(၁၀)ရက်ကျော်အတွင်း သီပေါ နှင့် မိုင်းရယ်မှ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ(၁၂)နေရာကို ဖော်ထုတ် ရှင်းလင်းထား

195

Pearl (NP News) - ဇန်နဝါရီ ၂၄
(၁၀)ရက်ကျော်အတွင်း သီပေါ နှင့် မိုင်းရယ်မှ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ(၁၂) နေရာကို ဖော်ထုတ် ရှင်းလင်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ယနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ ပြုလုပ်သော ဒုတိယအကြိမ်သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ နယ်နှင့် မိုင်းရယ်မြို့ နယ်တို့တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများ လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်း စုံစမ်းဖော်ထုတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ စုစုပေါင်း မူးယစ်ဆေးဝါးထုတ်လုပ်ကြောင်း မသင်္ကာဖွယ်နေရာ (၁၄) နေရာကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ မူးယစ်ဆေးဝါးအမြောက်အမြားချက်လုပ်ရာ ပင်ရင်းနေရာများကို ဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုပြဿနာကို ထိရောက်ပြင်းထန်စွာ ဟန့်တားနိုင်ခဲ့ ကြောင်း ထင်ရှားစွာတွေ့ရှိရကြောင်း ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်မှ ယနေ့အထိတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာ ၁၂ နေရာ တို့ကို ဖော်ထုတ်ရှင်းလင်းခဲ့ရာမှာ ဘိန်းဖြူ၊ အိုက်စ် (မက်သ်အဖက်တမင်း) နှင့် စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြားထုတ်လုပ်မှုများကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဆက်လက် ဖော်ထုတ်ရှင်းလင်း လျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါနေရာများအနက် နေရာအမှတ် ၄ နှင့် နေရာအမှတ် ၈ တို့ကိုလည်း ဒုတိယအကြိမ်သတင်းစာ ရှင်းလင်းပွဲ အပြီး မြေပြင်ကွင်းဆင်းပြီး လိုက်လံရှင်းလင်းပြသသွားမှာဖြစ်မည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲနှင့် ဖမ်းဆီးရမိသည့် နေရာ အရောက် မြေပြင်ကွင်းဆင်း ရှင်းလင်းပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရှင်းလင်းပြသခဲ့သည့် မူးယစ်ဆေးဝါးချက် လုပ်သည့် နေရာ(၃)နေရာအား အသေးစိတ်စိစစ်ခဲ့ရာ နေရာအမှတ်(၁)မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁၂၉ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) အရည် ၃ဝဝ လီတာ၊ ဓာတုပစ္စည်း (၁၇) မျိုးနှင့် ဆက်စပ်ပစ္စည်း ၃၁ မျိုး၊ နေရာအမှတ် (၂)မှ ဓာတုပစ္စည်း ၈ မျိုးနှင့် ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ နေရာအမှတ် (၃) မှ အိုက်စ် (မက်သ် အဖက်တမင်း) ၂၃၄၃ ၆၂ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) အရည် ၂၀၀ လီတာ၊ ဓာတုပစ္စည်း ၂၁ မျိုးနှင့် ဆေးပြား ရိုက်စက် ၃ လုံး အပါအဝင် ဆက်စပ်ပစ္စည်း ၄ဝ မျိုးတို့အား အသီးသီးသိမ်းဆည်းရမိခဲ့၍ စုစုပေါင်းတန်ဖိုး ငွေကျပ် (၆၅.၂၈၂) ဘီလျံခန့်ရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်ပစ္စည်း ကိရိယာမျိုးစုံတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ဇန်နဝါရီလ (၁၆) ရက်မှ (၂၂) ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များက မီးရှို့/မြေမြှုပ်/ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
နေရာအမှတ် (၃) ရှိ ဓာတုပစ္စည်းများနှင့် ချက်လုပ်ရာတွင်အသုံးပြုသော ပစ္စည်းကိရိယာများအပေါ် ခန့်မှန်းတွက် ချက်မှုများအရ အဆိုပါနေရာတစ်ခုတည်းတွင် အိုက်စ် (မက်သ်အဖက်တမင်း) ၂၇ တန်ခန့်၊ တန်ဖိုးအားဖြင့် ငွေကျပ် (၅၄၀) ဘီလျံခန့် ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြား အဖြစ် ပြောင်းလဲထုတ်လုပ်မည်ဆိုပါက စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်၊ တန်ဖိုးအားဖြင့် ငွေကျပ် ၁,၆၂၀ ဘီလျံခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာတွင် Pressurize Metal Reactor ၆ လုံးသည် လက်ရှိအသုံးပြုနေပြီး Reactor ၃ လုံးအား ထပ်မံတပ်ဆင်နေဆဲဖြစ်သဖြင့် မူးယစ်ဆေးဝါးအမြောက်အမြားကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
နေရာအမှတ်(၁) တွင် ထုတ်လုပ်ပြီးသော မူးယစ်ဆေးဝါးများအားလုံးနှင့် အရေးကြီးသော ဓာတုပစ္စည်းများကို ရွှေ့ပြောင်း၍ ဓာတုပစ္စည်းထားသိုရာ နေရာများ နှင့် အသုံးပြုသောပစ္စည်းကိရိယာများအား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မီးမလောင်ဘဲ ကျန်ရှိခဲ့သည့်အထောက်အထားများအရ Pressurize Metal Reactor ၁၃ လုံး အသုံးပြုပြီး ချက်လုပ်နေခြင်းဖြစ်ကာ Reactor ၇ လုံး ထပ်မံတိုးချဲ့တပ်ဆင်ရန် အဆောက်အဦများ ထပ်မံတိုးချဲ့ ဆောက်လုပ်နေသည်ကို တွေ့ရှိရသဖြင့် နေရာအမှတ် (၃) ထက် နှစ်ဆကျော် ၊ နေရာအမှတ် (၂) မှလည်း ထုတ်လုပ် ပြီးသော မူးယစ်ဆေးဝါးများနှင့် အရေးကြီး ဓာတုပစ္စည်းများကို ရွှေ့ပြောင်းသွားပြီး မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုသည့် Pressurize Metal Reactor ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းကိရိယာများအား ကျန်ရှိနေသဖြင့် နေရာအမှတ် ၃ တွင် ထုတ်လုပ်နိုင်သည့် ပမာဏထက်မလျော့နည်းဘဲ ထုတ်လုပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
အမှတ် (၂) နှင့် အမှတ် (၃) သည် ၆.၂ ကီလိုမီတာခန့်သာ ကွာဝေးသဖြင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် လိုအပ်သည့် ဆက်စပ်ဓာတုပစ္စည်းများကို နေရာအမှတ် ၃ မှ ရယူချက်လုပ်နေကြောင်းလည်း သုံးသပ်ထားသည်။
နေရာအမှတ် (၁) နှင့် (၂) မှ ထုတ်လုပ်နိုင်သည့် မူးယစ်ဆေးဝါးပမာဏမှာ အမှတ် (၃) မှ ထုတ်လုပ်နိုင်သည့် ပမာဏထက် (၃) ဆခန့် ပိုမိုထုတ်လုပ်နိုင်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် နေရာ (၃) ခုတွင် စုစုပေါင်း ငွေကျပ် (၆,၄၈၀) ဘီလျံခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ် နိုင်ကြောင်း သုံးသပ်ထားသည်။
ဆက်လက်ရှင်းလင်းဖော်ထုတ်ချက်အရ နေရာအမှတ် ၄ နှင့် ၎င်းအနီးဝန်းကျင်တို့မှ ဘိန်းဖြူ ချက်လုပ်သည့် Pressurize Metal Reactor ၄ လုံးနှင့်အထောက်အကူပြု ၄ လုံး ၊ ဘိန်းဖြူ ၁၂.၄ ကီလိုနှင့် ဓာတုပစ္စည်း ၃ မျိုး တို့ အား လည်းကောင်း၊ ဆေးပြားရိုက်စက် ၉ လုံးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၇ မျိုး တို့အားလည်းကောင်း သိမ်းဆည်း ရမိခဲ့ပြီး Pressurize Metal Reactor ၁၁ လုံးပါသည့်အတွက် အမှတ် (၃) နေရာ ထက် ပိုမိုထုတ်လုပ်နိုင်ကြောင်းလည်း သိရသည်။
အလားတူ နေရာအမှတ် (၅) မှ ဓာတုပစ္စည်း (၄) မျိုးနှင့် ဆက်စပ်ပစ္စည်း (၈) မျိုး ၊နေရာအမှတ် (၆) မှ ဘွိုင်လာအိုး (၂) လုံး အပါအဝင် ဆက်စပ်ပစ္စည်း (၄) မျိုး ၊ အမှတ် (၇) မှ ဓာတုပစ္စည်း (၆) မျိုး၊ ဆေးပြားရိုက်စက် ၁ လုံးနှင့်အတူ ဆက်စပ်ပစ္စည်း ၁၃ မျိုး ၊ အမှတ် ၈ မှ ဆေးပြားရိုက်စက် ၄ လုံးနှင့်အတူ ဆက်စပ်ပစ္စည်း ၁၁ မျိုး ၊ နေရာအမှတ် ၉ မှာ SSA အဖွဲ့များနေထိုင်သော စခန်းဖြစ်ကြောင်း တွေ့ရှိရကာ၊ နေရာအမှတ် ၁ဝ မှ ဆက်စပ်ပစ္စည်း ၂ မျိုးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ် ၁၁ မှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်နေရာအဖြစ် စစ်ဆေး တွေ့ရှိခဲ့ကာ နေရာအမှတ် ၁၂ မှ ဓာတုပစ္စည်း ၃ မျိုးနှင့် ဆက်စပ်ပစ္စည်း ၇ မျိုး၊ ၁၃ မှ ဆက်စပ်ပစ္စည်း ၈ မျိုး၊ နေရာအမှတ် ၁၄ မှ ဓာတုပစ္စည်း ၄ မျိုးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်း ၁၀ မျိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Zawgyi Version;
(၁၀)ရက္ေက်ာ္အတြင္း သီေပါ ႏွင့္ မိုင္းရယ္မွ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာ(၁၂)ေနရာကို ေဖာ္ထုတ္ ရွင္းလင္းထား
Pearl (NP News) - ဇန္နဝါရီ ၂၄
(၁၀)ရက္ေက်ာ္အတြင္း သီေပါ ႏွင့္ မိုင္းရယ္မွ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာ(၁၂) ေနရာကို ေဖာ္ထုတ္ ရွင္းလင္းထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ရဲခ်ဳပ္ ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးက ယေန႔ (ဇန္နဝါရီ ၂၄ ရက္) နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္း၌ ျပဳလုပ္ေသာ ဒုတိယအႀကိမ္သတင္းစာ ရွင္းလင္းပြဲ၌ ေျပာသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ နယ္ႏွင့္ မိုင္းရယ္ၿမိဳ႕ နယ္တို႔တြင္ မူးယစ္ေဆးဝါး ခ်က္လုပ္သည့္ေနရာမ်ား ေလေၾကာင္းကင္းေထာက္ျခင္းႏွင့္ ေျမျပင္သတင္း စုံစမ္းေဖာ္ထုတ္ျခင္းတို႔ကိုေဆာင္႐ြက္ခဲ့ရာ စုစုေပါင္း မူးယစ္ေဆးဝါးထုတ္လုပ္ေၾကာင္း မသကၤာဖြယ္ေနရာ (၁၄) ေနရာကို ထပ္မံေဖာ္ထုတ္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ႏွင့္ ပူးေပါင္း ၿပီး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး ယခုကဲ့သို႔ မူးယစ္ေဆးဝါးအေျမာက္အျမားခ်က္လုပ္ရာ ပင္ရင္းေနရာမ်ားကို ေဖာ္ထုတ္ဖ်က္ဆီးႏိုင္ခဲ့ျခင္းေၾကာင့္ မူးယစ္ေဆးဝါးထုတ္လုပ္မႈျပႆနာကို ထိေရာက္ျပင္းထန္စြာ ဟန႔္တားႏိုင္ခဲ့ ေၾကာင္း ထင္ရွားစြာေတြ႕ရွိရေၾကာင္း ရဲခ်ဳပ္ ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးက ေျပာသည္။
ထို႔ျပင္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁ဝ ရက္မွ ယေန႔အထိတပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔မွ မူးယစ္ေဆးဝါး ခ်က္လုပ္သည့္ ေနရာ ၁၂ ေနရာ တို႔ကို ေဖာ္ထုတ္ရွင္းလင္းခဲ့ရာမွာ ဘိန္းျဖဴ၊ အိုက္စ္ (မက္သ္အဖက္တမင္း) ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား အေျမာက္အျမားထုတ္လုပ္မႈမ်ားကို စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ဆက္လက္ ေဖာ္ထုတ္ရွင္းလင္း လ်က္ရွိေၾကာင္းလည္း သိရသည္။
အဆိုပါေနရာမ်ားအနက္ ေနရာအမွတ္ ၄ ႏွင့္ ေနရာအမွတ္ ၈ တို႔ကိုလည္း ဒုတိယအႀကိမ္သတင္းစာ ရွင္းလင္းပြဲ အၿပီး ေျမျပင္ကြင္းဆင္းၿပီး လိုက္လံရွင္းလင္းျပသသြားမွာျဖစ္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၄ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲႏွင့္ ဖမ္းဆီးရမိသည့္ ေနရာ အေရာက္ ေျမျပင္ကြင္းဆင္း ရွင္းလင္းျပသျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၿပီး ရွင္းလင္းျပသခဲ့သည့္ မူးယစ္ေဆးဝါးခ်က္ လုပ္သည့္ ေနရာ(၃)ေနရာအား အေသးစိတ္စိစစ္ခဲ့ရာ ေနရာအမွတ္(၁)မွ အိုက္စ္ (မက္သ္အဖက္တမင္း) ၁၂၉ ကီလို၊ အိုက္စ္ (မက္သ္အဖက္တမင္း) အရည္ ၃ဝဝ လီတာ၊ ဓာတုပစၥည္း (၁၇) မ်ိဳးႏွင့္ ဆက္စပ္ပစၥည္း ၃၁ မ်ိဳး၊ ေနရာအမွတ္ (၂)မွ ဓာတုပစၥည္း ၈ မ်ိဳးႏွင့္ ဆက္စပ္ပစၥည္း ၂၆ မ်ိဳး၊ ေနရာအမွတ္ (၃) မွ အိုက္စ္ (မက္သ္ အဖက္တမင္း) ၂၃၄၃ ၆၂ ကီလို၊ အိုက္စ္ (မက္သ္အဖက္တမင္း) အရည္ ၂၀၀ လီတာ၊ ဓာတုပစၥည္း ၂၁ မ်ိဳးႏွင့္ ေဆးျပား ႐ိုက္စက္ ၃ လုံး အပါအဝင္ ဆက္စပ္ပစၥည္း ၄ဝ မ်ိဳးတို႔အား အသီးသီးသိမ္းဆည္းရမိခဲ့၍ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၆၅.၂၈၂) ဘီလ်ံခန႔္ရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ ဓာတုပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ၿပီး ဆက္စပ္ပစၥည္း ကိရိယာမ်ိဳးစုံတို႔ကိုလည္း သိမ္းဆည္းရမိခဲ့ကာ ဇန္နဝါရီလ (၁၆) ရက္မွ (၂၂) ရက္အတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားက မီးရႈိ႕/ေျမျမႇဳပ္/ ေဖာက္ခြဲဖ်က္ဆီးျခင္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
ေနရာအမွတ္ (၃) ရွိ ဓာတုပစၥည္းမ်ားႏွင့္ ခ်က္လုပ္ရာတြင္အသုံးျပဳေသာ ပစၥည္းကိရိယာမ်ားအေပၚ ခန႔္မွန္းတြက္ ခ်က္မႈမ်ားအရ အဆိုပါေနရာတစ္ခုတည္းတြင္ အိုက္စ္ (မက္သ္အဖက္တမင္း) ၂၇ တန္ခန႔္၊ တန္ဖိုးအားျဖင့္ ေငြက်ပ္ (၅၄၀) ဘီလ်ံခန႔္ ထုတ္လုပ္ႏိုင္ၿပီး စိတ္ႂကြေဆးျပား အျဖစ္ ေျပာင္းလဲထုတ္လုပ္မည္ဆိုပါက စိတ္ႂကြေဆးျပား သန္း ၈၁၀ ခန႔္၊ တန္ဖိုးအားျဖင့္ ေငြက်ပ္ ၁,၆၂၀ ဘီလ်ံခန႔္ ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေနရာတြင္ Pressurize Metal Reactor ၆ လုံးသည္ လက္ရွိအသုံးျပဳေနၿပီး Reactor ၃ လုံးအား ထပ္မံတပ္ဆင္ေနဆဲျဖစ္သျဖင့္ မူးယစ္ေဆးဝါးအေျမာက္အျမားကို တိုးျမႇင့္ထုတ္လုပ္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ေနရာအမွတ္(၁) တြင္ ထုတ္လုပ္ၿပီးေသာ မူးယစ္ေဆးဝါးမ်ားအားလုံးႏွင့္ အေရးႀကီးေသာ ဓာတုပစၥည္းမ်ားကို ေ႐ႊ႕ေျပာင္း၍ ဓာတုပစၥည္းထားသိုရာ ေနရာမ်ား ႏွင့္ အသုံးျပဳေသာပစၥည္းကိရိယာမ်ားအား မီးရႈိ႕ဖ်က္ဆီးသြားခဲ့ၿပီး မီးမေလာင္ဘဲ က်န္ရွိခဲ့သည့္အေထာက္အထားမ်ားအရ Pressurize Metal Reactor ၁၃ လုံး အသုံးျပဳၿပီး ခ်က္လုပ္ေနျခင္းျဖစ္ကာ Reactor ၇ လုံး ထပ္မံတိုးခ်ဲ႕တပ္ဆင္ရန္ အေဆာက္အဦမ်ား ထပ္မံတိုးခ်ဲ႕ ေဆာက္လုပ္ေနသည္ကို ေတြ႕ရွိရသျဖင့္ ေနရာအမွတ္ (၃) ထက္ ႏွစ္ဆေက်ာ္ ၊ ေနရာအမွတ္ (၂) မွလည္း ထုတ္လုပ္ ၿပီးေသာ မူးယစ္ေဆးဝါးမ်ားႏွင့္ အေရးႀကီး ဓာတုပစၥည္းမ်ားကို ေ႐ႊ႕ေျပာင္းသြားၿပီး မူးယစ္ေဆးဝါးခ်က္လုပ္ရာမွာ အသုံးျပဳသည့္ Pressurize Metal Reactor ၁၀ လုံးႏွင့္ ဆက္စပ္ပစၥည္းကိရိယာမ်ားအား က်န္ရွိေနသျဖင့္ ေနရာအမွတ္ ၃ တြင္ ထုတ္လုပ္ႏိုင္သည့္ ပမာဏထက္မေလ်ာ့နည္းဘဲ ထုတ္လုပ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္ထားသည္။
အမွတ္ (၂) ႏွင့္ အမွတ္ (၃) သည္ ၆.၂ ကီလိုမီတာခန႔္သာ ကြာေဝးသျဖင့္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ လိုအပ္သည့္ ဆက္စပ္ဓာတုပစၥည္းမ်ားကို ေနရာအမွတ္ ၃ မွ ရယူခ်က္လုပ္ေနေၾကာင္းလည္း သုံးသပ္ထားသည္။
ေနရာအမွတ္ (၁) ႏွင့္ (၂) မွ ထုတ္လုပ္ႏိုင္သည့္ မူးယစ္ေဆးဝါးပမာဏမွာ အမွတ္ (၃) မွ ထုတ္လုပ္ႏိုင္သည့္ ပမာဏထက္ (၃) ဆခန႔္ ပိုမိုထုတ္လုပ္ႏိုင္ေၾကာင္း စိစစ္ေတြ႕ရွိရသည့္အတြက္ ေနရာ (၃) ခုတြင္ စုစုေပါင္း ေငြက်ပ္ (၆,၄၈၀) ဘီလ်ံခန႔္ တန္ဖိုးရွိတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ထုတ္လုပ္ ႏိုင္ေၾကာင္း သုံးသပ္ထားသည္။
ဆက္လက္ရွင္းလင္းေဖာ္ထုတ္ခ်က္အရ ေနရာအမွတ္ ၄ ႏွင့္ ၎အနီးဝန္းက်င္တို႔မွ ဘိန္းျဖဴ ခ်က္လုပ္သည့္ Pressurize Metal Reactor ၄ လုံးႏွင့္အေထာက္အကူျပဳ ၄ လုံး ၊ ဘိန္းျဖဴ ၁၂.၄ ကီလိုႏွင့္ ဓာတုပစၥည္း ၃ မ်ိဳး တို႔ အား လည္းေကာင္း၊ ေဆးျပား႐ိုက္စက္ ၉ လုံးႏွင့္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္း ၇ မ်ိဳး တို႔အားလည္းေကာင္း သိမ္းဆည္း ရမိခဲ့ၿပီး Pressurize Metal Reactor ၁၁ လုံးပါသည့္အတြက္ အမွတ္ (၃) ေနရာ ထက္ ပိုမိုထုတ္လုပ္ႏိုင္ေၾကာင္းလည္း သိရသည္။
အလားတူ ေနရာအမွတ္ (၅) မွ ဓာတုပစၥည္း (၄) မ်ိဳးႏွင့္ ဆက္စပ္ပစၥည္း (၈) မ်ိဳး ၊ေနရာအမွတ္ (၆) မွ ဘြိဳင္လာအိုး (၂) လုံး အပါအဝင္ ဆက္စပ္ပစၥည္း (၄) မ်ိဳး ၊ အမွတ္ (၇) မွ ဓာတုပစၥည္း (၆) မ်ိဳး၊ ေဆးျပား႐ိုက္စက္ ၁ လုံးႏွင့္အတူ ဆက္စပ္ပစၥည္း ၁၃ မ်ိဳး ၊ အမွတ္ ၈ မွ ေဆးျပား႐ိုက္စက္ ၄ လုံးႏွင့္အတူ ဆက္စပ္ပစၥည္း ၁၁ မ်ိဳး ၊ ေနရာအမွတ္ ၉ မွာ SSA အဖြဲ႕မ်ားေနထိုင္ေသာ စခန္းျဖစ္ေၾကာင္း ေတြ႕ရွိရကာ၊ ေနရာအမွတ္ ၁ဝ မွ ဆက္စပ္ပစၥည္း ၂ မ်ိဳးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အမွတ္ ၁၁ မွာ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈျပဳလုပ္ရာတြင္ အသုံးျပဳသည့္ေနရာအျဖစ္ စစ္ေဆး ေတြ႕ရွိခဲ့ကာ ေနရာအမွတ္ ၁၂ မွ ဓာတုပစၥည္း ၃ မ်ိဳးႏွင့္ ဆက္စပ္ပစၥည္း ၇ မ်ိဳး၊ ၁၃ မွ ဆက္စပ္ပစၥည္း ၈ မ်ိဳး၊ ေနရာအမွတ္ ၁၄ မွ ဓာတုပစၥည္း ၄ မ်ိဳးႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာမွာ အသုံးျပဳတဲ့ဆက္စပ္ပစၥည္း ၁၀ မ်ိဳး သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။