ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းရန် UEC သတိပေး

179

ထိုက်စံ(NP News) -ဇန်နဝါရီ ၂၃
ရွေးကောက်ပွဲအပိုင်း (၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ( UEC) က သတိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်(ဇန်နဝါရီလ ၁၁ ရက်)က ရွေးကောက်ပွဲအပိုင်း(၂) အားမြို့နယ်ပေါင်း (၁၀၀) တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲအပိုင်း(၂) တွင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ (၁၀၂ )အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်၏အမည်စာရင်းများ ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ကုန်ကျစားရိတ်စားရင်းများတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် မဲဆန္ဒနယ်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့ ၏အမည်စာရင်းတင်သွင်းလွှာ တင်သွင်းခဲ့သည့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ကော်မရှင်မှ သတ်မှတ်ပေးသည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား ပုံစံ(၂၀)ဖြင့် တင်သွင်းကြရမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့သတ်မှတ်ရက်အတွင်း စာရင်းတင်သွင်းထားခြင်းမရှိပါက ၎င်းတို့အား သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ( ၁၀၉ )အရ အရည်အချင်းပျက်ယွင်းသူ အဖြစ် သတ်မှတ်ကြေညာခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲ ကုန္က်စရိတ္စာရင္းအား သတ္မွတ္ရက္အတြင္း တင္သြင္းရန္ UEC သတိေပး
ထိုက္စံ(NP News) -ဇန္နဝါရီ ၂၃
ေ႐ြးေကာက္ပြဲအပိုင္း (၂)တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ယင္းတို႔၏ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္မ်ား အေနျဖင့္ ေ႐ြးေကာက္ပြဲကုန္က်စရိတ္စာရင္းအား သတ္မွတ္ရက္အတြင္း တင္သြင္းရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ( UEC) က သတိေပးထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္(ဇန္နဝါရီလ ၁၁ ရက္)က ေ႐ြးေကာက္ပြဲအပိုင္း(၂) အားၿမိဳ႕နယ္ေပါင္း (၁၀၀) တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး အဆိုပါ ေ႐ြးေကာက္ပြဲအပိုင္း(၂) တြင္ သက္ဆိုင္ရာ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲ နည္းဥပေဒ (၁၀၂ )အရ သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ေကာ္မရွင္အဖြဲ႕ခြဲမွ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္၏အမည္စာရင္းမ်ား ေၾကညာသည့္ေန႔မွစ၍ ရက္ေပါင္း (၃၀) အတြင္း ကုန္က်စားရိတ္စားရင္းမ်ားတင္သြင္းရမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ မဲဆႏၵနယ္အသီးသီး၌ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ၎တို႔ ၏အမည္စာရင္းတင္သြင္းလႊာ တင္သြင္းခဲ့သည့္ သက္ဆိုင္ရာ ေကာ္မရွင္အဖြဲ႕ခြဲ သို႔မဟုတ္ ေကာ္မရွင္မွ သတ္မွတ္ေပးသည့္ ခ႐ိုင္ေကာ္မရွင္အဖြဲ႕ခြဲအသီးသီးတြင္ ေ႐ြးေကာက္ပြဲ ကုန္က်စရိတ္စာရင္းအား ပုံစံ(၂၀)ျဖင့္ တင္သြင္းၾကရမည္ ျဖစ္ေၾကာင္းသိရသည္။
ထိုသို႔သတ္မွတ္ရက္အတြင္း စာရင္းတင္သြင္းထားျခင္းမရွိပါက ၎တို႔အား သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲနည္းဥပေဒ( ၁၀၉ )အရ အရည္အခ်င္းပ်က္ယြင္းသူ အျဖစ္ သတ္မွတ္ေၾကညာျခင္းခံရမည္ျဖစ္ေၾကာင္း သိရသည္။