တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက်သုံးသပ်ချက် (ဈေးကွက်သုံးသပ်ဆောင်းပါး)

 129

ပြည့်ဖြိုး(NP News)ဇန်နဝါရီ ၂၅

ပြည်တွင်းဈေးကွက်အတွင်း၌ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းများလည်း လိုက်ပါမြင့် တက်နေရာ အခေါက်ရွှေတစ်ကျပ်သားလျှင် မြန်မာငွေသိန်း(၁၀ဝ) ကျော်ဝန်းကျင် ပေါက်ဈေးဖြစ်ပေါ်နေသည်။ မြန်မာ နိုင်ငံသည် ပြည်တွင်းမှ ရွှေထုတ်လုပ်မှုများရှိသော်လည်း နိုင်ငံတကာဈေး ကွက်ပေါက်ဈေးများအရ ရွှေဈေးနှုန်းများ မြင့်တက် နေခြင်းဖြစ်သည်။
လက်ရှိတွင် ပွင့်လင်းရာသီဖြစ်သောကြောင့် ရွှေလုပ်ကွက်များ ပြန်လည်စတင်နေပြီဖြစ်ရာ ရွှေဈေးကွက် အတွင်း ဈေးနှုန်းကျဆင်းရမည်ဖြစ်သော်လည်း နယ်မြေမတည်ငြိမ်မှုများ၊ လမ်းပန်းဆက်သွယ် ရေးအခက်အခဲ များကြောင့် ရွှေကုန်ကြမ်း အဝင်နည်းကြောင်း ရွှေသန့်စင်လုပ်ငန်းများမှသိရသည်။ သို့ သော်လည်း ရွှေသန့်စင် လုပ်ငန်း နှင့် ရွှေလှော်ဖိုများ ဖြစ်သည့် အောင်သမာဓိ၊ ရွှေစင်နှင့် မြန်မာချမ်းသာ ရွှေဆိုင်များမှ အခေါက်ရွှေများ ထုတ်လုပ်ပြီး ဈေးကွက် အတွင်းရောင်းချနေဆဲဖြစ်သည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၆၇၃) ဒေါ်လာအထိ စံချိန်တင် မြင့်တက်နေခြင်းသည် ဈေးကွက်အတွင်းသက်ရောက်မှုမြင့်တက်နေခြင်းဖြစ်သည်။ ပြည်တွင်း ငွေလဲနှုန်းများမှာ ပြင်ပ ငွေလဲဈေးကွက်တွင် ယခင်တစ်ပတ်အတွင်းက မြင့်တက်နေသော အမေရိကန် ဒေါ်လာဈေးများ ပြန်လည်ကျ ဆင်းလာပြီး လက်ရှိ တွင်တစ်ဒေါ်လာလျှင် (၄၀၅၅) ကျပ်အထိ ပေါက် ဈေးရှိနေသည်။
ထူးခြားချက်အနေဖြင့် ဗဟိုဘဏ်က အွန်လိုင်းတွင် နိုင်ငံခြားငွေ အရောင်း/အဝယ်ပြုလုပ်သူများကို ဖမ်းဆီး အရေးယူထားကြောင်းသတင်းထုတ်ပြန်ခဲ့ရာ ပြင်ပငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာခြင်းဖြစ် သည်။ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် လူပုဂ္ဂိုလ်(၅)ဦးကို အရေးယူထားပြီး ဘဏ်အကောင့်များနှင့် ငွေစာရင်းများကို ထိန်းချုပ်ထား ကြောင်းသိရသည်။ ပြည်တွင်းငွေလဲနှုန်း ကျဆင်းနေပါက ပြည်တွင်းရွှေဈေး လည်းလိုက်ပါ ကျဆင်းနိုင်မည်ဖြစ်ရာ လက်ရှိကာလတွင်း ဈေးနှုန်းအပြောင်းအလဲများဆက်တိုက်ဖြစ်ပေါ် နေသည်။ ဈေးကွက်အတွင်းတွင် ပို့ကုန်ရငွေ ပြန် လည်ပေးသွင်းရမည့်သတ်မှတ်ချက်ကို (၂၅) ရာခိုင် နှုန်းမှ (၁၅) ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ခဲ့ရာ ပို့ကုန်လုပ်ငန်း ရှင်များနှင့် သွင်းကုန်လုပ်ငန်း ရှင်များအကြား နိုင်ငံခြားငွေစီးဆင်းမှု အနည်းငယ် ကောင်းမွန်လာကြောင်းသိရသည်။
သို့သော်လည်းဈေးကွက်အတွင်း သွင်းကုန်လိုင်စင်များ ထိန်းချုပ်ထားဆဲဖြစ်ရာ သွင်းကုန်လုပ် ငန်းရှင်များ အနေဖြင့် အခက်အခဲများကြုံတွေ့နေရ ဆဲဖြစ်သည်။ ပြည်တွင်း အခြေခံစားသောက်ကုန်များ နှင့် အထွေထွေကုန် ဈေးနှုန်းများမှာ အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေပြီး တစ်ပိုင်တစ်နိုင် စားသောက်ကုန်များမှာ ဈေးနှုန်းအမြင့်ဆုံး တွင်ရပ်တည်နေသည်။ လွန်ခဲ့သောငါးနှစ်အတွင်း စားသောက် ကုန်ဈေးနှုန်းမှာ နှစ်ဆခန့်မြင့်တက်လာခြင်းဖြစ်သည်။
စားသောက် ကုန်ဈေးကွက်သည် ငွေကြေးဖောင်းပွမှု နှင့်တိုက်ရိုက်သက်ဆိုင်နေခြင်းဖြစ်ပြီး မြန်မာကျပ် ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်သည်။ ရွေးကောက်ပွဲလွန်ကာလ မြန်မာကျပ်ငွေ တန်ဖိုးအခြေအနေကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပြီး လတ်တလောတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ(၂၀) ရာခိုင်နှုန်းဝန်းကျင်တွင် ရပ် တည်နေကြောင်း ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(သိန်းတစ်ရာဝန်းကျင်ဖြစ်လာသည့် ရွှေဈေးနှင့် ငွေလဲဈေးကွက်)
ပြည်တွင်းရွှေဈေးကွက်အတွင်း ပြင်ပရွှေပေါက် ဈေးမှာအ‌ခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း (၁၀ဝ) ကျော်ဝန်း ကျင်သို့ရောက်ရှိနေရာ အရောင်းအဝယ် နည်းပါးကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း ပြန်လည် ကျဆင်းခြင်းမရှိဘဲ ဆက်တိုက်အမြင့်ပိုင်းတွင် ရပ် တည်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက် နေခြင်းဖြစ်သည်။
လက်ရှိ ဇန်နဝါရီ(၂၀) ရက် ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းတစ်ရာနှင့် ငါးသောင်း ပေါက်ဈေးရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၅၅) ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ကမ္ဘာ့ ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် (၄၆၇၃) ဒေါ်လာ ပေါက်ဈေးရှိနေရာ ငွေလဲနှုန်းနှင့် ဖလှယ်မှုအရ ပြည်တွင်းအခေါက်ရွှေဈေးကို သတ်မှတ်ထားခြင်းဖြစ် သည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ထုတ်ပြန်သောသတ်မှတ်ပေါက်ဈေး မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း(၆၀)ကျပ် သာရှိသဖြင့်ယင်းဈေးဖြင့် အရောင်းအဝယ်ပြုလုပ်သူ နည်းပါး ကြောင်းသိရသည်။ ကမ္ဘာ့နိုင်ငံရေး အခြေအနေများအရ အမေရိကန်နိုင်ငံသည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် သတင်းများထွက်ပေါ်ခြင်း အီရန် နိုင်ငံမှဆန္ဒပြမှုများကို အမေရိကန်က စစ်ရေးအရ ဝင်ရောက်နိုင်ခြင်းတို့သည် ဈေးကွက်အတွင်း ရွှေဈေးကို ပိုမိုမြင့်တက်စေသည်။ နိုင်ငံတကာနှင့် ဥရောပ နိုင်ငံများမှ ဗဟိုဘဏ်များသည် အမေရိ ကန်ဒေါ်လာအစား ရွှေကို ပိုမိုစုဆောင်းလာခြင်းကြောင့် ရွှေဝယ်လိုအားမှာကျဆင်းခြင်းမရှိဘဲ ဆက်တိုက်မြင့်တက် နေခြင်းဖြစ်သည်။ နိုင်ငံတကာ ရွှေဈေးကွက်ကျွမ်း ကျင်သူများ၏ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း စစ်ရေးဆိုင်ရာ တင်းမာမှုများကြောင့် ရွှေဈေးကျဆင်းရန် ခက်ခဲကြောင်းသိရသည်။
ပြည်တွင်းငွေလဲဈေးကွက်အတွင်းတွင် မြင့်တက်နေသော ဒေါ်လာဈေးများ အနည်းငယ်ကျဆင်း လာပြီး အဓိကအချက်အနေဖြင့် ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခြင်းကြောင့်ဖြစ် သည်။ ပြည်တွင်း ဒေါ်လာဈေးသည် ဗဟိုဘဏ်၏ အွန်လိုင်း FX ဈေးကွက်အတွင်း ငွေလဲလိုင်စင်ရ ဘဏ်များအကြား အရောင်းအဝယ် ဖြစ်သည့် ပေါက်ဈေးသည် တစ်ဒေါ်လာလျှင် (၃၆ ၅၂) ကျပ် ရှိကြောင်းသိရသည်။ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် များအနေဖြင့် လိုအပ်သောနိုင်ငံခြားငွေကို ဗဟိုဘဏ်၏အွန်လိုင်းဈေးကွက်တွင် ဝယ်ယူနိုင်သော်လည်း လိုအပ်ချက် ပမာဏ အပြည့်အဝ မဝယ်နိုင်ခြင်းကြောင့် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် များရှိနေဆဲဖြစ်သည်။ လက်ရှိ ပြင်ပငွေလဲနှုန်းများမှာ တရုတ်ငွေတစ်ယွမ်လျှင်(၅၈၂)ကျပ်၊ ထိုင်းတစ်ဘတ် လျှင် (၁၂၉)ကျပ်၊ အိန္ဒိယတစ်ရူပီး လျှင်(၄၄)ကျပ် အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။ ပြည်တွင်းရွှေဈေးနှင့် ငွေလဲဈေးနှုန်း များအပြောင်းအလဲရှိ သော်လည်း ပြည်ပမှတင်သွင်းနေ သည့်စက်သုံးဆီနှင့် စားအုန်းဆီဈေးများမှာ ဈေးနှုန်း အကျဈေးဖြင့် တည်ငြိမ်နေသည်။ စက်သုံးဆီဈေး ကျဆင်းနေသောကြောင့် ပြင်ပလက်လီ ရောင်းချသည့်ဆိုင်များတွင် အဝယ်နည်းသွားပြီး ပန့်ဆိုင်များ တွင်သာ ဝယ်ယူမှုရှိနေကြောင်း နယ်မြို့များရှိ စက် သုံးဆီ လုပ်ငန်းရှင်များထံမှသိရသည်။ လာမည့်ရက် ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမှာ အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေနိုင်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးများ အပြောင်းအလဲနည်းပါး နိုင်သည်။ ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်ပါက ပြည်တွင်းရွှေဈေး သိန်း (၁၀ဝ) အထက်တွင် ရှိနိုင်သည်။
(ဗဟိုဘဏ်ထုတ်ပြန်ချက်နှင့် ငွေလဲဈေးကွက်)
လတ်တလောရက်ပိုင်းအတွင်း ဗဟိုဘဏ်မှ ပြင်ပငွေလဲဈေးကွက်အတွင်း နိုင်ငံခြားငွေအရောင်း အဝယ် ပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူသည့် ထုတ်ပြန်ချက်ထွက်ပေါ်လာရာ ဈေးကွက်အတွင်း လှုပ်ခတ်မှုများရှိခဲ့သည်။ အဓိက သွင်းကုန်လုပ်ငန်းရှင် များအနေဖြင့် ပြင်ပငွေလဲဈေးကွက်အတွင်း နိုင်ငံခြားငွေဝယ်ယူမှုရှိနေဆဲဖြစ်ရာ အွန်လိုင်း လူမှုကွန် ယက်တွင် အရောင်းအဝယ်လုပ်ကိုင်နေသူများရှိနေဆဲဖြစ်သည်။ အွန်လိုင်းမှတဆင့် ဆက်သွယ်ရောင်းချ နေသူငါးဦးကို ဖမ်းဆီးအရေးယူထားပြီး ၎င်းတို့၏ဘဏ်စာရင်းများကိုပါ ထိန်းချုပ်ထားကြောင်း ထုတ်ပြန်သည်။ ဆက် လက်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် USDT အရောင်းအဝယ်ပြုလုပ်ရန် ဖော်ပြထားသည့် ကြော်ငြာများရှိ ဖုန်းနံပါတ်များ၊ ငွေစာရင်းအမှတ်များဖြင့် နိုင်ငံခြားငွေအရောင်းအဝယ် ပြုလုပ်ခဲ့သည့် လူပုဂ္ဂိုလ် (၂၃၄) ဦးကို ဆုံးရှုံးနိုင်ခြေ အန္တရာယ်မြင့်မားသော လူပုဂ္ဂိုလ်များအဖြစ်သတ်မှတ်၍ ၎င်းတို့၏ဘဏ်အသီးသီးရှိ ငွေစာရင်းများ (ဘဏ်စာရင်းစုစုပေါင်း (၆၈၇) ခုနှင့် မိုဘိုင်း ငွေရေး ကြေးရေးစာရင်း (၂၈၇) ခု တို့ကို ငွေစာရင်း ယာယီတားဆီး ထားကြောင်း သိရသည်။ တရားမဝင် နိုင်ငံခြားငွေကြေးများ ဝယ်ယူရောင်းချလဲလှယ်ခြင်း ကို ဆောင်ရွက်လျက်ရှိသည့် လူမှုကွန်ရက် စာမျက် နှာများအား စုံစမ်းဖော်ထုတ်လျက်ရှိရာ လက်ရှိအချိန် ထိ လူမှုကွန်ရက်စာမျက်နှာ (၁၂၀၁) ခုကို စိစစ် အရေးယူဆောင်ရွက်လျက်ရှိရာ ငွေစာရင်း အကောင့် များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်ခဲ့ပြီး ဆုံးရှုံးနိုင်ခြေ အဆင့်မြင့်မားသည့်လူပုဂ္ဂိုလ်များအ ဖြစ်သတ်မှတ်၍ လူပုဂ္ဂိုလ် (၁၃၄၂) ဦး၏ ငွေစာရင်း အကောင့်များအား ယာယီတားဆီးထားသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ပါဝင်ပတ်သက် ရောင်းဝယ်နေသူများကို အရေးယူ ဆောင်ရွက်ထား ပြီးဖြစ်ကြောင်းသိရသည်။
လက်ရှိဗဟိုဘဏ်ထုတ်ပြန်ချက်အရ အရေးယူ မှုများသည် ငွေလဲလုပ်ငန်းသမိုင်းတစ်လျှောက် လူဦး ရေအများဆုံးနှင့် ဘဏ်အကောင့်အများဆုံးကို အရေးယူခြင်းဖြစ်သည်။ ထိုသို့ အရေးယူမှုများကြောင့် ပြင်ပငွေလဲ ဈေးကွက်အတွင်း အရောင်းအဝယ်အေးသွားပြီး ငွေလဲဈေးနှုန်းများ ကျဆင်းလာကြောင်းသိရသည်။ မြန်မာ နိုင်ငံ အနေဖြင့် (၂၀၁၁)ခုနှစ်မှစတင်ကာ ငွေလဲဈေးနှုန်းကို နှုန်းရှင်စနစ်ဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်း အရောင်း အဝယ်ပြုလုပ်ခဲ့ရာ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆက်တိုက်မြင့်တက်လာခဲ့သည်။ (၂၀၂၁) နိုင်ငံရေးအပြောင်း အလဲများဖြစ် ပွားပြီးနောက်ပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာလျှင်(၂၁၀ဝ)ကျပ်သတ်မှတ်ခဲ့ရာ ဈေးကွက် အတွင်း ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ရည်ညွန်း ဈေးဟု၍ နှစ်မျိုးကွဲပြားသွားခဲ့သည်။
ပြင်ပဈေးကွက်တွင် လွန်ခဲ့သော နှစ်နှစ်ခန့်က အမေရိကန်တစ်ဒေါ်လာလျှင် (၅၀ဝဝ) ကျပ်ကျော်အထိ ပေါက် ဈေးများဖြစ်ပေါ်ခဲ့ရာ ငွေလဲကောင်တာများနှင့် ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကိုဖမ်းဆီး အရေးယူမှုများရှိခဲ့သည်။ လက်ရှိအချိန်တွင်လည်း ပြင်ပငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို ဆက်တိုက် ဖမ်းဆီးအရေးယူနေခြင်းဖြစ်သည်။ သို့သော် လည်း ငွေလဲလိုင်စင်ရဘဏ်များရှိ ငွေလဲကောင်တာများတွင် နိုင်ငံခြားသို့သွားရောက်မည့်သူများ နိုင်ငံခြားငွေ အနည်း ငယ်သောပမာဏကို ဝယ်ယူနိုင်သည်။ လာမည့်ရက်ပိုင်းအတွင်း ပြင်ပငွေလဲဈေးကွက်အတွင်း အရောင်းအဝယ်အေးနေ မည်ဖြစ်သည်။
(ပို့ကုန်ရငွေအပြောင်းအလဲနှင့် အထွေထွေကုန်ဈေးနှုန်း)
ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရ မည့်ပမာဏကို (၂၅)ရာခိုင်နှုန်းအစား(၁၅) ရာခိုင်နှုန်းကို ပြောင်း လဲပြင်ဆင်သတ်မှတ်ပေးလိုက်ခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအကြား နိုင်ငံခြား ငွေ လိုအပ်ချက်ကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်သည်။ သို့သော်လည်း (ဝ)ရာခိုင်နှုန်းအထိ ပြင်ဆင် နိုင်မှသာ သွင်းကုန်လုပ်ငန်း များအတွက်လိုအပ်သော နိုင်ငံခြားငွေကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ သွင်းကုန်လုပ်ငန်းအများစုမှာ သွင်းကုန်လိုင်စင် မရရှိခြင်း ကြောင့် အခက်အခဲကြုံတွေ့နေရပြီး ပြည်တွင်း၌ကုန် စည်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။
ပြည်တွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းများအနေဖြင့် ပင်လယ်‌ရေကြောင်းကုန်သွယ်မှုကိုသာ အဓိက ထားဆောင် ရွက်နေပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွင် ရန်ကုန်၊ ကော့သောင်း၊ ရနောင်းလမ်းကြောင်း တစ်ခုတည်းသာ ကုန်သွယ်နိုင်ကြောင်းသိရသည်။ ထို့ကြောင့် ပြည်ပမှတင်သွင်းသောကုန်စည်များ နည်းပါးသွားသည့်အပြင် ကုန်ဈေးနှုန်း မြင့်တက်မှုကိုလည်း ဈေးကွက်အတွင်းဖြစ်ပေါ်လာသည်။
ကုန်စည်လက်ကျန်ရှိသည့်လုပ်ငန်းရှင်များ၏ ဈေးခေါ်မြှင့်တင်ရောင်းချမှုများကြောင့် ကုန်ဈေးနှုန်း မြင့်တက် သည့်အပြင် ငွေကြေးဖောင်းပွမှုကြောင့် လည်း ကုန်ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သည်။ အခြေခံ စားသောက်ကုန်များ ကုန်ဈေးနှုန်းမြင့်တက်ရခြင်းမှာ ငွေကြေးဖောင်းပွမှုနှင့် စားဝတ်နေရေး စရိတ်များ ကြီးမြင့်လာမှုကြောင့်ဖြစ်သည်။ အခြေခံစားသောက် ကုန်များအတွင်း လွန်ခဲ့သောငါးနှစ်ခန့်က ရွှေရင် အေးမုန့်လက်ဆောင်းတစ်ခွက်လျှင် ငါးရာကျပ်ခန့် ရှိရာမှ လက်ရှိအချိန်တွင် နှစ်ထောင်ကျပ်အထိ မြင့်တက်လာခဲ့သည်။ စားသောက်ကုန်အများစုမှာ ကုန်ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ရာ လက်ရှိတွင် အခြေခံလူတန်းစားများ စားသုံးသောကုန်စည်များအထိ ဈေး နှုန်းမြင့်တက်မှု ကြုံတွေနေသည်။
ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ်ပြန်သည့် မြန်မာနိုင်ငံအတွက် စီးပွားရေးအစီအရင်ခံစာတွင် ငွေကြေး ဖောင်းပွမှု (၂၀)ရာခိုင်နှုန်းဝန်းကျင်တွင် ရပ်တည်နေ ကြောင်းဖော်ပြထားသည်။ ယင်းပမာဏသည် အထွေ ထွေကုန်ဈေးနှုန်းကို ဆက်တိုက်မြင့်တက်စေနိုင် သည့်အခြေအနေတွင်ရောက်ရှိနေသည်။ ပြည်တွင်းတစ်ဦးချင်းဝင်ငွေမှာ မြင့်တက်လာခြင်း မရှိသဖြင့် ကုန်ဈေးနှုန်းကြောင့် တစ်ဦးချင်းဝယ်နိုင်စွမ်းအား ကျဆင်းနေကြောင်းသိရသည်။
ထို့ကြောင့် ဈေးကွက်အတွင်း ကုန်စည်ဈေးမြင့် တက်သော်လည်း အရောင်းအဝယ် နည်းပါးနေခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏အဆိုအရ ဈေးကွက်ကျုံ့ ခြင်းဖြစ်ပေါ်နေရာ လာမည့်ရက်များအတွင်း အပြောင်းအလဲဖြစ်ပေါ်ရန် အခြေအနေကောင်းများ မရှိပေ။ ရွေးကောက်ပွဲလွန်ကာလ အစိုးရသစ်ပေါ်ထွက် လာချိန်မှသာ ပို့ကုန်/သွင်းကုန်မူဝါဒ သစ်များနှင့် အထွေထွေကုန်ဈေးနှုန်း အပြောင်းအလဲများမြင်တွေ့ လာနိုင်ဖွယ်ရှိသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္သုံးသပ္ခ်က္
(ေဈးကြက္သုံးသပ္ေဆာင္းပါး)
ျပည့္ၿဖိဳး(NP News)ဇန္နဝါရီ ၂၅

ျပည္တြင္းေဈးကြက္အတြင္း၌ကမာၻ႔ေ႐ႊေဈး ျမင့္တက္မႈႏွင့္အတူ ျပည္တြင္းေ႐ႊေဈးႏႈန္းမ်ားလည္း လိုက္ပါျမင့္ တက္ေနရာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ျမန္မာေငြသိန္း(၁၀ဝ) ေက်ာ္ဝန္းက်င္ ေပါက္ေဈးျဖစ္ေပၚေနသည္။ ျမန္မာ ႏိုင္ငံသည္ ျပည္တြင္းမွ ေ႐ႊထုတ္လုပ္မႈမ်ားရွိေသာ္လည္း ႏိုင္ငံတကာေဈး ကြက္ေပါက္ေဈးမ်ားအရ ေ႐ႊေဈးႏႈန္းမ်ား ျမင့္တက္ ေနျခင္းျဖစ္သည္။
လက္ရွိတြင္ ပြင့္လင္းရာသီျဖစ္ေသာေၾကာင့္ ေ႐ႊလုပ္ကြက္မ်ား ျပန္လည္စတင္ေနၿပီျဖစ္ရာ ေ႐ႊေဈးကြက္ အတြင္း ေဈးႏႈန္းက်ဆင္းရမည္ျဖစ္ေသာ္လည္း နယ္ေျမမတည္ၿငိမ္မႈမ်ား၊ လမ္းပန္းဆက္သြယ္ ေရးအခက္အခဲ မ်ားေၾကာင့္ ေ႐ႊကုန္ၾကမ္း အဝင္နည္းေၾကာင္း ေ႐ႊသန႔္စင္လုပ္ငန္းမ်ားမွသိရသည္။ သို႔ ေသာ္လည္း ေ႐ႊသန႔္စင္ လုပ္ငန္း ႏွင့္ ေ႐ႊေလွာ္ဖိုမ်ား ျဖစ္သည့္ ေအာင္သမာဓိ၊ ေ႐ႊစင္ႏွင့္ ျမန္မာခ်မ္းသာ ေ႐ႊဆိုင္မ်ားမွ အေခါက္ေ႐ႊမ်ား ထုတ္လုပ္ၿပီး ေဈးကြက္ အတြင္းေရာင္းခ်ေနဆဲျဖစ္သည္။
လက္ရွိတြင္ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၄၆၇၃) ေဒၚလာအထိ စံခ်ိန္တင္ ျမင့္တက္ေနျခင္းသည္ ေဈးကြက္အတြင္းသက္ေရာက္မႈျမင့္တက္ေနျခင္းျဖစ္သည္။ ျပည္တြင္း ေငြလဲႏႈန္းမ်ားမွာ ျပင္ပ ေငြလဲေဈးကြက္တြင္ ယခင္တစ္ပတ္အတြင္းက ျမင့္တက္ေနေသာ အေမရိကန္ ေဒၚလာေဈးမ်ား ျပန္လည္က် ဆင္းလာၿပီး လက္ရွိ တြင္တစ္ေဒၚလာလွ်င္ (၄၀၅၅) က်ပ္အထိ ေပါက္ ေဈးရွိေနသည္။
ထူးျခားခ်က္အေနျဖင့္ ဗဟိုဘဏ္က အြန္လိုင္းတြင္ ႏိုင္ငံျခားေငြ အေရာင္း/အဝယ္ျပဳလုပ္သူမ်ားကို ဖမ္းဆီး အေရးယူထားေၾကာင္းသတင္းထုတ္ျပန္ခဲ့ရာ ျပင္ပေငြလဲႏႈန္းမ်ား ျပန္လည္က်ဆင္းလာျခင္းျဖစ္ သည္။ ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္တြင္ လူပုဂၢိဳလ္(၅)ဦးကို အေရးယူထားၿပီး ဘဏ္အေကာင့္မ်ားႏွင့္ ေငြစာရင္းမ်ားကို ထိန္းခ်ဳပ္ထား ေၾကာင္းသိရသည္။ ျပည္တြင္းေငြလဲႏႈန္း က်ဆင္းေနပါက ျပည္တြင္းေ႐ႊေဈး လည္းလိုက္ပါ က်ဆင္းႏိုင္မည္ျဖစ္ရာ လက္ရွိကာလတြင္း ေဈးႏႈန္းအေျပာင္းအလဲမ်ားဆက္တိုက္ျဖစ္ေပၚ ေနသည္။ ေဈးကြက္အတြင္းတြင္ ပို႔ကုန္ရေငြ ျပန္ လည္ေပးသြင္းရမည့္သတ္မွတ္ခ်က္ကို (၂၅) ရာခိုင္ ႏႈန္းမွ (၁၅) ရာခိုင္ႏႈန္းသို႔ ျပင္ဆင္သတ္မွတ္ခဲ့ရာ ပို႔ကုန္လုပ္ငန္း ရွင္မ်ားႏွင့္ သြင္းကုန္လုပ္ငန္း ရွင္မ်ားအၾကား ႏိုင္ငံျခားေငြစီးဆင္းမႈ အနည္းငယ္ ေကာင္းမြန္လာေၾကာင္းသိရသည္။
သို႔ေသာ္လည္းေဈးကြက္အတြင္း သြင္းကုန္လိုင္စင္မ်ား ထိန္းခ်ဳပ္ထားဆဲျဖစ္ရာ သြင္းကုန္လုပ္ ငန္းရွင္မ်ား အေနျဖင့္ အခက္အခဲမ်ားႀကဳံေတြ႕ေနရ ဆဲျဖစ္သည္။ ျပည္တြင္း အေျခခံစားေသာက္ကုန္မ်ား ႏွင့္ အေထြေထြကုန္ ေဈးႏႈန္းမ်ားမွာ အျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနၿပီး တစ္ပိုင္တစ္ႏိုင္ စားေသာက္ကုန္မ်ားမွာ ေဈးႏႈန္းအျမင့္ဆုံး တြင္ရပ္တည္ေနသည္။ လြန္ခဲ့ေသာငါးႏွစ္အတြင္း စားေသာက္ ကုန္ေဈးႏႈန္းမွာ ႏွစ္ဆခန႔္ျမင့္တက္လာျခင္းျဖစ္သည္။
စားေသာက္ ကုန္ေဈးကြက္သည္ ေငြေၾကးေဖာင္းပြမႈ ႏွင့္တိုက္႐ိုက္သက္ဆိုင္ေနျခင္းျဖစ္ၿပီး ျမန္မာက်ပ္ ေငြတန္ဖိုးက်ဆင္းျခင္းေၾကာင့္ ကုန္ေဈးႏႈန္းမ်ား ျမင့္တက္ေနျခင္းျဖစ္သည္။ ေ႐ြးေကာက္ပြဲလြန္ကာလ ျမန္မာက်ပ္ေငြ တန္ဖိုးအေျခအေနကို ဆက္လက္ ေစာင့္ၾကည့္ရမည္ျဖစ္ၿပီး လတ္တေလာတြင္ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ(၂၀) ရာခိုင္ႏႈန္းဝန္းက်င္တြင္ ရပ္ တည္ေနေၾကာင္း ကမာၻ႔ဘဏ္၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
(သိန္းတစ္ရာဝန္းက်င္ျဖစ္လာသည့္ ေ႐ႊေဈးႏွင့္ ေငြလဲေဈးကြက္)
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ျပင္ပေ႐ႊေပါက္ ေဈးမွာအ‌ေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း (၁၀ဝ) ေက်ာ္ဝန္း က်င္သို႔ေရာက္ရွိေနရာ အေရာင္းအဝယ္ နည္းပါးေၾကာင္း ေ႐ႊဆိုင္ပိုင္ရွင္မ်ားထံမွသိရသည္။ ကမာၻ႔ေ႐ႊေဈးသည္ ယခုတစ္ ပတ္အတြင္း ျပန္လည္ က်ဆင္းျခင္းမရွိဘဲ ဆက္တိုက္အျမင့္ပိုင္းတြင္ ရပ္ တည္ေနျခင္းေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ား ျမင့္တက္ ေနျခင္းျဖစ္သည္။
လက္ရွိ ဇန္နဝါရီ(၂၀) ရက္ ေပါက္ေဈးအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္းတစ္ရာႏွင့္ ငါးေသာင္း ေပါက္ေဈးရွိၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၅၅) က်ပ္ ေပါက္ေဈးရွိေၾကာင္းသိရသည္။ ကမာၻ႔ ေ႐ႊေပါက္ေဈးမွာ တစ္ေအာင္စလွ်င္ (၄၆၇၃) ေဒၚလာ ေပါက္ေဈးရွိေနရာ ေငြလဲႏႈန္းႏွင့္ ဖလွယ္မႈအရ ျပည္တြင္းအေခါက္ေ႐ႊေဈးကို သတ္မွတ္ထားျခင္းျဖစ္ သည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ၏ ထုတ္ျပန္ေသာသတ္မွတ္ေပါက္ေဈး မွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၆၀)က်ပ္ သာရွိသျဖင့္ယင္းေဈးျဖင့္ အေရာင္းအဝယ္ျပဳလုပ္သူ နည္းပါး ေၾကာင္းသိရသည္။ ကမာၻ႔ႏိုင္ငံေရး အေျခအေနမ်ားအရ အေမရိကန္ႏိုင္ငံသည္ ဂရင္းလန္းကြၽန္းကို သိမ္းပိုက္ရန္ သတင္းမ်ားထြက္ေပၚျခင္း အီရန္ ႏိုင္ငံမွဆႏၵျပမႈမ်ားကို အေမရိကန္က စစ္ေရးအရ ဝင္ေရာက္ႏိုင္ျခင္းတို႔သည္ ေဈးကြက္အတြင္း ေ႐ႊေဈးကို ပိုမိုျမင့္တက္ေစသည္။ ႏိုင္ငံတကာႏွင့္ ဥေရာပ ႏိုင္ငံမ်ားမွ ဗဟိုဘဏ္မ်ားသည္ အေမရိ ကန္ေဒၚလာအစား ေ႐ႊကို ပိုမိုစုေဆာင္းလာျခင္းေၾကာင့္ ေ႐ႊဝယ္လိုအားမွာက်ဆင္းျခင္းမရွိဘဲ ဆက္တိုက္ျမင့္တက္ ေနျခင္းျဖစ္သည္။ ႏိုင္ငံတကာ ေ႐ႊေဈးကြက္ကြၽမ္း က်င္သူမ်ား၏ခန႔္မွန္းခ်က္အရ ကမာၻတစ္ဝန္း စစ္ေရးဆိုင္ရာ တင္းမာမႈမ်ားေၾကာင့္ ေ႐ႊေဈးက်ဆင္းရန္ ခက္ခဲေၾကာင္းသိရသည္။
ျပည္တြင္းေငြလဲေဈးကြက္အတြင္းတြင္ ျမင့္တက္ေနေသာ ေဒၚလာေဈးမ်ား အနည္းငယ္က်ဆင္း လာၿပီး အဓိကအခ်က္အေနျဖင့္ ျပင္ပေငြလဲလုပ္ငန္း လုပ္ကိုင္သူမ်ားကို ဖမ္းဆီးအေရးယူျခင္းေၾကာင့္ျဖစ္ သည္။ ျပည္တြင္း ေဒၚလာေဈးသည္ ဗဟိုဘဏ္၏ အြန္လိုင္း FX ေဈးကြက္အတြင္း ေငြလဲလိုင္စင္ရ ဘဏ္မ်ားအၾကား အေရာင္းအဝယ္ ျဖစ္သည့္ ေပါက္ေဈးသည္ တစ္ေဒၚလာလွ်င္ (၃၆ ၅၂) က်ပ္ ရွိေၾကာင္းသိရသည္။ ပို႔ကုန္/သြင္းကုန္လုပ္ငန္းရွင္ မ်ားအေနျဖင့္ လိုအပ္ေသာႏိုင္ငံျခားေငြကို ဗဟိုဘဏ္၏အြန္လိုင္းေဈးကြက္တြင္ ဝယ္ယူႏိုင္ေသာ္လည္း လိုအပ္ခ်က္ ပမာဏ အျပည့္အဝ မဝယ္ႏိုင္ျခင္းေၾကာင့္ ျပင္ပေဈးကြက္တြင္ အေရာင္းအဝယ္ မ်ားရွိေနဆဲျဖစ္သည္။ လက္ရွိ ျပင္ပေငြလဲႏႈန္းမ်ားမွာ တ႐ုတ္ေငြတစ္ယြမ္လွ်င္(၅၈၂)က်ပ္၊ ထိုင္းတစ္ဘတ္ လွ်င္ (၁၂၉)က်ပ္၊ အိႏၵိယတစ္႐ူပီး လွ်င္(၄၄)က်ပ္ အသီးသီးေပါက္ေဈးရွိေၾကာင္းသိရသည္။ ျပည္တြင္းေ႐ႊေဈးႏွင့္ ေငြလဲေဈးႏႈန္း မ်ားအေျပာင္းအလဲရွိ ေသာ္လည္း ျပည္ပမွတင္သြင္းေန သည့္စက္သုံးဆီႏွင့္ စားအုန္းဆီေဈးမ်ားမွာ ေဈးႏႈန္း အက်ေဈးျဖင့္ တည္ၿငိမ္ေနသည္။ စက္သုံးဆီေဈး က်ဆင္းေနေသာေၾကာင့္ ျပင္ပလက္လီ ေရာင္းခ်သည့္ဆိုင္မ်ားတြင္ အဝယ္နည္းသြားၿပီး ပန႔္ဆိုင္မ်ား တြင္သာ ဝယ္ယူမႈရွိေနေၾကာင္း နယ္ၿမိဳ႕မ်ားရွိ စက္ သုံးဆီ လုပ္ငန္းရွင္မ်ားထံမွသိရသည္။ လာမည့္ရက္ ပိုင္းအတြင္း ကမာၻ႔ေ႐ႊေဈးမွာ အျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနႏိုင္ျခင္းေၾကာင့္ ျပည္တြင္း ေ႐ႊေဈးမ်ား အေျပာင္းအလဲနည္းပါး ႏိုင္သည္။ ကမာၻ႔ေ႐ႊေဈး ဆက္လက္ျမင့္တက္ပါက ျပည္တြင္းေ႐ႊေဈး သိန္း (၁၀ဝ) အထက္တြင္ ရွိႏိုင္သည္။
(ဗဟိုဘဏ္ထုတ္ျပန္ခ်က္ႏွင့္ ေငြလဲေဈးကြက္)
လတ္တေလာရက္ပိုင္းအတြင္း ဗဟိုဘဏ္မွ ျပင္ပေငြလဲေဈးကြက္အတြင္း ႏိုင္ငံျခားေငြအေရာင္း အဝယ္ ျပဳလုပ္ေနသူမ်ားအား ဖမ္းဆီးအေရးယူသည့္ ထုတ္ျပန္ခ်က္ထြက္ေပၚလာရာ ေဈးကြက္အတြင္း လႈပ္ခတ္မႈမ်ားရွိခဲ့သည္။ အဓိက သြင္းကုန္လုပ္ငန္းရွင္ မ်ားအေနျဖင့္ ျပင္ပေငြလဲေဈးကြက္အတြင္း ႏိုင္ငံျခားေငြဝယ္ယူမႈရွိေနဆဲျဖစ္ရာ အြန္လိုင္း လူမႈကြန္ ယက္တြင္ အေရာင္းအဝယ္လုပ္ကိုင္ေနသူမ်ားရွိေနဆဲျဖစ္သည္။ အြန္လိုင္းမွတဆင့္ ဆက္သြယ္ေရာင္းခ် ေနသူငါးဦးကို ဖမ္းဆီးအေရးယူထားၿပီး ၎တို႔၏ဘဏ္စာရင္းမ်ားကိုပါ ထိန္းခ်ဳပ္ထားေၾကာင္း ထုတ္ျပန္သည္။ ဆက္ လက္ၿပီး လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ USDT အေရာင္းအဝယ္ျပဳလုပ္ရန္ ေဖာ္ျပထားသည့္ ေၾကာ္ျငာမ်ားရွိ ဖုန္းနံပါတ္မ်ား၊ ေငြစာရင္းအမွတ္မ်ားျဖင့္ ႏိုင္ငံျခားေငြအေရာင္းအဝယ္ ျပဳလုပ္ခဲ့သည့္ လူပုဂၢိဳလ္ (၂၃၄) ဦးကို ဆုံးရႈံးႏိုင္ေျခ အႏၲရာယ္ျမင့္မားေသာ လူပုဂၢိဳလ္မ်ားအျဖစ္သတ္မွတ္၍ ၎တို႔၏ဘဏ္အသီးသီးရွိ ေငြစာရင္းမ်ား (ဘဏ္စာရင္းစုစုေပါင္း (၆၈၇) ခုႏွင့္ မိုဘိုင္း ေငြေရး ေၾကးေရးစာရင္း (၂၈၇) ခု တို႔ကို ေငြစာရင္း ယာယီတားဆီး ထားေၾကာင္း သိရသည္။ တရားမဝင္ ႏိုင္ငံျခားေငြေၾကးမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ျခင္း ကို ေဆာင္႐ြက္လ်က္ရွိသည့္ လူမႈကြန္ရက္ စာမ်က္ ႏွာမ်ားအား စုံစမ္းေဖာ္ထုတ္လ်က္ရွိရာ လက္ရွိအခ်ိန္ ထိ လူမႈကြန္ရက္စာမ်က္ႏွာ (၁၂၀၁) ခုကို စိစစ္ အေရးယူေဆာင္႐ြက္လ်က္ရွိရာ ေငြစာရင္း အေကာင့္ မ်ားကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က စိစစ္ခဲ့ၿပီး ဆုံးရႈံးႏိုင္ေျခ အဆင့္ျမင့္မားသည့္လူပုဂၢိဳလ္မ်ားအ ျဖစ္သတ္မွတ္၍ လူပုဂၢိဳလ္ (၁၃၄၂) ဦး၏ ေငြစာရင္း အေကာင့္မ်ားအား ယာယီတားဆီးထားသည့္အျပင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပါဝင္ပတ္သက္ ေရာင္းဝယ္ေနသူမ်ားကို အေရးယူ ေဆာင္႐ြက္ထား ၿပီးျဖစ္ေၾကာင္းသိရသည္။
လက္ရွိဗဟိုဘဏ္ထုတ္ျပန္ခ်က္အရ အေရးယူ မႈမ်ားသည္ ေငြလဲလုပ္ငန္းသမိုင္းတစ္ေလွ်ာက္ လူဦး ေရအမ်ားဆုံးႏွင့္ ဘဏ္အေကာင့္အမ်ားဆုံးကို အေရးယူျခင္းျဖစ္သည္။ ထိုသို႔ အေရးယူမႈမ်ားေၾကာင့္ ျပင္ပေငြလဲ ေဈးကြက္အတြင္း အေရာင္းအဝယ္ေအးသြားၿပီး ေငြလဲေဈးႏႈန္းမ်ား က်ဆင္းလာေၾကာင္းသိရသည္။ ျမန္မာ ႏိုင္ငံ အေနျဖင့္ (၂၀၁၁)ခုႏွစ္မွစတင္ကာ ေငြလဲေဈးႏႈန္းကို ႏႈန္းရွင္စနစ္ျဖင့္ ေဈးကြက္ ေပါက္ေဈးအတိုင္း အေရာင္း အဝယ္ျပဳလုပ္ခဲ့ရာ ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ား ဆက္တိုက္ျမင့္တက္လာခဲ့သည္။ (၂၀၂၁) ႏိုင္ငံေရးအေျပာင္း အလဲမ်ားျဖစ္ ပြားၿပီးေနာက္ပိုင္းတြင္ ႏိုင္ငံျခားေငြလဲႏႈန္းကို တစ္ေဒၚလာလွ်င္(၂၁၀ဝ)က်ပ္သတ္မွတ္ခဲ့ရာ ေဈးကြက္ အတြင္း ျပင္ပေပါက္ေဈးႏွင့္ ဗဟိုဘဏ္ရည္ၫြန္း ေဈးဟု၍ ႏွစ္မ်ိဳးကြဲျပားသြားခဲ့သည္။
ျပင္ပေဈးကြက္တြင္ လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန႔္က အေမရိကန္တစ္ေဒၚလာလွ်င္ (၅၀ဝဝ) က်ပ္ေက်ာ္အထိ ေပါက္ ေဈးမ်ားျဖစ္ေပၚခဲ့ရာ ေငြလဲေကာင္တာမ်ားႏွင့္ ေငြလဲလုပ္ငန္းလုပ္ကိုင္သူမ်ားကိုဖမ္းဆီး အေရးယူမႈမ်ားရွိခဲ့သည္။ လက္ရွိအခ်ိန္တြင္လည္း ျပင္ပေငြလဲလုပ္ငန္းလုပ္ကိုင္သူမ်ားကို ဆက္တိုက္ ဖမ္းဆီးအေရးယူေနျခင္းျဖစ္သည္။ သို႔ေသာ္ လည္း ေငြလဲလိုင္စင္ရဘဏ္မ်ားရွိ ေငြလဲေကာင္တာမ်ားတြင္ ႏိုင္ငံျခားသို႔သြားေရာက္မည့္သူမ်ား ႏိုင္ငံျခားေငြ အနည္း ငယ္ေသာပမာဏကို ဝယ္ယူႏိုင္သည္။ လာမည့္ရက္ပိုင္းအတြင္း ျပင္ပေငြလဲေဈးကြက္အတြင္း အေရာင္းအဝယ္ေအးေန မည္ျဖစ္သည္။
(ပို႔ကုန္ရေငြအေျပာင္းအလဲႏွင့္ အေထြေထြကုန္ေဈးႏႈန္း)
ဗဟိုဘဏ္က ပို႔ကုန္ရေငြ ျပန္လည္ေပးသြင္းရ မည့္ပမာဏကို (၂၅)ရာခိုင္ႏႈန္းအစား(၁၅) ရာခိုင္ႏႈန္းကို ေျပာင္း လဲျပင္ဆင္သတ္မွတ္ေပးလိုက္ျခင္းေၾကာင့္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ားအၾကား ႏိုင္ငံျခား ေငြ လိုအပ္ခ်က္ကို အထိုက္အေလ်ာက္ေျဖရွင္းေပးႏိုင္သည္။ သို႔ေသာ္လည္း (ဝ)ရာခိုင္ႏႈန္းအထိ ျပင္ဆင္ ႏိုင္မွသာ သြင္းကုန္လုပ္ငန္း မ်ားအတြက္လိုအပ္ေသာ ႏိုင္ငံျခားေငြကို ျဖည့္ဆည္းႏိုင္မည္ျဖစ္သည္။ သြင္းကုန္လုပ္ငန္းအမ်ားစုမွာ သြင္းကုန္လိုင္စင္ မရရွိျခင္း ေၾကာင့္ အခက္အခဲႀကဳံေတြ႕ေနရၿပီး ျပည္တြင္း၌ကုန္ စည္ျပတ္လပ္မႈမ်ား ျဖစ္ေပၚေနသည္။
ျပည္တြင္း ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ားအေနျဖင့္ ပင္လယ္‌ေရေၾကာင္းကုန္သြယ္မႈကိုသာ အဓိက ထားေဆာင္ ႐ြက္ေနၿပီး နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းတြင္ ရန္ကုန္၊ ေကာ့ေသာင္း၊ ရေနာင္းလမ္းေၾကာင္း တစ္ခုတည္းသာ ကုန္သြယ္ႏိုင္ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ျပည္ပမွတင္သြင္းေသာကုန္စည္မ်ား နည္းပါးသြားသည့္အျပင္ ကုန္ေဈးႏႈန္း ျမင့္တက္မႈကိုလည္း ေဈးကြက္အတြင္းျဖစ္ေပၚလာသည္။
ကုန္စည္လက္က်န္ရွိသည့္လုပ္ငန္းရွင္မ်ား၏ ေဈးေခၚျမႇင့္တင္ေရာင္းခ်မႈမ်ားေၾကာင့္ ကုန္ေဈးႏႈန္း ျမင့္တက္ သည့္အျပင္ ေငြေၾကးေဖာင္းပြမႈေၾကာင့္ လည္း ကုန္ေဈးႏႈန္းျမင့္တက္ျခင္းျဖစ္သည္။ အေျခခံ စားေသာက္ကုန္မ်ား ကုန္ေဈးႏႈန္းျမင့္တက္ရျခင္းမွာ ေငြေၾကးေဖာင္းပြမႈႏွင့္ စားဝတ္ေနေရး စရိတ္မ်ား ႀကီးျမင့္လာမႈေၾကာင့္ျဖစ္သည္။ အေျခခံစားေသာက္ ကုန္မ်ားအတြင္း လြန္ခဲ့ေသာငါးႏွစ္ခန႔္က ေ႐ႊရင္ ေအးမုန႔္လက္ေဆာင္းတစ္ခြက္လွ်င္ ငါးရာက်ပ္ခန႔္ ရွိရာမွ လက္ရွိအခ်ိန္တြင္ ႏွစ္ေထာင္က်ပ္အထိ ျမင့္တက္လာခဲ့သည္။ စားေသာက္ကုန္အမ်ားစုမွာ ကုန္ေဈးႏႈန္း ျမင့္တက္ေနျခင္းျဖစ္ရာ လက္ရွိတြင္ အေျခခံလူတန္းစားမ်ား စားသုံးေသာကုန္စည္မ်ားအထိ ေဈး ႏႈန္းျမင့္တက္မႈ ႀကဳံေတြေနသည္။
ကမာၻ႔ဘဏ္၏ေနာက္ဆုံးထုတ္ျပန္သည့္ ျမန္မာႏိုင္ငံအတြက္ စီးပြားေရးအစီအရင္ခံစာတြင္ ေငြေၾကး ေဖာင္းပြမႈ (၂၀)ရာခိုင္ႏႈန္းဝန္းက်င္တြင္ ရပ္တည္ေန ေၾကာင္းေဖာ္ျပထားသည္။ ယင္းပမာဏသည္ အေထြ ေထြကုန္ေဈးႏႈန္းကို ဆက္တိုက္ျမင့္တက္ေစႏိုင္ သည့္အေျခအေနတြင္ေရာက္ရွိေနသည္။ ျပည္တြင္းတစ္ဦးခ်င္းဝင္ေငြမွာ ျမင့္တက္လာျခင္း မရွိသျဖင့္ ကုန္ေဈးႏႈန္းေၾကာင့္ တစ္ဦးခ်င္းဝယ္ႏိုင္စြမ္းအား က်ဆင္းေနေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ေဈးကြက္အတြင္း ကုန္စည္ေဈးျမင့္ တက္ေသာ္လည္း အေရာင္းအဝယ္ နည္းပါးေနျခင္း ျဖစ္သည္။ ကမာၻ႔ဘဏ္၏အဆိုအရ ေဈးကြက္က်ဳံ႕ ျခင္းျဖစ္ေပၚေနရာ လာမည့္ရက္မ်ားအတြင္း အေျပာင္းအလဲျဖစ္ေပၚရန္ အေျခအေနေကာင္းမ်ား မရွိေပ။ ေ႐ြးေကာက္ပြဲလြန္ကာလ အစိုးရသစ္ေပၚထြက္ လာခ်ိန္မွသာ ပို႔ကုန္/သြင္းကုန္မူဝါဒ သစ္မ်ားႏွင့္ အေထြေထြကုန္ေဈးႏႈန္း အေျပာင္းအလဲမ်ားျမင္ေတြ႕ လာႏိုင္ဖြယ္ရွိသည္။

Related news

© 2021. All rights reserved.