ရွှေဈေးနှုန်းက သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာ

105

Pika (NP News) - ဇန်နဝါရီ ၂၃
ကမ္ဘာတစ်ဝှမ်းရှိ ရင်းနှီးမြှုပ်နှံသူများက ပထဝီဝင်နိုင်ငံရေးမသေချာမရေရာမှုများနှင့် အနာဂါတ်တွင် အတိုးနှုန်းဖြတ်တောက်မှုများနှင့်ပတ်သက်ပြီး မျှော်လင့်ချက်များ ပြောင်းလဲလာမှုနှင့်အတူ ရွှေဈေးနှုန်းက သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၇၂၀)ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီး ယခင်ရွှေဈေးနှုန်းထက် (၂ ဒသမ ၇၁) ရာခိုင်နှုန်းတိုးလာခဲ့ကာ သမိုင်းတစ်လျှောက်စံချိန်တင်အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက် မတည်ငြိမ်မှုကာလများအတွင်း ရွှေနှင့်ငွေကဲ့သို့သော အဖိုးတန်သတ္တုများကို ဘေးကင်းသည့်ပိုင်ဆိုင်မှုများအဖြစ် ရှုမြင်မှုများရှိခဲ့မှုနှင့်အတူ ရွှေနှင့်ငွေနှစ်မျိုးစလုံး၏ ဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများနှင့် စီးပွားရေးမတည်ငြိမ်မှုများအပေါ် စိုးရိမ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် (၂၀၂၅)ခုနှစ်တွင် ရွှေဈေးနှုန်းသည်(၆၀)ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရွှေဈေးနှုန်းများမြင့်တက်လာရခြင်း၏ အကြောင်းအရင်းများထဲမှတစ်ခုမှာ ဂရင်းလန်းကျွန်းကိုသိမ်းပိုက်မည့်အစီအစဉ်ကို ဆန့်ကျင်သောဥရောပနိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများ လုပ်ဆောင်သွားမည်ဆိုသည့် ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများ အပါအဝင် တင်းမာမှုများမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ထုတ်ပြန်ပြောကြားခဲ့သည်။
လာမည့်ဖေဖော်ဝါရီလမှစတင်ပြီး ဒိန်းမတ်အပါအဝင် နေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံ(၈)နိုင်ငံမှ တင်သွင်းသောကုန်ပစ္စည်းများအပေါ် အခွန်(၁၀)ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရွှေဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ေ႐ႊေဈးႏႈန္းက သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္အျမင့္ဆုံးအဆင့္ကို ေရာက္ရွိလာ
Pika (NP News) - ဇန္နဝါရီ ၂၃
ကမာၻတစ္ဝွမ္းရွိ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ပထဝီဝင္ႏိုင္ငံေရးမေသခ်ာမေရရာမႈမ်ားႏွင့္ အနာဂါတ္တြင္ အတိုးႏႈန္းျဖတ္ေတာက္မႈမ်ားႏွင့္ပတ္သက္ၿပီး ေမွ်ာ္လင့္ခ်က္မ်ား ေျပာင္းလဲလာမႈႏွင့္အတူ ေ႐ႊေဈးႏႈန္းက သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္အျမင့္ဆုံးသို႔ေရာက္ရွိသြားခဲ့ေၾကာင္း သိရသည္။
ေ႐ႊေဈးႏႈန္းသည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၄၇၂၀)ေဒၚလာအထိ ျမင့္တက္လာခဲ့ၿပီး ယခင္ေ႐ႊေဈးႏႈန္းထက္ (၂ ဒသမ ၇၁) ရာခိုင္ႏႈန္းတိုးလာခဲ့ကာ သမိုင္းတစ္ေလွ်ာက္စံခ်ိန္တင္အျမင့္ဆုံးအဆင့္ကို ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဈးကြက္ မတည္ၿငိမ္မႈကာလမ်ားအတြင္း ေ႐ႊႏွင့္ေငြကဲ့သို႔ေသာ အဖိုးတန္သတၱဳမ်ားကို ေဘးကင္းသည့္ပိုင္ဆိုင္မႈမ်ားအျဖစ္ ရႈျမင္မႈမ်ားရွိခဲ့မႈႏွင့္အတူ ေ႐ႊႏွင့္ေငြႏွစ္မ်ိဳးစလုံး၏ ေဈးႏႈန္းမ်ားသည္ ၿပီးခဲ့သည့္ႏွစ္အတြင္း ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ကမာၻလုံးဆိုင္ရာတင္းမာမႈမ်ားႏွင့္ စီးပြားေရးမတည္ၿငိမ္မႈမ်ားအေပၚ စိုးရိမ္မႈမ်ား၏ တစ္စိတ္တစ္ပိုင္းအျဖစ္ (၂၀၂၅)ခုႏွစ္တြင္ ေ႐ႊေဈးႏႈန္းသည္(၆၀)ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ေ႐ႊေဈးႏႈန္းမ်ားျမင့္တက္လာရျခင္း၏ အေၾကာင္းအရင္းမ်ားထဲမွတစ္ခုမွာ ဂရင္းလန္းကြၽန္းကိုသိမ္းပိုက္မည့္အစီအစဥ္ကို ဆန႔္က်င္ေသာဥေရာပႏိုင္ငံမ်ားအေပၚ အခြန္စည္းၾကပ္မႈမ်ား လုပ္ေဆာင္သြားမည္ဆိုသည့္ ေဒၚနယ္ထရမ့္၏ ၿခိမ္းေျခာက္မႈမ်ား အပါအဝင္ တင္းမာမႈမ်ားျမင့္တက္လာျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။
လာမည့္ေဖေဖာ္ဝါရီလမွစတင္ၿပီး ဒိန္းမတ္အပါအဝင္ ေနတိုးအဖြဲ႕ဝင္ဥေရာပႏိုင္ငံ(၈)ႏိုင္ငံမွ တင္သြင္းေသာကုန္ပစၥည္းမ်ားအေပၚ အခြန္(၁၀)ရာခိုင္ႏႈန္း ေကာက္ခံသြားမည္ဟု ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ေ႐ႊေဈးႏႈန္းမ်ားဆက္လက္ျမင့္တက္လာခဲ့ျခင္းျဖစ္သည္။