ကေတုမတီမြို့ဟောင်းတွင် နန်းတော်ရာ ဟုတ်၊ မဟုတ်ကို စမ်းသပ်မှုပြုလုပ်နေ

 507

စော (NP News) - ဇန်နဝါရီ ၂၅
မင်းကြီးညိုတည်ထောင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ ကေတုမတီမြို့ဟောင်းတွင် နန်းတော်ရာ ဟုတ်-မဟုတ်ကို မြန်မာရှေးဟောင်း သုတေသနပညာရှင်များကိုယ်တိုင် Ground Penet- rating Radar (GPR) စက်ဖြင့် ပထမဆုံး စမ်းသပ်မှုပြုလုပ်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပြတိုက်နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။
ကေတုမတီမြို့ဟောင်း၊ ပုန်းတလုတ် ရေကန်၏တောင်ဘက်ရှိ ဘောလုံးကစားကွင်း အဟောင်းနေရာတွင် သုတေသနပြုစမ်းသပ်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ “နန်းတော်ရာမှာ Assessment လုပ်တာ။ GPR ပေါ့။ Ground Penetrating Radar နဲ့ စမ်းတာပေါ့။ အစက အနီ Shape တွေတွေ့တော့ အောက်မှာ အဆောက်အအုံ ရှိတဲ့ပုံပေါ်တာပေါ့”ဟု ၎င်းကပြောသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်မှ ပညာရှင်များသည် မြေအောက်ကို တူးဖော်ခြင်းမပြုဘဲ ကိုရီးယားနိုင်ငံမှ လှူဒါန်းထားသော GPR စက်ဖြင့် စမ်းသပ်ခဲ့ရာ အဆောက်အအုံရှိသည့် အတွက် အနီရောင် ပုံရိပ်ကိုပြသခဲ့၍ တူးဖော်မှုပြုလုပ် နေပြီဖြစ်ကြောင်း သိရသည်။
“GPR သုံးတာ အရင်က ပုဂံမှာလည်း သုံးခဲ့တယ်။ ပုဂံမှာတော့ နိုင်ငံခြားကပညာရှင်တွေနဲ့ တွဲသုံးတာပေါ့။ အခုကတော့ ကျွန်တော်တို့ဆီက ပညာရှင်တွေချည်းပဲ သုံးတာပေါ့။ မြန်မာရှေးဟောင်း သုတေသနပညာရှင်တွေချည်းပဲ ပထမဆုံးအသုံးပြု တာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။ ထိုသို့ စက်ဖြင့်စစ်ဆေးခြင်းကို ဇန်နဝါရီလ (၁၉) ရက်က စတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“GPR ဆိုတာက မြေကြီးအောက်မှာ ဘာအဆောက်အအုံရှိလဲဆိုတာ စက်နဲ့ ဓာတ်မှန်စက်လို အပေါ်ကနေ Ray လွှတ်ပြီးတော့ ပြန်ဖမ်းပြီး ပြန်ဖတ်တာပေါ့။ ရည်ရွယ်ချက်က နန်းတော်နေရာ ရှာနေတယ်လေ။ နန်းတော်နေရာရှာ တဲ့အခါကျတော့ Underground မှာ ဘယ်နေရာမှာရှိလဲဆိုတာ မသိ တော့ တူးတော့တူးကြည့်တယ် မတွေ့တော့ အဲဒါနဲ့ အရင်ဆုံးအထောက်အထားရှာတာပေါ့။ ဒီနေရာမှာ အချက်ပြတယ်။ အုတ်ရှိတယ်။ ကျောက်ရှိတယ်ဆိုရင် တစ်မျိုးပြ တယ်လို့ ပြောတယ်”ဟု သမိုင်းသုတေသီ ဒေါက်တာ မြသောင်းက ပြောသည်။
ထို့ပြင် တောင်ငူမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးတူးဖော်သုတေသနပြုမှုသည်လည်း အကြမ်း အဆင့်ပြီး သွားပြီ ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေကတုမတီၿမိဳ႕ေဟာင္းတြင္ နန္းေတာ္ရာ ဟုတ္၊ မဟုတ္ကို စမ္းသပ္မႈျပဳလုပ္ေန
ေစာ (NP News) - ဇန္နဝါရီ ၂၅
မင္းႀကီးညိဳတည္ေထာင္ခဲ့သည့္ ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕မွ ေကတုမတီၿမိဳ႕ေဟာင္းတြင္ နန္းေတာ္ရာ ဟုတ္-မဟုတ္ကို ျမန္မာေရွးေဟာင္း သုေတသနပညာရွင္မ်ားကိုယ္တိုင္ Ground Penet- rating Radar (GPR) စက္ျဖင့္ ပထမဆုံး စမ္းသပ္မႈျပဳလုပ္ေနေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနျပတိုက္ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက ေျပာသည္။
ေကတုမတီၿမိဳ႕ေဟာင္း၊ ပုန္းတလုတ္ ေရကန္၏ေတာင္ဘက္ရွိ ေဘာလုံးကစားကြင္း အေဟာင္းေနရာတြင္ သုေတသနျပဳစမ္းသပ္ေဆာင္ ႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ “နန္းေတာ္ရာမွာ Assessment လုပ္တာ။ GPR ေပါ့။ Ground Penetrating Radar နဲ႔ စမ္းတာေပါ့။ အစက အနီ Shape ေတြေတြ႕ေတာ့ ေအာက္မွာ အေဆာက္အအုံ ရွိတဲ့ပုံေပၚတာေပါ့”ဟု ၎ကေျပာသည္။
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္မွ ပညာရွင္မ်ားသည္ ေျမေအာက္ကို တူးေဖာ္ျခင္းမျပဳဘဲ ကိုရီးယားႏိုင္ငံမွ လႉဒါန္းထားေသာ GPR စက္ျဖင့္ စမ္းသပ္ခဲ့ရာ အေဆာက္အအုံရွိသည့္ အတြက္ အနီေရာင္ ပုံရိပ္ကိုျပသခဲ့၍ တူးေဖာ္မႈျပဳလုပ္ ေနၿပီျဖစ္ေၾကာင္း သိရသည္။
“GPR သုံးတာ အရင္က ပုဂံမွာလည္း သုံးခဲ့တယ္။ ပုဂံမွာေတာ့ ႏိုင္ငံျခားကပညာရွင္ေတြနဲ႔ တြဲသုံးတာေပါ့။ အခုကေတာ့ ကြၽန္ေတာ္တို႔ဆီက ပညာရွင္ေတြခ်ည္းပဲ သုံးတာေပါ့။ ျမန္မာေရွးေဟာင္း သုေတသနပညာရွင္ေတြခ်ည္းပဲ ပထမဆုံးအသုံးျပဳ တာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။ ထိုသို႔ စက္ျဖင့္စစ္ေဆးျခင္းကို ဇန္နဝါရီလ (၁၉) ရက္က စတင္ကာ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“GPR ဆိုတာက ေျမႀကီးေအာက္မွာ ဘာအေဆာက္အအုံရွိလဲဆိုတာ စက္နဲ႔ ဓာတ္မွန္စက္လို အေပၚကေန Ray လႊတ္ၿပီးေတာ့ ျပန္ဖမ္းၿပီး ျပန္ဖတ္တာေပါ့။ ရည္႐ြယ္ခ်က္က နန္းေတာ္ေနရာ ရွာေနတယ္ေလ။ နန္းေတာ္ေနရာရွာ တဲ့အခါက်ေတာ့ Underground မွာ ဘယ္ေနရာမွာရွိလဲဆိုတာ မသိ ေတာ့ တူးေတာ့တူးၾကည့္တယ္ မေတြ႕ေတာ့ အဲဒါနဲ႔ အရင္ဆုံးအေထာက္အထားရွာတာေပါ့။ ဒီေနရာမွာ အခ်က္ျပတယ္။ အုတ္ရွိတယ္။ ေက်ာက္ရွိတယ္ဆိုရင္ တစ္မ်ိဳးျပ တယ္လို႔ ေျပာတယ္”ဟု သမိုင္းသုေတသီ ေဒါက္တာ ျမေသာင္းက ေျပာသည္။
ထို႔ျပင္ ေတာင္ငူၿမိဳ႕ေဟာင္း၏ ေျမာက္ဘက္ၿမိဳ႕႐ိုးတူးေဖာ္သုေတသနျပဳမႈသည္လည္း အၾကမ္း အဆင့္ၿပီး သြားၿပီ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.