လွှတ်တော်ကို ဖျက်သိမ်းလိုက်ဟု ဂျပန်ဝန်ကြီးချုပ် ကြေညာ

155

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၄
ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီက ဇန်နဝါရီလ(၂၃)ရက်တွင် လွှတ်တော်ကိုဖျက်သိမ်းလိုက်ပြီး ရွေးကောက် ပွဲကို လာမည့်ဖေဖော်ဝါရီလ (၈)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ဂျပန်နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသော တာကိုင်ချီက ဂျပန်ပြည်သူများ ရှင်သန်နေထိုင်မှုစရိတ်ကြီးမြင့်ခြင်း ကိုလျှော့ချသွားမည်ဖြစ်သလို ကာကွယ်ရေးအသုံး စရိတ်ကို တိုးမြှင့်သုံးစွဲသွား မည်ဖြစ်ကြောင်း ကတိပြု ထားသည်။ တာကိုင်ချီက ရွေးကောက်ပွဲတွင် ၎င်း၏ပါတီအနိုင်ရခဲ့ပါက ကတိစကားများနှင့် လုပ်ပိုင်ခွင့် များအတိုင်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။
Tsukuba တက္ကသိုလ်မှ နိုင်ငံရေးပါ မောက္ခ တစ်ဦးဖြစ်သူ ဟီဒီဟီရိုယာမာမိုတိုက ‘‘တာကိုင်ချီဦး ဆောင်မယ့် ဂျပန်အစိုးရအဖွဲ့ကို ပြည်သူ တွေရဲ့ ထောက်ခံမှုများပြားမှု ရှိမရှိဆိုတာကို လက်ရှိအချိန်မှာ အတိအကျမသိရသေးဘူး။ ပြည်သူတွေဟာ တာကိုင်ချီရဲ့ (LDP) ပါတီကို အမှန်တကယ်ထောက် ခံမှု ရှိမရှိဆိုတာကို လက်ရှိအချိန်မှာ မပြောနိုင်သေး ဘူး}ဟုပြောသည်။
တာကိုင်ချီသည် ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူနိုင်ရန်အတွက် အောက်လွှတ်တော်ရှိ ကိုယ် စားလှယ်ပေါင်း (၄၆၅)ဦးအနက် တစ်ပါတီတည်းမှ ကိုယ်စားလှယ် အနည်းဆုံး(၂၃၃)ဦး သို့မဟုတ် ညွန့်ပေါင်းပါတီမှ ကိုယ်စားလှယ် (၂၃၃)ဦး၏ ထောက်ခံမှုရရှိရန်လိုအပ်ကြောင်းသိရသည်။ လွှတ်တော်ကို ဖျက်သိမ်းလိုက်သည့်အတွက် ဂျပန်နိုင်ငံရေး ပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရက် နည်းပါးခဲ့ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ တာကိုင်ချီသည် ပြီးခဲ့ သည့် (၂၀၂၅)ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး အဆိုပါလအတွင်းတွင် အခြားနိုင်ငံရေး ပါတီများ နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့ ကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ဂျပန်နိုင်ငံတွင် လက်ရှိအချိန်၌ ငွေကြေးပြဿနာများဖြစ်ပွားလျက်ရှိနေရာ တာကိုင်ချီသည် ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန် တာဝန်ယူခွင့်ရမည်ဆိုလျှင် အဆိုပါပြဿနာကို အဓိကရင်ဆိုင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲမဲ ဆွယ် စည်းရုံးချိန် နည်းပါးသည့်အတွက် ပြည်သူများသည် ပါတီ၏အဆိုပြု ကမ်းလှမ်းချက်များ၊ ကတိပြုမှုများကို နှိုင်းယှဉ်ရန် အချိန်မလုံလောက်ဘဲရှိလာနိုင်ကြောင်း အတိုက်အခံ ပါတီများက ဝေဖန်နေသည်။

Zawgyi Version;
လႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္ဟု ဂ်ပန္ဝန္ႀကီးခ်ဳပ္ ေၾကညာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၄
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာေနးတာကိုင္ခ်ီက ဇန္နဝါရီလ(၂၃)ရက္တြင္ လႊတ္ေတာ္ကိုဖ်က္သိမ္းလိုက္ၿပီး ေ႐ြးေကာက္ ပြဲကို လာမည့္ေဖေဖာ္ဝါရီလ (၈)ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။
ဂ်ပန္ႏိုင္ငံသမိုင္းတစ္ေလွ်ာက္ ပထမဆုံး အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ျဖစ္လာေသာ တာကိုင္ခ်ီက ဂ်ပန္ျပည္သူမ်ား ရွင္သန္ေနထိုင္မႈစရိတ္ႀကီးျမင့္ျခင္း ကိုေလွ်ာ့ခ်သြားမည္ျဖစ္သလို ကာကြယ္ေရးအသုံး စရိတ္ကို တိုးျမႇင့္သုံးစြဲသြား မည္ျဖစ္ေၾကာင္း ကတိျပဳ ထားသည္။ တာကိုင္ခ်ီက ေ႐ြးေကာက္ပြဲတြင္ ၎၏ပါတီအႏိုင္ရခဲ့ပါက ကတိစကားမ်ားႏွင့္ လုပ္ပိုင္ခြင့္ မ်ားအတိုင္း လုပ္ကိုင္သြားမည္ျဖစ္ေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။
Tsukuba တကၠသိုလ္မွ ႏိုင္ငံေရးပါ ေမာကၡ တစ္ဦးျဖစ္သူ ဟီဒီဟီ႐ိုယာမာမိုတိုက ‘‘တာကိုင္ခ်ီဦး ေဆာင္မယ့္ ဂ်ပန္အစိုးရအဖြဲ႕ကို ျပည္သူ ေတြရဲ႕ ေထာက္ခံမႈမ်ားျပားမႈ ရွိမရွိဆိုတာကို လက္ရွိအခ်ိန္မွာ အတိအက်မသိရေသးဘူး။ ျပည္သူေတြဟာ တာကိုင္ခ်ီရဲ႕ (LDP) ပါတီကို အမွန္တကယ္ေထာက္ ခံမႈ ရွိမရွိဆိုတာကို လက္ရွိအခ်ိန္မွာ မေျပာႏိုင္ေသး ဘူး}ဟုေျပာသည္။
တာကိုင္ခ်ီသည္ ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ တာဝန္ယူႏိုင္ရန္အတြက္ ေအာက္လႊတ္ေတာ္ရွိ ကိုယ္ စားလွယ္ေပါင္း (၄၆၅)ဦးအနက္ တစ္ပါတီတည္းမွ ကိုယ္စားလွယ္ အနည္းဆုံး(၂၃၃)ဦး သို႔မဟုတ္ ၫြန႔္ေပါင္းပါတီမွ ကိုယ္စားလွယ္ (၂၃၃)ဦး၏ ေထာက္ခံမႈရရွိရန္လိုအပ္ေၾကာင္းသိရသည္။ လႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္သည့္အတြက္ ဂ်ပန္ႏိုင္ငံေရး ပါတီမ်ား၏ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးရက္ နည္းပါးခဲ့ေၾကာင္း ေဝဖန္မႈမ်ားလည္းရွိေနသည္။ တာကိုင္ခ်ီသည္ ၿပီးခဲ့ သည့္ (၂၀၂၅)ခုႏွစ္ ေအာက္တိုဘာလတြင္ ဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ့ၿပီး အဆိုပါလအတြင္းတြင္ အျခားႏိုင္ငံေရး ပါတီမ်ား ႏွင့္ ၫြန႔္ေပါင္းအစိုးရအဖြဲ႕ ကို ဖြဲ႕စည္းခဲ့ေၾကာင္းသိရသည္။
ဂ်ပန္ႏိုင္ငံတြင္ လက္ရွိအခ်ိန္၌ ေငြေၾကးျပႆနာမ်ားျဖစ္ပြားလ်က္ရွိေနရာ တာကိုင္ခ်ီသည္ ဝန္ႀကီးခ်ဳပ္အျဖစ္ တစ္ေက်ာ့ျပန္ တာဝန္ယူခြင့္ရမည္ဆိုလွ်င္ အဆိုပါျပႆနာကို အဓိကရင္ဆိုင္ရမည္ျဖစ္သည္။ ေ႐ြးေကာက္ပြဲမဲ ဆြယ္ စည္း႐ုံးခ်ိန္ နည္းပါးသည့္အတြက္ ျပည္သူမ်ားသည္ ပါတီ၏အဆိုျပဳ ကမ္းလွမ္းခ်က္မ်ား၊ ကတိျပဳမႈမ်ားကို ႏႈိင္းယွဥ္ရန္ အခ်ိန္မလုံေလာက္ဘဲရွိလာႏိုင္ေၾကာင္း အတိုက္အခံ ပါတီမ်ားက ေဝဖန္ေနသည္။