စီးပွားရေးလက်နက်ဖြင့် တိုင်းပြည်ကိုဖျက်နေကြသည်လား (အတွေးအမြင် ဆောင်းပါး)

 516

စစ်မုန်း (NP News)
စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး စသည့်အရေးသုံးပါးမှာ လူသားတို့၏အလိုအပ်ဆုံး၊ လူသားတို့အ တွက် အဓိကအကျဆုံး အရေးသုံးပါးဖြစ်သည်။ အထူးသဖြင့် လူသားတို့၏အရေးသုံးပါးတွင် စားရေးက ထိပ်ဆုံးနေရာတွင်ရှိနေသည်။ အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုသလို လူအများတို့ အူမတောင့်ဖို့လို သည်။ ဝတ်ရေးကအရေးမကြီး။ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်နေနိုင်ကြသေးသည်။
နေထိုင်ရေးမှာလည်း သင့်တော်ရာနေရာတစ်ခု ခုတွင် ကျောတစ်ခင်းစာနေရာရလျှင်ပင် အဆင် ပြေသည်။ စားရေးကတော့ ဒီလိုမဟုတ်။ နေ့စဉ်နေ့တိုင်း မနက်၊ ည စားသောက်နိုင်ဖို့လိုသည်။ လူအများ သည် နံနက်လင်းသည်မှ မိုးချုပ်နေဝင်သည်အထိ အစားတစ်လုတ်အတွက် ရုန်းကန်လှုပ်ရှားနေကြရ သည်။
လူအများ၏ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေးကို ဖြေရှင်းဆောင်ရွက်ပေးခြင်းသည်ပင် နိုင်ငံရေးဖြစ် သည်။ နိုင်ငံသူနိုင်ငံသားများ တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေး၊ စားဝတ်နေရေးပြေလည်ရေးအတွက် နိုင်ငံ့ဦးဆောင်သူအစိုးရမင်းများက စီမံဆောင်ရွက်ပေးရသည်။ အစိုးရမင်းဆိုသူများမှာ နိုင်ငံရေးသမား များပင်ဖြစ်ကြသည်။ မိမိတို့၏လူနေမှုဘဝကို တည်ငြိမ်အေးချမ်းအောင် ဖန်တီးဆောင်ရွက်ပေးနိုင်လျှင်၊ စားဝတ်နေရေးကို ပြေလည်အောင်ဆောင်ရွက်ပေးနိုင်လျှင် ထိုနိုင်ငံရေးခေါင်းဆောင်များကို ပြည်သူ များချစ်ကြသည်။ နိုင်ငံရေးသမားများဖြင့် စုဖွဲ့တည်ဆောက် ထားသောအစိုးရအဖွဲ့ကလည်း ပြည်သူများ ၏အကျိုး စီးပွားအတွက် ရှေးရှုဆောင်ရွက်ပေးတတ်ကြသည်။

တိုင်းပြည်တည်ဆောက်ရေးနှင့်စီးပွားရေးအခင်းအကျင်း
နိုင်ငံကိုအုပ်ချုပ်သောအစိုးရမင်းများသည် ပြည် သူများ၏အကျိုးစီးပွားကိုရည်ရွယ်ပြီး စီးပွားရေး လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်တတ်သည်။ ထို့ကြောင့် ကမ္ဘာတွင် အရင်းရှင်စနစ်နှင့်ကွန်မြူနစ်စနစ် စသည့် စီးပွားရေးစနစ်များ ပေါ်ထွန်းလာခဲ့သည်။
စီးပွားရေးပြိုင်ဘက်အချင်းချင်း အားပြိုင်မှုများရှိခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည်လည်း မိမိ တို့ ရေမြေသဘာဝနှင့်ကိုက်ညီရာ စီးပွားရေးစနစ်များကို ကျင့်သုံးပြီး နိုင်ငံတိုးတက်အောင် လုပ်ဆောင်ခဲ့ ကြသည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှအစိုးရလက်အောက် ကျွန်သဘောက်ဘဝတွင်လည်းကောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (၁၉၄၈)ခုနှစ်မှ (၁၉၆၂)ခုနှစ်ကာလအထိလည်းကောင်း အရင်းရှင် စီးပွား ရေးစနစ်ဖြင့်သွားခဲ့ကြသည်။ (၁၉၆၂)ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက် အရင်းရှင်စီးပွားရေးစနစ်ကိုဖျက်သိမ်း၍ ဆိုရှယ်လစ် စီးပွားရေးစနစ်ဖြင့် တိုင်းပြည်၏စီးပွားရေးကို ထူ ထောင်ရန်ကြိုးပမ်းခဲ့သည်မှာ (၁၉၈၈)ခုနှစ်အထိပင် ဖြစ်သည်။
သို့ရာတွင် အောင်မြင်ခြင်းမရှိခဲ့။ ပြည်သူများက ထိုစဉ်ကအုပ်ချုပ်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီနှင့်အစိုးရအပေါ် နှစ်သက်ခြင်းမရှိခဲ့ကြ၍ ဆူပူ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ အင်းစိန်ကြို့ ကုန်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့်အရပ်သားပဋိပက္ခမှစခဲ့သည့် (၁၉၈၈)ခုနှစ်အရေးအခင်းသည် သာမန်အ ရေးအခင်းသာဖြစ်သည်ဟုဆိုသော်ငြားလည်း ပြည်သူများ၏ စီးပွားရေးမပြေလည်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အထွေထွေမကျေနပ်ချက်များကြောင့်ဖြစ် သည်။ (၁၉၈၈)ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရပြုတ်ကျခဲ့ရခြင်းမှာ လမ်းစဉ်ပါတီမှ ချမှတ်လုပ်ဆောင်ခဲ့သော ဆိုရှယ်လစ် စီးပွား ရေးစနစ် မအောင်မြင်၍ဖြစ်သည်။ သင်ခန်းစာယူစရာဖြစ်သည်။
(၁၉၈၈)ခုနှစ်တွင် အာဏာကိုရယူခဲ့သော တပ်မတော်အစိုးရသည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကိုဖော်ဆောင်ပေးခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလည်း ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံသည့် စီးပွားရေးဘောင်ကို ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ် သည်။ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော ရွေးကောက်ခံအစိုးရနှစ်ဆက် တွင်လည်းကောင်း၊ (၂၀၂၁)ခုနှစ်တွင် နိုင်ငံတော်အာဏာကိုလွှဲပြောင်းကာ တာဝန်ပေးခြင်းခံရသော နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည်လည်းကောင်း (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေသည်။
လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်တွင် အဓိကမောင်းနှင်အားမှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ ကုန်ပစ္စည်းများကို ထုတ်လုပ်သည်မှရောင်းချသည်အထိ စီးပွားရေးလုပ်ငန်းရှင်များက အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
အသုံးချခံ မဖြစ်ကြစေလို
ခေတ်အဆက်ဆက်အစိုးရများသည် ပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရေးအတွက် ဦး စားပေးလုပ်ဆောင်ပေးလျက်ရှိသည်။ (၂၀၂၁)ခုနှစ် တွင် တိုင်းပြည်တာဝန်ကိုအပ်နှင်းခြင်းခံခဲ့ရသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည်လည်း နိုင်ငံ့စီးပွားတည်ငြိမ်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးခဲ့သည်ကိုတွေ့ရသည်။ သို့ရာတွင် အဖျက်အမှောင့်သမားများက နိုင်ငံ့စီးပွားရေး မတည် ငြိမ်အောင် ဘက်ပေါင်းစုံမှ လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြသည်။ နိုင်ငံတကာ၏အင်အား အထူးသဖြင့် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏အင်အားကိုရယူ၍ စီးပွားရေးပိတ်ဆို့ခြင်းကိုဆောင် ရွက်ခြင်း၊ ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဘဏ်လုပ်ငန်းများ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင် ခြင်း (ယနေ့အထိလုပ်ဆောင်နေဆဲဖြစ်သည်)၊ သယ်ယူပို့ ဆောင်ရေးအခက်အခဲဖြစ်စေရန် စက်သုံးဆီ အကျပ်အတည်းဖြစ်အောင်ဆောင်ရွက်ခြင်း၊ ဒေါ်လာဈေး၊ ရွှေဈေး မတည်မငြိမ်ဖြစ်စေပြီး ပြည်တွင်း ငွေကြေးတန်ဖိုးကျဆောင်းအောင်လုပ်ဆောင်ခြင်းများကို တွေ့လာရသည်။ လုပ်ငန်းအချို့တွင်မူ စီးပွား ရေးလုပ်ငန်းရှင်များ၏အသုံးချခြင်းကို နိုင်ငံတော်မှ အဆင့်မြင့်တာဝန်ရှိသူအချို့ ကိုယ်တိုင်ခံလိုက်ကြရ ပြီး အရေးယူ ခြင်းခံလိုက်ရသည်ကိုလည်းတွေ့ခဲ့ရသည်။
စီးပွားရေးသမားများက ၎င်းတို့၏အခွင့်အရေးအတွက်ဆိုပါက မည်သူသေသေ ငတေမာပြီး ရောဆိုသည့်သဘောထားများ ရှိတတ်ကြသူများဖြစ်ရာ၊ လစာမစို့မပို့ဖြင့် တာဝန်ထမ်းဆောင်နေကြ ရရှာသည့် နိုင်ငံ့ဝန်ထမ်းများကို အသုံးချတတ်ကြသည်။ နိုင်ငံ့ဝန်ထမ်းအချို့တို့မှာလည်း ငါးစာကိုသာမြင် ပြီး ငါးမျှားချိတ်ကိုမမြင်မိတတ်ကြ။ အထူးသဖြင့် အဆုံးအဖြတ်ပေးနိုင်သော အကြီးတန်းတာဝန်ရှိ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်လည်း သတိရှိကြရန်လိုသည်။
အခြေခံစားကုန်များ
နေ့စဉ် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဆန်၊ ဆီနှင့်ပတ်သက်၍ ကုန်သည်ကြီးများက မတော်လောဘ အမြတ်တင်ရောင်းချနေခြင်းများရှိသကဲ့သို့ အခြားသော သားငါးများရောင်းချရာတွင် လည်း ဈေးနှုန်း မြှင့်တင်ရောင်းချနေကြသည်များကို သတင်းအချက်အလက်များအရသိမြင်ရသည်။ ကုန်ဈေးနှုန်များကိုလက်ကားဈေးမြင့်ဝယ်ယူရာတွင် သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြစ်သော် လည်း လက်လီဈေးကွက် သို့ရောက်သည့်အခါ ဈေးနှုန်းများကို ထင်သလို မြှင့်တင်ရောင်းချနေကြသည် ကိုတွေ့မြင်နေရသည်။
လက်လီဈေးကွက်သည် အခြေခံလူတန်းစားများနှင့် အထိတွေ့ဆုံးနေရာဖြစ်သည်။ လက်လီ ဈေးကွက်အတွက် အရောင်းဈေးသည်များက လက်ကားဈေးကွက်မှဝယ်ယူဖြန့်ဖြူးခြင်းဖြစ်သော်လည်း လက်လီ ဈေးကွက်အရောက်တွင် ဈေးနှုန်းကို စိတ်ကြိုက်မြှင့် တင်ရောင်းချနေကြသည်ကိုတွေ့ရရာ ထိန်းချုပ်ကန့်သတ်နိုင်ရန်လိုသည်။
(၂၀၂၄)ခုနှစ်ကကောက်ယူခဲ့သည့်စစ်တမ်း တစ်ခုအရ လက်ကားဈေးနှင့် လက်လီဈေးကွာဟမှု ကို အောက်ပါအတိုင်းတွေခဲ့ရသည်။
စားအုန်းဆီလက်ကားဈေး (၅၅၈၅)ကျပ်၊ လက် လီ (၅၆၀ဝ-၅၉၀ဝ)ကျပ်။ အမဲသား(ဒိုင်ဈေး) (၁၁၅၀ဝ-၁၂၀ဝဝ)ကျပ်၊ လက်လီ (၁၅၀ဝဝ-၁၈၀ဝ၀ ကျပ်)။ ဝက်သား(ဒိုင်ဈေး) (၁၃၀ဝ၀ ကျပ်)၊ လက်လီ (၁၅၀ဝဝ-၁၇၀ဝဝ-၁၈၀ဝဝ)ကျပ်။ ဆိတ် သား(ဒိုင်ဈေး)(၁၃၅၀ဝ-၁၄၀ဝဝ)ကျပ်၊ လက်လီ (၂၅၀ဝဝ-၂၈၀ဝဝ-၃၀ဝဝဝ)။ မွေးမြူရေးကြက် (ဒိုင်ဈေး)(၇၈၀ဝ-၈၀ဝဝ)ကျပ်၊ လက်လီဈေး (၁၀ဝဝဝ-၁၄၀ဝဝ-၁၅၀ဝဝ)ကျပ်။ ဒေသကြက် (ဒိုင်ဈေး) (၁၃၀ဝဝ-၁၆၀ဝဝ)ကျပ်၊ လက်လီဈေး (၁၈၀ဝဝ-၂၀ဝဝဝ-၂၅၀ဝဝ)၊ ဘဲ(ဒိုင်ဈေး) (၆၀ဝဝ-၉၀ဝဝ-၁၀၅၀ဝ)ကျပ်၊ လက်လီဈေး (၁၀ဝဝဝ-၁၂၀ဝဝ-၁၅၀ဝဝ)ကျပ် စသည်ဖြင့် တွေ့ ရသည်။
အသားဈေးများမှာ လက်ကားဈေး(ဒိုင်ဈေး)ထက် အဆပေါင်းများစွာမြင့်မားရောင်းချနေကြသည် ကိုတွေ့ရသည်။ လက်ကားဈေးထက် (၅၀)ရာခိုင်နှုန်းအထက် အမြတ်တင်ရောင်းချနေကြသည်ကို မြင် တွေ့ရသည်။ ထို့အတူ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးကြင်း စသည်များ၏ရောင်းဈေးမှာလည်း လက်ကားဈေး (ဒိုင်ဈေးထက်) (၃၀)ရာခိုင်နှုန်းမှ (၅၀)ရာခိုင်နှုန်းအထက် ဈေးတင်ရောင်းချနေကြသည်ကို လေ့လာတွေ့ ရှိရသည်။ ပုံစံအားဖြင့်ဆိုပါက ငါးရံ့ဒိုင်ဈေး (၉၀ဝဝ- ၁၆၀ဝဝ-၁၉၀ဝဝ)ကျပ်၊ လက်လီဈေး (၁၂၀ဝဝ- ၁၅၀ဝဝ-၂၄၀ဝဝ)ကျပ်။ ငါးခူ/ငါးကျည်း ဒိုင်ဈေး (၁၁၀ဝဝ-၁၂၀ဝဝ-၁၆၀ဝဝိ)ကျပ်၊ လက်လီဈေး (၁၅၀ဝဝ-၁၇၀ဝဝ-၂၀ဝဝဝ)ဖြစ်သည်။ ကုန်ခြောက် ဈေးနှုန်းမှာလည်း ကြက်သွန်နီ(ဒိုင်ဈေး) (၁၅၀ဝ- ၂၀ဝဝ-၂၂၀ဝ) ကျပ်၊ လက်လီဈေး (၂၀ဝဝ-၂၆၀ဝ- ၃၀ဝဝ)ကျပ်။ ကြက်သွန်ဖြူ(ဒိုင်ဈေး) (၉၀ဝဝ- ၁၀ဝဝဝ-၁၀၅၀ဝ)ကျပ် ၊ လက်လီ(၁၀ဝဝဝ- ၁၃၀ဝဝ- ၁၆၀ဝဝ)ကျပ်။ ငရုတ်ခြောက်(ပု)(ဒိုင်ဈေး (၈၀ဝဝ-၁၀ဝဝဝ- ၁၁၅၀ဝ)ကျပ်၊ လက်လီ- (၁၃၀ဝဝ- ၁၆၀ဝဝ-၂၀ဝဝဝ)။ ငရုတ်ခြောက်(ရှည်) (ဒိုင်ဈေး) (၃၅၀ဝ- ၄၀ဝဝ- ၄၅၀ဝ)ကျပ်။ လက်လီ- (၁၂၀ဝဝ- ၁၆၀ဝဝ- ၁၈၀ဝဝ)စသည်ဖြင့်တွေ့ရသည်။
ဤသတင်းအချက်အလက်များကို မြို့တော်သတင်းစာ၏ (၂၀၂၄)ခုနှစ် ဇူလိုင်လ (၄)ရက်တွင် ဖော်ပြခဲ့သည့်သတင်းအချက်အလက်များဖြစ်သည်။ မြို့ တော်သတင်းစာ၏ဖော်ပြချက်အရ ဤဈေးနှုန်း များမှာ ဘုရင့်နောင်ကုန်စည်ဒိုင်(ရန်ကုန်တိုင်းဒေသကြီး)၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေး ဌာန ထုတ် လုပ်ရေးရုံများ၊ မင်္ဂလာတောင်ညွန့် ကြက် ဘဲဈေး၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ စံပြငါးဈေး၊ ရွှေပိ တောက်ငါးဈေး တို့မှ လက်လီ၊ လက်ကားဈေးနှုန်းများ အနိမ့်ဆုံးနှင့် အမြင့်ဆုံး ဖော်ပြထားခြင်းဖြစ် သည်။
ဖော်ပြပါဈေးနှုန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်ဟုလည်း အသိပေးထားသည်။ လက်လီဈေးသည်များက သယ်ယူပို့ဆောင်ရေးကုန် ကျစရိတ်များကိုအကြောင်းပြနိုင်သော်လည်း ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ခစရိတ်မှာ အထူးမြင့်တက်စရာမရှိကြောင်း သုံးသပ်ရသည်။
ဤဈေးနှုန်းများကိုကြည့်ခြင်းအားဖြင့် စားသုံးသူ ပြည်သူများအနေဖြင့် ဆန်၊ ဆီကအစ အခြေခံ စားကုန်များ၏ဈေးကြီးမြင့်ခြင်းကို လက်တွေ့ တွေ့ကြုံခံစား နေကြရခြင်းပင်ဖြစ်သည်။ တကယ်တမ်း တွင် ပြည်သူ များသည် စား၊ ဝတ်၊ နေရေးအတွက် ဝင်ငွေနှင့်ထွက် ငွေကို မျှတအောင် စားသုံးနိုင်ရန် ကြိုးစားနေကြရသည်။ နေ့စဉ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများက လက်ရှိပြည်သူများ၏ဘဝကို မြင် တွေ့ရနိုင်သည်။
သယ်ယူပို့ဆောင်ခနှင့်လေယာဉ်စရိတ်
သို့ရာတွင် အခြားတစ်ဖက်တွင်လည်း ပြည်တွင်း နယ်များ၌ဖြစ်ပေါ်နေသည့် လေယာဉ်ခနှင့် သင်္ဘော ခရီးစဉ်များတွင် ဈေးနှုန်းမြင့်တက်မှုကိုခံစားနေကြရသည်။ ရန်ကုန်-ဘန်ကောက်သို့ပြေးဆွဲနေ သည့် လေယာဉ်ခဈေးနှုန်းများမှာ အပြောင်းအလဲမရှိ တစ်သမတ်တည်းတည်ငြိမ်နေသော်လည်း ပြည် တွင်းခရီးစဉ်များဖြစ်သော ရန်ကုန်-တာချီလိတ်၊ မန္တလေး- ဟုမ္မလင်း၊ ရန်ကုန်-ဟဲဟိုး၊ ရန်ကုန်-စစ်တွေ လေယာဉ်ခများမှာ မြင့်တက်လျက်ရှိသည်။ မြင့်တက်ခြင်းအတွက် အကြောင်းပြချက်ရှိနိုင်သော် လည်း ဈေးနှုန်းများတည်ငြိမ်ခြင်းမရှိဖြစ်နေသည်။
ဥပမာအားဖြင့် ရန်ကုန်-စစ်တွေလေယာဉ်ခမှာ အသွားတစ်ဈေး၊ အပြန်တစ်ဈေး ဖြစ်ပေါ်နေ သည်။တောင်းချင်သလိုတောင်းနေသည့်သဘောဖြစ်သည်။နိုင်ငံတော်ဝင်ရောက်ထိန်းညှိပေးသင့်သည့် အနေအထားဖြစ်သည်။ ထို့အတူ ရေကြောင်းကိုအဓိကထားနေရသော ရခိုင်ပြည်နယ်၏ ကုန်စည် ပို့ ဆောင်ရေးမှာလည်း သင်္ဘောခ မတန်တဆမြင့်တက်လျက်ရှိနေသည်။ မိုးတွင်းကာလတုန်းက ဆန်တစ် အိတ်သယ် ယူပို့ဆောင်ရေးသည် ပုံမှန်အားဖြင့် (၁၅၀ဝဝ)ခန့်သာရှိသင့်သော်လည်း (၄၅၀ဝဝ) အထိ တိုး မြှင့်ယူခဲ့သည်ကို ဒေသခံများပြောကြားချက်အရသိရသည်။ ဆန်ဈေးနှင့်အတူ အခြားစားသောက်ကုန် များတွင်လည်း ဈေးများ မတန်တဆ တိုးမြှင့်တောင်းခံနေကြောင်းသိရသည်။
တိုင်းဖျက်ပြည်ဖျက်လုပ်စားကြသူများ
လူတို့၏စားဝတ်နေရေး စသည့် လူသားအရေးသုံးပါးတွင် အဓိကစားရေးအတွက်လိုအပ်သော အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ စသည်များ၏ဈေးကစားခြင်းကို ပြည်သူများခံနေရသည်။
ထို့ကြောင့် ဆန်၊ ဆီနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိကုန်သည်ကြီးများအား ခေါ်ယူမေးမြန်း ခြင်း၊ အရေးယူခြင်းများပြုလုပ်နေသည့်သတင်းများကို တွေ့မြင်နေရသည်။ မြန်မာပြည်သူတို့၏အခြေခံ စားကုန်မှာ ဆန်ဖြစ်သည်။ ဆန်ဈေးကြီးလျှင်၊ ဝယ်မရတော့လျှင် ပြည်သူတို့ဒုက္ခရောက်ကြမည်။ မကျေမ နပ်ဖြစ်ကြမည်။ ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော ဆန်နှင့်ပတ်သက်၍ဈေးကစားခြင်း၊ ဈေး နှုန်းမြှင့်တင်ရောင်းချခြင်းမှာ လုံးဝမဖြစ်သင့်သောကိစ္စရပ်ဖြစ်သည်။ ဆန်ဖြင့်ကစားခြင်းသည် တိုင်းပြည် တည်ငြိမ်ရေးကို ကြီးစွာသောအနှောင့်အယှက်ကို ဖြစ်စေနိုင်သည်။
ဆန်၊ ဆီ စသည်များကို ဈေးကစားခြင်းဖြင့် နိုင်ငံတည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေရန် လက်နက်တစ်ခုအဖြစ်အသုံးချနေခြင်းလားဟုလည်း သံသယဖြစ်ဖွယ်ဖြစ်သည်။ ကုန်ပစ္စည်းတို့၏ သဘော သဘာဝအရ ရောင်းလိုအားနှင့်ဝယ်လိုအားအပေါ် မူတည်၍ ဈေးနှုန်းအတက်အကျ စသည် များရှိနိုင်သော်လည်း ဖြစ်သင့်သည်ထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမှာ မဖြစ်သင့်ပေ။ ဆန်ဈေးနှုန်း ဆိုလျှင် အမြတ်ရာခိုင်နှုန်းကို (၇၀)ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချနေခြင်းမှာ အံ့ဖွယ်ရာဖြစ်သည်။
ပြည်သူများ၏လည်ပင်းကိုညှစ်၍ အမြတ်ထုတ် စားသုံးရက်ပါပေ့ဟုလည်းမှတ်ချက်ပြုမိသည်။ အခြားတစ်ဖက်တွင်လည်း စီးပွားရေးလက်နက်ဖြင့် တိုင်းပြည်ကိုဖျက်နေကြလေသလားဟုပင် တွေးမြင် မိပါကြောင်းရေးသားရပေသည်။

Zawgyi Version:
စီးပြားေရးလက္နက္ျဖင့္ တိုင္းျပည္ကိုဖ်က္ေနၾကသည္လား
(အေတြးအျမင္ ေဆာင္းပါး)
စစ္မုန္း (NP News)
စားေရး၊ ဝတ္ေရး၊ ေနထိုင္ေရး စသည့္အေရးသုံးပါးမွာ လူသားတို႔၏အလိုအပ္ဆုံး၊ လူသားတို႔အ တြက္ အဓိကအက်ဆုံး အေရးသုံးပါးျဖစ္သည္။ အထူးသျဖင့္ လူသားတို႔၏အေရးသုံးပါးတြင္ စားေရးက ထိပ္ဆုံးေနရာတြင္ရွိေနသည္။ အူမေတာင့္မွ သီလေစာင့္ႏိုင္မည္ဆိုသလို လူအမ်ားတို႔ အူမေတာင့္ဖို႔လို သည္။ ဝတ္ေရးကအေရးမႀကီး။ အဝတ္တစ္ထည္ ကိုယ္တစ္ခုျဖင့္ေနႏိုင္ၾကေသးသည္။
ေနထိုင္ေရးမွာလည္း သင့္ေတာ္ရာေနရာတစ္ခု ခုတြင္ ေက်ာတစ္ခင္းစာေနရာရလွ်င္ပင္ အဆင္ ေျပသည္။ စားေရးကေတာ့ ဒီလိုမဟုတ္။ ေန႔စဥ္ေန႔တိုင္း မနက္၊ ည စားေသာက္ႏိုင္ဖို႔လိုသည္။ လူအမ်ား သည္ နံနက္လင္းသည္မွ မိုးခ်ဳပ္ေနဝင္သည္အထိ အစားတစ္လုတ္အတြက္ ႐ုန္းကန္လႈပ္ရွားေနၾကရ သည္။
လူအမ်ား၏ စားေရး၊ ဝတ္ေရး၊ ေနထိုင္ေရးကို ေျဖရွင္းေဆာင္႐ြက္ေပးျခင္းသည္ပင္ ႏိုင္ငံေရးျဖစ္ သည္။ ႏိုင္ငံသူႏိုင္ငံသားမ်ား တည္ၿငိမ္ေအးခ်မ္းစြာေနထိုင္ႏိုင္ေရး၊ စားဝတ္ေနေရးေျပလည္ေရးအတြက္ ႏိုင္ငံ့ဦးေဆာင္သူအစိုးရမင္းမ်ားက စီမံေဆာင္႐ြက္ေပးရသည္။ အစိုးရမင္းဆိုသူမ်ားမွာ ႏိုင္ငံေရးသမား မ်ားပင္ျဖစ္ၾကသည္။ မိမိတို႔၏လူေနမႈဘဝကို တည္ၿငိမ္ေအးခ်မ္းေအာင္ ဖန္တီးေဆာင္႐ြက္ေပးႏိုင္လွ်င္၊ စားဝတ္ေနေရးကို ေျပလည္ေအာင္ေဆာင္႐ြက္ေပးႏိုင္လွ်င္ ထိုႏိုင္ငံေရးေခါင္းေဆာင္မ်ားကို ျပည္သူ မ်ားခ်စ္ၾကသည္။ ႏိုင္ငံေရးသမားမ်ားျဖင့္ စုဖြဲ႕တည္ေဆာက္ ထားေသာအစိုးရအဖြဲ႕ကလည္း ျပည္သူမ်ား ၏အက်ိဳး စီးပြားအတြက္ ေရွးရႈေဆာင္႐ြက္ေပးတတ္ၾကသည္။

တိုင္းျပည္တည္ေဆာက္ေရးႏွင့္စီးပြားေရးအခင္းအက်င္း
ႏိုင္ငံကိုအုပ္ခ်ဳပ္ေသာအစိုးရမင္းမ်ားသည္ ျပည္ သူမ်ား၏အက်ိဳးစီးပြားကိုရည္႐ြယ္ၿပီး စီးပြားေရး လုပ္ငန္းစဥ္မ်ား ေရးဆြဲေဆာင္႐ြက္တတ္သည္။ ထို႔ေၾကာင့္ ကမာၻတြင္ အရင္းရွင္စနစ္ႏွင့္ကြန္ျမဴနစ္စနစ္ စသည့္ စီးပြားေရးစနစ္မ်ား ေပၚထြန္းလာခဲ့သည္။
စီးပြားေရးၿပိဳင္ဘက္အခ်င္းခ်င္း အားၿပိဳင္မႈမ်ားရွိခဲ့ၾကသည္။ ကမာၻ႔ႏိုင္ငံအသီးသီးသည္လည္း မိမိ တို႔ ေရေျမသဘာဝႏွင့္ကိုက္ညီရာ စီးပြားေရးစနစ္မ်ားကို က်င့္သုံးၿပီး ႏိုင္ငံတိုးတက္ေအာင္ လုပ္ေဆာင္ခဲ့ ၾကသည္။ ျမန္မာႏိုင္ငံသည္လည္း ၿဗိတိသွ်အစိုးရလက္ေအာက္ ကြၽန္သေဘာက္ဘဝတြင္လည္းေကာင္း၊ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီး (၁၉၄၈)ခုႏွစ္မွ (၁၉၆၂)ခုႏွစ္ကာလအထိလည္းေကာင္း အရင္းရွင္ စီးပြား ေရးစနစ္ျဖင့္သြားခဲ့ၾကသည္။ (၁၉၆၂)ခုႏွစ္တြင္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာကိုရယူခဲ့ၿပီးေနာက္ အရင္းရွင္စီးပြားေရးစနစ္ကိုဖ်က္သိမ္း၍ ဆိုရွယ္လစ္ စီးပြားေရးစနစ္ျဖင့္ တိုင္းျပည္၏စီးပြားေရးကို ထူ ေထာင္ရန္ႀကိဳးပမ္းခဲ့သည္မွာ (၁၉၈၈)ခုႏွစ္အထိပင္ ျဖစ္သည္။
သို႔ရာတြင္ ေအာင္ျမင္ျခင္းမရွိခဲ့။ ျပည္သူမ်ားက ထိုစဥ္ကအုပ္ခ်ဳပ္ခဲ့သည့္ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ ပါတီႏွင့္အစိုးရအေပၚ ႏွစ္သက္ျခင္းမရွိခဲ့ၾက၍ ဆူပူ ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့သည္။ အင္းစိန္ႀကိဳ႕ ကုန္းတြင္ ျဖစ္ပြားခဲ့သည့္ ေက်ာင္းသားႏွင့္အရပ္သားပဋိပကၡမွစခဲ့သည့္ (၁၉၈၈)ခုႏွစ္အေရးအခင္းသည္ သာမန္အ ေရးအခင္းသာျဖစ္သည္ဟုဆိုေသာ္ျငားလည္း ျပည္သူမ်ား၏ စီးပြားေရးမေျပလည္မႈေၾကာင့္ ျဖစ္ေပၚခဲ့သည့္ အေထြေထြမေက်နပ္ခ်က္မ်ားေၾကာင့္ျဖစ္ သည္။ (၁၉၈၈)ခုႏွစ္တြင္ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ ပါတီအစိုးရျပဳတ္က်ခဲ့ရျခင္းမွာ လမ္းစဥ္ပါတီမွ ခ်မွတ္လုပ္ေဆာင္ခဲ့ေသာ ဆိုရွယ္လစ္ စီးပြား ေရးစနစ္ မေအာင္ျမင္၍ျဖစ္သည္။ သင္ခန္းစာယူစရာျဖစ္သည္။
(၁၉၈၈)ခုႏွစ္တြင္ အာဏာကိုရယူခဲ့ေသာ တပ္မေတာ္အစိုးရသည္ ဆိုရွယ္လစ္စီးပြားေရးစနစ္ကို ဖ်က္သိမ္းခဲ့ၿပီး ေဈးကြက္စီးပြားေရးစနစ္ကိုေဖာ္ေဆာင္ေပးခဲ့သည္။ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ကိုလည္း ေဈးကြက္စီးပြားေရးစနစ္ကို အေျခခံသည့္ စီးပြားေရးေဘာင္ကို ထည့္သြင္းေရးဆြဲခဲ့ျခင္းျဖစ္ သည္။ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ဖြဲ႕စည္းျဖစ္ေပၚခဲ့ေသာ ေ႐ြးေကာက္ခံအစိုးရႏွစ္ဆက္ တြင္လည္းေကာင္း၊ (၂၀၂၁)ခုႏွစ္တြင္ ႏိုင္ငံေတာ္အာဏာကိုလႊဲေျပာင္းကာ တာဝန္ေပးျခင္းခံရေသာ ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရသည္လည္းေကာင္း (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ လြတ္လပ္ေသာ ေဈးကြက္စီးပြားေရးစနစ္ျဖင့္ လုပ္ကိုင္ေဆာင္႐ြက္လ်က္ရွိေနသည္။
လြတ္လပ္ေသာေဈးကြက္စီးပြားေရးစနစ္တြင္ အဓိကေမာင္းႏွင္အားမွာ စီးပြားေရးလုပ္ငန္းရွင္မ်ား ျဖစ္ၾကသည္။ ကုန္ပစၥည္းမ်ားကို ထုတ္လုပ္သည္မွေရာင္းခ်သည္အထိ စီးပြားေရးလုပ္ငန္းရွင္မ်ားက အဓိကအခန္းက႑မွ ပါဝင္လုပ္ေဆာင္ေနၾကျခင္း ျဖစ္သည္။
အသုံးခ်ခံ မျဖစ္ၾကေစလို
ေခတ္အဆက္ဆက္အစိုးရမ်ားသည္ ျပည္သူမ်ား၏ စားဝတ္ေနေရးေျပလည္ေစေရးအတြက္ ဦး စားေပးလုပ္ေဆာင္ေပးလ်က္ရွိသည္။ (၂၀၂၁)ခုႏွစ္ တြင္ တိုင္းျပည္တာဝန္ကိုအပ္ႏွင္းျခင္းခံခဲ့ရေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရသည္လည္း ႏိုင္ငံ့စီးပြားတည္ၿငိမ္ေစေရးအတြက္ အေလးထား ေဆာင္႐ြက္ေပးခဲ့သည္ကိုေတြ႕ရသည္။ သို႔ရာတြင္ အဖ်က္အေမွာင့္သမားမ်ားက ႏိုင္ငံ့စီးပြားေရး မတည္ ၿငိမ္ေအာင္ ဘက္ေပါင္းစုံမွ လုပ္ကိုင္ေဆာင္႐ြက္လာခဲ့ၾကသည္။ ႏိုင္ငံတကာ၏အင္အား အထူးသျဖင့္ အေမရိကန္ဦးေဆာင္ေသာ အေနာက္ႏိုင္ငံမ်ား၏အင္အားကိုရယူ၍ စီးပြားေရးပိတ္ဆို႔ျခင္းကိုေဆာင္ ႐ြက္ျခင္း၊ ေငြေၾကးမတည္မၿငိမ္ျဖစ္ေအာင္ ဘဏ္လုပ္ငန္းမ်ား အက်ပ္အတည္းျဖစ္ေအာင္ လုပ္ေဆာင္ ျခင္း (ယေန႔အထိလုပ္ေဆာင္ေနဆဲျဖစ္သည္)၊ သယ္ယူပို႔ ေဆာင္ေရးအခက္အခဲျဖစ္ေစရန္ စက္သုံးဆီ အက်ပ္အတည္းျဖစ္ေအာင္ေဆာင္႐ြက္ျခင္း၊ ေဒၚလာေဈး၊ ေ႐ႊေဈး မတည္မၿငိမ္ျဖစ္ေစၿပီး ျပည္တြင္း ေငြေၾကးတန္ဖိုးက်ေဆာင္းေအာင္လုပ္ေဆာင္ျခင္းမ်ားကို ေတြ႕လာရသည္။ လုပ္ငန္းအခ်ိဳ႕တြင္မူ စီးပြား ေရးလုပ္ငန္းရွင္မ်ား၏အသုံးခ်ျခင္းကို ႏိုင္ငံေတာ္မွ အဆင့္ျမင့္တာဝန္ရွိသူအခ်ိဳ႕ ကိုယ္တိုင္ခံလိုက္ၾကရ ၿပီး အေရးယူ ျခင္းခံလိုက္ရသည္ကိုလည္းေတြ႕ခဲ့ရသည္။
စီးပြားေရးသမားမ်ားက ၎တို႔၏အခြင့္အေရးအတြက္ဆိုပါက မည္သူေသေသ ငေတမာၿပီး ေရာဆိုသည့္သေဘာထားမ်ား ရွိတတ္ၾကသူမ်ားျဖစ္ရာ၊ လစာမစို႔မပို႔ျဖင့္ တာဝန္ထမ္းေဆာင္ေနၾက ရရွာသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို အသုံးခ်တတ္ၾကသည္။ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕တို႔မွာလည္း ငါးစာကိုသာျမင္ ၿပီး ငါးမွ်ားခ်ိတ္ကိုမျမင္မိတတ္ၾက။ အထူးသျဖင့္ အဆုံးအျဖတ္ေပးႏိုင္ေသာ အႀကီးတန္းတာဝန္ရွိ ႏိုင္ငံ့ ဝန္ထမ္းမ်ားအေနျဖင့္လည္း သတိရွိၾကရန္လိုသည္။
အေျခခံစားကုန္မ်ား
ေန႔စဥ္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားျဖစ္သည့္ ဆန္၊ ဆီႏွင့္ပတ္သက္၍ ကုန္သည္ႀကီးမ်ားက မေတာ္ေလာဘ အျမတ္တင္ေရာင္းခ်ေနျခင္းမ်ားရွိသကဲ့သို႔ အျခားေသာ သားငါးမ်ားေရာင္းခ်ရာတြင္ လည္း ေဈးႏႈန္း ျမႇင့္တင္ေရာင္းခ်ေနၾကသည္မ်ားကို သတင္းအခ်က္အလက္မ်ားအရသိျမင္ရသည္။ ကုန္ေဈးႏႈန္မ်ားကိုလက္ကားေဈးျမင့္ဝယ္ယူရာတြင္ သင့္တင့္ေလ်ာက္ပတ္ေသာေဈးႏႈန္းျဖစ္ေသာ္ လည္း လက္လီေဈးကြက္ သို႔ေရာက္သည့္အခါ ေဈးႏႈန္းမ်ားကို ထင္သလို ျမႇင့္တင္ေရာင္းခ်ေနၾကသည္ ကိုေတြ႕ျမင္ေနရသည္။
လက္လီေဈးကြက္သည္ အေျခခံလူတန္းစားမ်ားႏွင့္ အထိေတြ႕ဆုံးေနရာျဖစ္သည္။ လက္လီ ေဈးကြက္အတြက္ အေရာင္းေဈးသည္မ်ားက လက္ကားေဈးကြက္မွဝယ္ယူျဖန႔္ျဖဴးျခင္းျဖစ္ေသာ္လည္း လက္လီ ေဈးကြက္အေရာက္တြင္ ေဈးႏႈန္းကို စိတ္ႀကိဳက္ျမႇင့္ တင္ေရာင္းခ်ေနၾကသည္ကိုေတြ႕ရရာ ထိန္းခ်ဳပ္ကန႔္သတ္ႏိုင္ရန္လိုသည္။
(၂၀၂၄)ခုႏွစ္ကေကာက္ယူခဲ့သည့္စစ္တမ္း တစ္ခုအရ လက္ကားေဈးႏွင့္ လက္လီေဈးကြာဟမႈ ကို ေအာက္ပါအတိုင္းေတြခဲ့ရသည္။
စားအုန္းဆီလက္ကားေဈး (၅၅၈၅)က်ပ္၊ လက္ လီ (၅၆၀ဝ-၅၉၀ဝ)က်ပ္။ အမဲသား(ဒိုင္ေဈး) (၁၁၅၀ဝ-၁၂၀ဝဝ)က်ပ္၊ လက္လီ (၁၅၀ဝဝ-၁၈၀ဝ၀ က်ပ္)။ ဝက္သား(ဒိုင္ေဈး) (၁၃၀ဝ၀ က်ပ္)၊ လက္လီ (၁၅၀ဝဝ-၁၇၀ဝဝ-၁၈၀ဝဝ)က်ပ္။ ဆိတ္ သား(ဒိုင္ေဈး)(၁၃၅၀ဝ-၁၄၀ဝဝ)က်ပ္၊ လက္လီ (၂၅၀ဝဝ-၂၈၀ဝဝ-၃၀ဝဝဝ)။ ေမြးျမဴေရးၾကက္ (ဒိုင္ေဈး)(၇၈၀ဝ-၈၀ဝဝ)က်ပ္၊ လက္လီေဈး (၁၀ဝဝဝ-၁၄၀ဝဝ-၁၅၀ဝဝ)က်ပ္။ ေဒသၾကက္ (ဒိုင္ေဈး) (၁၃၀ဝဝ-၁၆၀ဝဝ)က်ပ္၊ လက္လီေဈး (၁၈၀ဝဝ-၂၀ဝဝဝ-၂၅၀ဝဝ)၊ ဘဲ(ဒိုင္ေဈး) (၆၀ဝဝ-၉၀ဝဝ-၁၀၅၀ဝ)က်ပ္၊ လက္လီေဈး (၁၀ဝဝဝ-၁၂၀ဝဝ-၁၅၀ဝဝ)က်ပ္ စသည္ျဖင့္ ေတြ႕ ရသည္။
အသားေဈးမ်ားမွာ လက္ကားေဈး(ဒိုင္ေဈး)ထက္ အဆေပါင္းမ်ားစြာျမင့္မားေရာင္းခ်ေနၾကသည္ ကိုေတြ႕ရသည္။ လက္ကားေဈးထက္ (၅၀)ရာခိုင္ႏႈန္းအထက္ အျမတ္တင္ေရာင္းခ်ေနၾကသည္ကို ျမင္ ေတြ႕ရသည္။ ထို႔အတူ ငါးျမစ္ခ်င္း၊ ငါးတန္၊ ငါးၾကင္း စသည္မ်ား၏ေရာင္းေဈးမွာလည္း လက္ကားေဈး (ဒိုင္ေဈးထက္) (၃၀)ရာခိုင္ႏႈန္းမွ (၅၀)ရာခိုင္ႏႈန္းအထက္ ေဈးတင္ေရာင္းခ်ေနၾကသည္ကို ေလ့လာေတြ႕ ရွိရသည္။ ပုံစံအားျဖင့္ဆိုပါက ငါးရံ႕ဒိုင္ေဈး (၉၀ဝဝ- ၁၆၀ဝဝ-၁၉၀ဝဝ)က်ပ္၊ လက္လီေဈး (၁၂၀ဝဝ- ၁၅၀ဝဝ-၂၄၀ဝဝ)က်ပ္။ ငါးခူ/ငါးက်ည္း ဒိုင္ေဈး (၁၁၀ဝဝ-၁၂၀ဝဝ-၁၆၀ဝဝိ)က်ပ္၊ လက္လီေဈး (၁၅၀ဝဝ-၁၇၀ဝဝ-၂၀ဝဝဝ)ျဖစ္သည္။ ကုန္ေျခာက္ ေဈးႏႈန္းမွာလည္း ၾကက္သြန္နီ(ဒိုင္ေဈး) (၁၅၀ဝ- ၂၀ဝဝ-၂၂၀ဝ) က်ပ္၊ လက္လီေဈး (၂၀ဝဝ-၂၆၀ဝ- ၃၀ဝဝ)က်ပ္။ ၾကက္သြန္ျဖဴ(ဒိုင္ေဈး) (၉၀ဝဝ- ၁၀ဝဝဝ-၁၀၅၀ဝ)က်ပ္ ၊ လက္လီ(၁၀ဝဝဝ- ၁၃၀ဝဝ- ၁၆၀ဝဝ)က်ပ္။ င႐ုတ္ေျခာက္(ပု)(ဒိုင္ေဈး (၈၀ဝဝ-၁၀ဝဝဝ- ၁၁၅၀ဝ)က်ပ္၊ လက္လီ- (၁၃၀ဝဝ- ၁၆၀ဝဝ-၂၀ဝဝဝ)။ င႐ုတ္ေျခာက္(ရွည္) (ဒိုင္ေဈး) (၃၅၀ဝ- ၄၀ဝဝ- ၄၅၀ဝ)က်ပ္။ လက္လီ- (၁၂၀ဝဝ- ၁၆၀ဝဝ- ၁၈၀ဝဝ)စသည္ျဖင့္ေတြ႕ရသည္။
ဤသတင္းအခ်က္အလက္မ်ားကို ၿမိဳ႕ေတာ္သတင္းစာ၏ (၂၀၂၄)ခုႏွစ္ ဇူလိုင္လ (၄)ရက္တြင္ ေဖာ္ျပခဲ့သည့္သတင္းအခ်က္အလက္မ်ားျဖစ္သည္။ ၿမိဳ႕ ေတာ္သတင္းစာ၏ေဖာ္ျပခ်က္အရ ဤေဈးႏႈန္း မ်ားမွာ ဘုရင့္ေနာင္ကုန္စည္ဒိုင္(ရန္ကုန္တိုင္းေဒသႀကီး)၊ တိရစာၦန္ေဆးကုႏွင့္ထုတ္လုပ္ေရး ဌာန ထုတ္ လုပ္ေရး႐ုံမ်ား၊ မဂၤလာေတာင္ၫြန႔္ ၾကက္ ဘဲေဈး၊ ေမြးျမဴေရး လုပ္ငန္းအဖြဲ႕ခ်ဳပ္၊ စံျပငါးေဈး၊ ေ႐ႊပိ ေတာက္ငါးေဈး တို႔မွ လက္လီ၊ လက္ကားေဈးႏႈန္းမ်ား အနိမ့္ဆုံးႏွင့္ အျမင့္ဆုံး ေဖာ္ျပထားျခင္းျဖစ္ သည္။
ေဖာ္ျပပါေဈးႏႈန္းမ်ားသည္ အခ်ိန္ႏွင့္အမွ် ေျပာင္းလဲႏိုင္ပါသည္ဟုလည္း အသိေပးထားသည္။ လက္လီေဈးသည္မ်ားက သယ္ယူပို႔ေဆာင္ေရးကုန္ က်စရိတ္မ်ားကိုအေၾကာင္းျပႏိုင္ေသာ္လည္း ရန္ကုန္ၿမိဳ႕တြင္း သယ္ယူပို႔ေဆာင္ခစရိတ္မွာ အထူးျမင့္တက္စရာမရွိေၾကာင္း သုံးသပ္ရသည္။
ဤေဈးႏႈန္းမ်ားကိုၾကည့္ျခင္းအားျဖင့္ စားသုံးသူ ျပည္သူမ်ားအေနျဖင့္ ဆန္၊ ဆီကအစ အေျခခံ စားကုန္မ်ား၏ေဈးႀကီးျမင့္ျခင္းကို လက္ေတြ႕ ေတြ႕ႀကဳံခံစား ေနၾကရျခင္းပင္ျဖစ္သည္။ တကယ္တမ္း တြင္ ျပည္သူ မ်ားသည္ စား၊ ဝတ္၊ ေနေရးအတြက္ ဝင္ေငြႏွင့္ထြက္ ေငြကို မွ်တေအာင္ စားသုံးႏိုင္ရန္ ႀကိဳးစားေနၾကရသည္။ ေန႔စဥ္ျဖစ္ေပၚေနေသာ ကုန္ေဈးႏႈန္းမ်ားက လက္ရွိျပည္သူမ်ား၏ဘဝကို ျမင္ ေတြ႕ရႏိုင္သည္။
သယ္ယူပို႔ေဆာင္ခႏွင့္ေလယာဥ္စရိတ္
သို႔ရာတြင္ အျခားတစ္ဖက္တြင္လည္း ျပည္တြင္း နယ္မ်ား၌ျဖစ္ေပၚေနသည့္ ေလယာဥ္ခႏွင့္ သေဘၤာ ခရီးစဥ္မ်ားတြင္ ေဈးႏႈန္းျမင့္တက္မႈကိုခံစားေနၾကရသည္။ ရန္ကုန္-ဘန္ေကာက္သို႔ေျပးဆြဲေန သည့္ ေလယာဥ္ခေဈးႏႈန္းမ်ားမွာ အေျပာင္းအလဲမရွိ တစ္သမတ္တည္းတည္ၿငိမ္ေနေသာ္လည္း ျပည္ တြင္းခရီးစဥ္မ်ားျဖစ္ေသာ ရန္ကုန္-တာခ်ီလိတ္၊ မႏၲေလး- ဟုမၼလင္း၊ ရန္ကုန္-ဟဲဟိုး၊ ရန္ကုန္-စစ္ေတြ ေလယာဥ္ခမ်ားမွာ ျမင့္တက္လ်က္ရွိသည္။ ျမင့္တက္ျခင္းအတြက္ အေၾကာင္းျပခ်က္ရွိႏိုင္ေသာ္ လည္း ေဈးႏႈန္းမ်ားတည္ၿငိမ္ျခင္းမရွိျဖစ္ေနသည္။
ဥပမာအားျဖင့္ ရန္ကုန္-စစ္ေတြေလယာဥ္ခမွာ အသြားတစ္ေဈး၊ အျပန္တစ္ေဈး ျဖစ္ေပၚေန သည္။ေတာင္းခ်င္သလိုေတာင္းေနသည့္သေဘာျဖစ္သည္။ႏိုင္ငံေတာ္ဝင္ေရာက္ထိန္းညႇိေပးသင့္သည့္ အေနအထားျဖစ္သည္။ ထို႔အတူ ေရေၾကာင္းကိုအဓိကထားေနရေသာ ရခိုင္ျပည္နယ္၏ ကုန္စည္ ပို႔ ေဆာင္ေရးမွာလည္း သေဘၤာခ မတန္တဆျမင့္တက္လ်က္ရွိေနသည္။ မိုးတြင္းကာလတုန္းက ဆန္တစ္ အိတ္သယ္ ယူပို႔ေဆာင္ေရးသည္ ပုံမွန္အားျဖင့္ (၁၅၀ဝဝ)ခန႔္သာရွိသင့္ေသာ္လည္း (၄၅၀ဝဝ) အထိ တိုး ျမႇင့္ယူခဲ့သည္ကို ေဒသခံမ်ားေျပာၾကားခ်က္အရသိရသည္။ ဆန္ေဈးႏွင့္အတူ အျခားစားေသာက္ကုန္ မ်ားတြင္လည္း ေဈးမ်ား မတန္တဆ တိုးျမႇင့္ေတာင္းခံေနေၾကာင္းသိရသည္။
တိုင္းဖ်က္ျပည္ဖ်က္လုပ္စားၾကသူမ်ား
လူတို႔၏စားဝတ္ေနေရး စသည့္ လူသားအေရးသုံးပါးတြင္ အဓိကစားေရးအတြက္လိုအပ္ေသာ အေျခခံစားကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ စသည္မ်ား၏ေဈးကစားျခင္းကို ျပည္သူမ်ားခံေနရသည္။
ထို႔ေၾကာင့္ ဆန္၊ ဆီႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိကုန္သည္ႀကီးမ်ားအား ေခၚယူေမးျမန္း ျခင္း၊ အေရးယူျခင္းမ်ားျပဳလုပ္ေနသည့္သတင္းမ်ားကို ေတြ႕ျမင္ေနရသည္။ ျမန္မာျပည္သူတို႔၏အေျခခံ စားကုန္မွာ ဆန္ျဖစ္သည္။ ဆန္ေဈးႀကီးလွ်င္၊ ဝယ္မရေတာ့လွ်င္ ျပည္သူတို႔ဒုကၡေရာက္ၾကမည္။ မေက်မ နပ္ျဖစ္ၾကမည္။ ျပည္သူမ်ား၏ အဓိကလိုအပ္ခ်က္ျဖစ္ေသာ ဆန္ႏွင့္ပတ္သက္၍ေဈးကစားျခင္း၊ ေဈး ႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္းမွာ လုံးဝမျဖစ္သင့္ေသာကိစၥရပ္ျဖစ္သည္။ ဆန္ျဖင့္ကစားျခင္းသည္ တိုင္းျပည္ တည္ၿငိမ္ေရးကို ႀကီးစြာေသာအေႏွာင့္အယွက္ကို ျဖစ္ေစႏိုင္သည္။
ဆန္၊ ဆီ စသည္မ်ားကို ေဈးကစားျခင္းျဖင့္ ႏိုင္ငံတည္ၿငိမ္ေရးကို အေႏွာင့္အယွက္ျဖစ္ေစရန္ လက္နက္တစ္ခုအျဖစ္အသုံးခ်ေနျခင္းလားဟုလည္း သံသယျဖစ္ဖြယ္ျဖစ္သည္။ ကုန္ပစၥည္းတို႔၏ သေဘာ သဘာဝအရ ေရာင္းလိုအားႏွင့္ဝယ္လိုအားအေပၚ မူတည္၍ ေဈးႏႈန္းအတက္အက် စသည္ မ်ားရွိႏိုင္ေသာ္လည္း ျဖစ္သင့္သည္ထက္ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္းမွာ မျဖစ္သင့္ေပ။ ဆန္ေဈးႏႈန္း ဆိုလွ်င္ အျမတ္ရာခိုင္ႏႈန္းကို (၇၀)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေရာင္းခ်ေနျခင္းမွာ အံ့ဖြယ္ရာျဖစ္သည္။
ျပည္သူမ်ား၏လည္ပင္းကိုညႇစ္၍ အျမတ္ထုတ္ စားသုံးရက္ပါေပ့ဟုလည္းမွတ္ခ်က္ျပဳမိသည္။ အျခားတစ္ဖက္တြင္လည္း စီးပြားေရးလက္နက္ျဖင့္ တိုင္းျပည္ကိုဖ်က္ေနၾကေလသလားဟုပင္ ေတြးျမင္ မိပါေၾကာင္းေရးသားရေပသည္။

Related news

© 2021. All rights reserved.