကြောင့် အသက် (၃၇) နှစ်အရွယ် အဆောင်မှူး ကို ပြင်ဦးလွင်မြို့မရဲစခန်းမှ ရာဇသတ် ကြီးပုဒ်မ (၂၈၅)၊ပနံပါတ်(၁၅ /၂ဝ၂၆) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျပင္ဦးလြင္ၿမိဳ႕ရွိ စာပန္းအိမ္ ၏ ဗန္ဒါ အမ်ိဳးသားေဘာ္ဒါေဆာင္တြင္ ဝါယာေရွာ့မွ မီးေလာင္မႈျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူမရွိဟု သိရ
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၂
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရွိ စာပန္းအိမ္ ကိုယ္ပိုင္အထက္တန္းေက်ာင္း ၏ ဗန္ဒါ အမ်ိဳးသားေဘာ္ဒါေဆာင္တြင္ ဝါယာေရွာ့မွ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရသူမရွိခဲ့ေၾကာင္း ျပင္ဦးလြင္ၿမိဳ႕ရွိ စာပန္းအိမ္ကိုယ္ပိုင္အထက္တန္းေက်ာင္း၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ဇန္နဝါရီ ၂၂ ရက္)၊ မြန္းလြဲ ၁ နာရီ ၁၀ မိနစ္အခ်ိန္ခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္ ရပ္ကြက္ႀကီး (၁၀)၊ ျပည္သာယာလမ္းႏွင့္ ရတနာလမ္းၾကားရွိ ဗန္ဒါေက်ာင္းသားေဆာင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လမ္းၾကားရွိ (၅၀x၃၀)ေပ၊ အုတ္ညႇပ္(၂)ထပ္ အေဆာက္အဦျဖစ္ေသာ ဗန္ဒါေက်ာင္းသား အိပ္ေဆာင္တြင္ သြယ္တန္းထားသည့္ လွ်ပ္စစ္ဝါယာႀကိဳးမ်ားသည္ ေဟာင္းႏြမ္းေပါက္ၿပဲရာမွ အနီးရွိ စာအုပ္မ်ားႏွင့္ အဝတ္အစားမ်ားအား မီးကူးစက္ေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္ေၾကာင္း မီးသတ္တပ္ဖြဲ႕ ႏွင့္ နီးစပ္သူမ်ား ထံက သိရသည္။
“(၂၂.၁.၂၀၂၆) တြင္ စာပန္းအိမ္၏ G12 ေက်ာင္းသား ၃၇ေယာက္ေနထိုင္ေသာ “ဗန္ဒါေဆာင္” တြင္ မီးေလာင္မႈျဖစ္ပြါးခဲ့ရာမွာ အေဆာင္ေနေက်ာင္းသားမ်ားအားလုံးသည္ စာေမးပြဲေျဖဆိုခ်ိန္ကာလျဖစ္သျဖင့္ ေက်ာင္းစာသင္ခန္းမ်ားတြင္ ရွိေနေသာေၾကာင့္ မီးေလာင္မႈမွ ထိခိုက္ဒဏ္ရာရမႈမ်ား လုံးဝမရွိခဲ့ပါ။ မီးေလာင္မႈကိုလည္း အခ်ိန္တိုအတြင္း ၿငိမ္းသတ္ႏိုင္ခဲ့ၿပီလည္း ျဖစ္ပါသည္။ ထိုအေဆာင္ရွိေက်ာင္းသားမ်ားအားလုံးကိုလည္း အေဆာင္ေနရာအသစ္တစ္ခုကို အဆင္သင့္ျပင္ဆင္ထားၿပီးၿပီလည္း ျဖစ္ပါသျဖင့္ ေက်ာင္းသားမိဘမ်ားအားလုံး စိုးရိမ္ေၾကာင့္ၾကမႈ မျဖစ္ေစရန္ အသိေပးတင္ျပအပ္ပါသည္”ဟု အဆိုပါ ကိုယ္ပိုင္အထက္တန္းေက်ာင္းက ထုတ္ျပန္ထားသည္။
မီးေလာင္မႈတြင္ လူထိခိုက္မႈမရွိေသာ္လည္း အေဆာက္အဦႏွင့္ အတြင္းပစၥည္းမ်ား မီးေလာင္ကာ က်ပ္ (၈၅) သိန္းခန႔္ မီးေလာင္ဆုံးရႈံး ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မီးေလာင္မႈအား ျပင္ဦးလြင္ခ႐ိုင္မီးသတ္စခန္းႏွင့္ ျပင္ဦးလြင္ၿမိဳ႕နယ္မီးသတ္စခန္း တို႔က မီးသတ္ယာဥ္ (၄) စီးျဖင့္ ထြက္ခြာ မီးျငႇိမ္းသတ္ခဲ့ၿပီး မီးေပါ့ဆမႈေၾကာင့္ အသက္ (၃၇) ႏွစ္အ႐ြယ္ အေဆာင္မႉး ကို ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ ႀကီးပုဒ္မ (၂၈၅)၊ပနံပါတ္(၁၅ /၂ဝ၂၆) ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။