ထီဆိုင်များ လဆန်းနှင့် လကုန်ရက်များ၌သာ ရောင်းအားရှိနေဟုဆို

122

ကိုဖြိုး (NP News) ဇန်နဝါရီ ၂၅
အောင်ဘာလေထီဆိုင်များအနေဖြင့် လဆန်းပိုင်းနှင့်လကုန်ပိုင်းရက်များတွင်သာ ရောင်းအားများ အထိုက်အလျောက်ရှိပြီး ပုံမှန်ရက်များတွင် ရောင်းအားလျော့ကျနေဆဲဖြစ်ကြောင်း ထီဆိုင်လုပ်ငန်းရှင် အသိုက်အ၀န်းမှ သိရသည်။
၂၀၂၁ ခုနှစ်မတိုင်ခင်ကာလများအတိုင်း အရောင်းအ၀ယ်ကောင်းလာမည်ဟု ခန့်မှန်းထားကြသော် လည်း လက်ရှိအချိန်အထိ မျှော်မှန်းထားသလောက်ဖြစ်မလာသေးကြောင်း ၎င်းတို့က ဆိုသည်။
“ထီရောင်းအားက မျှော်မှန်းထားသလိုဖြစ်မလာသေးပါဘူး၊ ထီထွက်ခါနီးနဲ့ ထီထွက်ပြီး ဆုကြေးငွေလေးတွေ ဆိုင်ကတစ်ဆင့် ထုတ်ပေးတဲ့အချိန်တွေလောက်ပဲ ရောင်းရတယ်၊ တစ်လလုံး အတိုင်းအ တာနဲ့ပြောရရင် အိပ်ငိုက်ပြီး ရောင်းနေရတဲ့အဖြစ်ပါ” ဟု ထီဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နိုင်ငံတော်မှ တရားဝင်ရောင်းချသည့် အောင်ဘာလေထီအစီအစဉ်သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ အပြီးနောက်ပိုင်း စိတ်ဝင်စားမှုလျော့ကျကာ ထီထိုးသူ နည်းသွားခဲ့သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှစ၍ ဆုမဲအသစ်များဖြင့် ပြည်သူလူထုစိတ်ဝင်စားမှုရရှိအောင် ပြန်လည်စီစဉ်ခဲ့ရာတွင် ထီကံစမ်းသူများအထိုက်အလျောက်ရှိလာပြီး ယခင်အခြေအနေမျိုးအထိကို ယနေ့တိုင် ရောက်ရှိမလာသေးကြောင်း ထီဆိုင်လုပ်ငန်းရှင်များက ဆိုကြသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်ဖွင့်လှစ်မည့် (၂၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ အတွက် တစ်ထောင်ကျပ်တန် ထီလက်မှတ်စာအုပ် (၃၂၇၂၇၂၀)အုပ်ရောင်းချခဲ့ရပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်ဖွင့်လှစ်ခဲ့သည့် (၈၂)ကြိမ်မြောက်အတွက် ထီစာအုပ် (၉၈၁၈၁၆)အုပ်ရောင်းချခဲ့ရကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

Zawgyi Version:
ထီဆိုင္မ်ား လဆန္းႏွင့္ လကုန္ရက္မ်ား၌သာ ေရာင္းအားရွိေနဟုဆို
ကိုၿဖိဳး (NP News) ဇန္နဝါရီ ၂၅
ေအာင္ဘာေလထီဆိုင္မ်ားအေနျဖင့္ လဆန္းပိုင္းႏွင့္လကုန္ပိုင္းရက္မ်ားတြင္သာ ေရာင္းအားမ်ား အထိုက္အေလ်ာက္ရွိၿပီး ပုံမွန္ရက္မ်ားတြင္ ေရာင္းအားေလ်ာ့က်ေနဆဲျဖစ္ေၾကာင္း ထီဆိုင္လုပ္ငန္းရွင္ အသိုက္အ၀န္းမွ သိရသည္။
၂၀၂၁ ခုႏွစ္မတိုင္ခင္ကာလမ်ားအတိုင္း အေရာင္းအ၀ယ္ေကာင္းလာမည္ဟု ခန႔္မွန္းထားၾကေသာ္ လည္း လက္ရွိအခ်ိန္အထိ ေမွ်ာ္မွန္းထားသေလာက္ျဖစ္မလာေသးေၾကာင္း ၎တို႔က ဆိုသည္။
“ထီေရာင္းအားက ေမွ်ာ္မွန္းထားသလိုျဖစ္မလာေသးပါဘူး၊ ထီထြက္ခါနီးနဲ႔ ထီထြက္ၿပီး ဆုေၾကးေငြေလးေတြ ဆိုင္ကတစ္ဆင့္ ထုတ္ေပးတဲ့အခ်ိန္ေတြေလာက္ပဲ ေရာင္းရတယ္၊ တစ္လလုံး အတိုင္းအ တာနဲ႔ေျပာရရင္ အိပ္ငိုက္ၿပီး ေရာင္းေနရတဲ့အျဖစ္ပါ” ဟု ထီဆိုင္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ႏိုင္ငံေတာ္မွ တရားဝင္ေရာင္းခ်သည့္ ေအာင္ဘာေလထီအစီအစဥ္သည္ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲ အၿပီးေနာက္ပိုင္း စိတ္ဝင္စားမႈေလ်ာ့က်ကာ ထီထိုးသူ နည္းသြားခဲ့သည္။
၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလမွစ၍ ဆုမဲအသစ္မ်ားျဖင့္ ျပည္သူလူထုစိတ္ဝင္စားမႈရရွိေအာင္ ျပန္လည္စီစဥ္ခဲ့ရာတြင္ ထီကံစမ္းသူမ်ားအထိုက္အေလ်ာက္ရွိလာၿပီး ယခင္အေျခအေနမ်ိဳးအထိကို ယေန႔တိုင္ ေရာက္ရွိမလာေသးေၾကာင္း ထီဆိုင္လုပ္ငန္းရွင္မ်ားက ဆိုၾကသည္။
၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္တြင္ဖြင့္လွစ္မည့္ (၂၃)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲ အတြက္ တစ္ေထာင္က်ပ္တန္ ထီလက္မွတ္စာအုပ္ (၃၂၇၂၇၂၀)အုပ္ေရာင္းခ်ခဲ့ရၿပီး ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္တြင္ဖြင့္လွစ္ခဲ့သည့္ (၈၂)ႀကိမ္ေျမာက္အတြက္ ထီစာအုပ္ (၉၈၁၈၁၆)အုပ္ေရာင္းခ်ခဲ့ရေၾကာင္း၊ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ သိရသည္။