အောင်ဇမ္ဗူဇာတ်သဘင်မှ အများအမြင်၌ မသင့်တော်သည့် အပြုအမူအား ထပ်မံမပြုလုပ်ရန် ခံဝန်လက်မှတ်ထိုး

 968

ထိုက်စံ(NP News)-ဇန်နဝါရီ ၂၃

အောင်ဇမ္ဗူဇာတ်သဘင်မှ အများအမြင်၌ မသင့်တော်သည့် အပြုအမူအား ထပ်မံမပြုလုပ်ရန် ခံဝန်လက်မှတ်ထိုးခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ထုတ်ပြန်ထားချက်အရသိရသည်။

ပြီးခဲ့သည့် (ဇန်နဝါရီ ၁၂ရက်) က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမရွှေကျောင်း တွင် အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှ ဖျော်ဖြေ တင်ဆက်ခဲ့ရာတွင် လူရွှင်တော် ဖြိုးဖြိုးသည် စင်ပေါ်တက်၍ ဆုငွေချီးမြှင့်လာသော ကလေးငယ်တစ်ဦးအားပွေ့ချီပြီး အများအမြင်၌ လုံးဝ (လုံးဝ) မသင့်တယ်သည့် အပြုအမူအား ဟာသသဖွယ် ပြုမူခဲ့သည့်အပေါ် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) Official facebook Page သို့လည်းကောင်း၊ (ဗဟို) သဘင် အမှုဆောင်များ ထံသို့ လည်းကောင်း တိုင်ကြားမှုများရှိခဲ့ကြောင်းသိရသည်။

ထိုသို့တိုင်ကြားမှုများ ရှိသဖြင့် ပြီးခဲ့သည့် (ဇန်နဝါရီ ၂၁ ရက်)တွင် သဘင်အစည်းအရုံးမှ အောင်ဇမ္ဗူ ဇာတ်သဘင်တည်ထောင်သူ ခေါင်းဆောင်မင်းသား ဦးအေးမင်းဦး(ခ)အောင်ဇမ္ဗူ ၊ မန်နေဂျာ ကိုကျော်ဇေယျနှင့် လူရွှင်တော် ဖြိုးဖြိုးတို့အား ဗဟိုသဘင်ရုံးသို့ ဆင့်ခေါ်၍ စိစစ်မေးမြန်းခဲ့ရာ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှလည်း ရည်ရွယ်ချက်မရှိ သတိလက်လွတ်ပြုမူ မိခဲ့သည့်အပေါ် ဝန်ချတောင်းပန်ကာ နောင်တွင် ထိုကဲ့သို့ အပြုအမူမျိုး မဖြစ်ပေါ်စေရန်နှင့် ထပ်မံဖြစ်ပေါ်ပါက ဗဟိုသဘင်၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒါဏ်ကို ခံယူမည်ဆိုသည့် ဝန်ခံကတိပြု၍ ခံဝန်လက်မှတ် ရေးထိုးခဲ့ကြောင်းသိရသည်။

ထို့ပြင် (ဇန်နဝါရီ ၂၂ရက်)က ပြုလုပ်ခဲ့သောအစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ သရုပ်ပျက် ကပြသရုပ်ဆောင်မှု၊ သဘင်လောက၏ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသည့် ပြုမူပြောဆိုမှုများ နှင့်ငြိစွန်းသည့်အတွက်လည်းကောင်း၊ ကာယကံရှင်များ၏ ဝန်ခံကတိပြုချက်များအရ လည်းကောင်း၊ ဇာတ်စင်ထက်တွင်သာမက အခြားမည်သည့်နေရာတွင်ဖြစ်စေ အဆိုပါအပြုအမူမျိုး ပြုလုပ်ခြင်းသည် အများပြည်သူနှင့် လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာအပြုအမူအဖြစ် လုံးဝ(လုံးဝ) လက်ခံခြင်း မရှိကြောင်းအဆိုပါ ဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာ သတိပေးထား ကြောင်းသိရသည်။

Zawgyi Version:
ေအာင္ဇမၺဴဇာတ္သဘင္မွ အမ်ားအျမင္၌ မသင့္ေတာ္သည့္ အျပဳအမူအား ထပ္မံမျပဳလုပ္ရန္ ခံဝန္လက္မွတ္ထိုး
ထိုက္စံ(NP News)-ဇန္နဝါရီ ၂၃

ေအာင္ဇမၺဴဇာတ္သဘင္မွ အမ်ားအျမင္၌ မသင့္ေတာ္သည့္ အျပဳအမူအား ထပ္မံမျပဳလုပ္ရန္ ခံဝန္လက္မွတ္ထိုးခဲ့ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး၏ထုတ္ျပန္ထားခ်က္အရသိရသည္။

ၿပီးခဲ့သည့္ (ဇန္နဝါရီ ၁၂ရက္) က ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္၊ အင္းမေ႐ႊေက်ာင္း တြင္ ေအာင္ဇမၺဴ ဇာတ္သဘင္အဖြဲ႕မွ ေဖ်ာ္ေျဖ တင္ဆက္ခဲ့ရာတြင္ လူ႐ႊင္ေတာ္ ၿဖိဳးၿဖိဳးသည္ စင္ေပၚတက္၍ ဆုေငြခ်ီးျမႇင့္လာေသာ ကေလးငယ္တစ္ဦးအားေပြ႕ခ်ီၿပီး အမ်ားအျမင္၌ လုံးဝ (လုံးဝ) မသင့္တယ္သည့္ အျပဳအမူအား ဟာသသဖြယ္ ျပဳမူခဲ့သည့္အေပၚ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို) Official facebook Page သို႔လည္းေကာင္း၊ (ဗဟို) သဘင္ အမႈေဆာင္မ်ား ထံသို႔ လည္းေကာင္း တိုင္ၾကားမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။

ထိုသို႔တိုင္ၾကားမႈမ်ား ရွိသျဖင့္ ၿပီးခဲ့သည့္ (ဇန္နဝါရီ ၂၁ ရက္)တြင္ သဘင္အစည္းအ႐ုံးမွ ေအာင္ဇမၺဴ ဇာတ္သဘင္တည္ေထာင္သူ ေခါင္းေဆာင္မင္းသား ဦးေအးမင္းဦး(ခ)ေအာင္ဇမၺဴ ၊ မန္ေနဂ်ာ ကိုေက်ာ္ေဇယ်ႏွင့္ လူ႐ႊင္ေတာ္ ၿဖိဳးၿဖိဳးတို႔အား ဗဟိုသဘင္႐ုံးသို႔ ဆင့္ေခၚ၍ စိစစ္ေမးျမန္းခဲ့ရာ ေအာင္ဇမၺဴ ဇာတ္သဘင္အဖြဲ႕မွလည္း ရည္႐ြယ္ခ်က္မရွိ သတိလက္လြတ္ျပဳမူ မိခဲ့သည့္အေပၚ ဝန္ခ်ေတာင္းပန္ကာ ေနာင္တြင္ ထိုကဲ့သို႔ အျပဳအမူမ်ိဳး မျဖစ္ေပၚေစရန္ႏွင့္ ထပ္မံျဖစ္ေပၚပါက ဗဟိုသဘင္၏ ခ်မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ အျပစ္ဒါဏ္ကို ခံယူမည္ဆိုသည့္ ဝန္ခံကတိျပဳ၍ ခံဝန္လက္မွတ္ ေရးထိုးခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ (ဇန္နဝါရီ ၂၂ရက္)က ျပဳလုပ္ခဲ့ေသာအစည္းအေဝးဆုံးျဖတ္ခ်က္အရ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းပါ သ႐ုပ္ပ်က္ ကျပသ႐ုပ္ေဆာင္မႈ၊ သဘင္ေလာက၏ ဂုဏ္သိကၡာ ထိခိုက္ညႇိဳးႏြမ္းေစသည့္ ျပဳမူေျပာဆိုမႈမ်ား ႏွင့္ၿငိစြန္းသည့္အတြက္လည္းေကာင္း၊ ကာယကံရွင္မ်ား၏ ဝန္ခံကတိျပဳခ်က္မ်ားအရ လည္းေကာင္း၊ ဇာတ္စင္ထက္တြင္သာမက အျခားမည္သည့္ေနရာတြင္ျဖစ္ေစ အဆိုပါအျပဳအမူမ်ိဳး ျပဳလုပ္ျခင္းသည္ အမ်ားျပည္သူႏွင့္ လူမႈအသိုင္းအဝိုင္းအတြက္ စိတ္မခ်မ္းေျမ့ဖြယ္ရာအျပဳအမူအျဖစ္ လုံးဝ(လုံးဝ) လက္ခံျခင္း မရွိေၾကာင္းအဆိုပါ ဇာတ္သဘင္အဖြဲ႕အား ျပင္းထန္စြာ သတိေပးထား ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.