မန္တလေး-ပြင်ဦးလွင်လမ်းတွင် ခရီးသည်တင်ကားတိမ်းမှောက်ရာမှ ခရီးသည် (၁၃) ဦး ထိခိုက်ဒဏ်ရာရ

635

စိမ့် (NP News) - ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် Elite Express ယာဉ်လိုင်းမှ ခရီးသည်တင်ကား တိမ်း မှောက်ရာမှ ခရီးသည် (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၅ရက်) နံနက် ၇ နာရီဝန်းကျင်ခန့်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်း၊ မန္တလေးမှ (၁၅) မိုင်ခန့်အကွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသူ (၂၂) ဦးအနက် အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။
“လူနာက ပြင်းပြင်းထန်ထန်တော့ မပါပါဘူး။ တအားပြင်းထန်တာ အသက်အန္တရာယ်စိုးရိမ်ရတာ မပါဘူး။ လူနာက ကျား (၁၁)ယောက် မ (၂)ယောက် ရှိမယ်။ ခြေကျိုးလက်ကျိုးပေါ့” ဟု စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ ထိခိုက်ဒဏ်ရာရသူ (၁၃) ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းမှယာဉ်များဖြင့် ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version:
မႏၲေလး-ျပင္ဦးလြင္လမ္းတြင္ ခရီးသည္တင္ကားတိမ္းေမွာက္ရာမွ ခရီးသည္ (၁၃) ဦး ထိခိုက္ဒဏ္ရာရ
စိမ့္ (NP News) - ဇန္နဝါရီ ၂၅
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၲေလး-ျပင္ဦးလြင္ကားလမ္းတြင္ Elite Express ယာဥ္လိုင္းမွ ခရီးသည္တင္ကား တိမ္း ေမွာက္ရာမွ ခရီးသည္ (၁၃) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေစတနာမြန္ လူမႈကူညီေရးအသင္း (အုန္းေခ်ာ)မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၂၅ရက္) နံနက္ ၇ နာရီဝန္းက်င္ခန႔္က ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်း႐ြာ၊ မႏၲေလး-ျပင္ဦးလြင္ အတက္လမ္း၊ မႏၲေလးမွ (၁၅) မိုင္ခန႔္အကြာတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ခရီးသည္တင္ကားေပၚတြင္ လိုက္ပါလာသူ (၂၂) ဦးအနက္ အမ်ိဳးသား (၁၁)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦး ထိခိုက္ဒဏ္ရာရေၾကာင္း သိရသည္။
“လူနာက ျပင္းျပင္းထန္ထန္ေတာ့ မပါပါဘူး။ တအားျပင္းထန္တာ အသက္အႏၲရာယ္စိုးရိမ္ရတာ မပါဘူး။ လူနာက က်ား (၁၁)ေယာက္ မ (၂)ေယာက္ ရွိမယ္။ ေျခက်ိဳးလက္က်ိဳးေပါ့” ဟု ေစတနာမြန္ လူမႈကူညီေရးအသင္း (အုန္းေခ်ာ)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈမွ ထိခိုက္ဒဏ္ရာရသူ (၁၃) ဦးကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ လူမႈကူညီေရးအသင္းမွယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။