PDF အဖွဲ့ဝင် (၂၄)ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ

 552

Pearl (NP News) - ဇန်နဝါရီ ၂၃
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ကလေးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့မှ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့ ( ဇန်နဝါရီ ၂၂ရက်) က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပ်နှံပွဲတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 သေနတ် (၂) လက်၊ ၎င်းကျည်အိမ် (၄) ခု၊ ကျည် (၁၇) တောင့်၊ M-4 သေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၁) ခုနှင့် ကျည် (၁၀) တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ တစ်ဦးလျှင် သိန်း (၂၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း (၄၈၀) နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

Zawgyi Version:
PDF အဖြဲ႕ဝင္ (၂၄)ဦး လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာ
Pearl (NP News) - ဇန္နဝါရီ ၂၃
ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို နားလည္သေဘာေပါက္လာသည့္ PDF အမည္ခံအဖြဲ႕ဝင္ အမ်ိဳးသား ၂၂ ဦးႏွင့္ အမ်ိဳးသမီး ၂ ဦးတို႔သည္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာေၾကာင္း သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာၾကသည့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္၊ စစ္ကိုင္းၿမိဳ႕နယ္၊ ကေလးၿမိဳ႕နယ္ႏွင့္ ဟုမၼလင္းၿမိဳ႕နယ္တို႔မွ အမ်ိဳးသား ၂၂ ဦးႏွင့္ အမ်ိဳးသမီး ၂ ဦးတို႔အား တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို ယမန္ေန႔ ( ဇန္နဝါရီ ၂၂ရက္) က အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ေဇယ်ာသီရိခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အပ္ႏွံပြဲတြင္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကသူမ်ားက ၎တို႔ႏွင့္အတူ ပါရွိလာသည့္ Type-81 ေသနတ္ (၂) လက္၊ ၎က်ည္အိမ္ (၄) ခု၊ က်ည္ (၁၇) ေတာင့္၊ M-4 ေသနတ္ (၁)လက္၊ ၎က်ည္အိမ္ (၁) ခုႏွင့္ က်ည္ (၁၀) ေတာင့္တို႔အား လႊဲေျပာင္းအပ္ႏွံရာ တိုင္းမႉးက လက္ခံရယူခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူ တစ္ဦးလွ်င္ သိန္း (၂၀) က်ပ္ႏႈန္းျဖင့္ စုစုေပါင္းေငြက်ပ္ သိန္း (၄၈၀) ႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ကာ ခံဝန္ကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္း အပ္ႏွံေပးအပ္ခဲ့ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံကာ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း လည္း ထုတ္ျပန္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.