အငြင်းပွားကျွန်းအနီးကို ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်လေယာဉ်ကို တရုတ်စစ်တပ်မောင်းထုတ်

519

Pika(NP News)ဇန်နဝါရီ ၂၂
အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ Scarborough Shoalကျွန်းရဲ့ လေပိုင်နက်ထဲကို တရားမဝင်ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်လေယာဉ်တစ်စီးကို အောင်မြင်စွာမောင်းထုတ်ပစ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် တရုတ်ရဲ့ပိုင်နက်တွေကို တရားမဝင်ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်ရဲ့စစ်ဘက်ပိုင်ဆိုင်မှုတွေအားလုံးကို သတိပေးဖို့နဲ့ မောင်းထုတ်ဖို့အတွက် ရေတပ်နဲ့လေတပ် တပ်ဖွဲ့တွေကို ဖွဲ့စည်းထားတယ်လို့လည်း တရုတ်စစ်တပ်က ပြောကြားခဲ့ပါတယ်။တရုတ်စစ်တပ်က”တရုတ်နိုင်ငံရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာတွေ၊ရန်လိုတဲ့လုပ်ရပ်တွေနဲ့ တာဝန်မဲ့တဲ့လှုံ့ဆော်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့ ဖိလစ်ပိုင်ဘက်ကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တရုတ်မှာရှိတဲ့ဖိလစ်ပိုင်သံရုံး၊ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ဖိလစ်ပိုင်အမျိုးသားရေကြောင်းကောင်စီတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်တယ်လို့ တရုတ်ဘက်က အခိုင်အမာပြောဆိုထားသလို ဖိလစ်ပိုင်ဘက်ကလည်း တောင်တရုတ်ပင်လယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ၎င်းပိုင်ဆိုင်တယ်လို့ အခိုင်အမာထုတ်ပြန်ပြောဆိုထားကြတာလည်းဖြစ်ပါတယ်။ဒါ့ပြင် တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ အငြင်းပွားရေပိုင်နက်တွေအနီးမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး တင်းမာမှုတွေကမြင့်သထက်ပိုမြင့်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
အျငင္းပြားကြၽန္းအနီးကို ဝင္ေရာက္လာတဲ့ ဖိလစ္ပိုင္ေလယာဥ္ကို တ႐ုတ္စစ္တပ္ေမာင္းထုတ္
Pika(NP News)ဇန္နဝါရီ ၂၂
အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းမွာရွိတဲ့ Scarborough Shoalကြၽန္းရဲ႕ ေလပိုင္နက္ထဲကို တရားမဝင္က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့ ဖိလစ္ပိုင္ေလယာဥ္တစ္စီးကို ေအာင္ျမင္စြာေမာင္းထုတ္ပစ္ခဲ့တယ္လို႔ တ႐ုတ္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ တ႐ုတ္ရဲ႕ပိုင္နက္ေတြကို တရားမဝင္ဝင္ေရာက္လာတဲ့ ဖိလစ္ပိုင္ရဲ႕စစ္ဘက္ပိုင္ဆိုင္မႈေတြအားလုံးကို သတိေပးဖို႔နဲ႔ ေမာင္းထုတ္ဖို႔အတြက္ ေရတပ္နဲ႔ေလတပ္ တပ္ဖြဲ႕ေတြကို ဖြဲ႕စည္းထားတယ္လို႔လည္း တ႐ုတ္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။တ႐ုတ္စစ္တပ္က”တ႐ုတ္ႏိုင္ငံရဲ႕ အခြင့္အေရးေတြကို ခ်ိဳးေဖာက္တာေတြ၊ရန္လိုတဲ့လုပ္ရပ္ေတြနဲ႔ တာဝန္မဲ့တဲ့လႈံ႕ေဆာ္မႈေတြအားလုံးကို ခ်က္ခ်င္းရပ္တန႔္ဖို႔ ဖိလစ္ပိုင္ဘက္ကို ကြၽန္ေတာ္တို႔ တိုက္တြန္းထားပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို တ႐ုတ္မွာရွိတဲ့ဖိလစ္ပိုင္သံ႐ုံး၊ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕နဲ႔ ဖိလစ္ပိုင္အမ်ိဳးသားေရေၾကာင္းေကာင္စီတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္တယ္လို႔ တ႐ုတ္ဘက္က အခိုင္အမာေျပာဆိုထားသလို ဖိလစ္ပိုင္ဘက္ကလည္း ေတာင္တ႐ုတ္ပင္လယ္ရဲ႕ တစ္စိတ္တစ္ပိုင္းကို ၎ပိုင္ဆိုင္တယ္လို႔ အခိုင္အမာထုတ္ျပန္ေျပာဆိုထားၾကတာလည္းျဖစ္ပါတယ္။ဒါ့ျပင္ တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ဟာ အျငင္းပြားေရပိုင္နက္ေတြအနီးမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီး တင္းမာမႈေတြကျမင့္သထက္ပိုျမင့္လာတာလည္းျဖစ္ပါတယ္။