ရုရှားသင်္ဘောသားနှစ်ဦးကို အမေရိကန်က ပြန်မလွှတ်ပေးသေးဘူးလို့ ရုရှားအစိုးရ ဝေဖန်

147

Pika (NP News) - ဇန်နဝါရီ ၂၄
ယခုလအစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ရေနံတင်သင်္ဘောရဲ့ ရုရှားသင်္ဘောသားနှစ်ဦးကို အမေရိကန်က ပြန်လွှတ်ပေးဖို့ ကတိပေးထားပေမယ့်လည်း ပြန်လွှတ်ပေးတာမျိုးမရှိသေးဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားအလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောမာရီနီရာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၇)ရက်မှာ စကော့တလန်နိုင်ငံ အနောက်မြောက်ဘက် နိုင်ငံတကာရေပြင်မှာ အမေရိကန်စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ရေနံတင်သင်္ဘောမာရီနီရာဟာ အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရေနံတင်သင်္ဘောမာရီနီရာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သင်္ဘောသား(၂၈)ဦးအနက် ရုရှားသင်္ဘောသား နှစ်ဦးကို ပြန်လွှတ်ပေးမယ်လို့ အမေရိကန်က ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်က ၎င်းတို့ရဲ့ကတိဝတ်ကို ဖြည့်ဆည်းတာမျိုးမရှိသေးဘူးလို့ မာရီယာဇာခါရိုဗာက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
၎င်းက “ကျွန်မတို့ကို ပေးထားတဲ့ကတိတွေကို အမေရိကန်က မဖြည့်ဆည်းပေးဘဲနေနေတဲ့အတွက် တကယ်ကို စိတ်ပျက်မိပါတယ်။ ကတိတွေအတိုင်း မကြာခင်အချိန်အတွင်း ရုရှားသင်္ဘောသားနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ကျွန်မတို့ မျှော်လင့်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
႐ုရွားသေဘၤာသားႏွစ္ဦးကို အေမရိကန္က ျပန္မလႊတ္ေပးေသးဘူးလို႔ ႐ုရွားအစိုးရ ေဝဖန္
Pika (NP News) - ဇန္နဝါရီ ၂၄
ယခုလအေစာပိုင္းမွာ ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ ေရနံတင္သေဘၤာရဲ႕ ႐ုရွားသေဘၤာသားႏွစ္ဦးကို အေမရိကန္က ျပန္လႊတ္ေပးဖို႔ ကတိေပးထားေပမယ့္လည္း ျပန္လႊတ္ေပးတာမ်ိဳးမရွိေသးဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွားအလံလႊင့္တင္ထားတဲ့ ေရနံတင္သေဘၤာမာရီနီရာဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၇)ရက္မွာ စေကာ့တလန္ႏိုင္ငံ အေနာက္ေျမာက္ဘက္ ႏိုင္ငံတကာေရျပင္မွာ အေမရိကန္စစ္တပ္ရဲ႕ဖမ္းဆီးထိန္းသိမ္းမႈကို ခံခဲ့ရတာလည္း ျဖစ္ပါတယ္။ ေရနံတင္သေဘၤာမာရီနီရာဟာ အေမရိကန္ရဲ႕ပိတ္ဆို႔အေရးယူမႈေတြကို ခ်ိဳးေဖာက္မႈေတြမွာ ပါဝင္ ပတ္သက္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြနဲ႔အတူ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေရနံတင္သေဘၤာမာရီနီရာကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ သေဘၤာသား(၂၈)ဦးအနက္ ႐ုရွားသေဘၤာသား ႏွစ္ဦးကို ျပန္လႊတ္ေပးမယ္လို႔ အေမရိကန္က ကတိျပဳခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္က ၎တို႔ရဲ႕ကတိဝတ္ကို ျဖည့္ဆည္းတာမ်ိဳးမရွိေသးဘူးလို႔ မာရီယာဇာခါ႐ိုဗာက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
၎က “ကြၽန္မတို႔ကို ေပးထားတဲ့ကတိေတြကို အေမရိကန္က မျဖည့္ဆည္းေပးဘဲေနေနတဲ့အတြက္ တကယ္ကို စိတ္ပ်က္မိပါတယ္။ ကတိေတြအတိုင္း မၾကာခင္အခ်ိန္အတြင္း ႐ုရွားသေဘၤာသားႏွစ္ဦးကို ျပန္လႊတ္ေပးဖို႔ ကြၽန္မတို႔ ေမွ်ာ္လင့္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။