“ မြန်မာ့အရေးအတွက် မြန်မာအနုပညာရှင်တွေ ပူးပေါင်းပါဝင်ခြင်း ရှိ/မရှိ ’’

 510

အိဖြူ (NP News) - ဇန်နဝါရီ ၂၄

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “မြန်မာ့အရေးအတွက် မြန်မာအနုပညာရှင် တွေ ပူးပေါင်းပါဝင်ခြင်း ရှိ/မရှိ၊ ဇာတ်မင်းသားနှစ်ဦးရဲ့ကံ-စန်းတက်ချိန်နဲ့ သင်ဇာဝင့်ကျော် အမှုရင်ဆိုင်ရနိုင်” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

မြန်မာ့အရေးအတွက် မြန်မာအနုပညာရှင်တွေ ပူးပေါင်းပါဝင်ခြင်း ရှိ/မရှိ
လက်ရှိ ICJ တရားရုံးမှာ မြန်မာနိုင်ငံ ရင်ဆိုင်ဖြေရှင်းနေရတဲ့အမှုကိစ္စနဲ့ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က ၎င်းကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေကိုပြောပြရင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိကြောင်းနဲ့ မောင်တောဒေသဖြစ်စဉ်တွေကို ဘယ်သူတွေက စတင်ခဲ့သလဲဆိုတာ ဓာတ်ပုံသက်သေတွေနဲ့တကွ ထုတ်ဖော်ပြောပြ သွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်က “ကျွန်တော်တို့နိုင်ငံကြီးကို ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက်/လူမျိုးတုံးသတ်ဖြတ်မှုဆိုပြီး တရားစွဲထားတာနဲ့ပတ်သက်လို့ ကျွန်တော်ပြောပြစရာရှိ လာလို့ပါ။ ဒီကိစ္စက ဘယ်ကစခဲ့သလဲ၊ ဘယ်သူတွေက စခဲ့သလဲ၊ ဘယ်မှာ ဖြစ်ခဲ့တာလဲ။ လူမျိုးတုံးသတ်ဖြတ်မှုဆိုပြီး တရားစွဲထားတာ နဲ့ပတ်သက်လို့ မောင်တောမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို ကျွန်တော်က သွားရောက်ကူညီခဲ့သူတစ်ဦး အနေနဲ့ မြင်တွေ့ခဲ့ရတာ တွေ၊ မောင်တောဒေသမှာ ဘယ်သူတွေကစပြီး ဒီလိုပြုမူခဲ့တယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အန္တရာယ်တွေကို ပြောပြချင် တယ်” လို့ ဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ (၂၀၁၂) ခုနှစ်က ဘာသာခြားအရေးအခင်းဖြစ်ပွားခဲ့ပြီး၊ (၂၀၁၆-၂၀၁၇) ခုနှစ်က ဘူးသီးတောင်၊ မောင်တောဒေသမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြန်မာနိုင်ငံနဲ့ပတ်သက် ဆက်နွယ်မှု မရှိတဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
ဝေဠုကျော်က အဆိုပါခုနှစ်က မောင်တောဖြစ်စဉ်ဖြစ်ပွားမှုပြီးပြီချင်း (၅) ရက်အတွင်း ၎င်းအပါအဝင် သူငယ်ချင်းနှစ်ဦးနဲ့အတူ စစ်တွေမြို့မှ စာရေးဆရာ ဝေဟင်အောင်၊ အမ်းမြို့နေထိုင်သူတစ်ဦးတို့ နဲ့အတူ အဆိုပါဒေသကို အစောဆုံး ရောက်ရှိသွားခဲ့တဲ့ ပထမဆုံးအသုတ်ထဲ ပါဝင်ခဲ့သူတွေဖြစ်ခဲ့ပြီး၊ အချိန်အကြာဆုံး နေထိုင်ကူညီခဲ့သူတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။ ၎င်းတို့အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်တောမြို့ရှိ ကြိမ်စည်၊ ကြိမ်ချောင်းက ဒုက္ခသည်တွေကို ကယ်ထုတ်ပေးခဲ့ခြင်း၊ နယ်စပ်စည်းရိုးမှာရှိတဲ့ ရခိုင်ပြည်နယ် မြောက်ဖျားပိုင်း မောင်တောခရိုင်မှာ တောင်ပြိုလက်ဝဲ မြို့မှာရှိတဲ့ ရွာတွေအထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်သူတွေဖြစ်ခဲ့ကြောင်း ပြောပြခဲ့ ပါတယ်။ အများပြည်သူအားလုံးရှိစေနိုင်စေဖို့ အဲဒီအချိန်က သိရှိခဲ့တဲ့အကြောင်းအရာအသေးစိတ်နဲ့ မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိမှာလည်း ၎င်းရဲ့ကိုယ်ပိုင်လူမှုကွန်ရက်ပလက်ဖောင်းကတစ်ဆင့် မောင်တောဖြစ်စဥ်အကြောင်းကို အပိုင်းလိုက် ပြောပြလျက်ရှိနေပါတယ်။ ဝေဠုကျော်နည်းတူ လူထုအပေါ် လွှမ်းမိုးမှုအားကောင်းတဲ့ အနုပညာရှင်တွေ အနေနဲ့လည်း ဆိုရှယ်လူမှုကွန်ရက် ပလက်ဖောင်းကို အသုံးချကာ မြန်မာနိုင်ငံ၊ မြန်မာတိုင်းရင်းသား တွေနဲ့ ရခိုင်ပြည်နယ်နေ ရခိုင်တိုင်းရင်းသားတွေအတွက်ရှေးရှုပြီး ICJ မှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအပေါ် အားပေး ထောက်ခံကြောင်း ထုတ်ဖော်ပြသဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံလိုနိုင်ငံတစ်ခုက မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်တယ်လို့ စွပ်စွဲပြောဆိုမှုဟာ တိုင်းရင်းသားလူမျိုးတစ်စု၊ အုပ်ချုပ်သူ လူပုဂ္ဂိုလ်ခေါင်းဆောင်တစ်ဦးကိုသာ ရည်ရွယ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားရေးအကျိုးစီးပွားအပြင် မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်း သာဖြစ်တာကို မြန်မာနိုင်ငံသားအားလုံး သတိပြုချိန်တန်ပြီဖြစ်ပါတယ်။
အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂမ်ဘီယာက (၂၀၁၉) ခုနှစ်မှာ မြန်မာနိုင်ငံကို ဂျီနိုဆိုက်ကျူး လွန်တဲ့ နိုင်ငံအဖြစ် စွပ်စွဲခဲ့ပြီး၊ ICJ မှာ တရားစွဲဆိုခဲ့တာကြောင့် (၂၀၁၉) ခုနှစ် ဒီဇင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ICJ မှာ ပထမဆုံး တရားကြားနာခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ အမှုအတွက် နောက်ဆက်တွဲဖြေရှင်းမှုများအဖြစ် (၂၀၂၆) ခုနှစ် ဇန်နဝါရီလ၊ (၁၂) ရက်မှ (၂၉) ရက်နေ့အထိ နှစ်ဖက် နိုင်ငံက နှုတ်နဲ့ လျှောက်လဲကြားနာမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဇန်နဝါရီလ (၁၂) ရက်မှ (၁၅) ရက်အထိ ဂမ်ဘီယာက လျှောက်လဲခဲ့ပြီး၊ ဇန်နဝါရီလ (၁၆) ရက်မှ (၂၀) ရက်အထိ မြန်မာက ပြန်လည်ချေပလျှောက်လဲခဲ့ခြင်းဖြစ်ပါတယ်။ ရှေ့ရက်တွေက အများပြည်သူရှေ့ ကြားနာပွဲတွေဖြစ်ခဲ့ပေမယ့် ဇန်နဝါရီလ၊ (၂၁) မှ (၂၃) ရက်အထိ သက်သေတွေ ကိုစစ်မေးမှုမှာ တံခါးပိတ်စစ် ဆေးသွားမှာဖြစ်ပါတယ်။ ဒုတိယပိုင်း စစ်မေးမှုအဖြစ် ဇန်နဝါရီလ၊ (၂၆) နဲ့ (၂၇) ရက်တို့မှာ ဂမ်ဘီယာဘက်က ပြန်လျှောက်လဲမှာဖြစ်ပြီး၊ ဇန်နဝါရီလ (၂၈) နဲ့ (၂၉) ရက်တို့မှာ မြန်မာဘက်က အပြီးသတ်ပြန်လည် လျှောက်လဲရမှာဖြစ်ပါတယ်။

ဇာတ်မင်းသားနှစ်ဦးရဲ့ ကံ-စန်းတက်ချိန်နဲ့အတူ အဖျက်ဝင်ခြင်း
လတ်တလော လူမှုကွန်ရက်ပလက်ဖောင်းများထက် ဇာတ်မင်းသားနှစ်ဦးရဲ့အောင်မြင်မှုတွေက အားပြိုင်ခဲ့ရာ ဇာတ်မင်းသားအောင်ဇမ္ဗူက “ကလေး သူငယ်ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာပြုမူခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ရဲ့ခေါ်ယူစစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး၊ ဇာတ်မင်းသား စမ်းရေမိုးကတော့ ဆရာဖြစ်သူက ပွဲလာကြည့်ရှုသူပရိသတ်ကို ပိုက်ဆံတစ်သောင်းပြန်အမ်းကာ ပွဲအတွင်းက နှင်ထုတ်ခဲ့ တဲ့လုပ်ရပ်နဲ့ ဉာဏ်ရည်နိမ့်ပါးသူအဖြစ် ပြောဆိုဆက်ဆံခဲ့တဲ့ လုပ်ရပ်တွေကြောင့် စမ်းရေမိုးရဲ့အောင်မြင်မှု လမ်းကြောင်း ကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုခံခဲ့ရပါတယ်။
အောင်ဇမ္ဗူတို့ ဇာတ်အဖွဲ့ဟာ နှစ်ပါးသွားအစီအစဉ်ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်စေတဲ့ မဖွယ်မရာအပြုအမူနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို) Page ကိုလည်းကောင်း၊ ဗဟိုသဘင်အလုပ်အမှုဆောင်များထံ လည်းကောင်း တိုင်ကြားမှုများ လက်ခံရရှိခဲ့တာကြောင့် အဆိုပါဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးက (၂၀-၁-၂၀၂၆) ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပေမယ့် ကလေးငယ်ရဲ့မိခင်ကိုယ်တိုင်ကကြည်ဖြူခဲ့ပြီး အောင်ဇမ္ဗူနဲ့ ၎င်းတို့ဇာတ် အဖွဲ့ကို အပြစ်မမြင်ကြောင်း ပြောခဲ့ပါတယ်။ ဇာတ်မင်းသား အောင်ဇမ္ဗူအနေနဲ့ “အောင်ဇမ္ဗူ ဇာတ်သဘင်မှာ ဖြစ်ပွားခဲ့တဲ့ သတိလက်လွတ်ပြုမိခဲ့တဲ့အမှားတစ်ခုအတွက် အများစိတ်မချမ်းမြေ့ဖြစ်ခဲ့ရခြင်းအပေါ် များစွာစိတ် မကောင်းဖြစ်ရပါတယ်ခင်ဗျာ။ ကာယကံရှင်မိသားစုအပေါ် သိက္ခာကျစေလိုတဲ့ နစ်နာစေလိုတဲ့စိတ်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါခင်ဗျာ။ ဖြစ်ရပ်အပေါ် ကာယကံရှင်မိသားစုက ကြည်ဖြူစွာ လက်ခံထားရှိပြီးဖြစ် ပေမယ့်လည်း ထပ်မံဆက်သွယ်ကာ တောင်းပန်စကား ပြောထားပြီးကြောင်းပါခင်ဗျာ။ ဖြစ်ရပ်အပေါ် မေတ္တာ စေတနာ များရှေ့ထားပြီး သတိပေးလမ်းပြပေးခဲ့ သူများကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အများစိတ်မချမ်းမြေ့ဖြစ်ခဲ့ ရခြင်းအပေါ် အားလုံးရဲ့ကိုယ်စား ကျွန်တော်မှ အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ’’ လို့ ၎င်းရဲ့လူမှုကွန်ရက် အကောင့်မှာ ရေးသားထားခြင်း ဖြစ်ပါတယ်။ တချိန်က ဇာတ်မင်းသား ဖိုးချစ်ကိုယ်တိုင် ‘ချစ်ကိုသား ချစ်မွှေးလေး’ဆိုပြီး ကလေးငယ်ကို လူရွှင်တော်က ပွေ့ချီရင်း ဟာသပြက်လုံးထုတ် ကပြဖျော်ဖြေခဲ့ဖူးပါတယ်။ အဆိုပါဖြစ်စဉ်ကိုလည်း လူအများက ထောက်ပြခဲ့ကြပြီး၊ နောက်နောင် ဆင်ခြင်ဖို့သာ မှတ်ချက်ပြုခဲ့ကြပြီး တာဝန်ရှိသူများအနေနဲ့အပြစ်မယူ စေလိုကြောင်း ရေးသား ဖော်ပြခဲ့ကြပါတယ်။
သဘင်အစည်းအရုံးဥက္ကဋ္ဌ ဖိုးချစ်က မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ရဲ့သတ်မှတ်စည်းမျဥ်းစည်းကမ်းများအရလို့ ဆိုကာ အဆိုပါဇာတ်အဖွဲ့ကို ပြင်းထန်စွာသတိပေးလိုက်ကြောင်း ၂၂-၁-၂ဝ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

Sexy Dance ကပြဖျော်ဖြေခဲ့တဲ့ သင်ဇာဝင့်ကျော် ဘာဆက်ဖြစ်နိုင်လဲ
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ Dancer အဖွဲ့ဝင်တွေကို ကမာရွတ်မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူး ဘတိုးက တရားလို ပြုလုပ်ကာ (ပ) ၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၄၉(က)/၁၁၄ အရ ဇန်နဝါရီလ (၁၈) ရက်က တရားစွဲဆိုခဲ့တာပါ။ သင်ဇာဝင့်ကျော် အခုလို Sexy Dance ကပြဖျော်ဖြေခဲ့တဲ့ မြင်ကွင်းရုပ်သံတွေ လူမှုကွန်ရက်ပလက် ဖောင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းဟာ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့အချက်အပါအဝင် ၎င်းရဲ့ဖျော် ဖြေမှုဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ဆန့် ကျင်တဲ့ အများပြည်သူအမြင်မတင့်တယ်ဖွယ်ရာအဝတ်အစားဝတ်ဆင်ပြီး လိင်ပိုင်းဆိုင်ရာအသားပေး ညစ်ညမ်းအကတွေနဲ့ ကပြဖျော်ဖြေသရုပ်ဆောင်ခဲ့တဲ့အပြင် ပွဲကျင်းပ ခွင့်ပြုမိန့်တင်ပြ တောင်းခံတာမရှိခဲ့တာကြောင့် ကမာရွတ်မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူး ဘတိုးက တရားလို ပြုလုပ်ကာ ရုပ်ရှင် သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ အကအဖွဲ့ကို တရားလိုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ကမာရွတ်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၄၅၉)ရှိ Novotel Hotel Yangon Ballroom ခန်းမတွင် ဇန်နဝါရီလ၊ (၁၅) ရက်က ညနေ (၅) နာရီမှ ည (၁၀) နာရီ မိနစ် (၃၀) အချိန်ခန့်ထိ ‘Cloud Seven Production & Entertainment’ Founder & CEO ဖြစ်သူ ကိုဇွဲခန့်အောင်၏ မွေးနေ့ပွဲနှင့် ရုပ်ရှင်ဇာတ်ကား အနုပညာ ရှင်တွေ၏ ကဏ္ဍမိတ်ဆက်ပွဲကျင်းပရာမှာ ပွဲလမ်းသဘင်ပြုလုပ်ရန်အတွက် သက်ဆိုင်ရာဌာနများထံ ပွဲကျင်းပ ခွင့်ပြုမိန့် တင်ပြတောင်းခံခဲ့ခြင်းလည်း မရှိခဲ့ကြောင်း’ သတင်းထုတ်ပြန်ထားပါတယ်။ သင်ဇာဝင့်ကျော်ဟာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဝက်ဘ်ဆိုက်မှာ အခကြေးငွေရယူပြီး လိင်အသားပေးဓာတ်ပုံ၊ ဗီဒီယိုဖိုင်တင်ခဲ့တာကြောင့် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ – (က) နဲ့ (၂၀၂၂) ခုနှစ်၊ ဩဂုတ်လမှာ ဖမ်းဆီးထိန်းသိမ်း အရေးယူခံခဲ့ရပြီး၊ အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရတာဖြစ်ပါတယ်။
ပြစ်ဒဏ်ခံယူပြီး (၂) နှစ်ကျော်အကြာ (၂၀၂၅) ခုနှစ် ဇန်နဝါရီ(၄)ရက် (လွတ်လပ်ရေးနေ့)မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်နှစ်အကြာမှာ အခုလိုဖြစ်ရပ်ထပ်မံဖြစ်ပွားခဲ့ တာကြောင့် ၎င်းရဲ့ပရိသတ်တွေက သင်ဇာဝင့်ကျော်အတွက် စိုးရိမ်ပေးနေကြကာ ခေါ်ယူသတိပေးအဆင့် လောက်နဲ့အမှုကို ပြီးစီးစေလိုကြောင်း အလေးပေးရေးသားနေကြတာကိုလည်း သတိပြုမိပါတယ်။
သင်ဇာဝင့်ကျော်အနေနဲ့ တရားလိုပြုလုပ်တိုင်တန်းသူအပါအဝင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တို့နဲ့ ဘယ်လို ဘယ်ပုံစံ ညှိနှိုင်းဖြေရှင်းသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့နားခွင့်ပြုပါ။

Zawgyi Version;
“ ျမန္မာ့အေရးအတြက္ ျမန္မာအႏုပညာရွင္ေတြ ပူးေပါင္းပါဝင္ျခင္း ရွိ/မရွိ ’’
အိျဖဴ (NP News) - ဇန္နဝါရီ ၂၄

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ျမန္မာ့အေရးအတြက္ ျမန္မာအႏုပညာရွင္ ေတြ ပူးေပါင္းပါဝင္ျခင္း ရွိ/မရွိ၊ ဇာတ္မင္းသားႏွစ္ဦးရဲ႕ကံ-စန္းတက္ခ်ိန္နဲ႔ သင္ဇာဝင့္ေက်ာ္ အမႈရင္ဆိုင္ရႏိုင္” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

ျမန္မာ့အေရးအတြက္ ျမန္မာအႏုပညာရွင္ေတြ ပူးေပါင္းပါဝင္ျခင္း ရွိ/မရွိ
လက္ရွိ ICJ တရား႐ုံးမွာ ျမန္မာႏိုင္ငံ ရင္ဆိုင္ေျဖရွင္းေနရတဲ့အမႈကိစၥနဲ႔ပတ္သက္ၿပီး ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္က ၎ႀကဳံေတြ႕ခဲ့ရတဲ့ျဖစ္စဥ္ေတြကိုေျပာျပရင္း ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာလူမ်ိဳးဆိုတာ မရွိေၾကာင္းနဲ႔ ေမာင္ေတာေဒသျဖစ္စဥ္ေတြကို ဘယ္သူေတြက စတင္ခဲ့သလဲဆိုတာ ဓာတ္ပုံသက္ေသေတြနဲ႔တကြ ထုတ္ေဖာ္ေျပာျပ သြားမွာျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားခဲ့ပါတယ္။
ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းဥကၠ႒ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေဝဠဳေက်ာ္က “ကြၽန္ေတာ္တို႔ႏိုင္ငံႀကီးကို ဂမ္ဘီယာႏိုင္ငံက ဂ်ီႏိုဆိုက္/လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုၿပီး တရားစြဲထားတာနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္ေျပာျပစရာရွိ လာလို႔ပါ။ ဒီကိစၥက ဘယ္ကစခဲ့သလဲ၊ ဘယ္သူေတြက စခဲ့သလဲ၊ ဘယ္မွာ ျဖစ္ခဲ့တာလဲ။ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုၿပီး တရားစြဲထားတာ နဲ႔ပတ္သက္လို႔ ေမာင္ေတာမွာျဖစ္ခဲ့တဲ့ျဖစ္စဥ္ကို ကြၽန္ေတာ္က သြားေရာက္ကူညီခဲ့သူတစ္ဦး အေနနဲ႔ ျမင္ေတြ႕ခဲ့ရတာ ေတြ၊ ေမာင္ေတာေဒသမွာ ဘယ္သူေတြကစၿပီး ဒီလိုျပဳမူခဲ့တယ္။ ကိုယ္တိုင္ႀကဳံခဲ့ရတဲ့ အႏၲရာယ္ေတြကို ေျပာျပခ်င္ တယ္” လို႔ ဆိုခဲ့ပါတယ္။
ရခိုင္ျပည္နယ္မွာ (၂၀၁၂) ခုႏွစ္က ဘာသာျခားအေရးအခင္းျဖစ္ပြားခဲ့ၿပီး၊ (၂၀၁၆-၂၀၁၇) ခုႏွစ္က ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာျဖစ္ခဲ့တဲ့ျဖစ္ရပ္ကို လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ ဆက္ႏြယ္မႈ မရွိတဲ့ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုခဲ့ျခင္းျဖစ္ပါတယ္။
ေဝဠဳေက်ာ္က အဆိုပါခုႏွစ္က ေမာင္ေတာျဖစ္စဥ္ျဖစ္ပြားမႈၿပီးၿပီခ်င္း (၅) ရက္အတြင္း ၎အပါအဝင္ သူငယ္ခ်င္းႏွစ္ဦးနဲ႔အတူ စစ္ေတြၿမိဳ႕မွ စာေရးဆရာ ေဝဟင္ေအာင္၊ အမ္းၿမိဳ႕ေနထိုင္သူတစ္ဦးတို႔ နဲ႔အတူ အဆိုပါေဒသကို အေစာဆုံး ေရာက္ရွိသြားခဲ့တဲ့ ပထမဆုံးအသုတ္ထဲ ပါဝင္ခဲ့သူေတြျဖစ္ခဲ့ၿပီး၊ အခ်ိန္အၾကာဆုံး ေနထိုင္ကူညီခဲ့သူေတြ ျဖစ္တယ္လို႔ သိရွိရပါတယ္။ ၎တို႔အဖြဲ႕ဟာ ဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕ရွိ ႀကိမ္စည္၊ ႀကိမ္ေခ်ာင္းက ဒုကၡသည္ေတြကို ကယ္ထုတ္ေပးခဲ့ျခင္း၊ နယ္စပ္စည္း႐ိုးမွာရွိတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဖ်ားပိုင္း ေမာင္ေတာခ႐ိုင္မွာ ေတာင္ၿပိဳလက္ဝဲ ၿမိဳ႕မွာရွိတဲ့ ႐ြာေတြအထိ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြကို ကိုယ္တိုင္ပါဝင္လုပ္ေဆာင္သူေတြျဖစ္ခဲ့ေၾကာင္း ေျပာျပခဲ့ ပါတယ္။ အမ်ားျပည္သူအားလုံးရွိေစႏိုင္ေစဖို႔ အဲဒီအခ်ိန္က သိရွိခဲ့တဲ့အေၾကာင္းအရာအေသးစိတ္နဲ႔ မွတ္တမ္းဓာတ္ပုံမ်ားကိုလည္း ေဖာ္ျပေပးသြားမွာျဖစ္ေၾကာင္း၊ လက္ရွိမွာလည္း ၎ရဲ႕ကိုယ္ပိုင္လူမႈကြန္ရက္ပလက္ေဖာင္းကတစ္ဆင့္ ေမာင္ေတာျဖစ္စဥ္အေၾကာင္းကို အပိုင္းလိုက္ ေျပာျပလ်က္ရွိေနပါတယ္။ ေဝဠဳေက်ာ္နည္းတူ လူထုအေပၚ လႊမ္းမိုးမႈအားေကာင္းတဲ့ အႏုပညာရွင္ေတြ အေနနဲ႔လည္း ဆိုရွယ္လူမႈကြန္ရက္ ပလက္ေဖာင္းကို အသုံးခ်ကာ ျမန္မာႏိုင္ငံ၊ ျမန္မာတိုင္းရင္းသား ေတြနဲ႔ ရခိုင္ျပည္နယ္ေန ရခိုင္တိုင္းရင္းသားေတြအတြက္ေရွးရႈၿပီး ICJ မွာ ရင္ဆိုင္ေျဖရွင္းေနရတဲ့ တာဝန္ရွိပုဂၢိဳလ္ေတြအေပၚ အားေပး ေထာက္ခံေၾကာင္း ထုတ္ေဖာ္ျပသဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။ ဂမ္ဘီယာႏိုင္ငံလိုႏိုင္ငံတစ္ခုက ျမန္မာႏိုင္ငံကို လူမ်ိဳးတုံး သတ္ျဖတ္တယ္လို႔ စြပ္စြဲေျပာဆိုမႈဟာ တိုင္းရင္းသားလူမ်ိဳးတစ္စု၊ အုပ္ခ်ဳပ္သူ လူပုဂၢိဳလ္ေခါင္းေဆာင္တစ္ဦးကိုသာ ရည္႐ြယ္ျခင္းမ်ိဳးမဟုတ္ဘဲ အမ်ိဳးသားေရးအက်ိဳးစီးပြားအျပင္ မိမိတို႔ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားျခင္း သာျဖစ္တာကို ျမန္မာႏိုင္ငံသားအားလုံး သတိျပဳခ်ိန္တန္ၿပီျဖစ္ပါတယ္။
အေနာက္အာဖရိကႏိုင္ငံတစ္ခုျဖစ္တဲ့ ဂမ္ဘီယာက (၂၀၁၉) ခုႏွစ္မွာ ျမန္မာႏိုင္ငံကို ဂ်ီႏိုဆိုက္က်ဴး လြန္တဲ့ ႏိုင္ငံအျဖစ္ စြပ္စြဲခဲ့ၿပီး၊ ICJ မွာ တရားစြဲဆိုခဲ့တာေၾကာင့္ (၂၀၁၉) ခုႏွစ္ ဒီဇင္ဘာလမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕က ICJ မွာ ပထမဆုံး တရားၾကားနာခဲ့ျခင္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အဆိုပါ အမႈအတြက္ ေနာက္ဆက္တြဲေျဖရွင္းမႈမ်ားအျဖစ္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ၊ (၁၂) ရက္မွ (၂၉) ရက္ေန႔အထိ ႏွစ္ဖက္ ႏိုင္ငံက ႏႈတ္နဲ႔ ေလွ်ာက္လဲၾကားနာမႈေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။ ဇန္နဝါရီလ (၁၂) ရက္မွ (၁၅) ရက္အထိ ဂမ္ဘီယာက ေလွ်ာက္လဲခဲ့ၿပီး၊ ဇန္နဝါရီလ (၁၆) ရက္မွ (၂၀) ရက္အထိ ျမန္မာက ျပန္လည္ေခ်ပေလွ်ာက္လဲခဲ့ျခင္းျဖစ္ပါတယ္။ ေရွ႕ရက္ေတြက အမ်ားျပည္သူေရွ႕ ၾကားနာပြဲေတြျဖစ္ခဲ့ေပမယ့္ ဇန္နဝါရီလ၊ (၂၁) မွ (၂၃) ရက္အထိ သက္ေသေတြ ကိုစစ္ေမးမႈမွာ တံခါးပိတ္စစ္ ေဆးသြားမွာျဖစ္ပါတယ္။ ဒုတိယပိုင္း စစ္ေမးမႈအျဖစ္ ဇန္နဝါရီလ၊ (၂၆) နဲ႔ (၂၇) ရက္တို႔မွာ ဂမ္ဘီယာဘက္က ျပန္ေလွ်ာက္လဲမွာျဖစ္ၿပီး၊ ဇန္နဝါရီလ (၂၈) နဲ႔ (၂၉) ရက္တို႔မွာ ျမန္မာဘက္က အၿပီးသတ္ျပန္လည္ ေလွ်ာက္လဲရမွာျဖစ္ပါတယ္။

ဇာတ္မင္းသားႏွစ္ဦးရဲ႕ ကံ-စန္းတက္ခ်ိန္နဲ႔အတူ အဖ်က္ဝင္ျခင္း
လတ္တေလာ လူမႈကြန္ရက္ပလက္ေဖာင္းမ်ားထက္ ဇာတ္မင္းသားႏွစ္ဦးရဲ႕ေအာင္ျမင္မႈေတြက အားၿပိဳင္ခဲ့ရာ ဇာတ္မင္းသားေအာင္ဇမၺဴက “ကေလး သူငယ္ဂုဏ္သိကၡာႏွင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေစေသာ မဖြယ္မရာျပဳမူျခင္း” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို) ရဲ႕ေခၚယူစစ္ေဆးေမးျမန္းျခင္းကို ခံခဲ့ရၿပီး၊ ဇာတ္မင္းသား စမ္းေရမိုးကေတာ့ ဆရာျဖစ္သူက ပြဲလာၾကည့္ရႈသူပရိသတ္ကို ပိုက္ဆံတစ္ေသာင္းျပန္အမ္းကာ ပြဲအတြင္းက ႏွင္ထုတ္ခဲ့ တဲ့လုပ္ရပ္နဲ႔ ဉာဏ္ရည္နိမ့္ပါးသူအျဖစ္ ေျပာဆိုဆက္ဆံခဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ စမ္းေရမိုးရဲ႕ေအာင္ျမင္မႈ လမ္းေၾကာင္း ကို ထိခိုက္လာႏိုင္ေၾကာင္း ေျပာဆိုခံခဲ့ရပါတယ္။
ေအာင္ဇမၺဴတို႔ ဇာတ္အဖြဲ႕ဟာ ႏွစ္ပါးသြားအစီအစဥ္ေဖ်ာ္ေျဖစဥ္ ကေလးတစ္ဦးကို စင္ေပၚေခၚၿပီး ဂုဏ္သိကၡာနဲ႔ စိတ္ပိုင္းဆိုင္ရာထိခိုက္ေစတဲ့ မဖြယ္မရာအျပဳအမူနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံသဘင္အစည္း အ႐ုံး (ဗဟို) Page ကိုလည္းေကာင္း၊ ဗဟိုသဘင္အလုပ္အမႈေဆာင္မ်ားထံ လည္းေကာင္း တိုင္ၾကားမႈမ်ား လက္ခံရရွိခဲ့တာေၾကာင့္ အဆိုပါဇာတ္အဖြဲ႕ကို စုံစမ္းစိစစ္ေနေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးက (၂၀-၁-၂၀၂၆) ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္ခဲ့ ျခင္းျဖစ္ပါတယ္။
အဆိုပါျဖစ္စဥ္ျဖစ္ပြားခဲ့ေပမယ့္ ကေလးငယ္ရဲ႕မိခင္ကိုယ္တိုင္ကၾကည္ျဖဴခဲ့ၿပီး ေအာင္ဇမၺဴနဲ႔ ၎တို႔ဇာတ္ အဖြဲ႕ကို အျပစ္မျမင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဇာတ္မင္းသား ေအာင္ဇမၺဴအေနနဲ႔ “ေအာင္ဇမၺဴ ဇာတ္သဘင္မွာ ျဖစ္ပြားခဲ့တဲ့ သတိလက္လြတ္ျပဳမိခဲ့တဲ့အမွားတစ္ခုအတြက္ အမ်ားစိတ္မခ်မ္းေျမ့ျဖစ္ခဲ့ရျခင္းအေပၚ မ်ားစြာစိတ္ မေကာင္းျဖစ္ရပါတယ္ခင္ဗ်ာ။ ကာယကံရွင္မိသားစုအေပၚ သိကၡာက်ေစလိုတဲ့ နစ္နာေစလိုတဲ့စိတ္နဲ႔ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ျခင္း မဟုတ္ပါခင္ဗ်ာ။ ျဖစ္ရပ္အေပၚ ကာယကံရွင္မိသားစုက ၾကည္ျဖဴစြာ လက္ခံထားရွိၿပီးျဖစ္ ေပမယ့္လည္း ထပ္မံဆက္သြယ္ကာ ေတာင္းပန္စကား ေျပာထားၿပီးေၾကာင္းပါခင္ဗ်ာ။ ျဖစ္ရပ္အေပၚ ေမတၱာ ေစတနာ မ်ားေရွ႕ထားၿပီး သတိေပးလမ္းျပေပးခဲ့ သူမ်ားကိုလည္း အထူးေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ အမ်ားစိတ္မခ်မ္းေျမ့ျဖစ္ခဲ့ ရျခင္းအေပၚ အားလုံးရဲ႕ကိုယ္စား ကြၽန္ေတာ္မွ အႏူးအၫႊတ္ေတာင္းပန္အပ္ပါတယ္ခင္ဗ်ာ’’ လို႔ ၎ရဲ႕လူမႈကြန္ရက္ အေကာင့္မွာ ေရးသားထားျခင္း ျဖစ္ပါတယ္။ တခ်ိန္က ဇာတ္မင္းသား ဖိုးခ်စ္ကိုယ္တိုင္ ‘ခ်စ္ကိုသား ခ်စ္ေမႊးေလး’ဆိုၿပီး ကေလးငယ္ကို လူ႐ႊင္ေတာ္က ေပြ႕ခ်ီရင္း ဟာသျပက္လုံးထုတ္ ကျပေဖ်ာ္ေျဖခဲ့ဖူးပါတယ္။ အဆိုပါျဖစ္စဥ္ကိုလည္း လူအမ်ားက ေထာက္ျပခဲ့ၾကၿပီး၊ ေနာက္ေနာင္ ဆင္ျခင္ဖို႔သာ မွတ္ခ်က္ျပဳခဲ့ၾကၿပီး တာဝန္ရွိသူမ်ားအေနနဲ႔အျပစ္မယူ ေစလိုေၾကာင္း ေရးသား ေဖာ္ျပခဲ့ၾကပါတယ္။
သဘင္အစည္းအ႐ုံးဥကၠ႒ ဖိုးခ်စ္က ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)ရဲ႕သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားအရလို႔ ဆိုကာ အဆိုပါဇာတ္အဖြဲ႕ကို ျပင္းထန္စြာသတိေပးလိုက္ေၾကာင္း ၂၂-၁-၂ဝ၂၆ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။

Sexy Dance ကျပေဖ်ာ္ေျဖခဲ့တဲ့ သင္ဇာဝင့္ေက်ာ္ ဘာဆက္ျဖစ္ႏိုင္လဲ
႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္နဲ႔ Dancer အဖြဲ႕ဝင္ေတြကို ကမာ႐ြတ္ၿမိဳ႕မရဲစခန္း၊ စခန္းမႉး ဒုရဲမႉး ဘတိုးက တရားလို ျပဳလုပ္ကာ (ပ) ၆/၂၀၂၆၊ ရာဇသတ္ႀကီးပုဒ္မ ၂၄၉(က)/၁၁၄ အရ ဇန္နဝါရီလ (၁၈) ရက္က တရားစြဲဆိုခဲ့တာပါ။ သင္ဇာဝင့္ေက်ာ္ အခုလို Sexy Dance ကျပေဖ်ာ္ေျဖခဲ့တဲ့ ျမင္ကြင္း႐ုပ္သံေတြ လူမႈကြန္ရက္ပလက္ ေဖာင္းမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ၎ဟာ ထင္ရွားေက်ာ္ၾကားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္တဲ့အခ်က္အပါအဝင္ ၎ရဲ႕ေဖ်ာ္ ေျဖမႈဟာ ျမန္မာ့႐ိုးရာယဥ္ေက်းမႈနဲ႔ဆန႔္ က်င္တဲ့ အမ်ားျပည္သူအျမင္မတင့္တယ္ဖြယ္ရာအဝတ္အစားဝတ္ဆင္ၿပီး လိင္ပိုင္းဆိုင္ရာအသားေပး ညစ္ညမ္းအကေတြနဲ႔ ကျပေဖ်ာ္ေျဖသ႐ုပ္ေဆာင္ခဲ့တဲ့အျပင္ ပြဲက်င္းပ ခြင့္ျပဳမိန႔္တင္ျပ ေတာင္းခံတာမရွိခဲ့တာေၾကာင့္ ကမာ႐ြတ္ၿမိဳ႕မရဲစခန္း၊ စခန္းမႉး ဒုရဲမႉး ဘတိုးက တရားလို ျပဳလုပ္ကာ ႐ုပ္ရွင္ သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္နဲ႔ အကအဖြဲ႕ကို တရားလိုလုပ္ တိုင္တန္းခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
“ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္(၈) ရပ္ကြက္၊ ျပည္လမ္း၊ အမွတ္(၄၅၉)ရွိ Novotel Hotel Yangon Ballroom ခန္းမတြင္ ဇန္နဝါရီလ၊ (၁၅) ရက္က ညေန (၅) နာရီမွ ည (၁၀) နာရီ မိနစ္ (၃၀) အခ်ိန္ခန႔္ထိ ‘Cloud Seven Production & Entertainment’ Founder & CEO ျဖစ္သူ ကိုဇြဲခန႔္ေအာင္၏ ေမြးေန႔ပြဲႏွင့္ ႐ုပ္ရွင္ဇာတ္ကား အႏုပညာ ရွင္ေတြ၏ က႑မိတ္ဆက္ပြဲက်င္းပရာမွာ ပြဲလမ္းသဘင္ျပဳလုပ္ရန္အတြက္ သက္ဆိုင္ရာဌာနမ်ားထံ ပြဲက်င္းပ ခြင့္ျပဳမိန႔္ တင္ျပေတာင္းခံခဲ့ျခင္းလည္း မရွိခဲ့ေၾကာင္း’ သတင္းထုတ္ျပန္ထားပါတယ္။ သင္ဇာဝင့္ေက်ာ္ဟာ လိင္ပိုင္းဆိုင္ရာ ညစ္ညမ္းဝက္ဘ္ဆိုက္မွာ အခေၾကးေငြရယူၿပီး လိင္အသားေပးဓာတ္ပုံ၊ ဗီဒီယိုဖိုင္တင္ခဲ့တာေၾကာင့္ အီလက္ထ႐ြန္းနစ္ ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃ – (က) နဲ႔ (၂၀၂၂) ခုႏွစ္၊ ဩဂုတ္လမွာ ဖမ္းဆီးထိန္းသိမ္း အေရးယူခံခဲ့ရၿပီး၊ အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးက ေထာင္ဒဏ္ ငါးႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံ ခဲ့ရတာျဖစ္ပါတယ္။
ျပစ္ဒဏ္ခံယူၿပီး (၂) ႏွစ္ေက်ာ္အၾကာ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီ(၄)ရက္ (လြတ္လပ္ေရးေန႔)မွာ လြတ္ၿငိမ္း ခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္ခဲ့ျခင္းျဖစ္ပါတယ္။ တစ္ႏွစ္အၾကာမွာ အခုလိုျဖစ္ရပ္ထပ္မံျဖစ္ပြားခဲ့ တာေၾကာင့္ ၎ရဲ႕ပရိသတ္ေတြက သင္ဇာဝင့္ေက်ာ္အတြက္ စိုးရိမ္ေပးေနၾကကာ ေခၚယူသတိေပးအဆင့္ ေလာက္နဲ႔အမႈကို ၿပီးစီးေစလိုေၾကာင္း အေလးေပးေရးသားေနၾကတာကိုလည္း သတိျပဳမိပါတယ္။
သင္ဇာဝင့္ေက်ာ္အေနနဲ႔ တရားလိုျပဳလုပ္တိုင္တန္းသူအပါအဝင္ သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္တို႔နဲ႔ ဘယ္လို ဘယ္ပုံစံ ညႇိႏႈိင္းေျဖရွင္းသြားမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.