ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့တစ်နှင့်အတူ ရပ်တည်ကြောင်း PPP ပါတီ နှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)တို့သဘောထားထုတ်ပြန်

145

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၂
ICJ တွင်သွားရောက်၍ မြန်မာနိုင်ငံကိုယ်စားပြု တရားရင်ဆိုင်လျက်ရှိသည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့တစ်ရပ်လုံးနှင့်အတူ တစ်သား တည်း ရပ်တည်ကြောာင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ယနေ့ (ဇန်နဝါရီလ ၂၂ရက်)တွင် သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သည့်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ၏ အထင်အမြင်လွဲမှားမှုများနှင့် မတရား စွပ်စွဲမှုများကို နိုင်ငံတကာတရားရုံး (International Court of Justice - ICJ) တွင် ဥပဒေကြောင်းအရ တရားရင်ဆိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတကာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံ၏ လက်ရှိရင်ဆိုင်နေရသောကိစ္စရပ်သည် သာမာန် ဥပဒေရေးရာ ကိစ္စရပ်တစ်ခုသာမဟုတ်ပဲ နိုင်ငံ၏အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွား တို့နှင့် သက်ဆိုင်သည့် အမျိုးသားရေးကိစ္စတစ်ရပ်ဖြစ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ခံယူကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာပြည်သူပြည်သားများအားလုံး၏ ဆန္ဒသဘောထားမှာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နိုင်ငံ့ ဂုဏ်သိက္ခာ မထိခိုက်စေရေး၊ နယ်နိမိတ်အပိုင်းအခြားခိုင်မာရေးနှင့် ပြည်သူများ၏လုံခြုံမှုကို ကာကွယ်ရေးတို့ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားချက်အရ သိရသည်။
နိုင်ငံတကာတရားရုံးတွင် နိုင်ငံတကာဥပဒေကြောင်းအရ စိစစ်မှုများကို မြန်မာနိုင်ငံအနေဖြင့် ရှေ့နေများ၏ ဥပဒေဆိုင်ရာ ကျိုးကြောင်း ဆီလျော်သော ကာကွယ်ချေပချက်များဖြင့် မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒသဘောထားကို ဖြည့်ဆည်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် နိုင်ငံတကာတရားရုံးတွင် တရားဥပဒေအရ တာဝန်ယူ ဖြေရှင်း ဆောင် ရွက်နေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ပညာရှင်အဆင့် ဖြေရှင်းချက်များသည် မြန်မာပြည်သူ ပြည်သားများ၏ စစ်မှန်သော ဆန္ဒများကို ကိုယ်စားပြုဖော်ပြနေခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့်လည်း "မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် တရားစွဲဆိုထားသည့်အပေါ် တာဝန်ယူ ဖြေရှင်းရေး” ဆိုသည့် မူကိုလက်ကိုင်ထားလျက် မြန်မာနိုင်ငံကိုယ်စားပြု တရားရင်ဆိုင်လျက်ရှိသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့တစ်ရပ်လုံးနှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိလည်း သဘောထားထုတ်ပြန်ထားသည်။
ထို့အတူ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး အနေဖြင့် နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ ဥပဒေအရ ရင်ဆိုင်ဖြေရှင်း နေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှု များကို ကြိုဆိုထောက်ခံဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် မိမိတို့အစည်း အရုံးအနေဖြင့် နိုင်ငံတော်၏ မူဝါဒသဘောထားများနှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်းလည်း ယနေ့(ဇန်နဝါရီလ ၂၂ရက်)တွင် သဘောထားထုတ်ပြန် ထားကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၁၂) ရက်မှ (၂၉)ရက်အထိ နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက် များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတွင်း နိုင်ငံရေးပါတီ အချို့နှင့် အသင်းအဖွဲ့အချို့ကလည်း ကြိုဆိုထောက်ခံကြောင်း သဘောထားများထုတ်ပြန်ထားသည်။

Zawgyi Version:
ICJ ေရာက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕တစ္ႏွင့္အတူ ရပ္တည္ေၾကာင္း PPP ပါတီ ႏွင့္ ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)တို႔သေဘာထားထုတ္ျပန္
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၂
ICJ တြင္သြားေရာက္၍ ျမန္မာႏိုင္ငံကိုယ္စားျပဳ တရားရင္ဆိုင္လ်က္ရွိသည့္ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕တစ္ရပ္လုံးႏွင့္အတူ တစ္သား တည္း ရပ္တည္ေၾကာာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)က ယေန႔ (ဇန္နဝါရီလ ၂၂ရက္)တြင္ သေဘာထားထုတ္ျပန္ထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသည္ အခ်ဳပ္အျခာအာဏာပိုင္သည့္ လြတ္လပ္သည့္ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံတကာ၏ အထင္အျမင္လြဲမွားမႈမ်ားႏွင့္ မတရား စြပ္စြဲမႈမ်ားကို ႏိုင္ငံတကာတရား႐ုံး (International Court of Justice - ICJ) တြင္ ဥပေဒေၾကာင္းအရ တရားရင္ဆိုင္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံတကာတရား႐ုံး (ICJ) ၌ ျမန္မာႏိုင္ငံ၏ လက္ရွိရင္ဆိုင္ေနရေသာကိစၥရပ္သည္ သာမာန္ ဥပေဒေရးရာ ကိစၥရပ္တစ္ခုသာမဟုတ္ပဲ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာ၊ ဂုဏ္သိကၡာႏွင့္ အမ်ိဳးသားအက်ိဳးစီးပြား တို႔ႏွင့္ သက္ဆိုင္သည့္ အမ်ိဳးသားေရးကိစၥတစ္ရပ္ျဖစ္သည္ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ခံယူေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ျမန္မာျပည္သူျပည္သားမ်ားအားလုံး၏ ဆႏၵသေဘာထားမွာ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာႏွင့္ ႏိုင္ငံ့ ဂုဏ္သိကၡာ မထိခိုက္ေစေရး၊ နယ္နိမိတ္အပိုင္းအျခားခိုင္မာေရးႏွင့္ ျပည္သူမ်ား၏လုံၿခဳံမႈကို ကာကြယ္ေရးတို႔ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားခ်က္အရ သိရသည္။
ႏိုင္ငံတကာတရား႐ုံးတြင္ ႏိုင္ငံတကာဥပေဒေၾကာင္းအရ စိစစ္မႈမ်ားကို ျမန္မာႏိုင္ငံအေနျဖင့္ ေရွ႕ေနမ်ား၏ ဥပေဒဆိုင္ရာ က်ိဳးေၾကာင္း ဆီေလ်ာ္ေသာ ကာကြယ္ေခ်ပခ်က္မ်ားျဖင့္ ျမန္မာျပည္သူလူထု တစ္ရပ္လုံး၏ ဆႏၵသေဘာထားကို ျဖည့္ဆည္းႏိုင္မည္ဟု ယုံၾကည္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ ဂုဏ္သိကၡာကိုကာကြယ္ရန္ ႏိုင္ငံတကာတရား႐ုံးတြင္ တရားဥပေဒအရ တာဝန္ယူ ေျဖရွင္း ေဆာင္ ႐ြက္ေနေသာ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ ဦးေဆာင္သည့္ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕၏ ပညာရွင္အဆင့္ ေျဖရွင္းခ်က္မ်ားသည္ ျမန္မာျပည္သူ ျပည္သားမ်ား၏ စစ္မွန္ေသာ ဆႏၵမ်ားကို ကိုယ္စားျပဳေဖာ္ျပေနျခင္း ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ေၾကာင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ အေနျဖင့္လည္း "ျမန္မာႏိုင္ငံအေပၚ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္ တရားစြဲဆိုထားသည့္အေပၚ တာဝန္ယူ ေျဖရွင္းေရး” ဆိုသည့္ မူကိုလက္ကိုင္ထားလ်က္ ျမန္မာႏိုင္ငံကိုယ္စားျပဳ တရားရင္ဆိုင္လ်က္ရွိသည့္ ျမန္မာ ကိုယ္စားလွယ္ အဖြဲ႕တစ္ရပ္လုံးႏွင့္အတူ တစ္သားတည္း ရပ္တည္လ်က္ရွိလည္း သေဘာထားထုတ္ျပန္ထားသည္။
ထို႔အတူ ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး အေနျဖင့္ ႏိုင္ငံေတာ္၏ကိုယ္စား ICJ သို႔ သြားေရာက္၍ ဥပေဒအရ ရင္ဆိုင္ေျဖရွင္း ေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕၏ ႀကိဳးပမ္းေဆာင္႐ြက္မႈ မ်ားကို ႀကိဳဆိုေထာက္ခံဂုဏ္ျပဳမွတ္တမ္းတင္ေၾကာင္းႏွင့္ မိမိတို႔အစည္း အ႐ုံးအေနျဖင့္ ႏိုင္ငံေတာ္၏ မူဝါဒသေဘာထားမ်ားႏွင့္ တစ္သားတည္းရပ္တည္လ်က္ရွိေၾကာင္းလည္း ယေန႔(ဇန္နဝါရီလ ၂၂ရက္)တြင္ သေဘာထားထုတ္ျပန္ ထားေၾကာင္း သိရသည္။
ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ဇန္နဝါရီလ (၁၂) ရက္မွ (၂၉)ရက္အထိ နယ္သာလန္ ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ သို႔ သြားေရာက္၍ ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲခ်က္ မ်ားအား ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္လ်က္ရွိရာ ႏိုင္ငံတြင္း ႏိုင္ငံေရးပါတီ အခ်ိဳ႕ႏွင့္ အသင္းအဖြဲ႕အခ်ိဳ႕ကလည္း ႀကိဳဆိုေထာက္ခံေၾကာင္း သေဘာထားမ်ားထုတ္ျပန္ထားသည္။