မကွေး မန်းသံပုရာကန် ရေနံချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

998

ကိုဖြိုး(NP News)ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံတွင် ယနေ့(ဇန်နဝါရီလ ၂၃ရက်) နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါမီးလောင်ရာသို့ မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ထန်းကိုင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ဒဟတ်ပင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ ညောင်ဝိုင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ လင်းကယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ လက်ပံတံခါးနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ရှမ်းတပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ရွာသာယာ နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ PIC ရေနံချက်စက်ရုံမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့မှ မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီအချိန်တွင် မီးငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုမီးလောင်ကျွမ်းမှုမှာ မန်းသံပုရာကန် ရေနံချက်စက်ရုံဝန်းအတွင်းတွင်ရှိသည့် ရေနံများသိုလှောင်ထားသောနေရာမှ လောင်ကျွမ်းခြင်းမျိုးဖြစ်ကြောင်း ဒေသခံများကြား၌ ပြောဆိုမှုများရှိနေပြီး မီးသတ်တပ်ဖွဲ့မှ လတ်တလောတွင် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဆိုထားသည်။
ထိုမန်းသံပုရာကန်ရေနံချက်စက်ရုံအနီးတွင်လည်း လွန်ခဲ့သော ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်မွန်းလွဲပိုင်းက တောမီးများလောင်ကျွမ်းရာမှ ဝန်ထမ်းအိမ်ရာသို့မီးကူးစက်လောင်ကျွမ်းခံရပြီး အရာရှိလိုင်းခန်းများ မီးကူးစက်လောင်ကျွမ်းကာ လူနေအိမ် သုံးလုံး၊ လူမနေသည့်အိမ်တစ်လုံး၊ ဧည့်ရိပ်သာနှစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
မေကြး မန္းသံပုရာကန္ ေရနံခ်က္စက္႐ုံ၌ မီးေလာင္မႈျဖစ္ပြား
ကိုၿဖိဳး(NP News)ဇန္နဝါရီ ၂၃
မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ရွိ မန္းသံပုရာကန္ ေရနံခ်က္စက္႐ုံတြင္ ယေန႔(ဇန္နဝါရီလ ၂၃ရက္) နံနက္ ၆ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က မီးေလာင္ကြၽမ္းမႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါမီးေလာင္ရာသို႔ မင္းလွၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ႏွစ္စီး၊ ထန္းကိုင္းနယ္ေျမမီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္တစ္စီး၊ ဒဟတ္ပင္နယ္ေျမမီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္ တစ္စီး၊ ေညာင္ဝိုင္းနယ္ေျမမီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္တစ္စီး၊ လင္းကယ္နယ္ေျမမီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္တစ္စီး၊ လက္ပံတံခါးနယ္ေျမ မီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္တစ္စီး၊ ရွမ္းတပ္နယ္ေျမမီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္တစ္စီး၊ ႐ြာသာယာ နယ္ေျမမီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္တစ္စီး၊ PIC ေရနံခ်က္စက္႐ုံမွ မီးျငႇိမ္းသတ္ယာဥ္ႏွစ္စီး၊ မီးသတ္ေရသယ္ယာဥ္ ႏွစ္စီး၊ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မွ မီးျငႇိမ္းသတ္ယာဥ္တစ္စီးတို႔ျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ နံနက္ (၇)နာရီအခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း မီးသတ္တပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ထိုမီးေလာင္ကြၽမ္းမႈမွာ မန္းသံပုရာကန္ ေရနံခ်က္စက္႐ုံဝန္းအတြင္းတြင္ရွိသည့္ ေရနံမ်ားသိုေလွာင္ထားေသာေနရာမွ ေလာင္ကြၽမ္းျခင္းမ်ိဳးျဖစ္ေၾကာင္း ေဒသခံမ်ားၾကား၌ ေျပာဆိုမႈမ်ားရွိေနၿပီး မီးသတ္တပ္ဖြဲ႕မွ လတ္တေလာတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနဆဲျဖစ္ေၾကာင္း ဆိုထားသည္။
ထိုမန္းသံပုရာကန္ေရနံခ်က္စက္႐ုံအနီးတြင္လည္း လြန္ခဲ့ေသာ ၂၀၂၁ ခုႏွစ္ မတ္လ ၅ ရက္မြန္းလြဲပိုင္းက ေတာမီးမ်ားေလာင္ကြၽမ္းရာမွ ဝန္ထမ္းအိမ္ရာသို႔မီးကူးစက္ေလာင္ကြၽမ္းခံရၿပီး အရာရွိလိုင္းခန္းမ်ား မီးကူးစက္ေလာင္ကြၽမ္းကာ လူေနအိမ္ သုံးလုံး၊ လူမေနသည့္အိမ္တစ္လုံး၊ ဧည့္ရိပ္သာႏွစ္လုံးတို႔ မီးေလာင္ဆုံးရႈံးခဲ့ဖူးေၾကာင္း သိရသည္။