ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်များကို မစွန့်လွှတ်ပါက အမြစ်ပြတ်ရှင်းခံရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်သတိပေး

101

Pika (NP News) - ဇန်နဝါရီ ၂၃
ဂါဇာကမ်းမြောင်ဒေသတွင်ရှိသည့် ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ လက်နက်များကို မစွန့်လွှတ်ပါက အမြစ်ပြတ်ရှင်းလင်းခံရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း ဒေါ်နယ်ထရမ့်က ယခုကဲ့သို့သတိပေးချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းမှုကို လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ရှိ/မရှိဆိုသည့်အချက်ကို မကြာမီအချိန်အတွင်း သိရှိရလိမ့်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်က "ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်တွေ မဖျက်သိမ်းဘူးဆိုရင် လျင်လျင်မြန်မြန်နဲ့ပဲ အမြစ်ပြတ်ရှင်းလင်းခံရပါလိမ့်မယ်” ဟု ပြောခဲ့သည်။
အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုများနှင့်အတူ အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့တို့က အပစ်အခတ်ရပ်စဲရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၁၀)ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။သို့သော်လည်း အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များကိုချိုးဖောက်ခဲ့သည်ဟု အပြန်အလှန် စွပ်စွဲမှုများမှာ လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ကြောင်းလည်းသိရသည်။ထို့ပြင် ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအစီအစဉ်၏ ဒုတိယအဆင့်ကို ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်းသိရသည်။အဆိုပါဒုတိယအဆင့်၏ ရည်ရွယ်ချက်မှာ စစ်ရေးအင်အားလျှော့ချရေးနှင့် ဂါဇာတွင် နည်းပညာဆိုင်ရာအစိုးရသစ်တစ်ရပ် ထူထောင်ရန်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။

Zawgyi Version;
ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္မ်ားကို မစြန႔္လႊတ္ပါက အျမစ္ျပတ္ရွင္းခံရလိမ့္မည္ဟု ေဒၚနယ္ထရမ့္သတိေပး
Pika (NP News) - ဇန္နဝါရီ ၂၃
ဂါဇာကမ္းေျမာင္ေဒသတြင္ရွိသည့္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ၎တို႔၏ လက္နက္မ်ားကို မစြန႔္လႊတ္ပါက အျမစ္ျပတ္ရွင္းလင္းခံရလိမ့္မည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့သည္။
ဆြစ္ဇာလန္ႏိုင္ငံ ဒါးဗို႔စ္ၿမိဳ႕တြင္က်င္းပေသာ ကမာၻ႔စီးပြားေရးဖိုရမ္အတြင္း ေဒၚနယ္ထရမ့္က ယခုကဲ့သို႔သတိေပးခ်က္မ်ားကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းမႈကို လုပ္ေဆာင္ရန္ ရည္႐ြယ္ထားျခင္း ရွိ/မရွိဆိုသည့္အခ်က္ကို မၾကာမီအခ်ိန္အတြင္း သိရွိရလိမ့္မည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့သည္။
ေဒၚနယ္ထရမ့္က "ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ေတြ မဖ်က္သိမ္းဘူးဆိုရင္ လ်င္လ်င္ျမန္ျမန္နဲ႔ပဲ အျမစ္ျပတ္ရွင္းလင္းခံရပါလိမ့္မယ္” ဟု ေျပာခဲ့သည္။
အေမရိကန္၏ ၾကားဝင္ေစ့စပ္ေပးမႈမ်ားႏွင့္အတူ အစၥေရးႏွင့္ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က အပစ္အခတ္ရပ္စဲရန္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၁၀)ရက္တြင္ သေဘာတူညီခဲ့ၾကေၾကာင္း သိရသည္။သို႔ေသာ္လည္း အစၥေရးႏွင့္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ားကိုခ်ိဳးေဖာက္ခဲ့သည္ဟု အျပန္အလွန္ စြပ္စြဲမႈမ်ားမွာ လက္ရွိအခ်ိန္အထိ ရွိေနဆဲျဖစ္ေၾကာင္းလည္းသိရသည္။ထို႔ျပင္ ဂါဇာကမ္းေျမာင္ေဒသၿငိမ္းခ်မ္းေရးအစီအစဥ္၏ ဒုတိယအဆင့္ကို ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းလည္းသိရသည္။အဆိုပါဒုတိယအဆင့္၏ ရည္႐ြယ္ခ်က္မွာ စစ္ေရးအင္အားေလွ်ာ့ခ်ေရးႏွင့္ ဂါဇာတြင္ နည္းပညာဆိုင္ရာအစိုးရသစ္တစ္ရပ္ ထူေထာင္ရန္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့သည္။