ပဲခူးမြို့အတွင်း ပုဂ္ဂလိက အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူ

148

ကိုဖြိုး(NP News)ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပုဂ္ဂလိက အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား/ တိုင်းရင်းသား ကုမ္ပဏီများအား တင်ဒါစနစ်ဖြင့် အဆိုပြုလွှာ ခေါ်ယူလျက်ရှိကြောင်း ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါ အဆိုပြုလွှာခေါ်ယူရာတွင် ပဲခူးမြို့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရေးအတွက် မြို့၏ မြစ်အရှေ့ဘက်ခြမ်းမှ ဘုရားကြီးမြို့အထိ အပိုင်း(၁)အမှိုက် သိမ်းဆည်းခြင်းလုပ်ငန်းအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြု မည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအတွက် တင်ဒါလျှောက်လွှာနှင့်စည်းကမ်းချက်များကို ပဲခူးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် ဇန်နဝါရီ (၂၁) ရက်နေ့မှစ၍ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် လာမည့် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် တင်ဒါလျှောက်လွှာများကို ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
တင်သွင်းလာသော တင်ဒါလျှောက်လွှာများကို ပဲခူးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ (၅) ရက် နံနက် (၁၀) နာရီတွင် ဖွင့်ဖောက်စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုသူများ အနေဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ပဲခူးမြို့ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ပဲခူးၿမိဳ႕အတြင္း ပုဂၢလိက အမႈိက္သိမ္းဆည္းျခင္း ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ တင္ဒါေခၚယူ
ကိုၿဖိဳး(NP News)ဇန္နဝါရီ ၂၅
ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕အတြင္း သန႔္ရွင္းသာယာေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ ပုဂၢလိက အမႈိက္သိမ္းဆည္းျခင္း ဝန္ေဆာင္မႈလုပ္ငန္းမ်ားအား ေဆာင္႐ြက္လိုသူ ျမန္မာႏိုင္ငံသား/ တိုင္းရင္းသား ကုမၸဏီမ်ားအား တင္ဒါစနစ္ျဖင့္ အဆိုျပဳလႊာ ေခၚယူလ်က္ရွိေၾကာင္း ပဲခူးၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ သိရသည္။
အဆိုပါ အဆိုျပဳလႊာေခၚယူရာတြင္ ပဲခူးၿမိဳ႕ သန႔္ရွင္းသာယာလွပေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရာ၌ အေထာက္အကူျဖစ္ေစေရးအတြက္ ၿမိဳ႕၏ ျမစ္အေရွ႕ဘက္ျခမ္းမွ ဘုရားႀကီးၿမိဳ႕အထိ အပိုင္း(၁)အမႈိက္ သိမ္းဆည္းျခင္းလုပ္ငန္းအား ပုဂၢလိက လုပ္ငန္းရွင္မ်ားသို႔ တင္ဒါစနစ္ျဖင့္ ေဆာင္႐ြက္ခြင့္ျပဳ မည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ စိတ္ပါဝင္စားသည့္ လုပ္ငန္းရွင္မ်ားအတြက္ တင္ဒါေလွ်ာက္လႊာႏွင့္စည္းကမ္းခ်က္မ်ားကို ပဲခူးၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕တြင္ ဇန္နဝါရီ (၂၁) ရက္ေန႔မွစ၍ ႐ုံးခ်ိန္အတြင္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ လာမည့္ ေဖေဖာ္ဝါရီလ (၃) ရက္ေန႔တြင္ တင္ဒါေလွ်ာက္လႊာမ်ားကို ျပန္လည္တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
တင္သြင္းလာေသာ တင္ဒါေလွ်ာက္လႊာမ်ားကို ပဲခူးၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕႐ုံးတြင္ ေဖေဖာ္ဝါရီလ (၅) ရက္ နံနက္ (၁၀) နာရီတြင္ ဖြင့္ေဖာက္စိစစ္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္းႏွင့္ အေသးစိတ္သိရွိလိုသူမ်ား အေနျဖင့္ ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း ပဲခူးၿမိဳ႕ တင္ဒါလက္ခံေရးႏွင့္ စိစစ္ေရးေကာ္မတီမွ ထုတ္ျပန္ထားသည္။