ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့တဲ့လူအရေအတွက်ပမာဏကို အီရန်အစိုးရ ထုတ်ပြန်

433

Pika (NP News) - ဇန်နဝါရီ ၂၅
အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်က စတင်ပြီးဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်း လူပေါင်း(၃၀၀၀)ကျော် သေဆုံးခဲ့ပြီး အစိုးရ၊ စစ်တပ် နဲ့ အများပြည်သူပိုင်အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နေထိုင်မှုစရိတ်အကျပ်အတည်းကြောင့်ဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေဟာ အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဆိုင်ရှင်တစ်ဦး က သပိတ်မှောက်ဆန္ဒပြရာကနေ စတင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အီရန်အာဏာပိုင်တွေက ပြည်ပ ဝင်ရောက်စွက်ဖက်မှုတွေကို တားဆီးဖို့အတွက် အင်တာနက်ကွန်ရက်တွေကို ပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့ပြီး ပြင်းထန်တဲ့ကန့်သတ်ချက်တွေ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရဲ့နောက်ကွယ်မှာ အကြမ်းဖက်သမားတွေရှိနေတယ်လို့လည်း အီရန်အရာရှိတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဆန္ဒပြမှုတွေကြောင့် နိုင်ငံတစ်ဝှမ်းမှာ ကြီးမားတဲ့ပျက်စီး ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အနည်းဆုံးလူ(၃၁၁၇)ဦး သေဆုံးခဲ့တယ်လို့ အာဘတ်စ်အာဂရာချီက ပြောကြားခဲ့ ပါတယ်။ သေဆုံးသူတွေအနက် လူ(၆၉ဝ)ဦးခန့်က အကြမ်းဖက်သမားတွေဖြစ်ပြီး ကျန်တဲ့သေဆုံးသူတွေက အရပ်သားတွေ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း အာဘတ်စ်အာဂရာချီက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဆႏၵျပပြဲေတြအတြင္း ေသဆုံးခဲ့တဲ့လူအေရအတြက္ပမာဏကို အီရန္အစိုးရ ထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၂၅
အီရန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္က စတင္ၿပီးျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲေတြအတြင္း လူေပါင္း(၃၀၀၀)ေက်ာ္ ေသဆုံးခဲ့ၿပီး အစိုးရ၊ စစ္တပ္ နဲ႔ အမ်ားျပည္သူပိုင္အေဆာက္အဦးမ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ရတယ္လို႔ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေနထိုင္မႈစရိတ္အက်ပ္အတည္းေၾကာင့္ျဖစ္ေပၚလာတဲ့ဆႏၵျပပြဲေတြဟာ အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕မွာ ဆိုင္ရွင္တစ္ဦး က သပိတ္ေမွာက္ဆႏၵျပရာကေန စတင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အီရန္အာဏာပိုင္ေတြက ျပည္ပ ဝင္ေရာက္စြက္ဖက္မႈေတြကို တားဆီးဖို႔အတြက္ အင္တာနက္ကြန္ရက္ေတြကို ပိတ္ဆို႔မႈေတြလုပ္ေဆာင္ခဲ့ၿပီး ျပင္းထန္တဲ့ကန႔္သတ္ခ်က္ေတြ ခ်မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဆႏၵျပသူေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ေသဆုံးမႈရဲ႕ေနာက္ကြယ္မွာ အၾကမ္းဖက္သမားေတြရွိေနတယ္လို႔လည္း အီရန္အရာရွိေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဆႏၵျပမႈေတြေၾကာင့္ ႏိုင္ငံတစ္ဝွမ္းမွာ ႀကီးမားတဲ့ပ်က္စီး ဆုံးရႈံးမႈေတြကို ျဖစ္ေပၚေစခဲ့ၿပီး အနည္းဆုံးလူ(၃၁၁၇)ဦး ေသဆုံးခဲ့တယ္လို႔ အာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ ပါတယ္။ ေသဆုံးသူေတြအနက္ လူ(၆၉ဝ)ဦးခန႔္က အၾကမ္းဖက္သမားေတြျဖစ္ၿပီး က်န္တဲ့ေသဆုံးသူေတြက အရပ္သားေတြ နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြျဖစ္တယ္လို႔လည္း အာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ပါတယ္။