ICJ ကြားနာပွဲနှင့်ပတ်သက်၍ ပြည်သူများကို အမုန်းစကားများ ရေးသားပြောဆိုခြင်း မပြုလုပ်ကြရန် သက်ဆိုင်ရာမှ အသိပေးနှိုးဆော်

121

စိမ့် (NP News) - ဇန်နဝါရီ ၂၄
ICJ ကြားနာပွဲနှင့်ပတ်သက်၍ ပြည်သူများကို အမုန်းစကားများ ရေးသားပြောဆိုခြင်း မပြုလုပ်ကြရန် သက်ဆိုင်ရာ မှ ယနေ့ ဇန်နဝါရီ(၂၄)ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့ကို ပြည်သူတစ်ရပ်လုံးမှ အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရသည်ကို လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ထောက်ခံရေးသားမှုများ၊ အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ နှင့် မြို့နယ်အလိုက်ထောက်ခံပွဲများကို မည်သူ့တိုက်တွန်းချက်မှမပါဘဲ ပြည်သူများက စိတ်အားထက်သန်စွာ ဆောင်ရွက်နေကြသည်ကို လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ တရား ရင်ဆိုင်ဆဲကာလဖြစ်သဖြင့် ထောက်ခံမှုများ ပြုလုပ်ရာတွင် တရားရုံးနှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခတ်ခြင်း၊ ဖိအားပေးသည့် သဘောရေးသားပြောဆိုခြင်းများ မပြုလုပ်ကြရန် နှိုးဆော်ထားသည်။
ထို့ပြင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများ မပြုလုပ် ကြပါရန် နှင့် တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်များကို အသုံးပြုပြီး အမုန်းစကား (Hate Speech) ရေးသားပြောဆိုခြင်းများကိုလည်း တားမြစ်ထားကြောင်း သိရသည်။
Agent of Myanmar အဖွဲ့သည် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ အခြေခံ၍ ထောက်ခံရေးသားပြောဆိုကြရန် တိုက်တွန်းထားပြီး ပြည်သူများအကြား အမုန်းတရားများ မပေါ်ပေါက်စေရန် အထူးဂရုပြုလိုက်နာကြရန် အသိပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ICJ ၾကားနာပြဲႏွင့္ပတ္သက္၍ ျပည္သူမ်ားကို အမုန္းစကားမ်ား ေရးသားေျပာဆိုျခင္း မျပဳလုပ္ၾကရန္ သက္ဆိုင္ရာ မွ အသိေပးႏႈိးေဆာ္
စိမ့္ (NP News) - ဇန္နဝါရီ ၂၄
ICJ ၾကားနာပြဲႏွင့္ပတ္သက္၍ ျပည္သူမ်ားကို အမုန္းစကားမ်ား ေရးသားေျပာဆိုျခင္း မျပဳလုပ္ၾကရန္ သက္ဆိုင္ရာ မွ ယေန႔ ဇန္နဝါရီ(၂၄)ရက္တြင္ ႏိုင္ငံပိုင္သတင္းစာမ်ားမွ အသိေပးႏႈိးေဆာ္ထားေၾကာင္း သိရသည္။
အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ ျမန္မာႏိုင္ငံကိုယ္စား သြားေရာက္ေျဖရွင္းေနသည့္ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္ေသာ Agent of Myanmar အဖြဲ႕ကို ျပည္သူတစ္ရပ္လုံးမွ အားေပးေထာက္ခံလ်က္ရွိသည္ကို ဝမ္းသာဂုဏ္ယူဖြယ္ ျမင္ေတြ႕ရသည္ကို ေလးစားဂုဏ္ယူေၾကာင္း ထုတ္ျပန္ခဲ့သည္။
ထိုျပင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေထာက္ခံေရးသားမႈမ်ား၊ အဖြဲ႕အစည္းအသီးသီးမွ ထုတ္ျပန္ခ်က္မ်ား ႏွင့္ ၿမိဳ႕နယ္အလိုက္ေထာက္ခံပြဲမ်ားကို မည္သူ႔တိုက္တြန္းခ်က္မွမပါဘဲ ျပည္သူမ်ားက စိတ္အားထက္သန္စြာ ေဆာင္႐ြက္ေနၾကသည္ကို ေလးစားဂုဏ္ယူေၾကာင္း ထုတ္ျပန္ခဲ့သည္။
သို႔ရာတြင္ Agent of Myanmar အဖြဲ႕အေနျဖင့္ ႏိုင္ငံတကာ ဥပေဒမ်ားႏွင့္အညီ တရား ရင္ဆိုင္ဆဲကာလျဖစ္သျဖင့္ ေထာက္ခံမႈမ်ား ျပဳလုပ္ရာတြင္ တရား႐ုံးႏွင့္ တရားသူႀကီးမ်ားကို ေဝဖန္ပုတ္ခတ္ျခင္း၊ ဖိအားေပးသည့္ သေဘာေရးသားေျပာဆိုျခင္းမ်ား မျပဳလုပ္ၾကရန္ ႏႈိးေဆာ္ထားသည္။
ထို႔ျပင္ လူမ်ိဳးေရးခြဲျခားသည့္ အသုံးအႏႈန္းမ်ားေရးသားေျပာဆိုျခင္း၊ လက္ကိုင္ဆိုင္းဘုတ္ ျပဳလုပ္ျခင္းမ်ား မျပဳလုပ္ ၾကပါရန္ ႏွင့္ တိုင္းရင္းသားအျဖစ္ မသတ္မွတ္ထားသည့္ လူမ်ိဳးအမည္မ်ားကို အသုံးျပဳၿပီး အမုန္းစကား (Hate Speech) ေရးသားေျပာဆိုျခင္းမ်ားကိုလည္း တားျမစ္ထားေၾကာင္း သိရသည္။
Agent of Myanmar အဖြဲ႕သည္ ႏိုင္ငံတကာဥပေဒမ်ားႏွင့္အညီ သက္ေသအေထာက္အထား ခိုင္လုံစြာျဖင့္ တရား႐ုံးတြင္ ရင္ဆိုင္ေျဖရွင္းေနေၾကာင္းကိုသာ အေျခခံ၍ ေထာက္ခံေရးသားေျပာဆိုၾကရန္ တိုက္တြန္းထားၿပီး ျပည္သူမ်ားအၾကား အမုန္းတရားမ်ား မေပၚေပါက္ေစရန္ အထူးဂ႐ုျပဳလိုက္နာၾကရန္ အသိေပးခဲ့ေၾကာင္း သိရသည္။