အဆိုတော်ရှင်မင်းမြတ်ပြန်ပေးဆွဲခံရမှုမှ ပြန်ပေးဂိုဏ်းအဖွဲ့ဝင် (၂) ဦးဖမ်းမိထားပြီး ကျန်သူများကို ဆက်ရှာနေ

85

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၄
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အဆိုတော်ရှင်မင်းမြတ်ပြန်ပေးဆွဲခံရမှုမှ ပြန်ပေးဂိုဏ်း အဖွဲ့ဝင်(၂)ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ(၂၂)ရက်က ဖမ်းဆီးရမိထားကြောင်း မူဆယ်မြို့မှ လုံခြုံရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက NP News ဂျာနယ်သို့ ပြောသည်။
အဆိုတော်ရှင်မင်းမြတ်သည် ပြီးခဲ့သည့် ဇန်နဝါရီ(၅)ရက်က မူဆယ်မြို့သို့ မင်္ဂလာပွဲဖျော်ဖြေ ရန်သွား ရောက်ခဲ့ပြီး ဇန်နဝါရီလ (၆)ရက်တွင် ပွဲကျင်း ပမည့်နေရာသို့ ကြည့်ရှုပြင်ဆင်ရန်သွားရောက်စဉ် လူ(၄)ဦးကပြန်ပေး ဆွဲကာ အွန်လိုင်း ငွေလိမ်လုပ်ငန်း တစ်ခုသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကို မူဆယ်မြို့နယ်မြခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ မူဆယ်မြို့ ဟိုမွန်ရပ် ကွက်ရှိ နေအိမ်ခြံဝင်းအတွင်းမှ ပြန်ပေး ဆွဲငွေတောင်းခံရာတွင်ပါဝင်သူ အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီး စပ်သူကဆိုသည်။
“ဖမ်းမိတာက ဇန်နဝါရီ (၂၂) ရက်ကပါ။ ကိုရှင်မင်းမြတ်ကို သူ့ Wechat ကနေ ပြီးတော့ အခင်းဖြစ်တဲ့အနေ အထားလေးတွေ။ သံသယဖြစ်ဖွယ်အိမ်ရဲ့ခြံဝင်းထဲက အနေအထားလေးတွေ။ ခြံဝင်းထဲမှာရှိတဲ့အဆောက်အအုံရဲ့ အနေအထားလေးတွေကို ပြတာပေါ့နော်။ အဲဒီကနေ အတည်ပြုချက်ယူပြီးတော့မှ သူတို့ကို ခေါ်ယူစစ်ဆေးတယ်။ ခေါ်ယူစစ်ဆေးတဲ့အခါမှာ စစ်ဆေးချက်အရ ဖော်ထုတ်သိရှိရတာပေါ့”ဟု ၎င်းကပြောသည်။
ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူများနှင့် အခင်းဖြစ်နေရာကို ရှာဖွေဖော်ထုတ်ရာတွင် အဆိုတော် ရှင်မင်းမြတ်တည်းခိုခဲ့သည့် ဟော်ရှင်း ဟိုတယ်နှင့် မူဆယ်မြို့အတွင်းရှိ CCTV မှတ်တမ်း အချို့မှလည်း စုံစမ်းခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီမှာ မူဆယ်မြို့မှာရှိတဲ့ ရပ်ကွက် (၇) ခြံဝင်းကို စုံစမ်းရှာဖွေခဲ့တာပေါ့။ အဲဒီမှာ ပဏာမ ထူး ခြားမှုမရှိဘူး ဆိုပေမယ့် ကျူးလွန်ခြင်းခံရတဲ့သူ ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့နေရာတွေ ပတ်ဝန်းကျင်တွေ၊ သူကြားသိမြင်ရတဲ့ အကြောင်းအရာတွေနဲ့ပတ် သက်ပြီး တိုက်ဆိုင်ပြီးတော့ စစ်ဆေးတဲ့အခါမှာ ပေါ်ပေါက်ခဲ့တာပေါ့”ဟု ၎င်းက ဆက်ပြော သည်။
ယင်းဖြစ်စဉ်တွင် ပြန်ပေးဆွဲခဲ့သူ (၄) ဦး ဟုသိရပြီး တစ်ဦးမှာ ပြည်သူ့စစ်၊ ကျန်နှစ်ဦးမှာ ယူနန်-မြန်မာစကား ပြောနိုင်သူနှင့် ကျန်တစ်ဦးမှာ ကိုးကန့်လူမျိုးဖြစ်ကြောင်း အဆိုတော်ရှင်မင်းမြတ်က လူမှုကွန်ရက်တွင်တင်ထားသည့် မြန်မာနိုင်ငံရဲတပ် ဖွဲ့သို့ တိုင်ကြားထားသည့်စာအရသိရသည်။
လက်ရှိဖမ်းဆီးရမိထားသူ (၂)ဦးသည် ပြန်ပေးဂိုဏ်း၏ အောက်ဆွဲတပည့်လက်ပွားများသာ ဖြစ်ပြီး ပြန်ပေးဆွဲမှုအတွင်း ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်မှုရှိမရှိနှင့်ပတ်သက်၍ ဆက်လက် စစ်ဆေးဖော် ထုတ်နေဆဲဖြစ် ကြောင်း အထက်ပါသတင်းရင်းမြစ် ကဆိုသည်။
“အဓိကတရားခံတွေကတော့ ပျံ့နေတာ ပေါ့နော်။ တချို့ကလည်းမန္တလေးမှာရှိသလို တချို့ကလည်း မြစ်ကြီး နားနဲ့တချို့ကလည်း ကွမ်းလုံဘက် ကိုရောက်နေတယ်လို့သိရှိတယ်ဗျ။ မသမာတဲ့လက် နက်ကိုင်အဖွဲ့အစည်းကလည်း ပြည်သူ့စစ်အယောင် ဆောင်ပြီးတာ့ မူဆယ်မြို့ထဲမှာပဲ လျှို့ဝှက်ပြီးတော့ လုပ်နိုင်တဲ့အပိုင်းတွေလည်းရှိနိုင်တာပေါ့။ ဒီအဖွဲ့ထဲမှာ ပြည်သူ့စစ်ဟုတ်မဟုတ်ဆိုတာကိုတော့ ဖမ်းဆီးရမိတဲ့လူတွေရဲ့အချက်အလက်တွေ။ ထွက်ပြေး လွတ် မြောက်နေတဲ့လူတွေရဲ့ ပြည်သူ့စစ်စာရင်းထဲမှာ ပါဝင်မှုရှိမရှိ၊ မှတ်တမ်းထဲမှာ ပါဝင်မှုရှိမရှိကတော့ တိုက်ဆိုင်စစ် ဆေးနေတာပေါ့”ဟု အထက်ပါသတင်း ရင်းမြစ်ကပြောသည်။
ထို့ပြင် ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ အဆိုတော်ရှင်မင်းမြတ်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့မ ရဲစခန်း တွင် တိုင်ချက်ဖွင့်ထားသည့်အတွက်အမှုတွဲကို မူဆယ်မြို့သို့ပို့ဆောင်ကာ ကျူးလွန်ရာတွင် ပါဝင်သူများကို ဆက်လက်စုံစမ်း အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒါက ရဲတပ်ဖွဲ့ရဲ့အောင်မြင်မှုတစ်ခုလို့ ပြောလို့ရတာပေါ့။ ဒီဖြစ်စဉ်က ကျွန်တော်တို့မြန်မာ နိုင်ငံမှာ နာမည်ကြီး နေတဲ့ဖြစ်စဉ်တစ်ခု။ ဖြစ်စဉ်က မှန်ကန်မှုရှိမရှိဆိုတာ ဘယ်သူမှ ဆုံးဖြတ်နိုင်ခြင်းမရှိ တဲ့အခြေအနေမျိုးမှာ ဖော်ထုတ် နိုင်တယ်။ လက်ရှိမှာလည်း ဒီအမှုနဲ့ပတ်သက်ပြီး ရန်ကင်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာရှိတယ်။ အမှုဖြစ်တာက မူဆယ်မှာ ဖြစ်တဲ့အတွက် အမှုတွဲကိုတော့ မူဆယ်ကိုလွှဲပြောင်းတာပေါ့” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

Zawgyi Version;
အဆိုေတာ္ရွင္မင္းျမတ္ျပန္ေပးဆြဲခံရမႈမွ ျပန္ေပးဂိုဏ္းအဖြဲ႕ဝင္ (၂) ဦးဖမ္းမိထားၿပီး က်န္သူမ်ားကို ဆက္ရွာေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၄
ျမန္မာ-တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕တြင္ အဆိုေတာ္ရွင္မင္းျမတ္ျပန္ေပးဆြဲခံရမႈမွ ျပန္ေပးဂိုဏ္း အဖြဲ႕ဝင္(၂)ဦးကို ၿပီးခဲ့သည့္ ဇန္နဝါရီ(၂၂)ရက္က ဖမ္းဆီးရမိထားေၾကာင္း မူဆယ္ၿမိဳ႕မွ လုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္နီးစပ္သူတစ္ဦးက NP News ဂ်ာနယ္သို႔ ေျပာသည္။
အဆိုေတာ္ရွင္မင္းျမတ္သည္ ၿပီးခဲ့သည့္ ဇန္နဝါရီ(၅)ရက္က မူဆယ္ၿမိဳ႕သို႔ မဂၤလာပြဲေဖ်ာ္ေျဖ ရန္သြား ေရာက္ခဲ့ၿပီး ဇန္နဝါရီလ (၆)ရက္တြင္ ပြဲက်င္း ပမည့္ေနရာသို႔ ၾကည့္ရႈျပင္ဆင္ရန္သြားေရာက္စဥ္ လူ(၄)ဦးကျပန္ေပး ဆြဲကာ အြန္လိုင္း ေငြလိမ္လုပ္ငန္း တစ္ခုသို႔ပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါျဖစ္စဥ္ကို မူဆယ္ၿမိဳ႕နယ္ျမခံရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ရာ မူဆယ္ၿမိဳ႕ ဟိုမြန္ရပ္ ကြက္ရွိ ေနအိမ္ၿခံဝင္းအတြင္းမွ ျပန္ေပး ဆြဲေငြေတာင္းခံရာတြင္ပါဝင္သူ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီး စပ္သူကဆိုသည္။
“ဖမ္းမိတာက ဇန္နဝါရီ (၂၂) ရက္ကပါ။ ကိုရွင္မင္းျမတ္ကို သူ႔ Wechat ကေန ၿပီးေတာ့ အခင္းျဖစ္တဲ့အေန အထားေလးေတြ။ သံသယျဖစ္ဖြယ္အိမ္ရဲ႕ၿခံဝင္းထဲက အေနအထားေလးေတြ။ ၿခံဝင္းထဲမွာရွိတဲ့အေဆာက္အအုံရဲ႕ အေနအထားေလးေတြကို ျပတာေပါ့ေနာ္။ အဲဒီကေန အတည္ျပဳခ်က္ယူၿပီးေတာ့မွ သူတို႔ကို ေခၚယူစစ္ေဆးတယ္။ ေခၚယူစစ္ေဆးတဲ့အခါမွာ စစ္ေဆးခ်က္အရ ေဖာ္ထုတ္သိရွိရတာေပါ့”ဟု ၎ကေျပာသည္။
ျပန္ေပးဆြဲမႈႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားႏွင့္ အခင္းျဖစ္ေနရာကို ရွာေဖြေဖာ္ထုတ္ရာတြင္ အဆိုေတာ္ ရွင္မင္းျမတ္တည္းခိုခဲ့သည့္ ေဟာ္ရွင္း ဟိုတယ္ႏွင့္ မူဆယ္ၿမိဳ႕အတြင္းရွိ CCTV မွတ္တမ္း အခ်ိဳ႕မွလည္း စုံစမ္းခဲ့ရျခင္း ျဖစ္ေၾကာင္း ၎ကဆိုသည္။
“အဲဒီမွာ မူဆယ္ၿမိဳ႕မွာရွိတဲ့ ရပ္ကြက္ (၇) ၿခံဝင္းကို စုံစမ္းရွာေဖြခဲ့တာေပါ့။ အဲဒီမွာ ပဏာမ ထူး ျခားမႈမရွိဘူး ဆိုေပမယ့္ က်ဴးလြန္ျခင္းခံရတဲ့သူ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံရတဲ့ေနရာေတြ ပတ္ဝန္းက်င္ေတြ၊ သူၾကားသိျမင္ရတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္ သက္ၿပီး တိုက္ဆိုင္ၿပီးေတာ့ စစ္ေဆးတဲ့အခါမွာ ေပၚေပါက္ခဲ့တာေပါ့”ဟု ၎က ဆက္ေျပာ သည္။
ယင္းျဖစ္စဥ္တြင္ ျပန္ေပးဆြဲခဲ့သူ (၄) ဦး ဟုသိရၿပီး တစ္ဦးမွာ ျပည္သူ႔စစ္၊ က်န္ႏွစ္ဦးမွာ ယူနန္-ျမန္မာစကား ေျပာႏိုင္သူႏွင့္ က်န္တစ္ဦးမွာ ကိုးကန႔္လူမ်ိဳးျဖစ္ေၾကာင္း အဆိုေတာ္ရွင္မင္းျမတ္က လူမႈကြန္ရက္တြင္တင္ထားသည့္ ျမန္မာႏိုင္ငံရဲတပ္ ဖြဲ႕သို႔ တိုင္ၾကားထားသည့္စာအရသိရသည္။
လက္ရွိဖမ္းဆီးရမိထားသူ (၂)ဦးသည္ ျပန္ေပးဂိုဏ္း၏ ေအာက္ဆြဲတပည့္လက္ပြားမ်ားသာ ျဖစ္ၿပီး ျပန္ေပးဆြဲမႈအတြင္း ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ား ပါဝင္မႈရွိမရွိႏွင့္ပတ္သက္၍ ဆက္လက္ စစ္ေဆးေဖာ္ ထုတ္ေနဆဲျဖစ္ ေၾကာင္း အထက္ပါသတင္းရင္းျမစ္ ကဆိုသည္။
“အဓိကတရားခံေတြကေတာ့ ပ်ံ႕ေနတာ ေပါ့ေနာ္။ တခ်ိဳ႕ကလည္းမႏၲေလးမွာရွိသလို တခ်ိဳ႕ကလည္း ျမစ္ႀကီး နားနဲ႔တခ်ိဳ႕ကလည္း ကြမ္းလုံဘက္ ကိုေရာက္ေနတယ္လို႔သိရွိတယ္ဗ်။ မသမာတဲ့လက္ နက္ကိုင္အဖြဲ႕အစည္းကလည္း ျပည္သူ႔စစ္အေယာင္ ေဆာင္ၿပီးတာ့ မူဆယ္ၿမိဳ႕ထဲမွာပဲ လွ်ိဳ႕ဝွက္ၿပီးေတာ့ လုပ္ႏိုင္တဲ့အပိုင္းေတြလည္းရွိႏိုင္တာေပါ့။ ဒီအဖြဲ႕ထဲမွာ ျပည္သူ႔စစ္ဟုတ္မဟုတ္ဆိုတာကိုေတာ့ ဖမ္းဆီးရမိတဲ့လူေတြရဲ႕အခ်က္အလက္ေတြ။ ထြက္ေျပး လြတ္ ေျမာက္ေနတဲ့လူေတြရဲ႕ ျပည္သူ႔စစ္စာရင္းထဲမွာ ပါဝင္မႈရွိမရွိ၊ မွတ္တမ္းထဲမွာ ပါဝင္မႈရွိမရွိကေတာ့ တိုက္ဆိုင္စစ္ ေဆးေနတာေပါ့”ဟု အထက္ပါသတင္း ရင္းျမစ္ကေျပာသည္။
ထို႔ျပင္ ျပန္ေပးဆြဲမႈႏွင့္ပတ္သက္၍ အဆိုေတာ္ရွင္မင္းျမတ္က ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းၿမိဳ႕မ ရဲစခန္း တြင္ တိုင္ခ်က္ဖြင့္ထားသည့္အတြက္အမႈတြဲကို မူဆယ္ၿမိဳ႕သို႔ပို႔ေဆာင္ကာ က်ဴးလြန္ရာတြင္ ပါဝင္သူမ်ားကို ဆက္လက္စုံစမ္း အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ဒါက ရဲတပ္ဖြဲ႕ရဲ႕ေအာင္ျမင္မႈတစ္ခုလို႔ ေျပာလို႔ရတာေပါ့။ ဒီျဖစ္စဥ္က ကြၽန္ေတာ္တို႔ျမန္မာ ႏိုင္ငံမွာ နာမည္ႀကီး ေနတဲ့ျဖစ္စဥ္တစ္ခု။ ျဖစ္စဥ္က မွန္ကန္မႈရွိမရွိဆိုတာ ဘယ္သူမွ ဆုံးျဖတ္ႏိုင္ျခင္းမရွိ တဲ့အေျခအေနမ်ိဳးမွာ ေဖာ္ထုတ္ ႏိုင္တယ္။ လက္ရွိမွာလည္း ဒီအမႈနဲ႔ပတ္သက္ၿပီး ရန္ကင္းၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္ထားတာရွိတယ္။ အမႈျဖစ္တာက မူဆယ္မွာ ျဖစ္တဲ့အတြက္ အမႈတြဲကိုေတာ့ မူဆယ္ကိုလႊဲေျပာင္းတာေပါ့” ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။