အမျိုးသားအကျိုးစီးပွားကာကွယ်ရေးနှင့် ICJ ပြဿနာ (အတွေးအမြင် ဆောင်းပါး)

248

အောင်နိုင်သူ(ဇွဲကပင်)
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား (National Interest) ဆိုသည်မှာ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကာကွယ်စောင့် ရှောက်ခြင်းဖြစ်သည်ဟု ပညာရှင်များက ဖွင့်ဆိုလေ့ရှိကြပါသည်။ နိုင်ငံတိုင်းသည် ၎င်းတို့ နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကို ထိပါးနှောင့်ယှက်မှု မခံရစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကာကွယ် စောင့်ရှောက်လျက်ရှိပါသည်။ ထိုသို့ အမျိုးသားအ ကျိုးစီးပွား ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်လည်းဖြစ်ပါသည်။ ထို့ ကြောင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားသည် နိုင်ငံသားတို့၏အကျိုးစီးပွားနှင့်ယှဉ်ပြီး ပေါ်ပေါက်လာ ခြင်းဖြစ် သဖြင့် နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၏ အမျိုးအကျိုးစီးပွားကို တန်ဖိုးထားလေးစားရမည်ဖြစ်သလို မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အသက် တမျှ တန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပါသည်။
ယနေ့ကာလတွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော ICJ တွင် ဂမ်ဘီယာ နိုင်ငံ၏ တရားစွဲဆိုမှုကိုရင်ဆိုင်နေရသဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားအတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လာနေပါသည်။ ဂမ်ဘီယာနိုင်ငံသည် Genocide ဟုခေါ်သော လူမျိုးတုံးသတ်ဖြတ်မှုခေါင်းစဉ်ဖြင့် မိမိတို့နိုင်ငံကို မဟုတ်မ မှန်လီဆယ်တိုင်ကြားထားခြင်းဖြစ်ပါသည်။ အလွန်ဆင်းရဲသော အာဖရိကအနောက်ပိုင်းရှိ ဂမ်ဘီယာ နိုင်ငံ သည် မိမိတို့နိုင်ငံကို ICJ တွင် တရားစွဲဆိုရန် ငွေကြေး လုံလုံလောက်လောက်ရှိသည့်နိုင်ငံတော့ မဟုတ်ပေ။ ထို့ထက်ပို ဆိုးသည်က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံသည့် ပထဝီအနေအထားအရ မည်သို့မျှ ဆက်စပ်မှုမရှိသလို မည်သည့်အကျိုး စီးပွားမှလည်း ဆက်နွှယ်နေခြင်းမရှိပေ။ ထို့ကြောင့် ICJ တွင် အမှု လိုက်ရှေ့နေ အကျိုးဆောင်အဖွဲ့(၁၂)ဦးအထိငှား ရမ်းကာ တရားစွဲဆိုခဲ့ခြင်း၏နောက်ကွယ်တွင် OIC အဖွဲ့ဝင်နိုင်ငံများကကူညီနေကြောင်း ကျွမ်းကျင်သူ များက သုံးသပ်မှတ်ချက်ပြုခဲ့ကြပါသည်။
ထိုကဲ့သို့ OIC နိုင်ငံများက ပါဝင်ပတ်သက်နေ သောအနောက်တံခါးပြဿနာသည် ရှုပ်ထွေးမှုများစွာ ရှိနေသည့် တိုင် အဓိကအကြောင်းရင်းကတော့ လူမျိုးရေးနှင့် ဘာသာရေးအကျိုးစီးပွားအရ မြန်မာ့မြေကို မျက်စောင်းထိုးလာ ကြခြင်းဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းအဖြစ် နယ်နိမိတ်ထိစပ်နေ သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေပေါက်ကွဲမှုက ဤဒေသအပေါ် အဆိပ်သင့်စေခဲ့သည်ကို တွေ့ရှိရပါသည်။ နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့်အဖွဲ့က သွားရောက်ရှင်း လင်းနေရ သည့် ‘ရို’အမည်ခံ အဆိုပါလူမျိုးများကို အင်္ဂလိပ်ခေတ်တွင် ဘင်္ဂါလီဟုခေါ်ဆိုသတ်မှတ်ခဲ့ကြ ပါသည်။ သို့သော် ပြဿနာ စတင်သန္ဓတည်ခဲ့သည်မှာ ဦးနုအစိုးရ၏ ပါလီမန်ဒီမိုကရေစီခေတ်ကဖြစ်ပါသည်။ ထိုအချက်ကိုနင်းပြီးပြောဆိုလာ သည်မှာ ဘင်္ဂါလီလူမျိုး အစ္စလာမ်ဘာသာဝင် နေဆန်းလွင်တို့ အုပ်စုဖြစ်ပါသည်။ အဆိုပါအုပ်စုသည် (၁၉၆၂) မတိုင်မီ တည်းက မြန်မာနိုင်ငံတွင် တိုင်းရင်းသားပုံစံ အသံလွှင့်ဌာနပင်ရှိခဲ့ကြောင်း ICJ ရုံးရှေ့တွင် မီဒီယာကတစ်ဆင့်ထုတ် ပြောလာပါသည်။
ထိုအချိန်တုန်းက ‘ရို’ နာမည် အသံလွှင့်ဌာန တကယ်ရှိခဲ့သည်ဟုပြောဆိုခဲ့ကြသည်ကို အသက် ကြီး လူကြီးပိုင်း များကပြောပြသဖြင့် ကြားဖူးပါသည်။ ထိုခေတ်က အချို့သောစာအုပ်တို့တွင်လည်း ဤအမည်ကိုသုံးခဲ့သည်ကို တော့ဖတ်ဖူးပါသည်။ သို့သော် ထိုစာအုပ်တို့သည် ပါလီမန်ဒီမိုကရေစီခေတ်တွင်ပုံ နှိပ်ခဲ့သည့်စာအုပ်ဖြစ်နေသည် ကိုတွေ့ရပါသည်။ ထိုကဲ့သို့ ဘာကြောင့်ဖြစ်ရသနည်းကို ပြန်ဆန်းစစ် ကြည့်သောအခါ ဦးနုခေတ်တွင် ဤဘင်္ဂါလီ များဆီမှ မဲလိုချင်၍ အလွယ်တကူ နိုင်ကတ်များထုတ်ပေးခဲ့ကြ ရာကစခဲ့သည်ကိုတွေ့ရပါသည်။ သို့သော် ထိုအချိန် က မြန်မာပြည်တွင် (၁၉၈၂)ကဲ့သို့သော နိုင်ငံသား ဥပဒေ မာမာချာချာမပေါ်သေးတော့ အရာရာဟာမြေ စမ်းခရမ်းပျိုး သကဲ့သို့ဖြစ်နေခဲ့ပါသည်။ ဤသည်မှာ ဦးနုတို့ကဲ့သို့နိုင်ငံရေးသမားများက သားစဉ်မြေးဆက် အရေးမတွေးဘဲ အာဏာရလိုမှု၊ မဲရလိုမှု တစ်ခုတည်း နှင့်လုပ်ခဲ့သည့် အကျိုးဆက်ဖြစ်ပါသည်။ သေချာ သည်က ၎င်းတို့သည် မြန်မာနိုင်ငံ တွင်ပေါက်ဖွားခဲ့ သော ဌာနေတိုင်းရင်းသား ရခိုင်များကဲ့သို့မဟုတ်ဘဲ (၁၈၂၄)ခုနှစ် အင်္ဂလိပ်တို့၏ ပထမကျူးကျော်စစ် နောက်ပိုင်းမှပေါ်လာကြသူများဖြစ်ပါသည်။ အထူးသဖြင့် အင်္ဂလိပ်တို့က လယ်လုပ်သားအဖြစ်လုပ်ဆောင် စေရန် ခေါ်သွင်းလာကြခြင်းဖြစ်ပါသည်။
သို့သော် (၁၉၆၂) ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရတက်လာသည့်အခါ ဤပြဿနာသည် ခေတ္တခဏ အသံတိတ်ဆိတ်သွားခဲ့သည်။ ဗိုလ်ချုပ် ကြီးနေဝင်းသည် အမျိုးသားရေးကိုအလေးထားသူ ဖြစ်သောကြောင့် လူမျိုးလိမ်မှတစ်ဆင့် မိမိတို့ အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် အာဏာစက်ဖြင့် ငြိမ်အောင်ထိန်းခဲ့ပါသည်။
သို့သော် ပြဿနာ ထပ်မံစတင်ခဲ့သည့် (၁၉၇၁) ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်မြောက်ရေးစစ်ပွဲ တွင်ဖြစ်ပါသည်။ အဆိုပါစစ်ပွဲကာလအတွင်း မြန်မာနိုင်ငံ (အထူးသဖြင့် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီး တောင်ဒေ သများ)သို့ ပြေးဝင်လာသူဦးရေမှာ (၅)သိန်း (၅၀ဝယဝဝဝ)ဝန်းကျင်ရှိနိုင်ကြောင်း သမိုင်းမှတ်တမ်းအချို့နှင့် ကုလသမဂ္ဂ ၏အစီရင်ခံစာများအရ ခန့်မှန်းဖော်ပြထားသည်ကိုဖတ်ရှုဖူးပါသည်။ အဆိုပါကိန်းဂဏန်းမှာ အိန္ဒိယနိုင်ငံသို့ ပြေးဝင်ခဲ့ သည့် ဒုက္ခသည်အရေအတွက်(၁၀ သန်းနီးပါး)နှင့်နှိုင်းယှဉ်လျှင် နည်းပါးသည်ဟုဆို နိုင်သော်လည်း မြန်မာနိုင်ငံ အတွက်မူ လူဦးရေပြောင်းလဲမှုအပေါ် သိသာသော သက်ရောက်မှုရှိခဲ့သည်ဟု ပညာရှင်များက ထောက်ပြကြပါသည်။ စစ်ပွဲကြောင့် မြန်မာပြည်ထဲဝင်ရောက် လာသည့်အရေအတွက်(၅)သိန်းမှာ ခန့်မှန်းချက်ဖြစ် ၍ အငြင်းပွားဖွယ်ရာများ ရှိနေသည့်တိုင် မြန်မာပြည်ထဲ အလုံးအရင်းနှင့်ဝင်လာခဲ့ကြသည်ကတော့ ငြင်းမရပေ။ (သုတေသနမှတ်တမ်းပြုစုထား နိုင်ခြင်းမရှိ သဖြင့် ဤအရေအတွက်က မှန်ကန်တိကျမှု မရှိသည့် တိုင်ဒေသခံများ၏ ပြောစကားအရတော့ သိန်းနှင့်ချီ ပြီး အလုံးအရင်းနှင့်ဝင်လာခဲ့သည်ဟုဆိုပါသည်)
စစ်ပွဲပြီးနောက် အချို့က ပြန်သွားကြသည်ဟု ဆိုသော်လည်း ဘင်္ဂါလီအများစုက မြန်မာ့ရေမြေက တစ်ဖက်နိုင်ငံ ထက်ပိုမိုကောင်းမွန်သဖြင့် ကျန်ခဲ့သူက ပို၍များပြားပါသည်။ အဆိုပါ ခိုးဝင်ဘင်္ဂါလီများသည် ဤဒေသရှိဘင်္ဂါလီများ နှင့်ပေါင်းပြီး လူမျိုးနာမည်သစ်ဖြင့် နယ်မြေတစ်ခုတည်ဆောက်ရန်လုပ်လာခဲ့သည်။ ထို့ကြောင့် ဦးနေဝင်းအစိုးရသည် ဘူးသီးတောင်၊ မောင်းတောဒေသ နယ်စပ်တည်ငြိမ်ရေးသည် နိုင်ငံ တော်၏အချုပ်အခြာအာဏာ စိုးရိမ်ဖွယ်ရာဖြစ်လာ သဖြင့်ဖြေရှင်းနိုင်ရေး ကြိုးပမ်းခဲ့ရပါသည်။
(၁၉၇၈)ခုနှစ်တွင် နယ်စပ်ဒေသရှိ လူဦးရေစာ ရင်းစိစစ်ခြင်းကို နဂါးမင်းစစ်ဆင်ရေးဖြင့် စိစစ်ဆောင် ရွက်ခဲ့ပါ သည်။ ထိုသို့လုပ်ဆောင်မှုအပေါ် မကျေနပ်၍ တစ်ဖက်နိုင်ငံကိုထွက်ပြေးသူများရှိလာသည့်အခါ မြန်မာအစိုးရထံသို့ နိုင်ငံတကာဖိအားမျိုးစုံကျရောက် လာပါသည်။ အဆိုပါစီမံချက်အရလည်း ဤဒေသရှိ ဘင်္ဂါလီပေါင်း(၂)သိန်း ခန့်ထွက် ပြေးသွားသည်ဟု နိုင်ငံတကာက ဝေဖန်ထောက်ပြကြပြန်ပါသည်။ ထို့ကြောင့် (၁၉၇၈)ခုနှစ် ဇူလိုင်လ (၉)ရက်တွင် မြန်မာ -ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂါလီနှစ်သိန်းနီးပါး(၁၉၆၉၁၅ ဦး)ကို ဟင်္သာစီမံ ချက်အရ လက်ခံပေးလိုက်ရပါသည်။
ထိုအချိန်ကစ၍ ဦးနေဝင်းအစိုးရလည်း တော်တော်လေးစိတ်ထိခိုက်သွားပြီး နောင်တွင် အလားတူ ဖြစ်စဉ် မျိုးမဖြစ်အောင် နိုင်ငံသားဥပဒေတစ်ရပ်ကို ရေးဆွဲရန် ဥပဒေပညာရှင် ဒေါက်တာ မောင်မောင်နှင့် တိုင်ပင်ခဲ့သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် ဒေါက်တာ မောင်မောင်ဦးဆောင်ပြီးရေးဆွဲခဲ့သည့် (၈၂)နိုင်ငံ သားဥပဒေက (၁၉၈၂)ခုနှစ်တွင် ခိုင်ခိုင်မာမာပေါ်လာခဲ့ပါသည်။ (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်ပြီး ဤဥပဒေသည် သမိုင်းတစ်လျှောက် ဖြစ်ပွား ခဲ့သည့်သင်ခန်းစာများကိုအခြေခံကာ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို မျိုးချစ်စိတ် ဓာတ်ကိုအခြေခံကာ တိုင်းရင်းသားသွေးစစ်မှ တိုင်းပြည်ကိုချစ်မည်ဆိုသည့်အချက်ကိုအခြေခံ၍ ရေးဆွဲ ခဲ့ခြင်းဖြစ် ကြောင်း၊ ဦးနေဝင်းအစိုးရကလည်း လက်ခံ၍ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းတို့ကို ရခိုင်တိုင်းရင်း သားခေါင်းဆောင် ဒေါက်တာအေးမောင်က DVB debated တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ဖူးပါသည်။
ဘင်္ဂါလီများမကျေနပ်သည်ကလည်း (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေပင်ဖြစ်ပါသည်။ တင်းကြပ်လွန်းသည့် ဤ ဥပဒေကြောင့် ၎င်းတို့၏အခွင့်အရေး ဆုံးရှုံးရသည်ဆိုပြီး ဖြစ်လာပါသည်။ အဆိုပါဥပဒေ ပုဒ်မ(၃)မှာ နိုင်ငံတော် တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် (၁၁၈၅) ခုနှစ်၊ ခရစ်သက္ကရာဇ် (၁၈၂၃) ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်ဆိုသည့်စံနှုန်းနှင့် နိုင်ငံသားများကိုလက်ခံလိုက်သည့်အခါ ဤဒေသ သည် တော်တော်လေး တည်ငြိမ်သွားခဲ့ သည်ကိုတွေ့ရပါသည်။
(၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေသည် လူ့အခွင့် အရေးရှုထောင့်ကကြည့်လျှင် ချို့ယွင်းချက်ရှိသည့် ဥပဒေ၊ ခေတ်နှင့်မလျော်ညီတော့သည့်ဥပဒေဟု အပြစ်ပြောနိုင်ပါသည်။ အမျိုးသားရေးရှုထောင့်က ကြည့်လျှင် ဧရိယာအလွန် သေးငယ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာပြည်ထက် လူဦးရေ (၄)ဆနီးပါးများနေသဖြင့် ဤဥပဒေဖြင့် တိုင်းပြည် ကိုခြံခတ်ပြီး မကာကွယ်လျှင် မည်သည့်နည်းဖြင့်ကာကွယ်ကြမည် နည်းဟုမေးချင်ပါသည်။
နောက်တစ်ချက်က ဤလူမျိုးများသည် တစ်ဖက်နိုင်ငံကလူများနှင့် ရုပ်ရည်လည်းတူကြသည်။ ဘာသာ၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ စကား၊ စာပေအကုန်တူကြပါသည်။ ထိုကဲ့သို့တူသူများသည် သူ့မူရင်းနိုင်ငံ၏ Identity ကိုဖျောက်ပြီး Idenntity အသစ်၊ နာမည်အသစ်ဖြင့် အစားထိုးဝင်လာခဲ့ခြင်းကို နိုင်ငံသား၊ တိုင်းရင်းသားအဖြစ် ပေးရမည်ဆိုသည်မှာ ဖြစ်သင့်ပါသလား။ ထိုကဲ့သို့ အလွယ်တကူ လက်ခံခဲ့ မည်ဆိုလျှင် မြန်မာပြည် မြန်မာလူမျိုးသည် အမည်ခံ ဘဝနှင့် ကြာလျှင် ဝါးမျိုခံသွားရနိုင်ပါသည်။ ထို့ကြောင့် (၁၉၈၂) နိုင်ငံသားဥပဒေသည် ပြီးပြည့်စုံ သောဥပဒေ မဟုတ်သည့်တိုင်အောင် အမျိုးသားအကျိုးစီးပွားကာကွယ်ရေးအရ လုံခြုံရန်ခြံခတ်ထား သည့်ဥပဒေတစ်ခုဖြစ်သည်ဟု သုံးသပ်မိပါသည်။
(၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေပေါ်ပေါက်ပြီး နောက်ပိုင်း ‘ရို’ ဇာတ်လမ်းသည် နှစ်အတန်ကြာ ငြိမ်သွားခဲ့ သော် လည်း (၂၀၁၇)ခုနှစ်တွင် ပြန်ပေါ်လာခဲ့ပါသည်။ ပေါ်လာပုံကလည်း လွှတ်တော်တွင် ကိုယ်စားလှယ်အချို့နှင့် တပ်မ တော်သားကိုယ်စားလှယ် များကန့်ကွက်နေသည့်ကြားမှ ကိုဖီအာနန် ကော်မရှင် ကိုအတည်ပြုခဲ့သည်။
ထိုကဲ့သို့အတည်ပြုပြီး (၂၄)နာရီအကြာတွင် ဘူးသီးတောင်နှင့်မောင်တောမြို့နယ်အတွင်းရှိ ရဲစခန်း(၃၀)ကို အကြမ်းဖက်တိုက်ခိုက်ရာက စခဲ့ခြင်းဖြစ် သဖြင့် ရိုးရှင်းမှုမရှိကြောင်းတွေ့မြင်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် တပ်မတော်သည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရန်နှင့်ပြည် သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် အကြမ်းဖက်အဖွဲ့ ARSA ကို တိုက်ခိုက်နှိမ်နင်းခဲ့ရပါ သည်။ ထိုသို့ နှိမ်နင်းခဲ့မှုကို အကြောင်းပြုပြီး သူ့အမှားကို ကိုယ့်အမှားဖြစ်အောင် OIC နိုင်ငံများ၏ ကြိုတင်ကြံစည်မှုဖြင့် ဂမ်ဘီယာ ကနေ Genocide အမှုဖြင့် ICJ ၌ မြန်မာနိုင်ငံကို လိမ်လည်တရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာ ရိုးသားမှုမရှိ၊ ဥပဒေနှင့် မညီသော ဤဖြစ်ရပ်၏ OIC အဖွဲ့အစည်း၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည်ကတော့ အထင်အရှားပင်ဖြစ်ပါသည်။ မည်သည့်အမှုတွင်မဆို နစ်နာသူက တိုင်ကြားမှသာလျှင် ယုတ္တိ ဗေဒကျမည်ဖြစ်ပါသည်။ ဥပဒေနှင့်လည်း ညီမည်ဖြစ်ပါသည်။ ထိခိုက်နစ်နာမှု လုံးဝမရှိ၊ ပတ်သက် ဆက်စပ်မှုမရှိသည့် ဂမ်ဘီယာက ကြားနေလုပ်ပြီးတိုင်ကြားခြင်းက အမှုပွဲစားသဖွယ်ဖြစ် နေပါသည်။ ဂမ်ဘီယာနိုင်ငံ၏နောက်ကွယ်တွင် လက်မည်းပေါင်းများစွာရှိနေသဖြင့် ဖော်ထုတ်ပြီး မီဒီယာများဖြင့်သော်လည်းကောင်း ဥပဒေအထောက်အကူသက်သေ များအဖြစ်လည်းကောင်း ဖော်ထုတ်တင် ပြသွားမည်ဆိုလျှင် မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားကို စွမ်းအားပြည့် ကာကွယ်စောင့် ရှောက်နိုင်မည်ဟုယူဆမိပါသည်။
ခြုံငုံသုံးသပ်ရလျှင် ICJ ပြဿနာသည် ဥပဒေကြောင်းအရ ရင်ဆိုင်ရုံမျှဖြင့်မလုံလောက်ဘဲ နိုင်ငံရေး၊ စီးပွား ရေးနှင့် သံတမန်ရေးရာ နည်းလမ်းပေါင်းစုံ ဖြင့်ကျော်လွှားရမည့် အမျိုးသားရေးစိန်ခေါ်မှုကြီးဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွားကို ကာကွယ် နိုင်ရန်အတွက် နိုင်ငံတကာစံနှုန်းများကို လေးစား လိုက်နာမှုနှင့်အတူ ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးတို့ကို ခိုင်မာစွာတည်ဆောက် သွားရန်အရေးကြီးလှပါသည်။ သမိုင်း ကြောင်းအရ ရှုပ်ထွေးလှသည့်ဤပြဿနာကိုဖြေရှင်းရာတွင် ဥပဒေကြောင်းအရ ခုခံကာကွယ်ရုံသာမကဘဲ ပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးနွယ်စုအသီးသီး၏ အမျိုးသားရေးဆိုင်ခြိမ်းခြောက်မှုဖြစ်သည်ကို သိရှိနားလည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါ သည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာက လက်ခံနိုင်သော ပွင့်လင်းမြင်သာသော ဆောင်ရွက်မှု ဖြစ်စေရေး (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေနှင့် ဆောင် ရွက်သွားကြရန်လိုအပ်ပါသည်။ ထို့ကြောင့် ICJ ပြဿနာသည် မြန်မာနိုင်ငံအတွက် ခါးသီးသော သမိုင်းသင် ခန်းစာ တစ်ခုဖြစ်ပါသည်။ နောင်အနာ ဂတ်တွင် အမျိုးသားအကျိုးစီးပွားကိုထိပါးမည့် ပြည် ပစွက်ဖက်မှုများ ကိုတားဆီးနိုင်ရန် ပြည်တွင်းအင် အားစုအသီးသီးက တိုင်းရင်းသားတို့နှင့်အတူ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက် သွားကြရန်လိုအပ် ကြောင်း အကြံပြုလိုက်ရပါသည်။

Zawgyi Version:
အမ်ိဳးသားအက်ိဳးစီးပြားကာကြယ္ေရးႏွင့္ ICJ ျပႆနာ
(အေတြးအျမင္ ေဆာင္းပါး)
ေအာင္ႏိုင္သူ(ဇြဲကပင္)
ႏိုင္ငံတစ္ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြား (National Interest) ဆိုသည္မွာ အခ်ဳပ္အျခာ အာဏာ တည္တံ့ ခိုင္ၿမဲေရး၊ နယ္ေျမေအးခ်မ္းသာယာေရးႏွင့္ ျပည္သူတို႔၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ကာကြယ္ေစာင့္ ေရွာက္ျခင္းျဖစ္သည္ဟု ပညာရွင္မ်ားက ဖြင့္ဆိုေလ့ရွိၾကပါသည္။ ႏိုင္ငံတိုင္းသည္ ၎တို႔ ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳး စီးပြားကို ထိပါးေႏွာင့္ယွက္မႈ မခံရေစေရးအတြက္ နည္းလမ္းမ်ိဳးစုံျဖင့္ ကာကြယ္ ေစာင့္ေရွာက္လ်က္ရွိပါသည္။ ထိုသို႔ အမ်ိဳးသားအ က်ိဳးစီးပြား ကာကြယ္ေစာင့္ေရွာက္ျခင္းသည္ ႏိုင္ငံသားတိုင္း၏ ေမြးရာပါတာဝန္လည္းျဖစ္ပါသည္။ ထို႔ ေၾကာင့္ ႏိုင္ငံေတာ္၏ အမ်ိဳးသားအက်ိဳးစီးပြားသည္ ႏိုင္ငံသားတို႔၏အက်ိဳးစီးပြားႏွင့္ယွဥ္ၿပီး ေပၚေပါက္လာ ျခင္းျဖစ္ သျဖင့္ ႏိုင္ငံသားတိုင္းသည္ မိမိတို႔ႏိုင္ငံ၏ အမ်ိဳးအက်ိဳးစီးပြားကို တန္ဖိုးထားေလးစားရမည္ျဖစ္သလို မိမိႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားကို အသက္ တမွ် တန္ဖိုးထား၍ ကာကြယ္ေစာင့္ေရွာက္ၾကရမည္ ျဖစ္ပါသည္။
ယေန႔ကာလတြင္ ျမန္မာႏိုင္ငံသည္ ကုလသမဂၢ၏ အျမင့္ဆုံးတရား႐ုံးျဖစ္ေသာ ICJ တြင္ ဂမ္ဘီယာ ႏိုင္ငံ၏ တရားစြဲဆိုမႈကိုရင္ဆိုင္ေနရသျဖင့္ ႏိုင္ငံေတာ္၏ဂုဏ္သိကၡာႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ စိန္ေခၚမႈႀကီးတစ္ရပ္ ျဖစ္လာေနပါသည္။ ဂမ္ဘီယာႏိုင္ငံသည္ Genocide ဟုေခၚေသာ လူမ်ိဳးတုံးသတ္ျဖတ္မႈေခါင္းစဥ္ျဖင့္ မိမိတို႔ႏိုင္ငံကို မဟုတ္မ မွန္လီဆယ္တိုင္ၾကားထားျခင္းျဖစ္ပါသည္။ အလြန္ဆင္းရဲေသာ အာဖရိကအေနာက္ပိုင္းရွိ ဂမ္ဘီယာ ႏိုင္ငံ သည္ မိမိတို႔ႏိုင္ငံကို ICJ တြင္ တရားစြဲဆိုရန္ ေငြေၾကး လုံလုံေလာက္ေလာက္ရွိသည့္ႏိုင္ငံေတာ့ မဟုတ္ေပ။ ထို႔ထက္ပို ဆိုးသည္က ဂမ္ဘီယာႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံသည့္ ပထဝီအေနအထားအရ မည္သို႔မွ် ဆက္စပ္မႈမရွိသလို မည္သည့္အက်ိဳး စီးပြားမွလည္း ဆက္ႏႊယ္ေနျခင္းမရွိေပ။ ထို႔ေၾကာင့္ ICJ တြင္ အမႈ လိုက္ေရွ႕ေန အက်ိဳးေဆာင္အဖြဲ႕(၁၂)ဦးအထိငွား ရမ္းကာ တရားစြဲဆိုခဲ့ျခင္း၏ေနာက္ကြယ္တြင္ OIC အဖြဲ႕ဝင္ႏိုင္ငံမ်ားကကူညီေနေၾကာင္း ကြၽမ္းက်င္သူ မ်ားက သုံးသပ္မွတ္ခ်က္ျပဳခဲ့ၾကပါသည္။
ထိုကဲ့သို႔ OIC ႏိုင္ငံမ်ားက ပါဝင္ပတ္သက္ေန ေသာအေနာက္တံခါးျပႆနာသည္ ရႈပ္ေထြးမႈမ်ားစြာ ရွိေနသည့္ တိုင္ အဓိကအေၾကာင္းရင္းကေတာ့ လူမ်ိဳးေရးႏွင့္ ဘာသာေရးအက်ိဳးစီးပြားအရ ျမန္မာ့ေျမကို မ်က္ေစာင္းထိုးလာ ၾကျခင္းျဖစ္ပါသည္။ အထူးသျဖင့္ ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းအျဖစ္ နယ္နိမိတ္ထိစပ္ေန ေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ လူဦးေရေပါက္ကြဲမႈက ဤေဒသအေပၚ အဆိပ္သင့္ေစခဲ့သည္ကို ေတြ႕ရွိရပါသည္။ နယ္သာလန္ႏိုင္ငံသည္ဟိဂ္ၿမိဳ႕တြင္ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ဦးေဆာင္သည့္အဖြဲ႕က သြားေရာက္ရွင္း လင္းေနရ သည့္ ‘႐ို’အမည္ခံ အဆိုပါလူမ်ိဳးမ်ားကို အဂၤလိပ္ေခတ္တြင္ ဘဂၤါလီဟုေခၚဆိုသတ္မွတ္ခဲ့ၾက ပါသည္။ သို႔ေသာ္ ျပႆနာ စတင္သႏၶတည္ခဲ့သည္မွာ ဦးႏုအစိုးရ၏ ပါလီမန္ဒီမိုကေရစီေခတ္ကျဖစ္ပါသည္။ ထိုအခ်က္ကိုနင္းၿပီးေျပာဆိုလာ သည္မွာ ဘဂၤါလီလူမ်ိဳး အစၥလာမ္ဘာသာဝင္ ေနဆန္းလြင္တို႔ အုပ္စုျဖစ္ပါသည္။ အဆိုပါအုပ္စုသည္ (၁၉၆၂) မတိုင္မီ တည္းက ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသားပုံစံ အသံလႊင့္ဌာနပင္ရွိခဲ့ေၾကာင္း ICJ ႐ုံးေရွ႕တြင္ မီဒီယာကတစ္ဆင့္ထုတ္ ေျပာလာပါသည္။
ထိုအခ်ိန္တုန္းက ‘႐ို’ နာမည္ အသံလႊင့္ဌာန တကယ္ရွိခဲ့သည္ဟုေျပာဆိုခဲ့ၾကသည္ကို အသက္ ႀကီး လူႀကီးပိုင္း မ်ားကေျပာျပသျဖင့္ ၾကားဖူးပါသည္။ ထိုေခတ္က အခ်ိဳ႕ေသာစာအုပ္တို႔တြင္လည္း ဤအမည္ကိုသုံးခဲ့သည္ကို ေတာ့ဖတ္ဖူးပါသည္။ သို႔ေသာ္ ထိုစာအုပ္တို႔သည္ ပါလီမန္ဒီမိုကေရစီေခတ္တြင္ပုံ ႏွိပ္ခဲ့သည့္စာအုပ္ျဖစ္ေနသည္ ကိုေတြ႕ရပါသည္။ ထိုကဲ့သို႔ ဘာေၾကာင့္ျဖစ္ရသနည္းကို ျပန္ဆန္းစစ္ ၾကည့္ေသာအခါ ဦးႏုေခတ္တြင္ ဤဘဂၤါလီ မ်ားဆီမွ မဲလိုခ်င္၍ အလြယ္တကူ ႏိုင္ကတ္မ်ားထုတ္ေပးခဲ့ၾက ရာကစခဲ့သည္ကိုေတြ႕ရပါသည္။ သို႔ေသာ္ ထိုအခ်ိန္ က ျမန္မာျပည္တြင္ (၁၉၈၂)ကဲ့သို႔ေသာ ႏိုင္ငံသား ဥပေဒ မာမာခ်ာခ်ာမေပၚေသးေတာ့ အရာရာဟာေျမ စမ္းခရမ္းပ်ိဳး သကဲ့သို႔ျဖစ္ေနခဲ့ပါသည္။ ဤသည္မွာ ဦးႏုတို႔ကဲ့သို႔ႏိုင္ငံေရးသမားမ်ားက သားစဥ္ေျမးဆက္ အေရးမေတြးဘဲ အာဏာရလိုမႈ၊ မဲရလိုမႈ တစ္ခုတည္း ႏွင့္လုပ္ခဲ့သည့္ အက်ိဳးဆက္ျဖစ္ပါသည္။ ေသခ်ာ သည္က ၎တို႔သည္ ျမန္မာႏိုင္ငံ တြင္ေပါက္ဖြားခဲ့ ေသာ ဌာေနတိုင္းရင္းသား ရခိုင္မ်ားကဲ့သို႔မဟုတ္ဘဲ (၁၈၂၄)ခုႏွစ္ အဂၤလိပ္တို႔၏ ပထမက်ဴးေက်ာ္စစ္ ေနာက္ပိုင္းမွေပၚလာၾကသူမ်ားျဖစ္ပါသည္။ အထူးသျဖင့္ အဂၤလိပ္တို႔က လယ္လုပ္သားအျဖစ္လုပ္ေဆာင္ ေစရန္ ေခၚသြင္းလာၾကျခင္းျဖစ္ပါသည္။
သို႔ေသာ္ (၁၉၆၂) ခုႏွစ္ေနာက္ပိုင္း ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းအစိုးရတက္လာသည့္အခါ ဤျပႆနာသည္ ေခတၱခဏ အသံတိတ္ဆိတ္သြားခဲ့သည္။ ဗိုလ္ခ်ဳပ္ ႀကီးေနဝင္းသည္ အမ်ိဳးသားေရးကိုအေလးထားသူ ျဖစ္ေသာေၾကာင့္ လူမ်ိဳးလိမ္မွတစ္ဆင့္ မိမိတို႔ အမ်ိဳးသားအက်ိဳးစီးပြားကိုထိခိုက္လာမည္ကို စိုးရိမ္ခဲ့သည္။ ထို႔ေၾကာင့္ အာဏာစက္ျဖင့္ ၿငိမ္ေအာင္ထိန္းခဲ့ပါသည္။
သို႔ေသာ္ ျပႆနာ ထပ္မံစတင္ခဲ့သည့္ (၁၉၇၁) ခုႏွစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ လြတ္ေျမာက္ေရးစစ္ပြဲ တြင္ျဖစ္ပါသည္။ အဆိုပါစစ္ပြဲကာလအတြင္း ျမန္မာႏိုင္ငံ (အထူးသျဖင့္ ရခိုင္ျပည္နယ္ ေမာင္ေတာႏွင့္ ဘူးသီး ေတာင္ေဒ သမ်ား)သို႔ ေျပးဝင္လာသူဦးေရမွာ (၅)သိန္း (၅၀ဝယဝဝဝ)ဝန္းက်င္ရွိႏိုင္ေၾကာင္း သမိုင္းမွတ္တမ္းအခ်ိဳ႕ႏွင့္ ကုလသမဂၢ ၏အစီရင္ခံစာမ်ားအရ ခန႔္မွန္းေဖာ္ျပထားသည္ကိုဖတ္ရႈဖူးပါသည္။ အဆိုပါကိန္းဂဏန္းမွာ အိႏၵိယႏိုင္ငံသို႔ ေျပးဝင္ခဲ့ သည့္ ဒုကၡသည္အေရအတြက္(၁၀ သန္းနီးပါး)ႏွင့္ႏႈိင္းယွဥ္လွ်င္ နည္းပါးသည္ဟုဆို ႏိုင္ေသာ္လည္း ျမန္မာႏိုင္ငံ အတြက္မူ လူဦးေရေျပာင္းလဲမႈအေပၚ သိသာေသာ သက္ေရာက္မႈရွိခဲ့သည္ဟု ပညာရွင္မ်ားက ေထာက္ျပၾကပါသည္။ စစ္ပြဲေၾကာင့္ ျမန္မာျပည္ထဲဝင္ေရာက္ လာသည့္အေရအတြက္(၅)သိန္းမွာ ခန႔္မွန္းခ်က္ျဖစ္ ၍ အျငင္းပြားဖြယ္ရာမ်ား ရွိေနသည့္တိုင္ ျမန္မာျပည္ထဲ အလုံးအရင္းႏွင့္ဝင္လာခဲ့ၾကသည္ကေတာ့ ျငင္းမရေပ။ (သုေတသနမွတ္တမ္းျပဳစုထား ႏိုင္ျခင္းမရွိ သျဖင့္ ဤအေရအတြက္က မွန္ကန္တိက်မႈ မရွိသည့္ တိုင္ေဒသခံမ်ား၏ ေျပာစကားအရေတာ့ သိန္းႏွင့္ခ်ီ ၿပီး အလုံးအရင္းႏွင့္ဝင္လာခဲ့သည္ဟုဆိုပါသည္)
စစ္ပြဲၿပီးေနာက္ အခ်ိဳ႕က ျပန္သြားၾကသည္ဟု ဆိုေသာ္လည္း ဘဂၤါလီအမ်ားစုက ျမန္မာ့ေရေျမက တစ္ဖက္ႏိုင္ငံ ထက္ပိုမိုေကာင္းမြန္သျဖင့္ က်န္ခဲ့သူက ပို၍မ်ားျပားပါသည္။ အဆိုပါ ခိုးဝင္ဘဂၤါလီမ်ားသည္ ဤေဒသရွိဘဂၤါလီမ်ား ႏွင့္ေပါင္းၿပီး လူမ်ိဳးနာမည္သစ္ျဖင့္ နယ္ေျမတစ္ခုတည္ေဆာက္ရန္လုပ္လာခဲ့သည္။ ထို႔ေၾကာင့္ ဦးေနဝင္းအစိုးရသည္ ဘူးသီးေတာင္၊ ေမာင္းေတာေဒသ နယ္စပ္တည္ၿငိမ္ေရးသည္ ႏိုင္ငံ ေတာ္၏အခ်ဳပ္အျခာအာဏာ စိုးရိမ္ဖြယ္ရာျဖစ္လာ သျဖင့္ေျဖရွင္းႏိုင္ေရး ႀကိဳးပမ္းခဲ့ရပါသည္။
(၁၉၇၈)ခုႏွစ္တြင္ နယ္စပ္ေဒသရွိ လူဦးေရစာ ရင္းစိစစ္ျခင္းကို နဂါးမင္းစစ္ဆင္ေရးျဖင့္ စိစစ္ေဆာင္ ႐ြက္ခဲ့ပါ သည္။ ထိုသို႔လုပ္ေဆာင္မႈအေပၚ မေက်နပ္၍ တစ္ဖက္ႏိုင္ငံကိုထြက္ေျပးသူမ်ားရွိလာသည့္အခါ ျမန္မာအစိုးရထံသို႔ ႏိုင္ငံတကာဖိအားမ်ိဳးစုံက်ေရာက္ လာပါသည္။ အဆိုပါစီမံခ်က္အရလည္း ဤေဒသရွိ ဘဂၤါလီေပါင္း(၂)သိန္း ခန႔္ထြက္ ေျပးသြားသည္ဟု ႏိုင္ငံတကာက ေဝဖန္ေထာက္ျပၾကျပန္ပါသည္။ ထို႔ေၾကာင့္ (၁၉၇၈)ခုႏွစ္ ဇူလိုင္လ (၉)ရက္တြင္ ျမန္မာ -ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ ဘဂၤါလီႏွစ္သိန္းနီးပါး(၁၉၆၉၁၅ ဦး)ကို ဟသၤာစီမံ ခ်က္အရ လက္ခံေပးလိုက္ရပါသည္။
ထိုအခ်ိန္ကစ၍ ဦးေနဝင္းအစိုးရလည္း ေတာ္ေတာ္ေလးစိတ္ထိခိုက္သြားၿပီး ေနာင္တြင္ အလားတူ ျဖစ္စဥ္ မ်ိဳးမျဖစ္ေအာင္ ႏိုင္ငံသားဥပေဒတစ္ရပ္ကို ေရးဆြဲရန္ ဥပေဒပညာရွင္ ေဒါက္တာ ေမာင္ေမာင္ႏွင့္ တိုင္ပင္ခဲ့သည္ဟု ဆိုပါသည္။ ဤသို႔ျဖင့္ ေဒါက္တာ ေမာင္ေမာင္ဦးေဆာင္ၿပီးေရးဆြဲခဲ့သည့္ (၈၂)ႏိုင္ငံ သားဥပေဒက (၁၉၈၂)ခုႏွစ္တြင္ ခိုင္ခိုင္မာမာေပၚလာခဲ့ပါသည္။ (၁၉၈၂)ခုႏွစ္ ႏိုင္ငံသားဥပေဒႏွင့္ပတ္သက္ၿပီး ဤဥပေဒသည္ သမိုင္းတစ္ေလွ်ာက္ ျဖစ္ပြား ခဲ့သည့္သင္ခန္းစာမ်ားကိုအေျခခံကာ ေရးဆြဲခဲ့ျခင္း ျဖစ္ေၾကာင္း၊ ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳးကို မ်ိဳးခ်စ္စိတ္ ဓာတ္ကိုအေျခခံကာ တိုင္းရင္းသားေသြးစစ္မွ တိုင္းျပည္ကိုခ်စ္မည္ဆိုသည့္အခ်က္ကိုအေျခခံ၍ ေရးဆြဲ ခဲ့ျခင္းျဖစ္ ေၾကာင္း၊ ဦးေနဝင္းအစိုးရကလည္း လက္ခံ၍ေပၚေပါက္လာျခင္းျဖစ္ေၾကာင္းတို႔ကို ရခိုင္တိုင္းရင္း သားေခါင္းေဆာင္ ေဒါက္တာေအးေမာင္က DVB debated တစ္ခုတြင္ ထည့္သြင္းေျပာၾကားခဲ့ဖူးပါသည္။
ဘဂၤါလီမ်ားမေက်နပ္သည္ကလည္း (၁၉၈၂)ခုႏွစ္ ႏိုင္ငံသားဥပေဒပင္ျဖစ္ပါသည္။ တင္းၾကပ္လြန္းသည့္ ဤ ဥပေဒေၾကာင့္ ၎တို႔၏အခြင့္အေရး ဆုံးရႈံးရသည္ဆိုၿပီး ျဖစ္လာပါသည္။ အဆိုပါဥပေဒ ပုဒ္မ(၃)မွာ ႏိုင္ငံေတာ္ တြင္ပါဝင္ေသာ နယ္ေျမတစ္ခုခု၌ ျမန္မာသကၠရာဇ္ (၁၁၈၅) ခုႏွစ္၊ ခရစ္သကၠရာဇ္ (၁၈၂၃) ခုႏွစ္ မတိုင္မီကာလမွစ၍ ပင္ရင္းႏိုင္ငံအျဖစ္ အၿမဲေနထိုင္ခဲ့ေသာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း စသည့္ တိုင္းရင္းသားမ်ားႏွင့္ မ်ိဳးႏြယ္စုမ်ားသည္ ျမန္မာႏိုင္ငံသားမ်ားျဖစ္သည္ဆိုသည့္စံႏႈန္းႏွင့္ ႏိုင္ငံသားမ်ားကိုလက္ခံလိုက္သည့္အခါ ဤေဒသ သည္ ေတာ္ေတာ္ေလး တည္ၿငိမ္သြားခဲ့ သည္ကိုေတြ႕ရပါသည္။
(၁၉၈၂)ခုႏွစ္ ႏိုင္ငံသားဥပေဒသည္ လူ႔အခြင့္ အေရးရႈေထာင့္ကၾကည့္လွ်င္ ခ်ိဳ႕ယြင္းခ်က္ရွိသည့္ ဥပေဒ၊ ေခတ္ႏွင့္မေလ်ာ္ညီေတာ့သည့္ဥပေဒဟု အျပစ္ေျပာႏိုင္ပါသည္။ အမ်ိဳးသားေရးရႈေထာင့္က ၾကည့္လွ်င္ ဧရိယာအလြန္ ေသးငယ္သည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ျမန္မာျပည္ထက္ လူဦးေရ (၄)ဆနီးပါးမ်ားေနသျဖင့္ ဤဥပေဒျဖင့္ တိုင္းျပည္ ကိုၿခံခတ္ၿပီး မကာကြယ္လွ်င္ မည္သည့္နည္းျဖင့္ကာကြယ္ၾကမည္ နည္းဟုေမးခ်င္ပါသည္။
ေနာက္တစ္ခ်က္က ဤလူမ်ိဳးမ်ားသည္ တစ္ဖက္ႏိုင္ငံကလူမ်ားႏွင့္ ႐ုပ္ရည္လည္းတူၾကသည္။ ဘာသာ၊ ဓေလ့စ႐ိုက္၊ ယဥ္ေက်းမႈ၊ စကား၊ စာေပအကုန္တူၾကပါသည္။ ထိုကဲ့သို႔တူသူမ်ားသည္ သူ႔မူရင္းႏိုင္ငံ၏ Identity ကိုေဖ်ာက္ၿပီး Idenntity အသစ္၊ နာမည္အသစ္ျဖင့္ အစားထိုးဝင္လာခဲ့ျခင္းကို ႏိုင္ငံသား၊ တိုင္းရင္းသားအျဖစ္ ေပးရမည္ဆိုသည္မွာ ျဖစ္သင့္ပါသလား။ ထိုကဲ့သို႔ အလြယ္တကူ လက္ခံခဲ့ မည္ဆိုလွ်င္ ျမန္မာျပည္ ျမန္မာလူမ်ိဳးသည္ အမည္ခံ ဘဝႏွင့္ ၾကာလွ်င္ ဝါးမ်ိဳခံသြားရႏိုင္ပါသည္။ ထို႔ေၾကာင့္ (၁၉၈၂) ႏိုင္ငံသားဥပေဒသည္ ၿပီးျပည့္စုံ ေသာဥပေဒ မဟုတ္သည့္တိုင္ေအာင္ အမ်ိဳးသားအက်ိဳးစီးပြားကာကြယ္ေရးအရ လုံၿခဳံရန္ၿခံခတ္ထား သည့္ဥပေဒတစ္ခုျဖစ္သည္ဟု သုံးသပ္မိပါသည္။
(၁၉၈၂)ခုႏွစ္ ႏိုင္ငံသားဥပေဒေပၚေပါက္ၿပီး ေနာက္ပိုင္း ‘႐ို’ ဇာတ္လမ္းသည္ ႏွစ္အတန္ၾကာ ၿငိမ္သြားခဲ့ ေသာ္ လည္း (၂၀၁၇)ခုႏွစ္တြင္ ျပန္ေပၚလာခဲ့ပါသည္။ ေပၚလာပုံကလည္း လႊတ္ေတာ္တြင္ ကိုယ္စားလွယ္အခ်ိဳ႕ႏွင့္ တပ္မ ေတာ္သားကိုယ္စားလွယ္ မ်ားကန႔္ကြက္ေနသည့္ၾကားမွ ကိုဖီအာနန္ ေကာ္မရွင္ ကိုအတည္ျပဳခဲ့သည္။
ထိုကဲ့သို႔အတည္ျပဳၿပီး (၂၄)နာရီအၾကာတြင္ ဘူးသီးေတာင္ႏွင့္ေမာင္ေတာၿမိဳ႕နယ္အတြင္းရွိ ရဲစခန္း(၃၀)ကို အၾကမ္းဖက္တိုက္ခိုက္ရာက စခဲ့ျခင္းျဖစ္ သျဖင့္ ႐ိုးရွင္းမႈမရွိေၾကာင္းေတြ႕ျမင္ရမည္ျဖစ္ပါသည္။
ထို႔ေၾကာင့္ တပ္မေတာ္သည္ မိမိတို႔ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကာကြယ္ေစာင့္ေရွာက္ရန္ႏွင့္ျပည္ သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ ေစာင့္ေရွာက္ရန္အတြက္ အၾကမ္းဖက္အဖြဲ႕ ARSA ကို တိုက္ခိုက္ႏွိမ္နင္းခဲ့ရပါ သည္။ ထိုသို႔ ႏွိမ္နင္းခဲ့မႈကို အေၾကာင္းျပဳၿပီး သူ႔အမွားကို ကိုယ့္အမွားျဖစ္ေအာင္ OIC ႏိုင္ငံမ်ား၏ ႀကိဳတင္ႀကံစည္မႈျဖင့္ ဂမ္ဘီယာ ကေန Genocide အမႈျဖင့္ ICJ ၌ ျမန္မာႏိုင္ငံကို လိမ္လည္တရားစြဲဆိုခဲ့ျခင္းျဖစ္ပါသည္။
မည္သို႔ပင္ဆိုေစကာ ႐ိုးသားမႈမရွိ၊ ဥပေဒႏွင့္ မညီေသာ ဤျဖစ္ရပ္၏ OIC အဖြဲ႕အစည္း၏ အက်ိဳးစီးပြားႏွင့္ ဆက္စပ္ေနသည္ကေတာ့ အထင္အရွားပင္ျဖစ္ပါသည္။ မည္သည့္အမႈတြင္မဆို နစ္နာသူက တိုင္ၾကားမွသာလွ်င္ ယုတၱိ ေဗဒက်မည္ျဖစ္ပါသည္။ ဥပေဒႏွင့္လည္း ညီမည္ျဖစ္ပါသည္။ ထိခိုက္နစ္နာမႈ လုံးဝမရွိ၊ ပတ္သက္ ဆက္စပ္မႈမရွိသည့္ ဂမ္ဘီယာက ၾကားေနလုပ္ၿပီးတိုင္ၾကားျခင္းက အမႈပြဲစားသဖြယ္ျဖစ္ ေနပါသည္။ ဂမ္ဘီယာႏိုင္ငံ၏ေနာက္ကြယ္တြင္ လက္မည္းေပါင္းမ်ားစြာရွိေနသျဖင့္ ေဖာ္ထုတ္ၿပီး မီဒီယာမ်ားျဖင့္ေသာ္လည္းေကာင္း ဥပေဒအေထာက္အကူသက္ေသ မ်ားအျဖစ္လည္းေကာင္း ေဖာ္ထုတ္တင္ ျပသြားမည္ဆိုလွ်င္ မိမိတို႔ႏိုင္ငံ၏ဂုဏ္သိကၡာႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားကို စြမ္းအားျပည့္ ကာကြယ္ေစာင့္ ေရွာက္ႏိုင္မည္ဟုယူဆမိပါသည္။
ၿခဳံငုံသုံးသပ္ရလွ်င္ ICJ ျပႆနာသည္ ဥပေဒေၾကာင္းအရ ရင္ဆိုင္႐ုံမွ်ျဖင့္မလုံေလာက္ဘဲ ႏိုင္ငံေရး၊ စီးပြား ေရးႏွင့္ သံတမန္ေရးရာ နည္းလမ္းေပါင္းစုံ ျဖင့္ေက်ာ္လႊားရမည့္ အမ်ိဳးသားေရးစိန္ေခၚမႈႀကီးျဖစ္ပါသည္။ အမ်ိဳးသား အက်ိဳးစီးပြားကို ကာကြယ္ ႏိုင္ရန္အတြက္ ႏိုင္ငံတကာစံႏႈန္းမ်ားကို ေလးစား လိုက္နာမႈႏွင့္အတူ ျပည္တြင္း တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးတို႔ကို ခိုင္မာစြာတည္ေဆာက္ သြားရန္အေရးႀကီးလွပါသည္။ သမိုင္း ေၾကာင္းအရ ရႈပ္ေထြးလွသည့္ဤျပႆနာကိုေျဖရွင္းရာတြင္ ဥပေဒေၾကာင္းအရ ခုခံကာကြယ္႐ုံသာမကဘဲ ျပည္တြင္းရွိ တိုင္းရင္းသားလူမ်ိဳးႏြယ္စုအသီးသီး၏ အမ်ိဳးသားေရးဆိုင္ၿခိမ္းေျခာက္မႈျဖစ္သည္ကို သိရွိနားလည္ စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္ျဖင့္ အတူတကြ လက္တြဲပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ပါ သည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္လည္း ႏိုင္ငံတကာက လက္ခံႏိုင္ေသာ ပြင့္လင္းျမင္သာေသာ ေဆာင္႐ြက္မႈ ျဖစ္ေစေရး (၁၉၈၂)ခုႏွစ္ ႏိုင္ငံသားဥပေဒႏွင့္ ေဆာင္ ႐ြက္သြားၾကရန္လိုအပ္ပါသည္။ ထို႔ေၾကာင့္ ICJ ျပႆနာသည္ ျမန္မာႏိုင္ငံအတြက္ ခါးသီးေသာ သမိုင္းသင္ ခန္းစာ တစ္ခုျဖစ္ပါသည္။ ေနာင္အနာ ဂတ္တြင္ အမ်ိဳးသားအက်ိဳးစီးပြားကိုထိပါးမည့္ ျပည္ ပစြက္ဖက္မႈမ်ား ကိုတားဆီးႏိုင္ရန္ ျပည္တြင္းအင္ အားစုအသီးသီးက တိုင္းရင္းသားတို႔ႏွင့္အတူ အမ်ိဳးသားေရးစိတ္ဓာတ္ျဖင့္ ေဆာင္႐ြက္ သြားၾကရန္လိုအပ္ ေၾကာင္း အႀကံျပဳလိုက္ရပါသည္။