ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဇန်ဝါရီလကုန်တွင် ကျင်းပမည်

359

စော(NP News)- ဇန်နဝါရီ ၂၂
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါပြိုင်ပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ အရှေ့ဘက်အောက်ပစ္စယာ ထန်းပင်ကုန်းကွင်း၌ ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာဝစ္စ အသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဌာနများမှ ပါဝင်သော အသင်း ၃၆ သင်းတို့ဖြင့် ဇန်ဝါရီလ ၃၁ရက်၊ ညနေ (၄)နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တပို့တွဲလပြည့်နေ၊ ဖေဖော်ဝါရီ ၁ရက်၊ နံနက် (၅)နာရီအချိန်တွင် ဧည့်ခံတန်ဆောင်းနှင့် ရွှေစေတီတန်ဆောင်း၌ ထမနဲဆွမ်းတော်ကြီးကပ်လှူခြင်း၊ ဩဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနားကျင်းပခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး နံနက် (၅)နာရီခွဲအချိန်တွင် သံဃာတော် ၆၄ ပါးတို့အား အရုဏ်ဆွမ်း ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၆ နာရီတွင် ဘုရားအမှူးပြုသော သံဃာတော် ၆၄ ပါးတို့အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အပြင် နံနက် (၇)နာရီတွင် ချမ်းသာကြီး တန်ဆောင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေခြင်းစသည်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အလှူတော်ငွေကျပ် (၁၀၀၀၀) နှင့်အထက် ပါဝင် ကုသိုလ်ယူလှူဒါန်းသည့် အလှူရှင်များကိုလည်း ထမနဲလက်ဆောင်များ ပြန်လည်ပေးအပ် မည်ဖြစ်ပြီး ထမနဲတစ်ဒယ်လျှင် ကျပ် (၁၀၀၀၀၀) နှုန်းဖြင့် ရဟန်းရှင်လူ ပြည်သူအများ ပါဝင်ကုသိုလ်ပြုနိုင်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးတြင္ (၁၈) ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာ ထမနဲထိုးၿပိဳင္ပြဲကို ဇန္ဝါရီလကုန္တြင္ က်င္းပမည္
ေစာ(NP News)- ဇန္နဝါရီ ၂၂
ေလးဆူဓာတ္ပုံ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးတြင္ (၁၈) ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာ ထမနဲထိုးၿပိဳင္ပြဲကို ဇန္နဝါရီလကုန္တြင္ က်င္းပမည္ျဖစ္ေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ထံမွ သိရသည္။
အဆိုပါၿပိဳင္ပြဲကို ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရွိ အေရွ႕ဘက္ေအာက္ပစၥယာ ထန္းပင္ကုန္းကြင္း၌ ေ႐ႊတိဂုံေစတီေတာ္ဗုဒၶေဝယ်ာဝစၥ အသင္းမ်ား၊ အခြန္ထမ္းမ်ား၊ မိတ္ဖက္အသင္းမ်ားႏွင့္ ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕႐ုံးဌာနမ်ားမွ ပါဝင္ေသာ အသင္း ၃၆ သင္းတို႔ျဖင့္ ဇန္ဝါရီလ ၃၁ရက္၊ ညေန (၄)နာရီတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တပို႔တြဲလျပည့္ေန၊ ေဖေဖာ္ဝါရီ ၁ရက္၊ နံနက္ (၅)နာရီအခ်ိန္တြင္ ဧည့္ခံတန္ေဆာင္းႏွင့္ ေ႐ႊေစတီတန္ေဆာင္း၌ ထမနဲဆြမ္းေတာ္ႀကီးကပ္လႉျခင္း၊ ဩဝါဒပါတိေမာက္အခါေတာ္ေန႔ အခမ္းအနားက်င္းပျခင္း ျပဳလုပ္သြားမည္ျဖစ္ၿပီး နံနက္ (၅)နာရီခြဲအခ်ိန္တြင္ သံဃာေတာ္ ၆၄ ပါးတို႔အား အ႐ုဏ္ဆြမ္း ဆက္ကပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဆက္လက္၍ နံနက္ ၆ နာရီတြင္ ဘုရားအမႉးျပဳေသာ သံဃာေတာ္ ၆၄ ပါးတို႔အား ထမနဲဆြမ္းေတာ္ႀကီးႏွင့္ ဆြမ္းဆန္စိမ္းေလာင္းလႉျခင္း အျပင္ နံနက္ (၇)နာရီတြင္ ခ်မ္းသာႀကီး တန္ေဆာင္း၌ လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္ခ် အမွ်ေပးေဝျခင္းစသည္ျဖင့္ စည္ကား သိုက္ၿမိဳက္စြာ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အလႉေတာ္ေငြက်ပ္ (၁၀၀၀၀) ႏွင့္အထက္ ပါဝင္ ကုသိုလ္ယူလႉဒါန္းသည့္ အလႉရွင္မ်ားကိုလည္း ထမနဲလက္ေဆာင္မ်ား ျပန္လည္ေပးအပ္ မည္ျဖစ္ၿပီး ထမနဲတစ္ဒယ္လွ်င္ က်ပ္ (၁၀၀၀၀၀) ႏႈန္းျဖင့္ ရဟန္းရွင္လူ ျပည္သူအမ်ား ပါဝင္ကုသိုလ္ျပဳႏိုင္ေၾကာင္း သိရသည္။