MDY PDF အဖွဲ့ဝင် (၁၅၀)နီးပါး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ

 995

Pearl (NP News) - ဇန်နဝါရီ ၂၃

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် MDY PDF အဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် MDY PDF အဖွဲ့ဝင်များကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ ( ဇန်နဝါရီ ၂၃ရက်) က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ တ စားသောက်ဖွယ်ရာများ ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

Zawgyi Version:
MDY PDF အဖြဲ႕ဝင္ (၁၅၀)နီးပါး လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာ
Pearl (NP News) - ဇန္နဝါရီ ၂၃

ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို နားလည္သေဘာေပါက္လာသည့္ MDY PDF အဖြဲ႕ဝင္ အမ်ိဳးသား ၁၄၁ ဦးႏွင့္ အမ်ိဳးသမီး ၈ ဦးတို႔သည္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာေၾကာင္း သိရသည္။

ထိုသို႔ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာၾကသည့္ MDY PDF အဖြဲ႕ဝင္မ်ားကို တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို ယေန႔ ( ဇန္နဝါရီ ၂၃ရက္) က အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တြင္ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူ တ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ကာ ခံဝန္ကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္း အပ္ႏွံေပးအပ္ခဲ့ေၾကာင္း သိရသည္။

ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံကာ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း လည္း ထုတ္ျပန္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.