နယ်မြေမရမချင်း စစ်ဆက်တိုက်ဖွယ်ရှိနေဟု ရုရှားအစိုးရ သတိပေး

310

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ သဘောတူညီချက် တစ်စုံတစ်ရာမရရှိမချင်း ရုရှားတို့အနေဖြင့် အထူးစစ်ဆင်ရေး ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်သွားဖွယ်ရှိနေကြောင်း ရုရှားသမ္မတ ပူတင်၏ ထိပ်တန်း လက် ထောက်တစ်ဦးဖြစ်သူ ယူရီယူရှာကော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဇန်နဝါရီ (၂၂)က ရုရှားနိုင်ငံ မော်စကိုမြို့တော် ကရင်မလင်နန်းတော်တွင် သမ္မတပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အထူးသံတမန် ဖြစ်သည့် စတီဗီဝစ် အော့ဖ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကြား တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှားသမ္မတ၏ ထိပ်တန်းလက် ထောက် တစ်ဦးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်သည် အမေရိကန်သမ္မတ၏အထူးကိုယ်စား လှယ်အဖွဲ့နှင့် ညသန်းခေါင်ယံအထိ ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ရုရှားသမ္မတပူတင်၏ ထိပ်တန်းလက် ထောက်တစ်ဦးဖြစ်သူ ယူရီယူရှာကော့ဗ်က ရုရှားသမ္မတနှင့် အမေရိကန် သမ္မတ၏အထူးကိုယ်စားလှယ် ကြားတွေ့ဆုံဆွေးနွေးမှုသည် “ပွင့်လင်းမြင်သာပြီး အပြုသဘောဆောင် သည်”ဟုသုံး သပ်ခဲ့သော်လည်း အဓိကအခက်အခဲများရှိနေဆဲဖြစ် ကြောင်းပြောသည်။ ၎င်းက ‘သဘောတူထားတဲ့ပုံစံ အတိုင်း နယ်မြေပြဿနာကို မဖြေရှင်းနိုင်သရွေ့တော့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဆိုတာ စိတ်ကူးယဉ်သက်သက်ပါပဲ’ ဟုပြောသည်။ ယူရီ ယူရှာကောဗ့်၏ပြောဆိုချက်များသည် ရုရှားထိန်း ချုပ်ထားသော ယူကရိန်းအရှေ့ဘက်ခြမ်းနယ် မြေများကို ရုရှားပိုင်အဖြစ် အသိအမှတ်ပြုမှသာ စစ်ပွဲရပ်မည်ဟု အတိအလင်း ရာဇသံပေးလိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
ရုရှားသည် လက်ရှိအချိန်တွင် စစ်မြေပြင်မှာ ရုရှားစစ်တပ်က ဗျူဟာမြောက် အသာစီးရယူထား ကြောင်းပြ သရန် အပြင်းအထန် ကြိုးပမ်းလျက်ရှိနေပြီး ယူကရိန်း၏ စွမ်းအင်ကွန်ရက်များကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပစ်မှတ် ထားတိုက်ခိုက်နေကြောင်း သိရသည်။ ရုရှား၏ အဆိုပါတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် မိမိတို့လိုချင် တာမရပါက စစ်ရေးအရ ဆက်လက်ဖိအားပေးမည်ဟူသော လက်တွေ့ကျသည့်ခြိမ်းခြောက်မှုဖြစ်ကြောင်း သ တင်းများ လည်းထွက်ပေါ်နေသည်။
ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွား လျက်ရှိနေသည့်စစ်ပွဲသည် (၄)နှစ်ခန့်ရှိနေပြီး အမေရိကန်အစိုးရက အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု ရယူနိုင်ရန် ကြားဝင်စေ့စပ်လျက်ရှိ နေကြောင်းသိရသည်။

Zawgyi Version:
နယ္ေျမမရမခ်င္း စစ္ဆက္တိုက္ဖြယ္ရွိေနဟု ႐ုရွားအစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
နယ္ေျမပိုင္ဆိုင္မႈဆိုင္ရာ သေဘာတူညီခ်က္ တစ္စုံတစ္ရာမရရွိမခ်င္း ႐ုရွားတို႔အေနျဖင့္ အထူးစစ္ဆင္ေရး ရည္မွန္းခ်က္မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္သြားဖြယ္ရွိေနေၾကာင္း ႐ုရွားသမၼတ ပူတင္၏ ထိပ္တန္း လက္ ေထာက္တစ္ဦးျဖစ္သူ ယူရီယူရွာေကာ့ဗ္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ဇန္နဝါရီ (၂၂)က ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္ ကရင္မလင္နန္းေတာ္တြင္ သမၼတပူတင္ႏွင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ အထူးသံတမန္ ျဖစ္သည့္ စတီဗီဝစ္ ေအာ့ဖ္ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ၾကား ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ႐ုရွားသမၼတ၏ ထိပ္တန္းလက္ ေထာက္ တစ္ဦးက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ႐ုရွားသမၼတပူတင္သည္ အေမရိကန္သမၼတ၏အထူးကိုယ္စား လွယ္အဖြဲ႕ႏွင့္ ညသန္းေခါင္ယံအထိ ေဆြးေႏြးခဲ့ ေၾကာင္းသိရသည္။
႐ုရွားသမၼတပူတင္၏ ထိပ္တန္းလက္ ေထာက္တစ္ဦးျဖစ္သူ ယူရီယူရွာေကာ့ဗ္က ႐ုရွားသမၼတႏွင့္ အေမရိကန္ သမၼတ၏အထူးကိုယ္စားလွယ္ ၾကားေတြ႕ဆုံေဆြးေႏြးမႈသည္ “ပြင့္လင္းျမင္သာၿပီး အျပဳသေဘာေဆာင္ သည္”ဟုသုံး သပ္ခဲ့ေသာ္လည္း အဓိကအခက္အခဲမ်ားရွိေနဆဲျဖစ္ ေၾကာင္းေျပာသည္။ ၎က ‘သေဘာတူထားတဲ့ပုံစံ အတိုင္း နယ္ေျမျပႆနာကို မေျဖရွင္းႏိုင္သေ႐ြ႕ေတာ့ ေရရွည္တည္တံ့တဲ့ၿငိမ္းခ်မ္းေရးဆိုတာ စိတ္ကူးယဥ္သက္သက္ပါပဲ’ ဟုေျပာသည္။ ယူရီ ယူရွာေကာဗ့္၏ေျပာဆိုခ်က္မ်ားသည္ ႐ုရွားထိန္း ခ်ဳပ္ထားေသာ ယူကရိန္းအေရွ႕ဘက္ျခမ္းနယ္ ေျမမ်ားကို ႐ုရွားပိုင္အျဖစ္ အသိအမွတ္ျပဳမွသာ စစ္ပြဲရပ္မည္ဟု အတိအလင္း ရာဇသံေပးလိုက္ျခင္း ျဖစ္ေၾကာင္း သုံးသပ္မႈမ်ားလည္း ထြက္ေပၚေနသည္။
႐ုရွားသည္ လက္ရွိအခ်ိန္တြင္ စစ္ေျမျပင္မွာ ႐ုရွားစစ္တပ္က ဗ်ဴဟာေျမာက္ အသာစီးရယူထား ေၾကာင္းျပ သရန္ အျပင္းအထန္ ႀကိဳးပမ္းလ်က္ရွိေနၿပီး ယူကရိန္း၏ စြမ္းအင္ကြန္ရက္မ်ားကို ဒ႐ုန္းႏွင့္ ဒုံးက်ည္မ်ားျဖင့္ ပစ္မွတ္ ထားတိုက္ခိုက္ေနေၾကာင္း သိရသည္။ ႐ုရွား၏ အဆိုပါတိုက္ခိုက္မႈမ်ားသည္ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းတြင္ မိမိတို႔လိုခ်င္ တာမရပါက စစ္ေရးအရ ဆက္လက္ဖိအားေပးမည္ဟူေသာ လက္ေတြ႕က်သည့္ၿခိမ္းေျခာက္မႈျဖစ္ေၾကာင္း သ တင္းမ်ား လည္းထြက္ေပၚေနသည္။
႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြား လ်က္ရွိေနသည့္စစ္ပြဲသည္ (၄)ႏွစ္ခန႔္ရွိေနၿပီး အေမရိကန္အစိုးရက အပစ္ အခတ္ရပ္စဲေရး သေဘာတူညီမႈ ရယူႏိုင္ရန္ ၾကားဝင္ေစ့စပ္လ်က္ရွိ ေနေၾကာင္းသိရသည္။