ထိုင်းနိုင်ငံသို့ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်တင်ပို့မည့် ပြောင်းတင်ပို့သူများ မီးရှို့ခြင်းကင်းရှင်းကြောင်း ထောက်ခံချက်ပြရမည်

 373

ပြည့်ဖြိုး(NP News)-ဇန်နဝါရီ ၂၃
ထိုင်းနိုင်ငံသို့ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်တင်ပို့မည့် ပြောင်းတင်ပို့သူများ မီးရှို့ခြင်းကင်းရှင်းကြောင်း ထောက်ခံချက်ပြရမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံကို တိရစ္ဆာန်အစာ ပြောင်းတင်ပို့သူတွေအနေဖြင့် မီးရှို့ခြင်းကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်တင်ပြ ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရ အဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောသည်။
(၂၀၂၆) ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်အသက်ဝင်သည့် တိရစ္ဆာန်အစာ၊ ပြောင်းနှင့် ဂျုံ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း လေးခုကို ထိုင်းအစိုးရ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိသည့် နိုင်ငံခြား ကုန်သွယ်ရေးဌာနက ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
တိရစ္ဆာန်အစာအတွက် အသုံးပြုရန် တင်သွင်းလာသည့် ပြောင်းဖူးများကို စိုက်ပျိုးစဉ် ကာလအတွင်း မီးရှို့ခြင်းမပြုသည့် ထုတ်လုပ်မှုဧရိယာများ သို့မဟုတ် လယ်ယာလုပ်ငန်းခွင်များကနေ တင်သွင်းရန် လိုအပ်ကြောင်းသိရသည်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူနှင့် PM2.5 ညစ်ညမ်းမှုကို လျှော့ချရန် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ် သော စိုက်ပျိုးရေးကို ပံ့ပိုးရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးခေတ်ရေစီး ကြောင်းနှင့်အညီ စိုက်ပျိုးရေး ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် စံနှုန်းများကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ပြောင်းတင်သွင်းသူများအနေ ဖြင့် မီးရှို့ခြင်းမပြုလုပ်ရန်ဆိုသည့် လိုအပ်ချက်နှင့် ကိုက်ညီကြောင်း သက်သေပြရန် ထုတ်လုပ်မှု ရင်းမြစ်အချက်အလက်များနှင့် အထောက်အပံ့အထောက် အထား များကို ပြင်ဆင်ရမှာဖြစ်ပြီး ခြေရာခံ စစ်ဆေးမှုများအတွက် သက်ဆိုင်ရာအချက်အလက်များ နှင့် စာရွက်စာတမ်းများကို ငါးနှစ်ကြာ သိမ်းဆည်းထားရ မည် ဖြစ်သည်။
မြန်မာနိုင်ငံမှာ ပြောင်းစိုက် ဧက နှစ်သန်းကျော်ရှိပြီး တန်ချိန် သုံးသန်းကျော် ထွက်ရှိရာပြည်တွင်းသုံးစွဲမှုအနေဖြင့် ပြောင်းတန်ချိန် တစ်သန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပကို တန်ချိန် နှစ်သန်း ကျော် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း မှ သိရသည်။
၂၀၂၅ ခုနှစ်အတွင်း ထိုင်း နိုင်ငံကို မြန်မာနိုင်ငံမှ ပြောင်းဆန် တန်ချိန် (၁ ဒသမ ၂) သန်းကျော်၊ တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၂ ဒသမ ၁၁၇) ဘီလီယံဖိုး တင်ပို့ခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာန၏ အချက် အလက်များအရ သိရသည်။
ယခင်နှစ်အတွင်း ဖေဖော်ဝါရီလမှ ဩဂုတ်လ အထိ ခုနစ်လတာအတွင်း တစ်လ လျှင် ပျမ်းမျှပြောင်းတန်ချိန် (၁၁၆၈၂၂) တန်မှ (၂၉၄၂၄၃) တန်အထိ တင်ပို့နိုင်ခဲ့ပြီး ဆိပ်ကမ်းအရောက်တန်ဖိုး (CIF) ပျမ်းမျှတစ်တန်လျှင် (၉၄၈၅) ဘတ် မှ (၁၀၀၅၆) ဘတ်အကြား ဈေးရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ထိုင္းႏိုင္ငံသို႔ေဖေဖာ္ဝါရီ လဆန္းပိုင္းမွ စတင္တင္ပို႔မည့္ ေျပာင္းတင္ပို႔သူမ်ား မီးရႈိ႕ျခင္းကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ျပရမည္
ျပည့္ၿဖိဳး(NP News)-ဇန္နဝါရီ ၂၃
ထိုင္းႏိုင္ငံသို႔ေဖေဖာ္ဝါရီ လဆန္းပိုင္းမွ စတင္တင္ပို႔မည့္ ေျပာင္းတင္ပို႔သူမ်ား မီးရႈိ႕ျခင္းကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ျပရမည္ျဖစ္ေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံကို တိရစာၦန္အစာ ေျပာင္းတင္ပို႔သူေတြအေနျဖင့္ မီးရႈိ႕ျခင္းကင္းရွင္းေၾကာင္း ေထာက္ခံခ်က္လက္မွတ္တင္ျပ ရမည္ျဖစ္ေၾကာင္း ထိုင္းအစိုးရ အဖြဲ႕၏ ဒုတိယေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။
(၂၀၂၆) ခုႏွစ္ ဇန္နဝါရီ (၁) ရက္မွ စတင္အသက္ဝင္သည့္ တိရစာၦန္အစာ၊ ေျပာင္းႏွင့္ ဂ်ဳံ တင္သြင္းမႈဆိုင္ရာ စည္းမ်ဥ္း ေလးခုကို ထိုင္းအစိုးရ၊ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေအာက္မွာရွိသည့္ ႏိုင္ငံျခား ကုန္သြယ္ေရးဌာနက ထုတ္ျပန္ ခဲ့ျခင္း ျဖစ္သည္။
တိရစာၦန္အစာအတြက္ အသုံးျပဳရန္ တင္သြင္းလာသည့္ ေျပာင္းဖူးမ်ားကို စိုက္ပ်ိဳးစဥ္ ကာလအတြင္း မီးရႈိ႕ျခင္းမျပဳသည့္ ထုတ္လုပ္မႈဧရိယာမ်ား သို႔မဟုတ္ လယ္ယာလုပ္ငန္းခြင္မ်ားကေန တင္သြင္းရန္ လိုအပ္ေၾကာင္းသိရသည္။
နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴႏွင့္ PM2.5 ညစ္ညမ္းမႈကို ေလွ်ာ့ခ်ရန္ ပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္ ေသာ စိုက္ပ်ိဳးေရးကို ပံ့ပိုးရန္ႏွင့္ ကမာၻ႔ကုန္သြယ္ေရးေခတ္ေရစီး ေၾကာင္းႏွင့္အညီ စိုက္ပ်ိဳးေရး ဆိုင္ရာ ေထာက္ပံ့ေရးကြင္းဆက္ စံႏႈန္းမ်ားကို အဆင့္ျမႇင့္တင္ရန္ ရည္႐ြယ္ထားျခင္းျဖစ္သည္။
ေျပာင္းတင္သြင္းသူမ်ားအေန ျဖင့္ မီးရႈိ႕ျခင္းမျပဳလုပ္ရန္ဆိုသည့္ လိုအပ္ခ်က္ႏွင့္ ကိုက္ညီေၾကာင္း သက္ေသျပရန္ ထုတ္လုပ္မႈ ရင္းျမစ္အခ်က္အလက္မ်ားႏွင့္ အေထာက္အပံ့အေထာက္ အထား မ်ားကို ျပင္ဆင္ရမွာျဖစ္ၿပီး ေျခရာခံ စစ္ေဆးမႈမ်ားအတြက္ သက္ဆိုင္ရာအခ်က္အလက္မ်ား ႏွင့္ စာ႐ြက္စာတမ္းမ်ားကို ငါးႏွစ္ၾကာ သိမ္းဆည္းထားရ မည္ ျဖစ္သည္။
ျမန္မာႏိုင္ငံမွာ ေျပာင္းစိုက္ ဧက ႏွစ္သန္းေက်ာ္ရွိၿပီး တန္ခ်ိန္ သုံးသန္းေက်ာ္ ထြက္ရွိရာျပည္တြင္းသုံးစြဲမႈအေနျဖင့္ ေျပာင္းတန္ခ်ိန္ တစ္သန္းခန႔္ရွိၿပီး ႏွစ္စဥ္ျပည္ပကို တန္ခ်ိန္ ႏွစ္သန္း ေက်ာ္ တင္ပို႔လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္း မွ သိရသည္။
၂၀၂၅ ခုႏွစ္အတြင္း ထိုင္း ႏိုင္ငံကို ျမန္မာႏိုင္ငံမွ ေျပာင္းဆန္ တန္ခ်ိန္ (၁ ဒသမ ၂) သန္းေက်ာ္၊ တန္ဖိုးအားျဖင့္ ဘတ္ေငြ (၁၂ ဒသမ ၁၁၇) ဘီလီယံဖိုး တင္ပို႔ခဲ့ေၾကာင္း ထိုင္းအေကာက္ခြန္ဌာန၏ အခ်က္ အလက္မ်ားအရ သိရသည္။
ယခင္ႏွစ္အတြင္း ေဖေဖာ္ဝါရီလမွ ဩဂုတ္လ အထိ ခုနစ္လတာအတြင္း တစ္လ လွ်င္ ပ်မ္းမွ်ေျပာင္းတန္ခ်ိန္ (၁၁၆၈၂၂) တန္မွ (၂၉၄၂၄၃) တန္အထိ တင္ပို႔ႏိုင္ခဲ့ၿပီး ဆိပ္ကမ္းအေရာက္တန္ဖိုး (CIF) ပ်မ္းမွ်တစ္တန္လွ်င္ (၉၄၈၅) ဘတ္ မွ (၁၀၀၅၆) ဘတ္အၾကား ေဈးရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.