ICJ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ရင်ဆိုင်ဖြေရှင်းနေခြင်းကို ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက သဘောထားထုတ်ပြန်

 350

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၃
ICJ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ရင်ဆိုင်ဖြေရှင်းနေခြင်းကို အပြည့်အဝကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ယနေ့(ဇန်နဝါရီလ ၂၃ ရက်တွင်) သဘောထားထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဇန်နဝါရီလ (၁၂) ရက်မှ (၂၉)ရက်အထိ နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲ ချက်များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဖြေရှင်းဆောင်ရွက်နေခြင်းသည် မိမိတို့မြန်မာနိုင်ငံ၏ တာဝန်ယူမှုနှင့် ဂုဏ်သိက္ခာ ရှိသောလုပ်ရပ်တို့ကို ဖော်ညွှန်းပြသလျက်ရှိနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့်လည်း မိမိတို့နိုင်ငံတော်အပေါ်မတရား စွပ်စွဲ လုပ်ဆောင်မှုများကို တရားဥပဒေအပေါ်ယုံကြည်မှုအခြေခံ၍ ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းနေခြင်း ကို အပြည့်အဝကြိုဆိုထောက်ခံကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်များ ကို ပုံဖော်ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ်နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန်နှင့် မတရားစွပ်စွဲမှုများ ဖြစ်လာစေရန် လုပ်ဆောင်နေကြခြင်းကို နိုင်ငံတကာမှ သိရှိနားလည်သွားစေရန်နှင့် ယုံကြည်မှုရှိလာစေရေး အတွက်လည်း အရေးပါသောအချက်တစ်ခုအဖြစ် ယုံကြည်ကြောင်းလည်း ထုတ်ပြန်ထားချက်အရ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတရား၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် အမှန်တရားကို ရင်ဆိုင်ဖြေရှင်းနေသာ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက် မှုများကို အလေးအနက် ကြိုဆိုထောက်ခံ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိမိတို့ မြန်မာနိုင်ငံလုံး ဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် နိုင်ငံတော်၏ မူဝါဒသဘောထားများနှင့် တစ်သားတည်း ရပ်တည် လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်၊ NDNF ထာဝရငြိမ်းချမ်း ရေးကွန်ယက်/ အထက် မြန်မာပြည် သာသနာပြုအဖွဲ့ချုပ် ငြိမ်းချမ်းရေးကရုဏာနှလုံးသား ပရဟိတဖောင်ဒေးရှင်း (ICJ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ကျားဖြူပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) စသည်ဖြင့် အဖွဲ့အစည်း၊ ပါတီအချို့ကလည်း မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version:
ICJ တြင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ရင္ဆိုင္ေျဖရွင္းေနျခင္းကို ႀကိဳဆိုေထာက္ခံေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အစၥလာမ္ ဘာသာေရး အဖြဲ႕ႀကီးက သေဘာထားထုတ္ျပန္
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၃
ICJ တြင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ သြားေရာက္ရင္ဆိုင္ေျဖရွင္းေနျခင္းကို အျပည့္အဝႀကိဳဆိုေထာက္ခံေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အစၥလာမ္ ဘာသာေရးအဖြဲ႕ႀကီးက ယေန႔(ဇန္နဝါရီလ ၂၃ ရက္တြင္) သေဘာထားထုတ္ျပန္ထားသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ သည္ ဇန္နဝါရီလ (၁၂) ရက္မွ (၂၉)ရက္အထိ နယ္သာလန္ ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ သို႔ သြားေရာက္၍ ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲ ခ်က္မ်ားအား ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ယင္းသို႔ ေျဖရွင္းေဆာင္႐ြက္ေနျခင္းသည္ မိမိတို႔ျမန္မာႏိုင္ငံ၏ တာဝန္ယူမႈႏွင့္ ဂုဏ္သိကၡာ ရွိေသာလုပ္ရပ္တို႔ကို ေဖာ္ၫႊန္းျပသလ်က္ရွိေနျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံလုံးဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးအေနျဖင့္လည္း မိမိတို႔ႏိုင္ငံေတာ္အေပၚမတရား စြပ္စြဲ လုပ္ေဆာင္မႈမ်ားကို တရားဥပေဒအေပၚယုံၾကည္မႈအေျခခံ၍ ျပတ္ျပတ္သားသား ရင္ဆိုင္ေျဖရွင္းေနျခင္း ကို အျပည့္အဝႀကိဳဆိုေထာက္ခံေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းကဲ့သို႔ ေဆာင္႐ြက္မႈသည္ ျမန္မာႏိုင္ငံ၏ ပကတိျဖစ္စဥ္အမွန္မ်ား ကို ပုံေဖာ္ျပသေနျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံအေပၚႏိုင္ငံတကာမွ အထင္အျမင္လြဲမွားေစရန္ႏွင့္ မတရားစြပ္စြဲမႈမ်ား ျဖစ္လာေစရန္ လုပ္ေဆာင္ေနၾကျခင္းကို ႏိုင္ငံတကာမွ သိရွိနားလည္သြားေစရန္ႏွင့္ ယုံၾကည္မႈရွိလာေစေရး အတြက္လည္း အေရးပါေသာအခ်က္တစ္ခုအျဖစ္ ယုံၾကည္ေၾကာင္းလည္း ထုတ္ျပန္ထားခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးအေနျဖင့္ ႏိုင္ငံေတာ္၏ကိုယ္စား ICJ သို႔ သြားေရာက္၍ ျမန္မာႏိုင္ငံ၏ ဂုဏ္သိကၡာတရား၊ အခ်ဳပ္အျခာအာဏာ၊ အက်ိဳးစီးပြားႏွင့္သက္ဆိုင္ေသာ ကိစၥရပ္မ်ားအတြက္ အမွန္တရားကို ရင္ဆိုင္ေျဖရွင္းေနသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕၏ ႀကိဳးပမ္းေဆာင္႐ြက္ မႈမ်ားကို အေလးအနက္ ႀကိဳဆိုေထာက္ခံ ဂုဏ္ျပဳမွတ္တမ္းတင္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
မိမိတို႔ ျမန္မာႏိုင္ငံလုံး ဆိုင္ရာအစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးအေနျဖင့္ ႏိုင္ငံေတာ္၏ မူဝါဒသေဘာထားမ်ားႏွင့္ တစ္သားတည္း ရပ္တည္ လ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး၊ သာသနာႏုဂၢဟအသင္းအလုပ္အမႈေဆာင္အဖြဲ႕၊ ျမန္မာ-အိႏၵိယခ်စ္ၾကည္ေရးအသင္း (MIFA) ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ MSME Cluster ဖိနပ္လုပ္ငန္းရွင္မ်ား ဗဟိုအဖြဲ႕ခ်ဳပ္၊ NDNF ထာဝရၿငိမ္းခ်မ္း ေရးကြန္ယက္/ အထက္ ျမန္မာျပည္ သာသနာျပဳအဖြဲ႕ခ်ဳပ္ ၿငိမ္းခ်မ္းေရးက႐ုဏာႏွလုံးသား ပရဟိတေဖာင္ေဒးရွင္း (ICJ)၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ၊ က်ားျဖဴပါတီ၊ ညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာ ႏိုင္ငံ သတင္းမီဒီယာေကာင္စီ၊ ျမန္မာ့ပုံရိပ္ေဖာ္ၫႊန္းေရးအဖြဲ႕ (Myanmar Narrative Think Tank) ႏွင့္ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) စသည္ျဖင့္ အဖြဲ႕အစည္း၊ ပါတီအခ်ိဳ႕ကလည္း ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္ တစ္သားတည္းရပ္တည္ေၾကာင္း သေဘာထားထုတ္ျပန္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.