ရွှေပြည်သာတံတားပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး

133

ထိုက်စံ (NP News) - ဇန်နဝါရီ ၂၄
ရွှေပြည်သာမြို့၊ ရွှေပြည်သာတံတားပေါ်တွင် တွဲကား(၁)စီးမှ စက်ဘီစီးနင်းလာသူ အမျိုးသား(၁)ဉီးကို ဝင်တိုက်မိရာမှတစ်ဆင့် (၁၂)ဘီးကားကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၃ ရက်) ၊ ညပိုင်း(၈ နာရီ ၄ဝ မိနစ်)အချိန်ခန့်က ရွှေပြည်သာတံတား ၊ လှိုင်သာယာဘက်အဆင်း မိုင်(၂ဝ)မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းရတဲ့အချိန်မှာ ကျွန်တော်တို့ Ambulance ထွက်သွားတဲ့အချိန်မှာကဖြစ်နေပြီ ခေါင်းတစ်ခြမ်းပြားတယ်။ ဦးနှောက်ထွက်တယ်။ လျှာပြတ်တယ်။ ညာဘက်လက်ခုံရဲ့ ကျိုးကျေ ပျက်စီးပေါ့ ။ အဲဒီ ကားကိုတော့ လုံခြုံရေးတပ်ဖွဲ့က မိထားတယ်လို့ပြောတယ်။
ယာဉ်မောင်းလည်းဖမ်းမိထားတယ်ပေါ့နော်။ အဲဒါကတော့ကျွန်တော်တို့ ဒီဘက် ရွှေပြည်သာတံတားအဆင်းမှာ မိထားတယ်ပြောတယ်။ ကားက တိုက်ပြီးထွက်ပြေးသွားတာ ။ လုံခြုံရေးတပ်ဖွဲ့က ဖမ်းမိထားတယ်။ ကျွန်တော်တို့က ဒီလှိုင်သာယာဆေးရုံကို ကျွန်တော်တို့ ပို့လိုက်တယ်” ဟု ကနောင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်ဘီးစီးနင်းလာသော အမျိုးသားအား ယာဥ်ဖြင့်ဝင်တိုက်မိရာမှ တစ်ဖက်ယာဉ်ကြောသို့ လွင့်ထွက်သွားပြီး တဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ကားမှတက်ကြိတ်မိခြင်းဖြစ်ကြောင်း သိရသည်။
“ (၂)စီးလုံးကိုတော့ လုံခြုံရေးတပ်ဖွဲ့က မိထားတယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်ကားက အရင် တိုက်တာလည်း (၁၂)ဘီးက တိုက်တာလား။ တွဲကားက တိုက်တာလားဆိုတာကျွန်တော်တို့လည်း သေချာမသိဘူးဗျ။ ကျွန်တော်တို့ကတော့ ရောက်တဲ့အချိန်မှာ DB စစ်တယ်။ အဲဒါကို ကျွန်တော်တို့သန့်ရှင်းရေးလုပ်ပြီးတော့ DB ကို ဆေးရုံပို့လိုက်တယ်ပေါ့နော်” ဟု ကနောင်လူမှုကူညီရေးအသင်းကဆိုသည်။
လက်ရှိတွင် သေဆုံးသွားသူ အမျိုးသားအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ထားကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

Zawgyi Version;
ေ႐ႊျပည္သာတံတားေပၚတြင္ ယာဥ္တိုက္မႈျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦးေသဆုံး
ထိုက္စံ (NP News) - ဇန္နဝါရီ ၂၄
ေ႐ႊျပည္သာၿမိဳ႕၊ ေ႐ႊျပည္သာတံတားေပၚတြင္ တြဲကား(၁)စီးမွ စက္ဘီစီးနင္းလာသူ အမ်ိဳးသား(၁)ဉီးကို ဝင္တိုက္မိရာမွတစ္ဆင့္ (၁၂)ဘီးကားႀကိတ္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း ကေနာင္လူမႈကူညီေရးအသင္းထံ ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီ ၂၃ ရက္) ၊ ညပိုင္း(၈ နာရီ ၄ဝ မိနစ္)အခ်ိန္ခန႔္က ေ႐ႊျပည္သာတံတား ၊ လႈိင္သာယာဘက္အဆင္း မိုင္(၂ဝ)မွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ သတင္းရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ Ambulance ထြက္သြားတဲ့အခ်ိန္မွာကျဖစ္ေနၿပီ ေခါင္းတစ္ျခမ္းျပားတယ္။ ဦးေႏွာက္ထြက္တယ္။ လွ်ာျပတ္တယ္။ ညာဘက္လက္ခုံရဲ႕ က်ိဳးေက် ပ်က္စီးေပါ့ ။ အဲဒီ ကားကိုေတာ့ လုံၿခဳံေရးတပ္ဖြဲ႕က မိထားတယ္လို႔ေျပာတယ္။ ယာဥ္ေမာင္းလည္းဖမ္းမိထားတယ္ေပါ့ေနာ္။ အဲဒါကေတာ့ကြၽန္ေတာ္တို႔ ဒီဘက္ ေ႐ႊျပည္သာတံတားအဆင္းမွာ မိထားတယ္ေျပာတယ္။ ကားက တိုက္ၿပီးထြက္ေျပးသြားတာ ။ လုံၿခဳံေရးတပ္ဖြဲ႕က ဖမ္းမိထားတယ္။ ကြၽန္ေတာ္တို႔က ဒီလႈိင္သာယာေဆး႐ုံကို ကြၽန္ေတာ္တို႔ ပို႔လိုက္တယ္” ဟု ကေနာင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
စက္ဘီးစီးနင္းလာေသာ အမ်ိဳးသားအား ယာဥ္ျဖင့္ဝင္တိုက္မိရာမွ တစ္ဖက္ယာဥ္ေၾကာသို႔ လြင့္ထြက္သြားၿပီး တဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာသည့္ ကားမွတက္ႀကိတ္မိျခင္းျဖစ္ေၾကာင္း သိရသည္။
“ (၂)စီးလုံးကိုေတာ့ လုံၿခဳံေရးတပ္ဖြဲ႕က မိထားတယ္လို႔ေျပာတယ္။ ဒါေပမယ့္ ဘယ္ကားက အရင္ တိုက္တာလည္း (၁၂)ဘီးက တိုက္တာလား။ တြဲကားက တိုက္တာလားဆိုတာကြၽန္ေတာ္တို႔လည္း ေသခ်ာမသိဘူးဗ်။ ကြၽန္ေတာ္တို႔ကေတာ့ ေရာက္တဲ့အခ်ိန္မွာ DB စစ္တယ္။ အဲဒါကို ကြၽန္ေတာ္တို႔သန႔္ရွင္းေရးလုပ္ၿပီးေတာ့ DB ကို ေဆး႐ုံပို႔လိုက္တယ္ေပါ့ေနာ္” ဟု ကေနာင္လူမႈကူညီေရးအသင္းကဆိုသည္။
လက္ရွိတြင္ ေသဆုံးသြားသူ အမ်ိဳးသားအား လႈိင္သာယာေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း လူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။